Thursday, July 10, 2008

ရင်ထဲမှာရှိတာလေးတွေ

ယုံရမှာလား

glitter-graphics.com
အင်အားတွေချည့်နဲ့လာသလို
လေညင်းတွေနဲ့အတူ မင်းရဲ့အသံတွေငါ့နားထဲမှာ
ငါ့ရင်ဘတ်ထဲမှာ လှည့်ပတ်ပတ်ဆဲ
အတွေးတွေကိုအဖော်ပြုနေရတဲ့ငါဘ၀ကိုသနားလှည့်ပါ
မင်းကိုချစ်လွန်းလို့
အကြိမ်ကြိမ်ခွင့်တောင်းမိခဲ့တယ်
တစ်ဘ၀လုံးအတွက်ပါ
မျော်လင့်ခြင်းသက်သက်နဲ့တော့ ငါ့ရင်အစုံကို ငါမနှစ်သိမ့်ချင်ဘူး
မင်းပင်ပန်းမှာစိုးလို့
အချစ်ပန်းဆိုတာ တစ်ခါသာပွင့်တတ်တယ်တဲ့
ဟုတ်လား
အကြိမ်ကြိမ်စဉ်းစားရင်
မိုးလင်းသွားတဲ့နေ့တွေလဲ မနဲတော့ဘူးအချစ်ရာ
အချစ်ကိုခပ်မိုက်မိုက်ရင်ဆိုင်ဘို့ပြင်ဆင်လိုက်ချိန်မှာတော့
စီးဆင်းနေတဲ့ရေခဲပြင်တွေကြားထဲမှာ
ငါလေမျှောပါနေဆဲ--------
အေးခဲတဲ့နှင်းမုန်တိုင်းတွေနဲ့အတူ
အချစ်ဆိုတဲ့ဝိုင်တစ်ခွက်ကိုထပ်သောက်လိုက်တယ်
မသောက်နဲ့တော့တဲ့လားကွာ
တိုးညင်းတဲ့အသံတစ်ခုရင်ခွင်အစုံကိုရှပ်သွားတယ်
ဒီလိုနဲ့ကောင်းကင်ကြီးတစ်ခုလုံးကိုမော့ကြည့်လိုက်တယ်
ငါ့ကိုပြုံးပြနေတဲ့လမင်းက ပြောတယ်
အကိုရေ ဆက်မသောက်နဲ့တော့တဲ့..................

ပျား

glitter-graphics.com
အေးစက်စက်နိုင်လွန်းတဲ့တုန့်ပြန်မှုတွေက ရင်ကိုမနွေးထွေးစေနိုင်ဘူး၊
ရာသီအလိုက်ဖူးပွင့်နေတဲ့ပန်းတွေကလဲ တစ်ခုပြီးတစ်ခု၊
ဘယ်တုန်းကမှ နမ်းရှိုက်ခွင့်မရသေးတဲ့ သိုက်မြုံထဲကပျားတစ်ကောင်ဟာ ငါ ပါပဲ၊
ငါ့ဘေးမှာ ရစ်ဝဲနေတဲ့ပန်းတွေကို ပျားဆိုတဲ့ငါဘာဆိုဘာမှမသိခဲ့ဘူး၊
ပျားဆိုတာပျားရည်နဲ့မှ တင့်တယ်တယ်တဲ့၊
ပျားရည်အတုတွေကြားမှာ ပျားဖြစ်ခဲ့ရတဲ့ငါ
တစ်နေ့မှာ...
ပျားရည်အစစ်တွေ ဝေမျှနေပါရောလား
ဘယ်သူမှ မယူချင်ဘူးတဲ့ တိုးတိုးလေးလာပြောတယ်
မယုံနိုင်ဘူး ငါဆိုတဲ့ပျားဘ၀ကို
ပျားရည်အစစ်ကိုခံယူဖို့အတွက် ခက်ခဲလွန်းလို့ပါတဲ့
ဒီလိုနဲ့ လူမသိသူမသိတဲ့ သစ်ပင်အိုကြီးရဲ့ တစ်နေရာမှာ ငါနှလုံးအိမ်ကစီးကျလာတဲ့ ပျားရည်စက်တွေ တစ်စက်ပြီးတစ်စက်
သို့သော် ခံယူသူကင်းမဲ့နေဆဲ----

ါးသက်အလွမ်း

glitter-graphics.com
အတွေးတွေကနှိပ်စက် အလွမ်းတွေကခါးသက်သက်နဲ့ဘ၀ကိုပဲအပြစ်တင်ရတော့မလို
တစ်ခါတစ်ခါမှိုင်တွေငေးမောရင်း တိမ်တွေကပဲပြိုဆင်းတော့မယောင်
ငါ့ကိုယ်ငါ ဘာမှန်းမသိအောင် ဖြစ်နေတဲ့အချစ်စိတ်ကဘာသာမဲ့ စကားတစ်ခုလို
ဟိုဟိုဒီဒီစမ်းရင်းပေါ့
အနီးဆုံးနေရာကိုသွားဖို့ဆုံးဖြတ်တိုင်းမသေချာသေးတဲ့အဖြေတွေက ရင်ခွင်ကိုချိနဲ့စေပြန်တယ်
အားတင်းရင် ပြန်ထခဲ့တဲ့အကြိမ်တွေလဲမနဲတော့ပါဘူး
အဆုံးအဖြတ်ပေးမဲ့ တရားစီရင်မှုမှာစောင့်နေရတဲ့ တရားခံတစ်ယောက်လို
ထောင်နံရံကိုမှီရင်း သက်ပြင်းတွေအကြိမ်ကြိမ်ချခဲ့ရတယ်
သူလာမယ်တဲ့ သဲ့သဲ့အသံလေးက နံရံနဲ့ ငါနဲ့ကြားမှာ စစ်ခင်းနေကြဆဲ
ဒီလိုနဲ့တစ်ရက်ပြီးတစ်ရက်
ခါးသက်တဲ့အလွမ်းတွေနဲ့အတူဒီနံရံတွေကြားမှာ
ငါ ရှင်နေဆဲပါ ချစ်သူ။ ။

အလွမ်းမော်ကွန်း

glitter-graphics.com
အိမ်ရှေ့တံခါးကို ဖွင့်ထားခဲ့တယ်.
မင်းကို ဆီးကြိုဖို့အတွက်ပါ.
သံသယတွေ အခန်းထဲကို ပစ်ထည့်ဖို့မဟုတ်ဘူး
ထည့်ချင်လည်းထည့်ပေါ့
ယုံကြည်မှုနဲ့ ရှင်းလို့ရပါတယ်.
အစွဲတစ်ခုနဲ့ ငြင်းနေရင်တော့ ငါလည်း မတတ်နိုင်ဘူး

ငါ့နှလုံးသားကို ဖွင့်ထားခဲ့တယ်.
မောပန်းလာတဲ့မင်း ခိုနားနိုင်ဖို့ပါ
မျက်ရည်တွေ သွန်ချပစ်ခဲ့လို့ရတယ်.
နာကြည်းချက်တွေကို ဖောက်ထုတ်ပစ်ခဲ့လို့ရတယ်.
အပြစ်မယူပါဘူး
မငြူစူပါဘူး.
တစ်ခုပဲ ငါကြောက်နေမိတာ…
သံသယ ဓားချက်တွေ ငါ့နှလုံးအိမ်ကို မွှမ်းခံရမှာကိုပဲ…

တကယ်ဆိုငါဟာ
မင်းနဲ့ငါမဟုတ်သူတစ်ယောက်တို့ရဲ့
ဘ၀ဖြတ်သန်းမှုကို
ဘာမှမဖြစ်သယောင် ဟန်ဆောင်ငေးကြည့်ပြီး
ပြုံးပြနှုတ်ဆက်နေရသူပါ.
မပွင့်ခင်ကတည်းက ညှိုးနွမ်းခဲ့ရတဲ့
ငါ့အချစ်ပန်းတွေကို
မင်းရဲ့ သံသယအက်ဆစ်တွေနဲ့ အပြီးတိုင် မသတ်လိုက်ပါနဲ့တော့နော်
မင်းကို ငါဆက်ချစ်နေချင်သေးတယ်.
ကတိလည်းပေးပါတယ်.
မင်းနဲ့ငါ မခွဲဘူး…
ငါနဲ့မင်း မခွဲဘူး
မမြင်နိုင်တဲ့ သံယောဇဉ်ကြိုးတွေနဲ့
မင်းကို ငါစောင့်နေမယ်
နောက်နောင် ဘ၀များစွာအထိပေါ့
ငါ့ရဲ့ အသံတွေလည်း တိုးလျအားလျော့ချင်နေပါပြီ.
ဒါပေမယ့် ငါမင်းကို ဆက်ပြောမယ်
မင်းကိုငါ မခွဲဘူး
မင်းလည်း ငါ့ကို မခွဲပါနဲ့ဦးနော်…
ဖြူစင်တဲ့ မေတ္တာတွေနဲ့
နွေမှာ အေးမြ၊ မိုးမှာ လုံခြုံ၊ ဆောင်းမှာ နွေးထွေးစေ့ပါမယ်…
ငါမင်းကို သိပ်ချစ်တယ် ချစ်သူ………

No comments: