Friday, July 11, 2008

ကျွန်တော်ကျွန်မတို့သိသင့်သိထိုက်တာလေးတွေ


glitter-graphics.com
လူငယ်ဆိုတာ

လူငယ်ဆိုတာ အဖူးအငုံ ပွင့်သစ်စ ပန်းလေးတစ်ပွင့်လိုပါပဲ။
နုပျိုလန်းဆန်းတယ် ၊ အရောင်အသွေးစုံလင်တယ် ၊ တက်ကြွထက်မြက်တယ်။
ဒီပန်းလေး ဆက်လက်ဖွံ့ဖြိုးရှင်သန်ဖို့ ၊ အချိန်မတိုင်မီ နွမ်းကြွေမသွားဖို့ အရေးကြီးပါတယ်။
လူငယ်ဆိုတာ လူကြီးလည်းမဟုတ်သေးသလို ကလေးလည်း မဟုတ်တော့ဘူးလေ။
ကလေးဘ၀ကို ကျော်လွန်ဖြတ်သန်းကြပြီး လူကြီးဘ၀ကို လျှောက်လှမ်းရတော့မယ့် အရှိန်အဟုန်ပြင်းစွာ တက်ကြွစွားနဲ့ ဘ၀ကို ဖြတ်သန်းနေကြသူတွေပါ။
လူ့ဘ၀ကို ဒီလိုလျှောက်နေတဲ့ အချိန်တွေမှာ ပျော်ရွှင်စရာတွေရှိသလို အားငယ်စိတ်ညစ်စရာ ပြသနာတွေလည်း ရှိလာမှာပါပဲ။
မကြာမီ လူကြီးဘ၀ကို ဖြတ်သန်းကြတော့မယ့် လူငယ်တွေအတွက် ဘ၀မှာ ချိုမြိန်စရာ ၊ အောင်မြင်စရာ ၊ ပျော်စရာတွေ ဖြစ်လာနိုင်သလို ခါးသီးစရာ ၊ ရူံးနိမ့်စရာ ၊ စိတ်ညစ်စရာတွေလည်း ကြုံနိုင်ပါတယ်။
ဒါကြောင့်လူငယ်တစ်ယောက်အနေနဲ့ ဘ၀တစ်လျှောက်မှာ အစစ အရာရာ အဆင်ပြေ အောင်မြင်စွာ ဖြတ်သန်းနိုင်ဖို့ ဘ၀တစ်သက်တာ ကျွမ်းကျင်စရာတွေလည်း သိထားတတ်ထား သင့်ပါတယ်။

အချိန်မတိုင်မီ အိမ်ထောင်ပြုရင်

glitter-graphics.com
အချိန်မတိုင်မီ ပညာရေးနဲ့ ငွေကြေးမလုံလောက်သေးခင် ဗဟုသုတနဲ့ ရင့်ကျက်မှု မပြည့်စုံသေးခင် အိမ်ထောင်ပြုမယ်ဆိုရင် ပျော်ရွှင်သာယာတဲ့ အိမ်ထောင်သည် ဘ၀ဆိုတာ မဖြစ်နိုင်ပါဘူး။
ကိုယ့်ဖက်ကလည်း အဆင်သင့်မဖြစ် ၊ မိဘတွေကလည်း မကြည်ဖြူဘူးဆိုရင်တော့ အချန်တန်အရွယ်ရောက်မှ အိမ်ထောင်ပြုတာ အကောင်းဆုံးပဲ။
မိဘသဘောတူလို့ မိဘစကားနားမထောင်ဘဲ ချစ်သူနောက် ခိုးရာလိုက်သွားတဲ့ မိန်းခလေး ၊ ယောကျာ်းလေးတွေ တော်တော်များများ လည်းမြင်ဖူးပါတယ်။
သီချင်းတောင် ရှိပါသေးတယ် " ချစ်သူနဲ့ဆိုရင် ထမင်းရေပူလျှက်ရပါစေ " ဆိုတာလေ။
အပြောသာလွယ်တာပါ။ တစ်ကယ်တမ်းစဉ်းစားကြည့်တော့ ထမင်းရေပူလျှက်ဖို့ဆိုတာ ရေရှည်မဖြစ်နိုင်ပါဘူး။
ထမင်းရည်ဆိုတာရအောင် ဆန်ဝယ်နိုင်အောင်လည်း ရှာရဖွေရအုံးမှာဘဲ မဟုတ်လား။
အတန်ကြာတော့ အဆင်မပြေလို့ မိဘအိမ်ပြန်တက်ကျတာတွေ အများကြီးပါ။
"မိဘ အိမ်လောက် ကောင်းသောနေရာ ဘယ်မှာမှမရှိ " ဆိုတဲ့စကသားပုံ အတိုင်းပါပဲ။
မိဘကျေးဇူး မဆက်ရသေးခင် မိဘရင်ကို ခြေစုံကန်ပြီး တစ်ခြားသူနောက်ကောက်ကောက် ပါအောင်လိုက်ရင်တော့ မိဘစေတနာ စော်ကား ၊ ကျေးဇူးကမ်းတဲ့သူ ဖြစ်သွားလို့ ဆက်လျှောက်ရမယ့် ဘ၀ဟာ အဆင်ပြေဖို့ ဆိုတာ တစ်ရာ မှာ တစ်ယောက် အင်မတန် ရှားပါတယ်။ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ကဲ့ရဲ့တာ ၊ ပညာရေး ၊ လူမှုရေး ၊ စီးပွားရေး တွေထိခိုက် ဆုတ်ယုတ်တာတွေ ဖြစ်နိုင်သလို အနဲနဲ့ အများတော့ ပြသာနာတွေနဲ့ ရင်ဆိုင် ရမှာမလွဲပါဘူး။
ဒါကြောင့် အချိန်မတိုင်ခင် အိမ်ထောင်ပြုပြီး " ခလုတ်ထိမှ အမိတ" ဆိုတာမျိုးမဖြစ်အော မိမိရဲ့ အရေးကြီးလှတဲ့ အနာဂတ် ဘ၀တစ်ခု လှပအောင် သေချာတွေးခေါ် စဉ်းစား သုံးသပ်နိုင်ရမယ်။ ကိုယ့်ဘ၀ အနာဂတ် ကောင်းမလား ဆိုးမလား ဆိုတာ ကိုယ်ဘယ်လမ်းရွေးချယ်သလဲ ပေါ်မှာမှုတည်တယ်။

အိမ်ထောင်ပြုတယ်ဆိုတာ

glitter-graphics.com
အိမ်ထောင်ပြုတယ်ဆိုတာ လူသားတွေ မျိုးဆက်တည်တံ့ဖို့အတွက် ယောကျာ်း ၊ မိန်းမ မျိုးဆက်ပွား တာဝန်ကို ထမ်းဆောင်ကြခြင်းပဲ ဖြစ်ပါတယ်။
သာမာန်စဉ်းစားရင်တော့ နားရှက်စရာလို့ ထင်ပါလိမ့်မယ်။
တကယ်တော့ တစ်ဦးနဲ့တစ်ဦး ချစ်ခင်နားလည်မှုတွေနဲ့ ဘ၀ကို တည်ဆောက်ကြပြီး ဘ၀အတွက် ချစ်ခင်စွာနဲ့ အခက်အခဲ ဟူသမျှကို အေးတူပူမျှ လက်တွဲထမ်းဆောင် ကြတာပါ။
တစ်ဦးနဲ့တစ်ဦး နားလည်မှု မရှိဘဲ အိမ်ထောင်ပြုခဲ့ ကြမယ်ဆိုရင်တော့ နောက်ဆက်တွဲ အကျိုးဆက်တွေ ကောင်းမလာ နိုင်တော့ပါဘူး။
တကယ်တော့ ဒီလောက်မလွယ်ပါဘူး။ သာမာန်လည်းမဟုတ်ပါဘူး။ လူငယ်တွေအနေနဲ့ အိမ်ထောင်ပြုတော့မယ်ဆိုရင် အသက်ရွယ်အရ အချိန်တန်ပြီလား ၊ ပညာရေး တွေပြည့်စုံပြီလား ၊ မိသားစုအတွက် လုံလောက်တဲ့ဝင်ငွေ ရှာနိုင်ပြီလား ၊ အိမ်ထောင်ရှင်ဘ၀ ကိုလျှောက်လှမ်းဖို့ ရင့်ကျက်မှုတွေ ရှိပြီလား ၊ တစ်ယောက်ပေါ်တစ်ယောက် ကိုယ်ချင်းစားနားလည်တတ်ပြီလား ၊ အိမ်ထောင်ပြုဖို့ ကိုယ့်ရဲ့ရည်မှန်းချက်တွေ ဆက်ပြီ အကောင်အထည်ဖော် နိုင်ဦးမလား ၊ ပျော်ရွှင်မှုအခက်အခဲတွေကို ဝေမျှခံစာနိုင်ပြီလား ၊ စတာတွေကိုအဖက်ဖက်က သေချာစဉ်းစားကြရမယ်။
ဒါမှပျော်ရွှင်ချမ်းမြေ့ဖွယ် အိမ်ထောင်ရှင် မိသားစု ဘ၀ကို ထာဝရ ပိုင်ဆိုင်နိုင်ကြမှာဖြစ်တယ်။


လူငယ်နှင့် သူတို့ပတ်ဝန်းကျင်

glitter-graphics.com
လူဆိုတာ ပတ်ဝန်းကျင်နဲ့ ကင်းကွာပြီး တစ်ယောက်တည်း နေလို့မရပါဘူး။
ပတ်ဝန်းကျင်မှာ သူငယ်ချင်း အပေါင်းအသင်းတွေ ၊ မိဘဆိရာသမားတွေ ၊ မိသားစုတွေ ၊ ဆွေမျိုးအသိုင်းအ၀ိုင်းတွေ ရှိသေးတယ်လေ။
ဒါကြောင့် လူ့ပတ်ဝန်းကျင်မှာ သင့်မြတ်အောင် နေထိုင်တတ်တဲ့ ၊ လူချစ်လူခင်ပေါတဲ့ ၊ အသုံးကျတဲ့ တန်ဖိုးရှိတဲ့လူငယ်တစ်ယောက်အဖြစ် ကိုယ့်ကိုကိုယ် အမြဲကြိုးစားနေရမယ်။


သူငယ်ချင်းအပေါင်းအသင်းရဲ့လွှမ်းမိုးမှု

glitter-graphics.com
လူငယ်အရွယ်ဟာ သူငယ်ချင်းအပေါင်းအသင်းကို တန်ဖိုးထားတာမို့ လူတို့ရဲ့ လွှမ်းမိုးမှုဟာ လူငယ်တစ်ယောက်ရဲ့ ဘ၀ကိုကောင်သွားမလား ၊ ဆိုးသွားမလားဆိုတာကို လမ်းကြောင်းပေးနေတယ်။
"ဆေးလိပ်သောက်တာ မကောင်းဘူးသူငယ်ချင်း" ဒီလိုကောင်းတဲ့ သူငယ်ချင်းတွေရှိသလို ၊ "ဆေးလိပ်သောက်ပါလား ၊ ကောင်မလေးတွေ အရမ်းကြွေတာ မိုက်တယ်နော်" ဒီလို မကောင်တဲ့ သူငယ်ချင်းတွေလည်းရှိတယ်လေ။
ဒါကြောင့်မကောင်းတဲ့ လွမ်းမိုးမှုတွေ မခံရအောင် မကောင်းတာ မလုပ်ဖို့ မခံရအောင် မကောင်းတာလုပ်ဖို့ ဆွဲဆောင်တဲ့ သူငယ်ချင်းတွေကို အကျိုးသင့် အကြောင်းသင့် ငြင်းနိုင်ရမယ်။
ပြီးတော့ အဲ့ဒီလို သူငယ်ချင်းကိုပါ မကောင်းတာမလုပ်ဖို့ တားမြစ်ရမယ်။
ကောင်းတဲ့ဖက်ကို ပရိယာယ်သုံးပြီး ဆွဲဆောင်နိုင်ရမယ်။ ဒါမှလည်း မိတ်ဆွေကောင်း ၊ သူငယ်ချင်းကောင်းပီသမှုဖြစ်မယ်။

သူတစ်ပါးအား နှောက်ယုက်မှုပြုခြင်း

glitter-graphics.com
လူငယ်တွေက သဘာဝတစ်ယောက်နဲ့ တစ်ယောက် စနောက်နေချင်ကြတယ်။
ပျော်ပျော်ရွှင်ရွှင်နေတတ်ကြတယ် ။ ဒါပေမယ့် ကိုယ်က အပျော်သဘောနဲ့ပြောလိုက်တဲ့ စကားလေးတစ်ခွန်း ၊ လုပ်လိုက်တဲ့ အပြုမှုလေးတစ်ခုကြောင့် တစ်ဖက်သားကို ထိခိုက်စေမယ့် ၊ အရှက်ရစေမယ်ဆိုရင်တော့ သင့်မသင့် စဉ်းစားရလိမ့်မယ်။
ကိုယ့်ကို သူများက ဒီလိုလုပ်ရင်ကော ကိုယ်တိုင် ဘယ်လိုခံစားရမလဲဆိုတာ စဉ်းစားသင့်တယ်။

လူငယ်နှင့် သူတို့အနာဂတ်

glitter-graphics.com
လူငယ်တွေမှာစိတ်ကူးကိုယ်စီ အိမ်မက်ကိုယ်စီ ရှိကြမှာပါ။
တကယ်တော့ လူတို့ရဲ့စိတ်ကူးတွေ ၊ စိတ်ကူးယဉ်အိပ်မက်တွေဟာ သူတို့ရဲ့ အနာဂတ်ပဲလေ။
ကိုယ့်ရဲ့အနာဂတ် သာယာလှပဖို့ ၊ ကိုယ့်ဘ၀ ကိုယ်ပိုင်မိသားစုဘ၀ ကိုအောင်မြင်စွာ တည်ဆောက်နိုင်ဖို့ ကိုယ့်ဘ၀တစ်လျှောက်မှာလည်း လမ်းရွေးမမှားဖို့အခုချိန်ကစပြီး ကြိုးစားပြင်ဆင် ကြရမယ်။
တစ်ကယ်လို့များ လမ်းမှားရွေးမိပြီဆိုရင် တွေဝေမနေပါနဲ့ ၊ အချိန်မီပြုပြင်ဖို့ ၀န်မလေးပါနဲ့။
ကိုယ့်ရဲ့ အနာဂတ်ဘ၀ သာယာလှပဖို့ ကိုယ့်မှာအားကိုးစရာ မိသားစုရှိတယ်။
တိုင်ပင်စရာ မိတ်ဆွေကောင်းတွေ ရှိတယ် ၊ လေ့လာစရာစာပေ ဗဟုသုတတွေရှိတယ်ဆိုတာ လူငယ်တွေ မေ့မသွားပါနဲ့။

လူငယ်နှင့် သူတို့မိသာစု

glitter-graphics.com
လူငယ်တွေရဲ့ ပတ်ဝန်းကျင်ထဲမှ အရေးကြီးဆုံးနဲ့ အနီးဆုံးက ကိုယ့်ရဲ့မိသားစုပဲ ဖြစ်ပါတယ်။
မိသားစုတွင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ သဟဇာတဖြစ်အောင် ၊ အသုံးကျတဲ့ လူတစ်ယောက်ဖြစ်အောင်နေထိုင်ဖို့ လိုအပ်ပါတယ်။
-မိသားစုတာဝန်တွေကို ခွဲဝေယူကြမယ်။
-မိဘတွေကို ပြုစုဂရုစိုက်မယ်။
-အမြင်မတူတာတွေ ရှိခဲ့ရင်လည်း ညှိနိုင်းဖြေရှင်ကြမယ်။
-အေးချမ်းသာယာတဲ့ နွေးထွေးတဲ့ မိသားစုဘ၀ကို တည်ဆောက်ကြမယ်။

မှုးယစ်ဆေးဝါးဆိုတာ

glitter-graphics.com
ဆေးလိပ် ၊ အရက် ၊ ဆေးခြောက် ၊ စိတ်ကြွဆေး ၊ ဘိန်းဖြူ…စတဲ့စိတ်ကို မှုးယစ်ပြောင်းလဲစေတတ်တဲ့ အရာတွေ အားလုံးပါဝင်ပါတယ်။
မှုးယစ်ဆေးဝါးဟာ လူငယ်တို့ရဲ့ဘ၀ကို များစွာထိခိုက်စေပါတယ်။
စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး အားလုံးဆုံးရူံးစေပါတယ်။ ဒါအပြင်မှုးယစ်ဆေးဝါး သွေးကြောထဲ ထိုးသွင်လို့ရလာတဲ့ အိပ်ခ်ျအိုင်ဗွီရောဂါပိုးနဲ့ အသက်ဆုံးရူံးမှုတွေလည်းရှိပါတယ်။
လူငယ်အများစုဟာ ဆေးလိပ်သောက်တာကို စတိုင်လို့ အများဆုံးက ထင်နေပါတယ်။
တစ်ကယ်တော့ မှုယစ်ဆေးအစ ဆေးလိပ်ကပါ။
ဒါကြောင့် အတိမ်းအစောင်းမခံတဲ့ လူငယ်တို့ရဲ့ ဘ၀မှာ မှုးယစ်ဆေးဝါးနဲ့ အရက်သေစာ မသုံးမိစေဖို့ ၊ အပေါင်းအသင်း မမှားဖို့ အရေးကြီးပါတယ်။

လူငယ်နှင့်ဘ၀တစ်သက်တာကျွမ်းကျင်စရာများ

glitter-graphics.com
၁။အချင်းချင်းဆက်သွယ်ဆောင်ရွက်ခြင်း
-နူတ်စကား (သို့) တခြားနည်းလမ်းနဲ့ ဆက်သွယ်ဆောင်ရွက်တတ်ရမယ်
-သူများပြောစကားကို သေချာစွာ နားထောင်တတ်ရမယ်။
-ကိုယ့်ရဲ့ခံစားချက်တွေကို တင်ပြနိုင်ရမယ်။
-သူများကို အပြစ်တင်တာ မဟုတ်တဲ့ ဝေဖန်အကြံပေးတာမျိုး လုတ်တတ်ရမယ်။
-သူများကမေးရင်လည်း ၊ ကိုယ်က ခံယူတတ်ရမယ်။

၂။ညျိနှိုင်းဆောင်ရွက်ခြင်း ၊ ကျိုးကြောင်းခိုင်လုံစွာ ငြင်းဆိုခြင်း
-အချင်းချင်း ပြေလည်အောင် တိုင်တိုင်ပင်ပင် ညှိနိုင်းဆောင်ရွက် နိုင်ရမယ်။
-ပြသနာ ၊ အဆင်မပြေတာတွေကိုပြေလည်အောင် ညှိနှိုင်းဆောင်ရွက် နိုင်ရမယ်။
-တည်ငြိမ်ခိုင်မာစာ ပြုမှုပြောဆိုတတ်ရမယ်။
-ကျိုးကြောင်း ခိုင်လုံစွာ ငြင်းဆိုတတ်ရမယ်။

၃။ကိုယ်ချင်းစာနာစိတ်ထားခြင်း
-သူများပြောတာကို ကြိုးစာူးနားထောင် တတ်ရမယ်။
-သူများရဲ့ လိုအပ်ချက်တွေ ၊ အခြေအနေတွေကို နားလည်ပေးတတ်ရမယ်။
-သူ့နေရာမှာ ငါသာဆိုရင် လို့စဉ်းစားတတ်ရမယ်။

၎။အများနဲ့ပူးပေါင်းဆောင်ရွက်ခြင်း
-သူများတွေရဲ့ကိုယ်နဲ့မတူတဲ့ ပုံစံတွေကို နားလည်ပေးရင်းသူများရဲ့ပါဝင်ပူးပေါင်းဆောင်ရွက်မှုကို လက်ခံတတ်ရမယ်။
-ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေကိုလည်းစမ်းစစ်လေ့လာပြီ အများနဲ့ပူးပေါင်ဆောင်ရွက်ရမယ်။
-ကိုယ့်ရဲ့ ၊ သူများတွေရဲ့ အားနဲချက်တွေကိုနားလည်လက်ခံတတ်ရမယ်။

၅။ဆွေးနွေးညှိနှိုင်းအသိပေးတင်ပြတတ်ခြင်း
-ကိုယ့်လိုအပ်ချက်ကို ကိုယ်သိမယ် ၊ သူများသိအောင်တင်ပြတတ်ရမယ်။
-ကူညီပံ့ပိုးမှုရအောင် ပြောဆိုတတ်ရမယ်။
-ဆက်ဆံရေးပြေပြစ်ချောမွေ့အောာင် ဆောင်ရွက်နိုင်ရမယ်။
-တိုက်တွန်းနိုးဆော် တတ်ရမယ်။

၆။မှန်ကန်စွာ စဉ်းစားဆုံးဖြတ်တတ်ခြင်းနှင့် ပြသနာဖြေရှင်တတ်ခြင်း
-မှန်ကန်တဲ့သတင်း အချက်အလက်တွေ စုဆောင်းတတ်ရမယ်။
-လက်ရှိအခြေအနေနဲ့ နောင်ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို ယှဉ်တွဲ စဉ်းစားတတ်ရမယ်။
-ပြသနာများကို နည်းလမ်းမျိုးစုံနဲ့ ဖြေရှင်းတတ်ရမယ်။
-မိမိနှင့် အခြားသူများ၏တန်ဖိုးထားရှိမှု ၊ ခ့ယူချက်များကို နိုင်းယှဉ်ပြီး ခွဲခြမ်းစိတ်ဖြာသုံးသပ် နိုင်ရမယ်။
-အားလုံးအတွက် အသင့်တော်ဆုံး ဖြေရှင်းနည်းကို ရွေးချယ်တတ်ရမယ်။

၇။ကိုယ့်ကိုကို လိုသလိုထိန်းချုပ်နိုင်စွမ်း၇ှိခြင်း
-ကိုယ့်ကိုကိုယ် လေးစားရမယ် ၊ ယုံကြည်မှု ထားရမယ်။ တန်ဖိုးထားရမယ်။
-ကိုယ့်အဆင့် ၊ ကိုယ့်နေရာ ၊ ကိုယ့်အခြေအနေကို သိရမယ်။
-ကိုယ့်ကိုကိုယ် ဝေဖန်သုံးသပ် ဆန်းစစ်နိုင်ရမယ်။
-အမြဲမပြတ်လေ့လာ စာင့်ကြည်ပြီ ထိန်ချုပ်နိုင်စွမ်း ရှိသည်။

၈။ရူထောင့်မျိုးစုံမှစဉ်းစားသုံးသပ်တတ်ခြင်း
-ဖြစ်နိုင်သော နည်းလမ်းများကို ရူထောင့်မျိုးစုံကနေ စဉ်းစားတတ်ရမယ်။
-ပြင်ပဖိအား ၊ လွှမ်းမိုးနှောင့်ယှက်မှု အပါဘဲ စဉ်းစားသုံသပ် နိုင်ရမည်။
-မိမိ၏ပတ်ဝန်းကျင် အသိုင်အ၀ိုင်းက လက်ခံထားတဲ့ တန်ဖိုးထားမှုတွေ ၊ ခံယူချက်တွေ ယဉ်ကျေးမှု ထုံးတမ်း အစဉ်အလာတွေကိုလည်း စဉ်းစားသုံးသပ်နိုင်ရမယ်။
မှန်ကန်မှုရှိ မရှိ စဉ်းစားသုံးသပ်နိုင်ရမယ်။

၉။စိတ်ခံစားမှုများကို ထိန်းသိမ်းနိုင်ခြင်း
-ဒေါသတွေ ၊ ပူဆွေးမှုတွေ ၊ စိုးရိမ်သောကတွေကို ထိန်းချုပ်နိုင်ရမယ်။
-ဆုံးရူံးမှုတွေ ၊ ထိုခိုက်ပျက်စီးမှုတွေကို ခံနိုင်ရည်ရှိရမယ်။

၁၀။စိတ်ဖိစီးမှုများကိုဖြေရှင်းကျော်လွှာနိုင်ခြင်း
-ချိန်ကိုက်ဆောင်ရွက်တတ်ရမယ်။
-အကောင်းမြင် စိတ်ရျိရမယ်။
-စိတ်ပြေလျော့နည်းတွေ ကျင့်သုံးတတ်ရမယ်။

စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများ

ဆယ်ကျော်သက်ရွယ် လူငယ်တွေဟာ အပျံသင်ကာ ငှက်ကလေးတွေလို လွတ်လပ်ပေါ့ပါးနေပေမယ့် အနာဂတ်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ပါ့မလားဆိုးတဲ့ စိတ်ပူပန်မှုမျိုးတွေ ရှိနေတတ်ပါတယ်။ကလေးနဲ့ဘ၀နဲ့လည်း မတူတော့ဘဲ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ ရှိတယ်လေ။ ဥပမာပြောရရင်တော့….
-အလှအပတွေကို စိတ်ဝင်စားလာတယ်။
-အရာရာကို စိတ်ကူးယဉ်တတ်လာတယ်။
-ကိုယ့်ကိုကိုယ် အထင်ကြီး စိတ်ဝင်လာတယ်။
-အရာရာကိုယ် လက်တည့်စမ်းချင်လာတယ်။
-ပညာရေးနဲ့ မဆိုင်တဲ့ အခြာပြသနာတွေကို စိတ်ဝင်စာတယ်။
-နေရာတကာ ဟိုစပ်စပ် ဒီစပ်စပ် ပါလာတယ်။
-အချစ်ရေးတွေကို စိတ်ဝင်စာလာတယ်။
-အချုပ်အချယ် မခံချယ်မခံချင်ဘူး ၊ ဆရာလာလုပ်ရင်လည်းမကြိုက်ဘူး။
-ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ စိတ်ထဲရျိတာ လုပ်တတ်တယ်။
-စိတ်လိုက်မာန်ပါ လုပ်တတ်လာတယ်။
-အတုမြင် အတတ်သင်လာတယ်။
-တစ်ချို့က မကောင်းတာတွေ လက်တည့်စမ်းချင်သလို
-တစ်ချို့က ကောင်းမှုတွေလုပ်လာကြတယ်။
-ကလေးဘ၀ ကုန်ဆုံးလို့ လူငယ်ဘ၀ရောက်လာလို့ ထူးထူးခြားခြား အပြုမှုတွေပါ။

ဆောင်ရန် ၊ ရှောင်ရန်

(က) မိမိ အကျိုးရှိ အများအကျိုးရှိဆိုလျှင်လုပ်ပါ။
(ခ) ပညာရှိသူတော်ကောင်း များက ချီးကျူးလျှင်လုပ်ပါ။

(က)ဆောင်ပါ
-မိမိအကျိုး ရှိ ၊ အများအကျိုး ရှိ (အကောင်းဆုံး )
-အများအကျိုး ရှိ ၊ မိမိဘာမှ မရှိ (ဒုတိယ)
-မိမိအကျိုး ရှိ ၊ အများဘားမှမရှိ(တတိယ)

(ခ) ရှောင်ပါ
-မိမိထိခိုက် ၊ အများလည်းထိခိုက် (အဆိုးဆုံး)
-အများထိခိုက် ၊ မိမိဘာမှမဖြစ် ( ဒုတိယအဆိုး)
-မိမိထိခိုက် ၊ အများဘားမှမဖြစ် (တတိယအဆိုး)

(ခ)ပညာရှိသူတော်ကောင်းများက ချီးကျူးလျှင်လုပ်ပါ။ကဲ့ရဲ့လျှင်ရှောင်ပါ။
သူယုတ်မာများ၏ ကဲ့ရဲ့မှုကို ဂရုစိုက်ရန် မလိုပါ။

No comments: