Saturday, July 12, 2008

ပျက်အစဉ်ပြင်ခဏ


glitter-graphics.com

လူ့လောကတွင် ကျင်လည်နေရသော် လူတိုင်း သက်ရှိသက်မဲ့မှန်သမျှတို့သည် အနိစ္စ
ဆိုသည့်မြဲခြင်း ၊ မမြဲခြင်းတရားတို့ကို မလွဲမသွေ ရင်ဆိုင်ကြရမည်ဖြစ်သည်။ အရာရာတိုင်းသည်ဖြစ်တည်ရှိပြီးလျှင် နောက်ဆုံးတွင် ပျက်သုဉ်းသွားရမည်မှာ လောက၏ ဖြစ်ရိုးဖြစ်စဉ်ပင်။ ထိုလောကတွင် မည်သည့်အရာမဆို ပျက်စီးချို့ယွင်းမှု ရှိတတ်စမြဲပင်တည်း။
သို့သော်အဆိုးရှိသလို အကောင်းရှိသည်။ အကျိုးရှိသလို အကြောင်းရှိသည်။ အမှားရှိသလို အမှန်လည်းရှိသည်။ထို့အတူပင် ပျက်စီးချို့ယွင်းနေသော အရာရာတိုင်းကို လျစ်လျူရှုမထားဘဲ
အချိန်မှီပြုပြင်လိုက်ခြင်းဖြင့် ခဏချင်းအတွင်း အကောင်းပကတိ အဖြစ်သို့ ပြန်လည်ရောက်ရှိလာနိုင်ပေသည်။
" ပညာရှိများက အမှားမပြုခြင်းကို မင်္ဂလာဟုမယူဆကြပေ။ လူ၏ကြီးမြင်သော ဂုဏ်သည် မိမိကိုယ်တိုင်ပြုပြင်နိုင်သော စွမ်းရည်တွင်မှုတည်သည်ဟု ယုံကြည်ကြသည်။ အမှားကိုပြင်ပြီးလျှင် မိမိ၏ကိုယ်စိတ်တို့ကို လူသစ်ဖြစ်စေခြင်းသာလျှင် မင်္ဂလာဖြစ်သည်ဟု ယုံကြည်ကြ၏ "
ဟုဆယ့်ငါးရာစု တရုတ်ဒသနိကဆရာကြီး " ၀မ်းယင်မင်း " ကဆိုမိန့်ခဲ့သည်။ မှန်၏ ။ " မှားခြင်းသည် ထူးဆန်းသည်ဟု ပညာရှင်တို့ဆိုခဲ့သည်အတိုင်း ဘ၀ခရီးလမ်းတွင် လျှောက်လှမ်းနေကြသော လူသားအားလုံးတို့သည် အမှားနှင့်မကင်းနိုင်ချေ။ သို့သော်မှားခဲ့သည့် အမှားကို အမှားမှန်းသိရန်လိုအပ်လှပါသည်။ အမှားကိုသိပါလျှက်နှင့် စဉ်းစားဆင်ခြင်ခြင်း မပြုဘဲ လမ်းမှားကိုသာ ဆက်လျှောက်နေမည်ဆိုပါက အပျက်အစီး ၊ အဆုံးအရူံးများနှင့် ဆက်လက်ရင်ဆိုင်နေရမည် သာဖြစ်သည်။

No comments: