
glitter-graphics.com
သူငယ်ချင်း…
မတွေ့မမြင် မသိခင်က
မခင်မခေါ် နေသော်ငြားလည်း
တွေ့မြင်သိက ခင်မင်လာရ
အစဉ်ထာဝရ မေ့မရ..
အမှတ်မထင်
ရင်းနှီးကျွမ်းဝင်ခဲ့ကြရတဲ့
သူငယ်ချင်းများစွာ…
နက်လှိုင်းပေါ်မှာ
ဟိုဒီလျှောက်သွား
မအားရပါ…
အားငယ်နေက
အားပေးကြဖို့ အသင့်ရှိနေကြတဲ့
သူငယ်ချင်းများစွာ…
တစ်ဦးကိုတစ်ဦး
လက်တွဲကူလို
ခင်မင်နေကြ
သူငယ်ချင်းများစွာ…
ကံတရားက
မုန်တိုင်းပမာ
ခွဲရက်လိုက်တာ…
ထိုကာလများ
ပြန်ရချင်ငြား
ပြန်မရတော့ပါ…
တစ်ယောက်သွားသော်
တစ်ယောက်ပေါ်
ပေါ်ပြန်သော်ငြား
မေ့မရပါ
သူငယ်ချင်းများစွာ…
တွေ့ဆုံခြင်းက
ခွဲခွာဖို့ဆို
မဆုံပါနဲ့လား
ကံတရား..
ပြန်လည်ဆုံးဆည်းဖို့ရာ
မျှော်လင့်လျှက်ပါ
သူငယ်ချင်းများ…
နွေးထွေးလက်များ
လက်ကမ်းကြိုမှာ
မင်းယုံပါ။
No comments:
Post a Comment