Tuesday, July 22, 2008

သင့်အပြုမှုယဉ်ကျေးပါရဲ့လား?


glitter-graphics.com
သင်က ဧည့်သည်ဆိုပါစို့။ ဧည့်သည် အတွက် ထားသော တဘက်ကို သင်ယူသုံးပြီးလျှင် မှုလပုံစံအတိုင်း ပြန်ခေါက်ကာ တဘက်စင်ပေါ်သို့ ပုံမပျက် ပြန်ထားလျှင် သင်မှားပြီ. သုံးပြီးသား အ၀တ်ကို ပြန်မခေါက်ပါနှင့်။ အသစ်ဟု ထင်မှန်မှား တတ်သည်။ လက်ဆေးကန်နှင့် နီးနီးနားနား ထားပေးမှ မှန်ပါသည်။
လူတောထဲမှာ ဘယ်အခါမှ လေချဉ်မတက်ရ ဆိုသည်မှာလည်း မဟုတ်ပါ။ လည်ချောင်းထဲမှ သဘာဝအလျှောက်တက်လာသည့် လေသံအပြင် လူကအပိုမလုပ်မိရန်သာ သတိထားပါ။ တတ်နိုင်သမျှ အသံအုပ်၍ လေထွက်စေပြီး (အိပ်စ်ကျူစ်မီ ) ခွင့်လွှတ်နော် ဟုပြောပါ။ ယမကာသောက်စားရင်း အမြည်းအဖြစ် ၀က်အူချောင်းကြော် ပါရှိသည့် မိတ်ဆွေများ စကားဝိုင်းတွင် ၀က်အူချောင်းကို လက်နှင့်နိုက်မစားရ ဆိုသည်မှာလည်း မဟုတ်ပါ။ ခြောက်ခြောက်သွေ့သွေ့ ကြော်ထားပါက လက်နှင့် လက်ညှိုး အသာအယာ ယူစားလျှင်လည်း အကြည့်ရ မဆိုးပါ။
ကိုယ့်ဟာကိုယ် ယူစားရသော ထမင်းစားပွဲများတွင် ဟင်းပန်ကန် တစ်ခုချင်းမှ ဟင်းများကို တန်းစီထည့်ရာတွင် လွတ်နေသည့် ဟင်းပန်ကန်မှဟင်းကို သင့်အလှည့်မဟုတ်ဘဲ ကျော်၍နိုက်ပါ။
တစ်စုံတစ်ဦးက စကားပြောသည့်အခါ စကားမှားနေလျှင် ၊ သို့မဟုတ် အသံထွက်မဟုတ်လျှင် ပြင်မပေးလိုက်ပါနှင့် အလွန်ရိုင်းပျသော အပြုအမှု ဖြစ်သွားလိမ့်မည်။
ညစာစားပွဲ ပြီးဆုံးသည့် အခါ စားပွဲပေါ်မှ စားသောက်ပြီးသည့် အကြွင်းအကျန်များကို ဇွန်းတစ်ချောင်းဖြင့် ခြစ်ချုပ် ၊ စုဆောင်းရှင်းလင်းခြင်း မပြုပါနှင့် မီးဖိုဆောင်ထဲပန်ကန်အားလုံး သယ်သွားပြီးမှ ပြုလုပ်ပါ။
ထမင်းစား စားပွဲပေါ် တံတောင်ဖြင့်ထောက်ထားခြင်းသည် ရိုင်းပျသော အပြုအမှုမဟုတ်ပါ။ သင့်လက်ထဲ ပန်ကန်ခွက်ယောက်တွေ ကိုင်လျက်သားနှင့်သာ တံတောင်ဖြင့် မထောက်ပါနှင့်။
လူ ဆယ်ယောက်အထက် ထမင်းစားပွဲများတွင် အ၀တ်ဖျင် လက်သူတ်ပ၀ါအစား စက္ကူ လက်သုတ်ပ၀ါများ ထားနိုင်ပါသည်။ လူ ဆယ်ယောက်အောက် ဆိုလျှင် ဖျင်လက်သုတ်ပုဝါသုံးခြင်းက ပို၍ တင့်တယ်ပါသည်။
စားပွဲပေါ်တွင် ကုန်သွားသော ဟင်းပန်ကန်ထဲသို့ အိမ်ရှင်က ထပ်ထည့်မပေးလျှင် ထပ်ထည့်ရန် သင်ကမပြောပါနှင့်။ ဟင်းအိုးထဲတွင် ထပ်ထည့်စရာ မရှိတော့၍လည်း ဖြစ်နိုင်သည်။ အကယ်၍ လိုက်ပွဲ ဟင်းချိုင့်ထဲတွင် အများကြီး ကျန်နေသေးမှန်း သေချာပေါက်သိလျှင်မှု အိမ်ရှင်မေ့လျော့၍ နေခြင်းဖြစ် ကောင်းဖြစ်မည်။ ထပ်တောင်း၍ မရိုင်းပါ။
အထက်ပါအချက်များမှာ နယူးအက်ဘီကက် ( The newetiquette ) စာအုပ်ကို ရေးသားသူ ပညာရှင် မဂျာဘယ်လီယန်းစကျူးဝပ်(MargabelleYoumgstewart)ကဧည့်သည်များလိုက်နာသင့်သော ယဉ်ကျေးဖွယ်ရာ အမှုအရာအခန်းတွင် ဖော်ပြချက်များ ဖြစ်ပေသည်။

No comments: