Monday, July 28, 2008

ခရီးထွက်သူ


glitter-graphics.com
ဘ၀ရသ ၊ ရှာလိုလှသဖြင့်
ခဏဆိုကာ
ယာယီနူတ်ဆက် ၊ အိမ်မှထွက်ခဲ့။

ထက်အောင်ကြေညာ ၊ ၀ဲယာလျှောက်သွား
တစ်ပါးရဲ့ပြည် ၊ သူ့ဒေသ၀ယ်
ကာလများစွာ ၊ ကြာခဲ့ပါလည်း
လိုရာအလှ ၊ ဘ၀ရသ
လုံးဖွေရှာ ၊ မတွေ့ပါခဲ့။

ကိုယ့်ရပ်ရွာကို
ပြန်လည်သတိရ ၊ ငါပြန်ရောက်သော်
အိမ်ပေါက်တံခါး ၊ ဖွင့်ဟထား၍
ငါ့အားကြိုကာ ၊ ၀မ်းမြောက်ရှာကြ။

ငါထွန်းခဲ့ရာ ၊ မီးအိမ်ဝါလည်း
ခုခါအထိ ၊ လင်းလျက်ရှိကြောင်း
တိကျသေချာ ၊ တွေ့ရပါ၍
ဝမ်းသာပိတိ ငါဖြစ်မိ။

တကယ်ကျတော့
လောကအလှ ၊ ဘ၀ရသ
ဟူသမျှသည်
ငါ့ရပ်ငါ့ရွာ ၊ ငါ့အိမ်မှာသာ
တည်ရှိပါသည်။

မီးဝါစင်းစင်း ၊ ဆက်၍လင်းအောင်
ထွန်းပြောင်ညှိရန် ၊ ငါ့တာဝန်တည့်
တာဝန်မြဲစွာ ၊ စောင့်သိပါမည်
ဘယ်မှာ ခရီးထွက်တော့မည်နည်း။

No comments: