Wednesday, July 16, 2008

လ၀န်းမှာ မျက်ရည်စက်တွေနဲ့


glitter-graphics.com
လ၀န်းသာသော ညတစ်ည
ဟိုမှာဖွေးဖွေး ဝေးကမြင်
ဖြူစင်ဝင်းပ သူ့အလှ
မြင်သူရင်ထဲ လွန်အေးမြ။

အပူပင်ကင်း ၊ ဖွေးဖွေးလင်းရှာ
တစ်ခါတစ်ရဲ တော့လည်း
တိမ်သားမိုးမှောာင် ၊ ကျရောက်လာတော့
သူ့ရဲ့အလှ ၊ သူ့ဘ၀ကာ
အမှောင်ထုထဲ ၊ ငုတ်လျှိုးပျောက်ကွယ်
လ၀န်းကြီးမှာ ၊ မျက်ရည်စက်တွေနဲ့။

ထို့အတူပင်...
အချစ်လွှမ်းမိုးနေသော
ဤကမ္ဘာဝယ် အိပ်မက်ဟူသည်မှာလည်း
အချစ်ကြောင့်ပင် ပေါက်ဖွားလာသည်
မဟုတ်ပါလား။

ခုတော့မှု...
နှလုံးသားမှ ၊ ချစ်ခဲ့ရသည့်
ရင်မှနွယ်ငင် ၊ သံယောဇဉ်ကြောင့်
ပူပင်နာကြည်း ၊ ဒေါသစီးသော
သစ္စာမရှိ ၊ သူ့အချစ်လည်း
အမှောင်ထုထဲ ၊ ငုတ်လျှိုးပျောက်ကွယ်
အားလုံးကို ၊ မေ့ထားလိုက်ပါပြီ။

သို့ပေမယ့်လည်း
လမင်းမှာလည်း ၊ မျက်ရည်စက်တွေနဲ့ပါ။

No comments: