Friday, July 18, 2008

"တူသောအကျိုးပေး"


glitter-graphics.com

တစ်ဖက်သားကို နွေးနွေးထွေးထွေး
ချစ်ခင်တတ်ရင် ကိုယ့်ကို
နွေးနွေးထွေးထွေး ချစ်ခင်မယ့်လူ
ပေါ်လာမှာပါ။

တစ်ဖက်သားကို မြတ်မြတ်နိုးနိုး
ကြင်နာတတ်ရင် ကိုယ့်ကို
မြတ်မြတ်နိုးနိုး ကြင်နာမယ့်သူ
ရောက်လာမှာပါ။

တစ်ဖက်သားကို ထွေးထွေးပိုက်ပိုက်
ယူယတတ်ရင် ကိုယ့်ကို
ထွေးထွေးပိုက်ပိုက် ယူယမယ့်သူ
ရှိလာမှာပါ။

အချစ်နဲ့ပတ်သက်ပြီး
အဆိုးကြုံတွေ့ရတယ် ဆိုတာ
အချစ်နဲ့ပတ်သတ်တဲ့ အဆိုးကံတွေ
အတိတ်က ကျူးလွန်ခဲ့လို့ပါ။

" အတိတ်က" ဆိုတဲ့နေရာမှာ
ရှေးယခင် ဘ၀တွေက
အတိတ်လည်း ပါဝင်သလို
ယခုဘ၀ရဲ့ ရှေ့ပိုင်း
အတိတ်ကံတွေလည်း ပါဝင်တယ်။
အချစ်ကံခေစေတဲ့
အဓိက အကျဆုံး အဆိုးကံကတော့
အချစ်ရေးမှာ သစ္စာမရှိခြင်း
အချစ်ရေးမှာ ဖောက်ပြန်ခြင်းပါပဲ။
တစ်ကယ်တော့
တူသောအကျိုးပေးတာပါပဲ။

အချစ်ကံကောင်းစေတဲ့
အဓိကအကျဆုံးကတော့
မေတ္တာနဲ့သစ္စာ တရားကို
လက်ကိုင်ထားခြင်းပါပဲ။

သူတစ်ပါးအပေါ်
စစ်မှန်သန့်စင်တဲ့
မေတ္တာတရားတွေ
များများပေနိုင်လေ
ချစ်ခြင်းမေတ္တာနဲ့ ပတ်သတ်ပြီ
ကံအကျိုးပေး ပိုကောင်းလေပါပဲ။

မေတ္တာကြီးလေ
အချစ်ကံကောင်းလေပေါ့။
တူသောအကျိုးပေးတတ်တဲ့
ကံတရားကို ဘယ်သူများ
ဟန့်တားနိုင်တာမှတ်လို့။

အရှင်ဆန္ဒာဓိက

No comments: