Monday, July 14, 2008

လမင်း..သို့


glitter-graphics.com
ခန်းခြောက်အေးစက်နေတဲ့
နှလုံးသားတွေကို
လန်းဆန်းအေးမြစေခဲ့တဲ့
လမင်းလေးရဲ့အလင်းရောင်တွေကို
အခုဆိုငါအချိန်တိုင်း
တမ်းတမျော်လင့်နေတတ်ခဲ့ပြီ။

ဒါတွေဟာရူးသွပ်ခြင်းတွေပါဆိုရင်လည်း
ဟုတ်ပါတယ်။

လမင်းကြောင့်ရူးသွပ်သူအဖြစ်
ငါသတ်မှတ်လိုက်တော့မယ်။

အိပ်မက်မဟုတ်တဲ့အချစ်တွေနဲ့အတူ
အေးမြတဲ့လမင်းလေးကို
ဖြူစင်စွာချစ်မိခဲ့သူပါ။

လမင်းရယ်....
လမင်းလေးဟာ ငါ့နှလုံးသားကို
ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တဲ့
အလင်းနတ်သမီးတစ်ပါးပါ။

အချစ်ဟာစိုးရိမ်ခြင်းများနဲ့ပြည်နှက်နေခဲ့တယ်ဆိုရင်
လမင်းလေးရေမင်းလေးရဲ့
အလင်းရောင်တွေပျောက်ကွယ်သွားမှာကို
အစိုးရိမ်ဆုံးသူဟာကိုယ်ပါပဲ။

အချစ်ဟာ...
ပျော်ရွှင်ခြင်းများသာပြည့်နှက်နေခဲ့တယ်ဆိုရင်
လမင်းလေးရေ
မင်းနဲ့ဆုံတွေ့ခွင့်ရနေတဲ့အချိန်တွေဟာ
ကိုယ့်အတွက်တော့
အပျော်ရွှင်ဆုံးကမ္ဘာတစ်ခုပါပဲ။

တစ်ကြိမ်တစ်ခါမှမကိုးကွယ်ဘူးသေးတဲ့
အချစ်ဆိုတဲ့...
နတ်သမီးလေးတစ်ပါး(သို့)လမင်းလေးဟာ
ဒို့ရဲ့အချစ်ဦးလေးပါကွာ။

No comments: