Monday, July 14, 2008

အင်တာနက်ဆိုတာ





အင်တာနက်ဆိုတာ
လုံးနေတဲ့ကမ္ဘာကြီရဲ့ တစ်နေရာဆီ
ရင်းနှီးချင်သူချင်းလက်တို့
သတင်းပို့ သတင်းမေး စာရေး ဖုန်းဆက်
ကမ္ဘာ့အပြင်ဘက် မထွက်နိုင်သေးတဲ့ကာလ။

ခဲစာလုံး ၊ စာခွက် ၊ ပုံနှိပ်စက် ၊ စက္ကူပုံ
ခိုလှုံ ကျက်စား စာသမားတွေရဲ့ အကူ
လှမ်းယူလို့ ရသမျှသာတွေ့ထိခဲ့။

ထောင်ခုနှစ် နှစ်ခုကာလာ
ဘယ်လိုမှမထင်နိုင်စရာ
အိုင်တီဟာ မျက်လှည့်ပြလိုက်သလား
သတင်းနဲ့ နည်းပညာတိုးတက်မှုအားကြောင့်
ကမ္ဘာကြီးခမျာ
နောက်ကျမှုတွေ ကြွေးဆပ်ရသလို
ဖျတ်ခနဲ ဖျတ်ခနဲ ဖြစ်စဉ်တွေပြောင်း။

လူတွေလူတွေ ကွန်ပျူတာတစ်လုံးနဲ့
သတင်းနဲ့ နည်းပညာသုံးပြီး
တစ်ကမ္ဘာလုံးအုန်းအုန်းကျွတ်ကိုဖြစ်လို့။

သိလိုရာ ရှာဖွေလို့ မဆုံးနိုင်အောင်
အသုံးချစရာ နည်းပညာဘက်တိုက်ကြီး ICT မှာ
online ပေါ်တက်
internet ထဲဝင်
လိုချင်တဲ့ website တွေရွေး
email တွေပို့
chatting ထိုင်
ဝါသနာတူသူချင်း
လွယ်ကူစွာ ဆက်သွယ်နိုင်သတဲ့
မျှဝခံစား blog ပေါ်မှာစကားဆို
ဦးနှောက်ကိုလည်း အလကားမပေး
ဂိမ်းကစားသူတွေ ဒုနဲ့ဒေး
ဂျာနယ်မှာရေးထားတာတွေဖတ်
ရင်ဘတ်ထဲမှာ စူးရှ။

တစ်နေရာမှ တစ်စုံတရာဖြစ်
တစ်ကမ္ဘာလုံးမှာပါဖြစ်
ဟောဒီ အိုင်တီခတ်မှာ
ရွာတစ်ရွာလို ဖြစ်နေတဲ့ကမ္ဘာ
များပြားလားဆိုတာယုံချင်ယုံ။

No comments: