Monday, July 21, 2008

အခွင့်အလမ်းဆိုတာ


glitter-graphics.com

တစ်ခါတုန်းက တောင်ကြားကလေး တစ်ရွာတွင် ဘုန်းတော်ကြီးတစ်ပါးရှိတယ်။ သူသည် နှစ်ပေါင်းလေးဆယ်လုံးလုံး သူ့နယ်မြေအတွင်းရှိ လူအားလုံးရဲ့ ဘာသာရေးကိစ္စများကို ဆောင်ရွက်ပေးခဲ့သည်။ လူမှုရေးကိစ္စများမှာလည်း ကူညီခဲ့သည်။ သူသည် မြင့်မြတ်သော သာသနာပြုတစ်ပါးအဖြစ် စံပြုရလောက်သူဖြစ်သည်။
တစ်နေ့မှာတော့ မိုးတွေသဲကြီးမဲကြီးရွာသည်။ မိုးကရပ်မသွား။ ဆက်တိုက်ဆက်တိုက် ရွာလိုက်သည်မှာ ရက်နှစ်ဆယ်လုံးလုံး။ နောက်ဆုံးသူတို့ရဲ့ တောင်ကြားရွာကလေး ရေလွှမ်းသွားသည်။ နောက်ရေကြီးလာသည်။ အိမ်တွေ ရေမြုပ်ကုန်သည်။ နောက်ဆုံး ဘုန်းတော်ကြီးပါ ဘုရားရှိခိုးကျောင်း ခေါင်မိုးပေါ်တတ်နေရတော့သည်။ သူခိုက်ခိုက်တုန်အောင် ချမ်းနေခိုက်လူတစ်ယောက်က လှေတစ်စင်းဖြင့် ရောက်လာသည်။ "ဆရာတော် လှေပေါ်ကို မြန်မြန်တက်ပါ။ ဆရာတော်ကို တပည့်တော် မြေပြင်ဆီကို ပို့ပေးပါ့မယ် " ဘုန်းတော်ကြီးက ထိုလူကိုကြည့်ပြီး အဖြေပေးသည်။
" ကျုပ်ဟာ...နှစ်ပေါင်းလေးဆယ်လုံးလုံး ဘုရားသခင်ရဲ့ ဆိုဆုံးမချက်တွေ အတိုင်းကျင့်ကြံနေထိုင်ခဲ့တယ်။ ဒီအထက်တောင် နည်းနည်းပိုချင်ပိုဦးမယ်။ ကျုပ်ရေဖြန်းမင်္ဂလာပွဲတွေ ၊ ဈာပနာ အခမ်းအနားတွေကို ဦးစီးဆောင်ရွက်ပေးခဲ့တယ်။ နာမကျန်းသူတွေ ၊ အထီးကျန်ဖြစ်နေသူတွေကို ကျုပ်နှစ်သိမ့်ခဲ့တယ်။ တရားချခဲ့တယ်။ တစ်နှစ်မှာ တစ်ပတ်ပဲ အားလပ်ရက်ယူခဲ့တယ်။ အဲ့အားလပ်ရက်အတွင်း ကျုပ်ဘာလုပ်ခဲ့တယ် မှတ်သလဲ။ မိဘမဲ့ဂေဟာသွားပြီး ကူညီချက်ပြုတ်ပေးခဲ့တယ်။ ကျှုပ်က ဘုရားသခင်ကို ယုံကြည်သက်ဝင်မှု သိပ်ကြီးမားတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုလိုအလုပ်အကျွေးပြုနေတာဟာ ဘုရားသခင်ကို အလုပ်အကျွေးပြုနေတာ မိုလို့ပဲ။ ဒီတော့ ဒကာကြီး သင့်လှေနဲ့သင်သွားလိုရာသွားပါ။ ကျုပ်ကတော့ ဒီမှာပဲနေခဲမယ်။ ဘုရားသခင်က ကျုပ်ကိုကယ်ဆယ်ပါလိမ့်မယ်"
လှေနှင့်ထွက်သွားသည်။ နောက်ထပ်နှစ်ရက် ကုန်သွားသည်။ မိုးကရပ်မသွား ရေတွေကတတ်မြဲ။ နောက်ဆုံးဘုန်းတော်ကြီးသည် ဘုရားရှိခိုးကျောင်း ပြသာဒ်အထွဋ်ပေါ်တတ်ပြီး ဖက်တွယ်ထားရသည်။ ရေတွေက သူ့ခြေထောက်အနားထိရောက်နေပြီ။ ထိုအခိုက်ရဟတ်ယာဉ်တစ်စီး ရောက်လာသည်။ လေယာဉ်မှုးက လှမ်းအော်ပြောသည်။
" ဆရာတော် အမြန်လုပ် ၊ တပည့်တော်စက်သီးကြိုး ချပေးမယ်။ ကြိုးကို ဆရာတော့်ကိုယ်မှာ ပတ်ချည်လိုက် ၊ ဆရာတော် ဘေးကင်းရာ ရောက်အောင် တပည့်တော် ပို့ပေးမယ် "
ထိုအခါ ဆရာတော်က " နေပါစေ ၊ နေပါစေ " ဟုဆိုသည်။ ပြီးတော့ လှေသမားကိုပင် ပြောခဲ့သည့်စကားများ ထပ်ပြောသည်။ သို့ဖြင့် ရဟတ်ယာဉ်လည်း ပျံသန်းသွားသည်။ နောက်နာရီ အနည်းငယ်ကြာတွင် ရေစီးကသူ့ကို တိုက်ချသွားသည်။ ရဟန်းအိုကြီးလည်း ရေနစ်ပျံလွန်တော်မှုသွားသည်။
မြင့်မြတ်သော သာသနာပြု တစ်ပါး ဖြစ်သည့် အလျောက် သူသည် ကောင်းကင်ဘုံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသည်။ သူ့ကံကြမ္မာကို ကြိတ်မနိုင်၊ ခဲမရ ဖြစ်နေသော ဆရာတော်သည် ကောင်းကင်ဘုံသို့ ရောက်သာသွားသည်။ စိတ်ထဲမှာတော့ မကြေနိုင်မချမ်းနိုင်။ ကောင်းကင်ဘုံပေါ်တွင် ဒေါနှင့်မောနှင့် လျှောက်သွားနေခိုက် ဖြုန်းဆို ဘုရားသခင် ကြွတော်မှုလာသည်။ အံအားတသင့် ဖြစ်နေသော ဘုရားသခင်က ဆရာတော်ကြီး အားကြည့်ပြီး " အလို...၊ ဆရာတော်မက်ဒေါ်နယ်...မထင်မှတ်ဘဲရောက်လာတာပါကလား ဟုမိန့်ကြားသည်။ထိုအခါဘုန်းတော်ကြီးက ဘုရားသခင်အား စိန်းစိန်းကြည့်လျှက် " သြော်...မထင်မှတ်ဘဲ ရောက်လာတယ်။ ဟုတ်လား။ တပည့်တော်ဟာ နှစ်လေးဆယ်လုံးလုံးဘုရားသခင်ရဲ့ အဆုံးအမတိုင်း နေထိုင်ကျင့်ကြံဆောင်ရွက်ခဲ့တယ်။ ဒါတောင်တပည့်တော် အကြီးအကျယ် အကူအညီလိုအပ်နေတဲ့ အခိုက်အတန့် ကလေးမှာ တပည့်တော် ရေနစ်ပြီး ပျံလွန်တာကို ဘုရားသခင်က ကြည့်နေရက်ခံတယ်နော် " ဟုရန်တွေ့တယ်။
သည်တော့ဘုရားသခင်က ဘုန်းတော်ကြီး အားစိုက်ကြည့်နေတယ်။ သူ့ပုံစံက အတွေးရခက်နေဟန်။ ပြီးမှ " ဆရာတော် ရေနစ်ခဲ့တယ် ဟုတ်လား။ ကျုပ်ဖြင့်မယုံနိုင်လောက်အောင် ပါပဲ...ကျုပ်ဆရာတော်ဆီကို လှေတစ်စင်းနဲ့ ရဟတ်ယာဉ်တစ်စီး လွှတ်ပေးလိုက်သားပဲဟာ " ဟုမြိတ်မြွက်တော်မှုလိုက်လေးသည်။
တကယ်တော့ အခွင့်အလမ်းဆိုသည့် လှေတွေ ၊ ရဟတ်ယာဉ်တွေက ကျွန်တော်တို့ဘ၀တွင် အချိန်တိုင်းမှာ ရှိနေတယ်။ ဤအခွင့်အလမ်းတွေကို အခွင့်အလမ်းမှန်း သိနေဖို့ပဲလိုပါသည်။

No comments: