Saturday, July 12, 2008

ရင်တွင်းကဗျာ



" စိုးရိမ်သူ "

glitter-graphics.com
ချစ်စရာအမှုအရာ
ပလီပလာစကားများနဲ့
တွေ့အခိုက် ကြွေငိုက်အောင်ခြွေတတ်သူရေ...
နူးညံ့တဲ့ မင်းနူတ်ခမ်းက
ဆိုနေကျ အချစ်စကားတွေဟာ
ခဏတာရင်ကို နွေးပေမယ့်
အမှန်မှဟုတ်ပါ့မလား...?
ထားရှိတဲ့သစ္စာတရားက
ခိုင်မြဲတဲ့နှောင်ကြိုးလို့ဆိုခဲ့ရင်
မုန်းရခက်တဲ့ နှလုံးသားက
ယုံရမှာလား...?
ဒို့ချစ်ခဲ့မိတဲ့မင်းဟာ...
ကွယ်ရင်တော့မေ့
တွေ့ရင်တော့သေအောင်လွမ်းတတ်သူမျိုးတော့
မဟုတ်လောက်ပါဘူးနော်။

"အမိမဲ့ဝေဒနာ"

glitter-graphics.com
အရင်တုန်းကပေါ့
ငါ့ရင်ခွင် အသိုက်မမြုံထဲမှာ
ဘာဆိုဘာမှ မရှိခဲ့သလို
ဘာဆိုဘာမှ မရှိခဲ့သလို
ဘာဆိုဘာမှ လည်းမဖြစ်ခဲ့ဘူး။

ဘယ်လိုရည်ရွယ်ချက်
ဘာအတွက်နဲ့ လာနားခိုခဲ့တယ်ဆိုတာ
အသေအချာ မသိရပေမယ့်
ငါ့ရင်ခွင်ထဲက မင်းထပြန်သွားတဲ့အခါ
ဝေဒနာဥလေးတွေ ကျန်ခဲ့တယ်ကွယ်။

ပြန်လာလိမ့်မည် အတွေးနဲ့
ဝေဒနာဥလေးတွေ တထွေးပွေ့ပွေ့
ရင်ငွေ့တွေပေးပေးပြီး
ယုယစွာ ငါမွေးမြူထားခဲ့တယ်။

အနေကြာလို့..
ရာသီတစ်ခုပြီး တစ်ခုအရေပြောင်းသည့်တိုင်
ဟောင်းနွမ်းဆွေးမြေ့မသွားဘဲ
ဟော...အခုတော့
ဝေဒနာဥလေးတွေ တဖြည်းဖြည်းနဲ့
ပေါက်ကွဲလု နေပါပြီကွယ်။

ဒါပေမဲ့...
ခုထိတော့မင်းကပြန်မလာသေးဘူး။


"အမှတ်မရှိတဲ့ နှလုံးသား"

glitter-graphics.com
အရာရာကိုကျော်ခိုင်းပြီ
မင်းရှိရာအရပ်ကိုပဲ
တည့်တည့်လျှောက်လာခဲ့တဲ့ငါပါ။
လျှောက်ခဲ့တဲ့ ခရီတစ်ဝက်ကျိုးကာနီးမှာ
ငါ့အကြင်နာတွေကို မလိုချင်နဲ့တော့ လို့ပြောတဲ့
မင်းရဲ့စကားတစ်ခွန်း
မင်းနူတ်ကပြောထွက်ခဲ့ပေမယ့်
ငါ့နားကိုတောင် ငါမယုံနိုင်ခဲ့ဘူ။

ပေးခဲ့တဲ့ ကတိ
ထားခဲ့တဲ့ မေတ္တာ
ရင်းခဲ့တဲ့ မာန
ဒါတွေအာလုံးကို
ဘယ်မှာသွားပြီး မြုပ်နံရတော့မှာလဲ။

ချစ်ခဲ့တဲ့ ငါ့နှလုံးသာအစုံကလည်း
တဆတ်ဆတ်တုန်ခါနေပါပြီ။

ဒါနဲ့များကွယ်
တုန်ခါနေတဲ့ ငါ့နှလုံးခုန်သံတွေဟာ
ရက်စက်တဲ့ မင်းရဲ့အချစ်ကိုပဲ
အမှတ်မရှိစွာ တောင်းခံနေလေရဲ့။


"အလိုအပ်ဆုံးအရာ"

glitter-graphics.com
မိုးလင်တိုင်း တွေ့ချင်ခဲ့တာ
ချစ်သူမျက်နှာ။

ကော်ဖီပူးပူး တူတူသောက်ချင်ခဲ့တာ
ချစ်သူနဲ့ပါ။

ညနေခင်းမှာ လေညှင်းခံရင်း
လမ်းအတူတူ လျှောက်ချင်ခဲ့တာ
ချစ်သူနဲ့ပါ။

နေ၀င်ချိန်ညနေဆည်းဆာကို အတူတူခံစားရင်း
ကုန်ဆုံးစေချင်တာ
ချစ်သူနဲ့ပါ။

အနာဂတ်အတွက်တိုင်ပင်ရင်း
ချစ်သူပုခုံးပေါ်မှီချင်ခဲ့တာတွေ
ပျော်ရွှင်စရာဟူသမျှကို အတူခံစားရင်း
ဘ၀ကို အတူလျှောက်လှမ်းချင်ခဲ့တာတွေ
ညဘက် အိပ်စက်ချိန်ဆို
အိမ်မက်ထဲမှာတွေ့ချင်နေခဲ့တာတွေ
အရာအားလုံးဟာ
ဒို့ရဲ့ အလိုအပ်ဆုံးအရာလေပါ။


" ဘယ်သူမဆို"

glitter-graphics.com
ဘယ်သူကကိုပဲ ဖြစ်ဖြစ်
ချစ်ခင်တွယ်တာ နိုင်ပါတယ်။

ဒါပေမဲ့...
အဲ့ဒီချစ်ခင်တွယ်တာသူတွေနဲ့
ခွဲရမှာကိုတော့ မကြောက်နဲ့
သူတို့က ခွဲသွားတော့မယ်ဆိုရင်လည်း
မဟန့်တားမပိတ်ပင်နဲ့
ထားရစ်လို့ ကျန်ခဲ့မှာကိုလည်း
ဝမ်းမနည်းနဲ့။

မလွှဲသာလို့ ကိုယ်ကစတင်
စွန့်ခွာ သွားရတော့မယ်ဆို၇င်လည်း
သွားချိန်တန်သွား ထားချိန်တန်ထား
ရတယ်လို့သဘောထား။

ဘာလို့လည်းဆိုတော့...
တစ်နေ့နေ့မှာတော့ အားလုံးနဲ့
ခွဲခွာ ကွဲကွာ စွန့်ခွာသွားရမှာပဲ
မဟုတ်လား။

အခုကတည်းက..
ကွေကွင်း ကွဲကွာ ခွဲခွာ ရတဲ့ဒဏ်ကို
ခံနိုင်ရည်ရှိကြရမယ်။


" တစ်စိတ်တစ်ဒေသ"

glitter-graphics.com
တစ်ခါတစ်ရံမှာ
အချစ်နဲကဘ၀ဟာ
ရောထွေး ပေါင်းစပ်လို့မရပါဘူး။

ကိုယ်ချစ်နေတဲ့သူဟာ
သူများပိုင်ဆိုင်ပြီးသာ ဖြစ်နေပြီဆိုရင်
သူ့ဘ၀ထဲကို ကိုယ်တိုးဝင်လို့မရပါဘူး။

မချစ်သင့်မှန်းသိရက်နဲက
ချစ်မိနေပြီဆိုရင်တော့
ကြေကွဲဝမ်းနည်းရမှာ အသေအချာပဲ။

အဲ့ဒီအခါမျိုးမှာ...
အပြစ်ကင်းသန့်ရှင်းတဲ့ အချစ်မျိုးနဲ့
ချစ်နိုင်အောင် ကြိုးစားပါ။

သူစကားတွေကို..
နားထောင်ပြီ နားမယောင်မိစေနဲ့
သူနဲ့ အဆက်အသွယ်ဖြတ်ပါ
ခပ်လှမ်းလှမ်းက လွမ်းချင်လွမ်းပါ။

ဒါပေမဲ့...
မှားယွင်းသွားတဲ့ အချစ်တစ်ခုအတွက်နဲ့တော့
ဘ၀မနစ်ပါနေဲ့။

တစ်ကယ်တော့အချစ်ဆိုတာ..
ဘ၀ရဲ့တစ်စိတ်တစ်ဒေသပါ။


" ပြောင်းလဲခြင်း"

glitter-graphics.com
လေသာမတိုက်ခဲ့ရင်
သစ်ရွက်တွေဟာ
သူ့ဘာသာသူ ငြိမ်သက်နေမှာပါ။

လှိုင်းသာမထခဲ့ရင်
ကန်ရေပြင်ဟာလည်း
သူ့ဘာသာသူ ငြိမ်သက်နေမှာပါ။

မင်းနဲ့သာမတွေ့ခဲ့ရင်လည်း
ငါ့နှလုံးသားဟာလည်း
သူ့မှုလပကတိအတိုင်း
သန့်ရှင်းကြည်လင်နေမှာပါ။


" ဧည့်သည် "

glitter-graphics.com
အချိန်တန်လို့ အိမ်ပြန်ရလည်း
ဝမ်းမနည်းပေ။

ကြေကွဲတုန်လှုပ် ၊ အပူရူပ်နှင့်
နူတ်ဆက်စရာ ၊ ဘာမျှမရှိ။

တွယ်ငြိစရာ ၊ ဝေဒနာလည်း
ရင်မှာစိုးစိ ၊ မကျန်ရှိပြီ။

ဘာသိဘာသာ ၊ တိတ်ဆိတ်စွာပင်
ငါပြန်ရမည် ၊ ၀မ်းသာသည်။

လောကတွင် ငါသည်ဘာမှမဟုတ်
အ၇ိပ်တစ်ခု သာဖြစ်သည်။


"သို့...အတွက်"

glitter-graphics.com
မေ့ရချင်သည်
ရင်မှာနစ်စူး ၊ အချစ်ဦးရဲ့
ယစ်မှုးမာယာ ၊ တွယ်တာနူတ်ခမ်း
အနမ်းပမ်တွေ။

ပြောပြချင်သည်
အမုန်းသင့်ဒဏ် ၊ ရင်ကော့ခံကာ
ချစ်သူလာနိုး ၊ ပြန်လာနိုးနဲ
မျှော်ကိုတမ်တ ၊ နွမ်းလျရင်မော
ရင်ထဲကဇောတွေ။

သိစေချင်သည်
အဆိပ်သင့်ဒဏ် ၊ နာကျင်ခံခက်
လှည့်စားရက်သူ ၊ ထားခဲ့သူကို
ရင်မှာမျိုသိပ် ၊ ခွင့်လွှတ်စိတ်နဲ့
တိတ်တိတ်တိုးတိုး ၊ အလွမ်းမိုးစွေ
ဖြေမပြေလဲ ၊ ချစ်လို့နေဆဲ။

"လွတ်လပ်လေပြေ"

လိုက်ကြဦးမလား
ကြိုးပြတ်သွားတဲ့ စွန်တစ်ချပ်နောက်ကို
တစ်နေကုန် တစ်နေခန်း
တွက်လို့မပြီးနိုင်တဲ့ လူ့ဘ၀စာရင်းဇယာတွေကို
ခဏတဖြုတ်ခေါက်သိမ်းခဲ့
ကြိုးရူပ်နေတဲ့ အချစ် ၊ အလွမ်း ၊ အမုန်းတွေကို
သူ့နေရာနဲ့ သူပြန်ချိတ်ခဲ့
ခုတလော လုပ်သမျှကိုင်သမျှ
ဘာတစ်ခုမှ အဆင်မပြေဘူး။

အိမ်မှာနေတော့ အမေဆူတယ်
အပြင်ထွက်တော့ ပြသနာတတ်တယ်
အလုပ်လုပ်တော့ အမှားများတယ်
သူငယ်ချင်းတွေနဲ့ စကားပြောတော့လည်း ရန်ဖြစ်ရတယ်
ဘလော့လေးရေးတော့လည်း စိတ်ညစ်ရပြန်တယ်။

ခုတော့သိပြီ...
အားလုံးကိုစွန့်ခွာပြီး
ပြတ်တောက်သွားတဲ့ စွန်နဲ့အတူ
လေထဲကို ရွှက်လွင့်မယ်။

ဘယ်လောက်ထိ လွတ်လပ်သလဲ
ဟောဒီလောက်ထိ လွတ်လပ်တယ်
ကျုပ်စုပ်ယူထားတဲ့ အငွေ့တွေမကုန်မချင်း
အောက်ကို လုံးဝမဆင်းတော့ဘူး။


" စွန့်ခွာသူ "

glitter-graphics.com
ရုက်တရက်
နူတ်မဆက်ဘဲ ထွက်ခွာသူ
အပြစ်မယူ
ချစ်သူမို့ ခွင့်လွှတ်အမြဲ
ဖောက်ပြားသူရေ
နှစ်ယောက်တူ ကြည်ဖြူပြီးကာမှ
မတူညီဘယ်စိတ်များရယ်
ထားခဲ့သလဲ။

"အဖြည့်ခံနှလုံးသား "

glitter-graphics.com
မင်းရဲ့နှလုံးသား
လွမ်းဆွတ်ဝေဒနာ
ရှိနေရင်
နှစ်သိမ့်တဲ့တေးနဲ့
ချော့သိပ်ပါရစေ။

မင်ရဲ့နှလုံးသား
နာကျင်မှုတွေ
ခံစာနေရရင်
ကြင်နာကား
အားပေးပါရစေ။

မင်းရဲ့နှလုံးသား
အချစ်စစ်တွေ
လိုအပ်နေရင်
အဖြည့်ခံနှလုံးသားတစ်ခုနဲ့
အစားထိုးပါရစေ။

" ဖြစ်ရိုးဖြစ်စဉ် "

glitter-graphics.com
မနက်က ကျွန်မစောစောအနိုးမှာ
နှင်းတွေသဲသဲမဲမဲ ကြွေနေလိုက်တာ
အပြင်မှာဖွေးဖွေး ဖြူအောင်အေးစက်
အဆိပ်တတ်နေတဲ့ ငါ့နှလုံးသာ
ရင်တွင်းရဲ့တစ်နေရာမှာ
နွေတစ်ရာမကပူပြင်း
မျှော်လင့်ခြင်းတွေဆုံးရူံး
အနာဂတ်လမ်းတွေက မှုန်ဝါးဝါး
နှင်းတွေမြင်တိုင်း
မင်းကိုလွမ်းလွမ်းဆွတ်သတိ၇တတ်တာ
ကျုပ်ရဲ့သေရာပါမယ့်
ဝေဒနာလေ။

ဟိုအဝေးကပျံ့လွင့်လာတဲ့
အလွမ်းသီချင်းတွေက
ကျမရဲ့ရောဂါကိုပိုဆိုးပေမယ့်
ကျမဆိုတဲ့သူက
စွဲလန်းမှုကို အနာမသတ်နိုင်ခဲ့တာလား
ကျမကပဲ အစွဲအလန်းကြီးစွာ
လွဲချော်နေတာလား။

ကျမနှလုံးသားက သဘာဝရဲ့ဖြစ်စဉ်ကို
မလွန်နိုင်တာကပဲ လွဲချော်နေခြင်းလား။
မင်းကိုတွေ့မှမေးကြည့်ဦးမယ်။

" မာယာများတဲ့ကြယ် "

glitter-graphics.com
လရောင်နဲ့သိပ်လှတဲ့ည
တထိုင်ငိုင်ငေး အတွေးမငြိမ်
တစ်ကြိမ်တစ်ခါ ချစ်လာခဲ့ဘူး။

အချစ်ဦးရေ...
ဖြေမပြေသေး အနေဝေစ
ကာလလိုပင် မြင်ကွင်းတွေမှ
မင်းရုပ်လွှာတွေ ပေါ်လာနေမြဲ
မင်းလည်းဒိုကိုခုချိန်ဆို
ဟို...အရင်ရက်တွေလို
အမှောင်လွန် အလင်းဖျော့ဖြားယောင်
ငါ့မနက်ကို
ဘယ်လိုမျက်နှာနဲ့လင်းရမလဲ
အဝေးကကြယ်ကလေးလေ
ကြွေမယ်ဆိုပြီး အိမ်မက်ပေး
တစ်ရေးမှ မနိုးခဲ့ဘူး။

No comments: