Tuesday, July 22, 2008

စကားတစ်ခွန်းတွက် ဘ၀ပျက်


အပြောမတော်တစ်ခွန်း ဟူသောစကား ၊ နူတ်မစောင့်စည်းမှုကြောင့် ပျက်စီးခဲ့သူများ လူ့လောကတွင် အမြောက်အမြား ရှိခဲ့ဖူးသည်။ အချို့မှာ ရာသက်ပန်ဘ၀ပျက်ခဲ့ကြရသလို။ အချို့မှာ အသက်ဆုံးရှုံးမှုများနှင့်ပင် ရင်ဆိုင်ခဲ့ကြရသည်။
ယခုဖော်ပြမည့် ဖြစ်ရပ်ပါလူငယ်မှာ နူတ်မစောင့်မှုဒဏ်ကြောင့် အသက်မဆုံးရသော်လည်း ထောင်ဒဏ် ၆၉ နှစ်လုံးလုံး ကျခဲ့ရသည်။ ထိုလူငယ်ကား ပြင်သစ်ပြည် ၊ ဂလာမွန်ကောလိပ်မှ ကျောင်းသား တစ်ဦး ဖြစ်သည်။ ၁၆၇၄ ခုနှစ်ရဲ့ နေ့တစ်နေ့တွင် ပြင်သစ်ပြည်ရဲ့ ၁၄ ယောက် ဘုရင်လူးဝစ်သည် ထိုကျောင်းကို အမည်ပေးရန် ကြွရောက်လာသည်။ " ဘုရင် လူးဝစ်ရဲ့ ကော်လိပ်ကျောင်းတော်ကြီး " ဟုအမည်ပေးလိမ့်မည်ဟု ကျောင်းအာဏာပိုင်အဖွဲ့က မျှော်လင့်နေကြသည်။
ထိုစဉ်တွင် ဖရန်စစ်ဆဲလ်ဒွန် အမည်ရှိ ကျောင်းသားလေးက ထပ်ပြောင်နေသော ဘုရင်ကြီးကို ကြည့်ကာ " ထိပ်ပြောင်ကျောင်းကြီး " ဟုအမည်ပေးရန် သင့်ကြောင်း သူငယ်ချင်းများဖြင့် ပြောကာရယ်မော နေကြသည်။ ထိုစကားသည် ဘုရင့်နားပေါက်သွားသည်။ ထိပ်ပြောင်ဘုရင်ကြီးမှာ အနာပေါ်တုန်ကျ အမျက်ဒေါသထွက်လျက် ကျောင်းသားလေးအား ဖမ်းဆီးထောင်ချရန် အမိန့်ပေးသည်။
အပျက်ပျက်နှင့်နှာခေါင်းသွေးထွက်ရပြီး နူတ်မစောင့်စည်းသော ကျောင်းသားဖရန်စစ်မှာ ၉နှစ်ရွယ်မှစ၍ ပြင်သစ်ပြည်ဘတ်(စ်)တိုင်းမြို့အကျဉ်းထောင်တွင်ထောင်ဒဏ်အပြစ်ပေးခံလိုက်ရသည်။
ဖရန်စစ်သည် ၆၉ နှစ်လုံးလုံးထောင်ထဲတွင် တစ်ယောက်တည်းချုပ်နှောင်ခံရကာ နောက်ပိုင်းတွင် လွတ်မြောက်ခဲ့သော်လည်း လူစဉ်မမီးသောဘ၀ကို ကျရောက်သွားသည်။ ထောင်ထဲမှာ စွဲကပ်ခဲ့သောသွက်ချာပါဒ ရောဂါကို သေဆုံးသည်အထိခံစားသွားရသည်။
ဒါကြောင့် အပျော်သဘောနဲ့ဖြစ်ဖြစ် ၊ စတာနောက်တာဘဲဖြစ်ဖြစ် တစ်ဖက်သားတွက် ပြောသင့်မပြောသင့် စဉ်းစားဆင်ခြင်သင့်ပါတယ်။ နူတ်ကြောင့်သေ လက်ကြောင့်ကျေဆိုသလို စကားတစ်ခွန်းပြောတော့မယ်ဆိုရင် ရှေ့နောက် စဉ်းစားဆင်ခြင်ပြီးမှ ပြောဖို့ ၊ မလိုလားအပ်တဲ့ ပြသနာတွေ မဖြစ်ပေါ်ရအောင် သတိပေးလိုက်ပါရစေ။

No comments: