Sunday, July 27, 2008

လမင်းလေးရဲ့ရင်တွင်းဖြစ်


glitter-graphics.com

လူတစ်ယောက်ရဲ့ မျက်နှာပေါ်ဝမ်းနည်းဖို့အတွက် အကြောပေါင်း (၄၃ ) ခုလှုပ်ရတယ်။ ရယ်မောပျော်ရွင်ဖို့အတွက် (၁၇ )နှစ်ခုကြော လှုပ်ရတယ်။ လူတိုင်းအဲ့ဒီ (၁၇ )နှစ်ကြောလှုပ်အောင် လုပ်နိုင်ဖို့ဆိုတာ မလွယ်လှပါဘူး။ ငါ့အတွက်တော့ (၄၃ ) ခုက အများဆုံးလှုပ်ရပြီး ၊ (၁၇ ) နှစ်ကြောက လှုပ်ရှားမှုနည်းတယ်။ ငါ့ကိုယ်ငါလည်း အားမရဘူးကွာ။ လူကြည့်တော့ တောင့်သလိုနဲ့ စိတ်ဓာတ်ကတော့ အရမ်းပျော့ညံ့တယ်။ လူတွေအပေါ် အားနာတတ်တာကိုက ငါ့ရဲ့အားနည်းချက်ပဲ ထင်တယ်။ အဲ့ဒီအားနည်းချက်ကြောင့်ပဲ အချို့သော လူတွေရဲ့ နှိပ်စက်မှုကို ငါအရမ်းခံစားခဲ့ရတယ်။ အချို့လူတွေရဲ့ စကားစာ ဓားသွားလို စူးရှတယ်။ အကယ်၍...ငါ့မှာသာ အားနာတတ်တဲ့ အားနည်းချက်မရှိခဲ့ရင် အတော်ကောင်းမှာပဲကွာ။
ဘယ်လောက်ဘဲ ကိုယ့်အပေါ်ကောင်းတဲ့ သူငယ်ချင်းဖြစ်ပါစေ ၊ ကိုယ့်ရဲ့စိတ်ညစ်စရာတွေ ခဏခဏ ပြောပြမယ်ဆိုရင် အဲ့ဒီသူငယ်ချင်းဟာ တစ်နေ့နေ့တော့ ကိုယ့်ဆီကနေ ထွက်ပြေးသွားမှာ မလွဲဘူးလေ။ ဒီတော့ ခြေထောက်မပါလို့ ထွက်မပြေးနိုင်တဲ့ ဒီစာမျက်နှာလေးတွေပေါ်မှာ ရင့်ဖွင့်တာဟာ ငါ့အတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အကယ်၍...စာရွက်မှာသာ ခြေထောက်ရှိရင် သူလည်းထွက်ပြေးမှာဘဲ ထင်တယ်။ တဆိတ်လောက် စာရွက်လေးရယ် ငါ့ခံစားချက်တွေကို မင်းဆီမှာ ရင်ဖွင့်ပါရစေကွာ။
မင်းကအသက်မပါတဲ့ စာရွက်ဆိုပေမဲ့ မင်းကငါ့ရဲ့ Best friend ဆိုရင်လည်း မမှားဘူးလေ။ ငါစိတ်ညစ်ရင် မင်းဆီမှာပဲ ရင်ဖွင့်ရတာမဟုတ်လား။ ဒါပေမဲ့..ငါ့ရဲ့ စာရွက်ပေါ်မှာရေးချတဲ့ ခံစားချက်တွေထဲမှာ ငါ့ဘက်ကမှားနေတဲ့ အချက်တွေလည်း ပါကောင်းပါနိုင်တယ်။ မင်းကစာရွက်ဆိုတော့ ငါ့ကို အကြံမပေးနိုင်တဲ့အတွက် ငါစိတ်မကောင်းဘူးကွာ။
ရင်ထဲတွင် တစ်စုံတရာ စိတ်မကောင်းဖြစ်နေရသည်။ ဘာကြောင့်လည်းတော့ ကိုယ်တိုင် မဝေခွဲတတ်ပါ ( စိတ်လေးတယ်ကွာ ) ညဘက်တွင် အိပ်မက်ဆိုးမက်၍ လန့်နိုးလာသည်။ ရင်တွေတုန်ပြီး အရမ်းကြောက်လန့် နေမိသည်။ အိပ်မက်ထဲတွင် အသက်ရှုကျပ်နေသော်လည်း အပြင်မှာ ငါတစ်ကယ် အသက်ရူဖို့ ခက်နေသည်။ ထို့ကြောင့် ဆက်မအိပ်ရဲ၍ ငုပ်တုတ်ထိုင်နေခဲ့သည်။ ရလဒ်ကတော့ မနက်အလုပ်တွင် ငုပ်တုတ်ထိုင်ငိုက်နေသည်။ ရင်ထဲမှာလေးနေ၍ ငါ့ရဲ့မိတ်ဆွေစာရွက်လေးကို သတိရမိတာနဲ့ စာရွက်လေးပေါ်တွင် ခံစားချက်များ ဖွင့်ချလိုက်တော့တယ်။
ကိုယ့်ကိုယ်ကို အတတ်နိုင်ဆုံး ပျော်အောင် နေပေးပါတယ်။ ဒါပေမဲ့စိတ်အရမ်းညစ်လာရင်တော့ Atom လေးတစ်ခုလွှင့်ပြီး ပျောက်ကွယ်သွားချင်တယ်။ စိတ်ကူးယဉ်ဆန်သလို ဖြစ်နေပေမဲ့ ငါဟာတစ်ကယ်ကို လွှင့်ပျောက်သွားချင်မိတယ်။သို့ပေမဲ့ ခံစားချက်ပေါင်းများစွာကို စာရွက်ပေါ်တွင် စာသားအဖြစ်ပြောင်းလဲလိုက်သောအခါ စိတ်လေးလံမှုတွေ လျော့ပါးသွားသည်ဟု ငါထင်သည်။

No comments: