Tuesday, September 30, 2008

တိုးတိုးတိတ်တိတ် စကား(၁ဝ)ခွန်း

click to comment
မိန်းကလေးတွေရဲ့ စိတ်ကို ဖောက်ထွင်းမြင်ချင်ပါသလား? အောက်ကစာကို ဆက်ဖတ်ပါ...

၁) မနှိုင်းနဲ့

"သူ့မိန်းမက အိမ်ထောင်မှု ဘယ်လောက်ထိန်းနိုင်တယ်၊ သူ့ချစ်သူက
ဘယ်လိုကြင်နာတတ်တယ်"လို့ ကိုယ့်မိန်းမ၊ ကိုယ့်ချစ်သူကို
တစ်ခြားမိန်းကလေးတွေနဲ့ မနှိုင်းနဲ့။ ကိုယ်ချစ်တဲ့သူနဲ့ အတူနေခွင့်ရတာ
မင်္ဂလာတစ်ပါးပါ။ မိန်းကလေးအများက ကိုယ်ချစ်တဲ့လူဆီက ကြားရတဲ့ ချီးကျူးစကား
တစ်ခွန်းကို အခြားလူတွေဆီက ကြားရတဲ့ ချီးကျူးစကားတွေထက် ပိုတန်ဖိုးပါတယ်။

၂) လျှစ်လျှူမရှူနဲ့

မိန်းကလေးတွေရဲ့ ခံစားမှုအာရုံက လှုပ်ရှားလွယ်တယ်။ ကိုယ်ချစ်တဲ့လူနဲ့
ပတ်သက်လာရင် မကောင်းတဲ့ဖက် တွေးမြင်လွယ်တယ်။ သဝန်တို၊ အူတိုလွယ်တယ်။
ကိုယ်အခက်အခဲ ကြုံတဲ့အခါ သူ့ကို ဖွင့်ပြောတိုင်ပင်ပြီး မျှဝေခံစားမယ်။
သူဝမ်းနည်းအားငယ်တဲ့အခါ လက်ကို တင်းတင်းဆုပ်ကိုင်ပြီး အကြင်နာငွေ့တွေနဲ့
ကူညီအားပေးမယ်။ အလုပ်မသွားခင် ပုစဉ်းရေနား အနမ်းလေးနဲ့ နှုတ်ဆက်မယ်၊
အိမ်ရောက်ရင်လည်း ပြန်ရောက်ကြောင်း ပွေ့ဖက်နှုတ်ဆက်မယ်။
အဲဒီလိုကိုယ့်အတွက် အပန်းမကြီးတဲ့ နှုတ်ဆက်ခြင်းတွေ၊ အပြုအမှုတွေက
မိန်းကလေးတွေအတွက် တစ်သက်လုံး တွေးတိုင်း ကြည်နူးစေနိုင်ပါတယ်။

၃) မျက်နှာထား မပြနဲ့

မိန်းကလေးတစ်ယောက်ကို ဒေါသမျက်နှာနဲ့ တင်းပြတတ်တဲ့ ယောက်ျားလောက်
ကြည့်ရဆိုးတာ မရှိဘူး။ ကိုယ်က အပြင်မှာ မအားမလပ် စီးပွါးရှာနေသလို သူလည်း
အိမ်မှုကိစ္စ၊ ကလေးတွေနဲ့ အလုပ်ရှုပ်နေတယ်ဆို သတိရပေးပါ။ နောက်ကနေ
လိုအပ်သမျှ ဖြည့်ဆည်းပေးတဲ့ သူရှိလို့ အပြင်မှာ ကိုယ်စိတ်ချလက်ချ
အလုပ်လုပ်နိုင်တယ်ဆိုတာ သတိရပေးပါ။ ကိုယ်အလုပ်က ပြန်ရောက်ရင် "
မိန်းမရေ.. ပင်ပန်းနေပြီလား" နဲ့ " မပင်ပန်းပါဘူး.. အပြင်ထွက်
အလုပ်လုပ်တဲ့ ယောက်ျားက ပိုပင်ပန်းတာ" ဆိုတဲ့ အပြန်အလှန် စကားပုံရိပ်တွေက
လှပတဲ့ ပန်းချီကားတစ်ချပ်လိုပါပဲ လူကို ကြည်နူးစေပါတယ်။

၎) ပြိုင်ကြတယ်

ယောက်ျားတွေက အလုပ်ပြိုင်၊ ရာထူးပြိုင်သလို မိန်းကလေးတွေလည်း
ကိုယ့်ယောက်ျား၊ ကိုယ့်ကလေးအကြောင်း ပြိုင်တတ်ကြတယ်။ ဒါကြောင့်
လူတွေရှေ့မှာ မိန်းကလေးတွေကို မဟောက်၊ မအော်ဘဲ အကြင်နာတွေ၊ ဂရုစိုက်မှုတွေ
ပေးပါ။ တစ်ခြားမိန်းကလေးတွေ မနာလိုဝန်တို ဖြစ်စေလောက်တဲ့ အချစ်ကို
ရထားတဲ့ မင်းသမီးလို့ သူ့ကိုယ်သူ ထင်မြင်အောင် ကြင်နာပြပါ။
သူဟာထက်မြက်တဲ့ မိန်းကလေးဖြစ်ခဲ့ရင် ကိုယ့်အပေါင်းသင်းရှေ့မှာလည်း
ကိုယ့်ဟာ မိန်းမကိုဂရုစိုက် ကြင်နာသူအဖြင့် သူမျက်နှာသာ
ပြန်ပေးပါလိမ့်မယ်။

၅) ကြည့်တတ်တယ်

မိန်းမလှလေးတွေ မြင်ရင် ယောက်ျားလေးတွေ ကြည့်တတ်ကြသလို ယောက်ျားလေး
ချောချောတွေကို မြင်ရင်လည်း မိန်းကလေးတွေ ကြည့်တတ်ပါတယ်။ ဒါကို သဝန်တို၊
စိတ်တိုနိုင်ပေမယ့် ချောတဲ့ ယောက်ျားကိုကြည့်တဲ့ မိန်းကလေးရဲ့အကြည့်က
ချောတဲ့မိန်းကလေးကို ကြည့်တဲ့ ကိုယ့်အကြည့်ထက် ရိုးသားပါတယ်။
မိန်းကလေးတွေ ကြည့်တဲ့အကြည့်က လှတဲ့ပစ္စည်းတစ်ခု၊ ပန်းချီကားတစ်ချပ်ကို
ကြည့်ရှုခံစား သလိုပဲ ယောက်ျားလေးတွေလို ကြည့်ပြီး စိတ်ကူးယဉ်တာတွေ
မပါပါဘူး။

၆) မရိုက်နဲ့

မိန်းကလေးတစ်ယောက်ကို ရိုက်တတ်တဲ့ ယောက်ျားလောက် အောက်တန်းကျတာ မရှိဘူး။
သူ့ကိုတကယ်ချစ်ရင် အပြန်အလှန် လေးစားမှုဆိုတာ ရှိသင့်တယ်။ လက်မပါသင့်ဘူး။
သူ့ကို မချစ်တော့ရင် ကိုယ့်နှလုံးသားကို ပြန်မေးကြည့်ပါ။
သူ့ကိုပျော်အောင် ဆက်ထားနိုင်မလား? တကယ်လို့ မထားနိုင်ခဲ့ရင်
ဆုပ်ကိုင်မထားပါနဲ့။ လက်လွတ်လိုက်ပါ၊ သူ လွတ်လပ်ပါစေ။

၇) နူးညံ့ပါ

မိန်းကလေးတစ်ယောက်ဟာ ဘယ်လောက်ပဲ ထက်မြက်နေပါစေ ယောက်ျားတစ်ဦးရဲ့
ဦးဆောင်ဆုံးဖြတ်မှုကို ပိုအလေးထားကြတယ်။ ဒါမှ ကိုယ့်အတွက်
ဘေးကင်းလုံခြုံတယ်လို့ ထင်တတ်ကြတယ်။ မိန်းမတွေဟာ ယောက်ျားတွေရဲ့ နူးညံ့
သိမ်မွေ့တာကို မလွန်ဆန်နိုင်ဘူး။ တကယ်လို့ မိန်းမတစ်ယောက်ရဲ့
နူးညံ့သိမ်မွေ့မှုက ယောက်ျားတစ်ယောက်ကို ရင်ဆိုင်ဖို့
လက်နက်ဖြစ်ခဲ့တယ်ဆိုရင် ယောက်ျားတစ်ယောက်ရဲ့ နူးညံ့မှုက မိန်းကလေးအတွက်
အဏှမြူပဲဖြစ်တယ်။ ဒါပေမယ့် မိန်းကလေးတွေမှာ မွေးရာပါ
မိခင်စိတ်ရှိတာကြောင့် တစ်ခါတလေ ကိုယ့်ကို ကလေးလေးတစ်ယောက်လို အစစအရာရာ
စိုးရိမ်စိတ်တွေပိုပြီး ဗျစ်တောက်ဗျစ်တောက် လိုက်ပြောမယ်။
အလိုလိုက်တတ်သလို၊ ဟိုဟာမလုပ်နဲ့ ဒီလိုလုပ်လို့ လိုက်စွက်ဖက်မယ်။
ဒါတွေကို အပြစ်မမြင် ဗွေမယူ၊ ဒေါသမထွက်ဘဲ နူးညံ့ပေးပါ။ သူဟာ
မိခင်စိတ်ရှိတဲ့ မိန်းမသားဖြစ်နေလို့ပါပဲ။

၈) မိသားစုဟာ ပထမ

ယောက်ျားတွေဟာ အလုပ်ကို တာဝန်ယူရတယ်။ အလုပ်အတွက် စာရိတ္တ ကောင်းရတယ်။
အလုပ်ထဲမှာ ပျော်ရွှင်အောင် နေတတ်ဖို့နဲ့ အလုပ်ရဲ့ ကျေးကျွန်မဖြစ်ဖို့
သိတတ်ရတယ်။ အလုပ်လုပ်တာဟာ မိသားစု ပျော်ရွှင်ဖို့အတွက်၊ မိသားစု
စားဝတ်နေရေးအတွက်ဆိုရင် ကိုယ်ချစ်တဲ့သူနဲ့ ကိုယ့်သားသမီးတွေ
ပျော်ရွှင်ဖို့ ကိုယ်နဲ့အတူနေခွင့် အချိန်ကို မကြာခဏပေးပါ။

၉) ယောက္ခမဆိုတာလည်း မိဘပဲ

မိန်းမကို တကယ်ချစ်ရင် သူ့မိဘတွေကိုလည်း ချစ်ပါ။ စိတ်ထဲမှာ
ဒါကိုယ့်မိဘတွေပဲလို့ ထည့်ထားပါ။ ယောက္ခမတွေကို ကိုယ့်မိဘအရင်းလို
သဘောထားနိုင်ရင် သူတို့ကလည်း ကိုယ့်ကို သားအရင်းလို သဘောထားကြပါလိမ့်မယ်။
လူတွေက အသက်ကြီး အိုမင်းလာရင် ကလေးလေးနဲ့ တူသွားတတ်သတဲ့။ ဒါကြောင့်
တစ်နေ့တစ်ခြား အိုမင်းလာတဲ့ ယောက္ခမ၊ မိဘတွေကို ကလေးတစ်ယောက် သဘောထားပြီး
ဂရုစိုက်ပါ၊ ပြုစုပါ။ သူတို့ပျော်ရွှင်အောင် ချော့မြူပါ။ ကိုယ်လဲ
တစ်နေ့နေ့မှာ အိုမင်းလာနိုင်တဲ့အတွက် ကြည့်မှန်တစ်ချပ်ကို
ပြုလုပ်နေသလိုပဲ ကိုယ့်သားသမီးတွေ အတုယူနိုင်ဖို့ လူအိုတွေကို
ဘယ်လိုဂရုစိုက် လေးစားရမယ်ဆိုတာကို သူတို့ သိမြင်ပါစေ။ ဒါမှ
နောင်တစ်ချိန်မှာ ကိုယ့်ကို သူတို့ပြန်လေးစားပါလိမ့်မယ်။

၁ဝ) သစ္စာ၊ ယုံကြည်ခြင်း၊ ခွင့်လွတ်ခြင်း၊ နားလည်ခြင်း

လူနှစ်ယောက် ပေါင်းစပ်ဖို့ ဒါတွေ လိုအပ်ပါတယ်။ ကိစ္စတိုင်းကို ဖွင့်ပြော
တိုင်ပင်သင့်တယ်ဆိုပေမယ့် တစ်ခါတလေ မတတ်သာတဲ့အချိန်မှာ ချိုသာတဲ့
မုသားကိုလည်း သုံးနိုင်ပါတယ်။ ပြဿနာတစ်ခုခု ရင်ဆိုင်ရပြီဆိုရင်
မိန်းကလေးကို အပြစ်မတင်ခင် ကိစ္စတစ်ခုရဲ့ အတိမ်၊ အနက်ကို
ဝေဖန်ပိုင်းခြားတတ်ဖို့ လိုပြီး ရှုထောင့် အဖက်ဖက်ကနေ
အရင်ကြည့်ရှုခံစားပေးပါ။ မိန်းကလေးဖက်ကနေ ဝင်ရောက်ခံစားတတ်ဖို့လည်း
လိုပါလိမ့်မယ်။ ကိုယ်ဟာ သူ့ရဲ့အချစ်ရဆုံးဖြစ်တဲ့အတွက် သူ့ကိုနားလည်ပေးပါ။
အားပေးပါ။ ခွင့်လွတ်ပေးပါ။

<မျက်ကန်းအချစ်>

ချစ်သူ........
ချစ်သူရဲ့ရင်ခွင်မှာမှေးစက်နေရင်း
အိပ်မက်ဆိုးတွေမက်နေရတာကိုယ်ပါ။

ကိုယ့်မျက်လုံးတွေခဏဖွင့်ကြည့်စဉ်မှာ
ချစ်သူရဲ့မုသားကိုတွေ့တယ်။

အမှန်တကယ်ဆိုရင်
လျှို့ဝှက်စွာစောင့်ကြည့်နေသင့်တာကိုယ်သိတယ်။

နှလုံးသားနဲ့ယုံကြည်မှုက
ကိုယ့်မျက်လုံးတွေကိုပြန်မှိတ်စေခဲ့တယ်။

မျက်လုံးဖွင့်ကြည့်မိတယ်လို့ဝန်ခံတဲ့ကိုယ့်ကို
ချစ်သူကကိုယ့်မျက်လုံးပေါ်မှာအ၀တ်စည်းပေးလိုက်တယ်
အပြစ်မတင်ရက်ပါဘူး။

ကိုယ်အိပ်မက်ဆိုးတွေထဲသွားခဲ့တယ်
အိပ်မက်တွေအရမ်းဆိုးလာတဲ့အချိန်မှာ
ကိုယ်လန့်နိုးတယ်။

ချစ်သူမသိတဲ့ကိုယ့်ရဲ့တတိယမျက်လုံးဟာ
ချစ်သူရဲ့စိတ်ရောက်ရှိနေတဲ့အရပ်ကိုစူးစမ်းမိတယ်။

ချစ်သူရဲ့မုသားတွေကို
ထပ်မြင်ရပြန်တယ်။

ကိုယ့်မျက်လုံးပေါ်ကိုအ၀တ်စည်းကတည်းက
ချစ်သူဘာဆက်လုပ်မယ်ဆိုတာကိုယ်သိပါတယ်။

ဒါပေမယ့်အဲဒီအ၀တ်ကိုဖယ်ရှားပေးဖို့
ကိုယ်အတင်းအကျပ်မတောင်းဆိုခဲ့တာ
ချစ်သူသိပါတယ်။

ချစ်သူကိုချစ်လို့လေ
ယုံကြည်မှုကိုအတင်းအကျပ်အသက်ပြန်သွင်းခဲ့တာ
အားလုံးပြန်သေဆုံးတာပါပဲ
အမှန်အတိုင်းပြောရရင်
စိတ်ဓာတ်တွေအ၀ီစိအထိရောက်အောင်ကျသွားတယ်။

နာဂစ်ထက်အင်အားပြင်းတဲ့
မုန်တိုင်းပေါင်း (၁၀၀) လောက်
ရင်ဘတ်ကိုဖြတ်တိုက်သွားတယ်။

နာကျင်ကြေကွဲမှုကိုဖော်ပြနိုင်ဖို့
လုံလောက်တဲ့စကားလုံးတေ
ွရှာဖွေမတွေ့နိုင်အောင်နာကျင်ပါတယ်
ချစ်သူနဲ့အဝေးဆုံးကိုကိုယ်ထွက်သွားချင်တယ်
နှလုံးသားကခွင့်မပြုဘူး။

ချစ်သူရယ်
ကိုယ့်မျက်လုံးတွေကိုကိုယ်ပြန်မှိတ်ရင်း
ချစ်သူရဲ့ရင်ခွင်မှာထပ်မံမှေးစက်လိုက်ပါတယ်။

ကိုယ့်မျက်လုံးတွေကို
ထပ်ဖွင့်ကြည့်ဖို့မရဲဝံ့တော့ဘူးချစ်သူ
တစ်ခါတစ်ရံမှာ
မနိုးသောအိပ်ခြင်းနဲ့
အိပ်စက်သွားရင်ကောင်းသားလို့တွေးမိတယ်။

ဘာပဲပြောပြော
ချစ်သူကိုချစ်တဲ့အချစ်တွေနဲ့
ကိုယ့်မျက်လုံးတွေကိုကိုယ်ပြန်ပိတ်ထားလိုက်ပါတော့မယ်
ကျေနပ်ပါသလားချစ်သူ။

သူငယ်ချင်းတို့ရေ..........
ဒီကဗျာက ချစ်သူကိုရည်ရွယ်ပါတယ်။ ချစ်သူတစ်ယောက်ထဲဆီကိုပဲငါလည်းပို့ချင်ပါတယ်။ အကြောင်းတစ်ခုကြောင့်ပေါ့
(အဲဒီအကြောင်းကိုချစ်သူကတော့သိပါတယ်) ငါသူ့တစ်ယောက်ထဲဆီကိုပို့ရင်သူ့အတွက်စိတ်ညစ်စရာဖြစ်ကောင်းဖြစ်လာနိုင်တယ်။
အဲဒီတော့သူငယ်ချင်းအားလုံးမျှဝေခံစားစေချင်ပါတယ်။

Monday, September 29, 2008

ညဏ်စမ်းသင်ချာ(မတွက်မီ အဖြေထုတ်ခြင်း)

1။ဂဏန်း ၅ လုံးရေးပါ (တွက်လိုသူရေး)
2။ ။ ( ။ )
3။ ။ (ကိုယ်တုင်ရေး)
4။ ။ (တွက်လိုသူရေး)
5။ ။ (ကိုယ်တိုင်ရေး)
တွက်လိုသူကို ပြောပါ။ မင်း ကြိက်တဲ့ဂဏန်းပြောပါ ငါ ကြိုပြီူးအဇြေထုတ်ပြမယ်
ဥပမာ....၁၂၃၄၅ဆိုပါတော့ ဒါဆိုရင်...အဲဒီဂဏန်ရှေ့က ၂ရေး ၂၁၂၃၄၅ ပေါ့။ပြီးတော့၂နှုတ်
၂၁၂၃၄၅
- ၂
---------------
၂၁၂၃၄၃ အဲဒါ ကြို တင်အဖြေထတ်တာပဲ
နောက်ထပ် သူ့ကို ဂဏန်း ၅ လုံးပြောပါစေ
ကိုယ်အလှည့်မှာ....သူပြောတဲ့ဂဏန်းနဲ့ ကိုယ်ရေးမည့် ဂဏန်းဟာ...၉ ဖြစ်ပါစေ
ဥပမာ.....
၁၂၃၄၅ ဆိုရင်....
၈၇၆၅၄ ပေါ့ ...အဲဒီလိုပဲ နောက်ထပ် သူ့ကိုထပ်ပြောပါစေ....ဒီအခါမှာလည်း ကိုယ်က ၉ဖြစ်အောင်ရေးပါ.....ကိုင်း အဖြေ မှန် မမှန် ကြည့်ရအောင်...
၁၂၃၄၅ (အဖြေ ၂၁၂၃၄၃ ) သူပြောတာ
၁၂၃၄၅ ။
၈၇၆၅၄ ကိုယ်ရေးတာ
၆၇၈၉၀ သူပြောတာ
၃၂၁၀၉ ကိုယ်ရေ
-------------
၂၁၂၃၄၃ ဒါလေးဟာ လွန်ခဲ့တဲ့ ၁၅ နှစ် က မဂ်ဂဇင်းတခုမှာတွေ့ဘူးတာပါ
----------

ဝလုံး မှသည် ပန်းတိုင်ဆီ

click to comment
၀၀ အိပ်ပါ သူငယ်ချင်း
ထ တော့လေကွာ နောက်မကျနဲ့
က နေရမှာပဲ ဇတ်ဆရာအလို
လ ကိုပမာယူ
သ နေဖို့ အချိန်မရှိဘူး
ရူးတာကတော့ လူတိုင်းပဲ
ရူးရင်ရူးပါစေ
ရွေးချယ်တာမှန်တယ်ယူဆရင်
ရင်ပေါင်တန်းနိုင်အောင်
ရဲရဲရင့်ရင့်နဲ့
ရုန်းကန်လိုက်စမ်းပါ
ရောင်းရင်းတွေကို
ရယ်ပစ်လိုက်စမ်းပါ
ရောပြွန်းနေတဲ့ နည်းလမ်းတွေထဲက
ရနိုင်တာတခုနဲ့
ရေရေရာရာဖြစ်ဖို့
ရောက်အောင်သွားပါသူငယ်ချင်း
ရောက်ကိုရောက်ပါလိမ့်မယ်
ရောင်းရင်း ငါ။

တစ်မိုးအောက်

click to comment

၁။ကိုနေတိုး စိးနင်းလိုက်ပါလာတဲ့ကားလေးက တစ်တောင်ဆင်း တစ်တောင်တက် မောင်းနင်လာရာ မနက် ၆နာ၇ီခန့်တွင် တောင်ကြီးမြို့သို့ ရောက်ရှိမည် ဖြစ်သည်။ကိုနေတိုး ကားပေါ်မှာ တစ်မှေးမှ မမှေးပါ။တောင်ကြီးမြို့ကို ခွဲခွာပြီး ရန်ကုန်မှာုပညာ ဥစ္စာ ရှာဖွေစုဆောင်းနေရတာ ၅နှစ်ခန်ု့ ရှိချေပြီ။ကိုနေတိုးပျော်နေသလို ရောက်ချင်ဇောကြှီးနေသည်။
၂။တောင်ကြီးကိုရောက်တော့ နေတိုးတစ်ယောက် မြူနှင်းဆီ ဖုန်းဆက်သည်။အိမ်ပြောင်းသောသတင်းကို မထင်မှတ်ဘဲ ကြားလိုက်ရ၏။မြူနှင်းဆိုသည်မှာ နေတိုးနှင့် သူငယ်ချင်း ဖြစ်ပြီး မောင်နှမ မဟုတ်တဟုတ်။
၃။နေတိုး ခရီးဒဏ်ပိနေရာမှ မြူနှင်းကိုရှာရငိး တကိုယ်လုံး နုန်းချိလာသည်။သို့အတွက် မြို့မဈေးတွင် ဆေးဝင်ဝယ်ပြီး အထွက်တွင် ကောင်မလေးတယောက်အား ...နင်မြသီတာ မဟုတ်လား ဟုမေးလိုက်မိသည်။မိန်ကလေးကကြောင်တောင်တောင်ဖြစ်သွားပြီး ခေါင်းညိတ်ပြုသည်။ ...အော်ငါထင်သားပဲ နင် ငါ့ကို မမှတ်မိတော့ဘူးလား...ဟုနေတိုးကမေးသည်။နင် မြူနှင်းကို မတွေ့မိဘူး လား ဟုမေးသောအခါတွင်......မိန်းကလေးက....သူအိမ်ထောင်ကျသွားပြီးလေ။ခု သူ့ အမျိုးသားဆီ(ချမ်းသာရပ်)မှာနေတယ်လေ။ခု မြူုနှင်း..ဆေးရုံတက်နေတယ်။
ထိုအခါ နောတိုးက ပြာပြာသလဲ ဖြစ်သွားပြီး....သူဘာဖြစ်လို့လဲ ဟုမေးခွန်းထုတ်သည်ု။
မြသီတာပြန်ဖြေသည်မှာ...သားဖွားရွေ့ ဆေးရုံတက်နေကြောင်း......ရှင်းပြ၏။
၎။နေတိုး ဆေးရုံလိုက်သွားသော အခါတွင် ...မြူနှင်း အိပ်ပျော်နေတာ...တွေ့ရ၏။ထိုကြောင့် နေတိုးက မြသီတာအားမနိုးရန် အချက်ပြပြီး မြူနှင်းဘေးတွင် လိမ္မော်သီးအိပ် ချထားလိုက်ပြီး ပြန်တော့မည့်ဟန်ပြု၏။ထိုအချိန်တွင် ဆရာဝန် ၀င်လာပြီး လူနာ အတွက် သွေးလိုကြောင်းပြော၏။ ထိုအခါ နေတိုး...သွေးလှူရန် ဆုံးဖြတ်လိုက်တော့၏။
၅။မြူနှင်း နိုးထလာချိနတွင် မြသီတာက...အမ ကံကောင်းတယ် သိလား...အမသူငယ်ချင်းဆိုပြီး လူတယေက် လိုက်လာတယ် သူကပဲ အမအတွက် သွေးလှူသွားတယ်....စသဖြင့် ဖွင့်ဆိုရှင်းပြလုပ်နေ၏။မြူနှင်းက နေတိုးအား လာတွေ့ရန်ပြောသောအခါတွင်...
၆။မောင်မင်းကြှီးသားကမူ ......အော် မြသီတာသွားနှင့်လေ...ဒီမှာ သွေးထုတ်ပြှီးရင် လာခဲ့မယ်....ဟုဆို၏။
အပြောနှင့် မညီပါ သွေးလှူပြီးချိန်တွင် လာရာလမ်းအတိုင်းပြန်ထွက်၏။ နေတိုး နှန်းချိပြီး ခွေခေါက် လဲကျ သွားသဇြငိ့ ကုန်းရုနးထရှာသည်။
၇။မြူနှင်း မျှော်ရကြိုးမနပ်ချေ။မြသီတာက ရိုက်မစစ်ဘဲနှင့် ...အမဘေးက လိမ္မော်သီးတွေက ဟိုအကိုကြီး ၀ယ်ပေးသွားတာလေ...ဟုပြော၏။အတန်ကြာရွေ့ ဆရာဝန်လာသောအခါမှ
ီနေတိုး ထွက်သွားမှန်း မြူနင်း သိရတော့၏။။ထိုအခါ မြူနှင်းက သွေးလှူရှင်၏ ပုံစံကိုမေးပြီး
နေတိုးမှန် ခန့်မှန်နိုင်တော့၏။
ထိုနောက် လိမ္မော်သီး တလုံးကိုကောက်ကိုင်ပြီး....ကျောင်းနေစဉ်က...လိမ္မော်သီးပေါ်တွင် ကွန်ပါချွန်ပေါ်တွင် ပုံဆွဲ စာရေးပြီး ပျေုာ်၇ွင်ခဲံကြတာကို ပြန်မြင်နေရှာ၏။တဖန် လိမ္မော်သီးကို ပြန်ချထားလိုက်ပြီး မျက်နှာပေါ် လက်ကိုင်ပ၀ါ ဖုံးထားလိုက်၏။
မျက်ရည်တွေကို သူတပါး မမြင်စေလိုသောကြောင့် ဖြစ်၏။မြူနှင်း နှင့် နေတိုး ပြန်မဆုံနိုင်မှာ သေချာလှ၏။....သိုသော်....တစ်မိုးတည်းအောက်မှာ ..အတူရှိနေကြသည်သာ။။
သိစေချင်.......
ပိုင်ဆိုင်ဖို့ မတွေးပါ
အဆွေးဟာ..ငါ့အတွက်
ပါးထက်က..မျကှ်ရည်တွေ
ရက်ရှည်စေ..သူမသိ
ပေးဆပ်ခွင့် မရှိလို့....
ကျလာတာပါကွယ်။

စွန့်ခွာဖို့ မကြံပါ
ပြန်လာတာ သူ့အတွက်
ရက်စက်တဲ့ မျက်ဝန်းတွေ
ဖန်တီးနေ ငါမသိ
ချစ်ခွင့်မရှိလို့......
စိမ်းနေတာပါကွယ်။


ဆောင်းဝိုင်

٩စာမျက်နှာ ၆၀۶

click to comment

၁။သူ့နာမည်က ဂျွန်နီလာအာစကင်....၀ီါရှင်တန်မှ ကောလိပ်ကျောင်းသား၊ လူမည်းတစ်ဦးပင်။ပန်းချီဆရာ မဟုတ်ပေမင့် သူက အစွဲလန်းကြီးစွာဖြင့် သူမရဲ့ ပုံတူပန်းချီကား ရေးဆွဲနေချေး၏။ အတော်ေ လးတော့ တူပါသည်။ သူမမျက်နှာက အချောအလှကြီး မဟုတ်ပေမယ့်
မျက်နှာရှည်ရှည် နှာတံသွယ်သွယ် ၇ိုးသားမှု ကြင်နာမှုက ထင်းရှာ၏။သူမ၇ဲ့ ကရုဏာ မျက်နှာပေးလေးနဲ့ ဂုဏ်ပကာသန တွေကြောင့် လူချစ်လူခင်များသည်။ ထိုအထဲတွင် ဂျွန် အပါအ၀င်ဖြစ်၏။ သူမရဲ့ နာမည်က မေရီဟီးလ် .မေလမှာမွေးဖွားသူပင်။။။
ဂျွန်တယောက် ပုံတူဆွဲခြင်းကိစ္စပြီးသောအခါ သူ၏ မှတ်စုစာအုပ်တွင် မေရီ၏ မွေးနေ့တွင် လက်
ဆောင်ပေးရန်ဟူ........တေးမှတ်ထား၏
၂။ကျောင်းပိတ်ရက်တွင် ဂျွန်က မိဘရပ်ရွာ ပြန်ခဲု့စရသညု။ မေရီက မြို့ပေီါမှာနေသူမို့ ကျန်ရစ်ခဲ့
သည်။ ဂျွန်ရဲ့ နှလုံးသား (အချစ်စိတ်) သည်လည်း ထိုမှာ ပဲံ ကျန်ရစ်နေ၏။ ဂျွန်က အရူးအမှုးချစ်နေလျှက် ထုတ်မပြောဝံ့။
ထိုကြောင့် မေရီ၏ မွေးနေ့ ၌ စာတိုက်မှ ချောပို့ဖြင့် ပန်းချီးကားကို ပေးပို့ဖြစ်ခဲ့သည်။ ထိုနေ့က သူပျော်လိုက်တဲ့ဖြစ်ခြင်း နေ့လည်စာ ပင်မေ့သွား၏။ ပြီးတော့ ဂျွန်က မှတ်စု

စာအုပ်ထဲ၌ May 7 th. 1983 နေ့ ၌ မေရီကား ပန်းချီကား လက်ဆောင်ပေးခဲ့၏။ ကျွန်ုပ် အရမ်းပျော်သည် သူမ ကရော နှစ်သက်လေမလား ကျွန်ုပ် တွေးနေမိသည်။`` ဟူ၍ စာမျက်နှာ

60 တွင် ရေးမှတ် ခဲ့လေသည်။
ထို့ နေ့မှာပဲ မွေးနေ့ ပွဲ ပြုလုပ်နေတဲ့ မေရီတစ်ယောက် ပန်းချီကား ကို လက်ခံ ရရှိခဲ့သည်။ နာမည်၊ နေရပ်လိပ်စာ အတိအကျ မပါ၍ ´´အို ဘယ်သူမှန်း မသိရပါလား ၊ မွေးနေ့

လက်ဆောင် တဲ့ ငါတို့ တော့ သိနေသားပဲ ´´ ဟု ရေရွက် မိ၏ ထိုစဉ် သူငယ်ချင်း များက ´´ဟဲ့ ဒါမရိုးသားဘူး ၊ နင့်ကို ချစ်နေလို့ ဒီလို့မျိုး လုပ်တာ ဖြစ်မယ် ´´ ´´ နင်

သူငယ်ချင်းထဲက ဖြစ်မယ် ´´ အခင်အမင် ပျက်မှာစိုးလို့ သူနာမည် သေချာမထည့်တာ ထင်တယ် ´´ စသဖြင့် မိမိတို့ ထင်ရာ ပြောကြသည်။ ပန်းချီကား သော၏ အောက်ခြေ မျာတော့

ချစ်လှစွာသော မေရီ´´ ဟု ရိုးရိုး လေး ရေးထားသည်၊ တောင်းဆိုသည့် သဘော မပါ။...
သို့ အတွက် သူမ ကျေနပ် နှစ်သက်နေမိသည်။ ´´ လက်ရာက မပြောင် မြောက်ပေမယ့် ငါနဲ့ တူအောင်တော့ ဆွဲနိုင်သား ပဲ၊ အဲဒီ လူကိုသာ တွေ့ရင် ´´...မေရီ၏ စကားမဆုံးသေးမီ သူငယ်ချင်းများက ´´ ဘာလဲ နင်က လက်ခံမလို့ လား ´´ ဟုမေးကြ၏။ ထိုအခါ မေရီက ´´ မဟုတ်ပါဘူး ဟာ ကျေးဇူးတင်ပါတယ် ´´ လို့ ပြောမလို့၊ သိုသော် သူမရဲ့ အသွင်အပြင် က လက်ရာ ရှင်ကိုပင် ´´ မျှော်လင့် တောင်းတ နေခဲ့သည်။ တစ်ဖက် တောင်းဆိုလာလျှင် လက်ခံဖြစ်ဖို့ရာ များသည်။ အကြောင်းမှာ သူမက အချစ်နှင့် ပတ်သက်၍ ဘာမျှ မသိသေးသူ တစ်ယောက်ပင်။
၃။ ကျောင်းပြန် ဖွင့်ချိန်မှာတော့ ဂျွန်က သူမနှင့် အမြဲတမ်း စကားပြောဖြစ်သည်။ ကမ်တင်းမှာ ထိုင်ဖြစ် ကြသည်။ ဂျွန်က ရိုးသားလွန်းနေ၍ သမီးရည်းစား တွဲ ပုံစံ မပေါက်။ ထိုပြင့် ဂျွန်က ပန်းချီကားနှင့် ပတ်သက်၍ စကား တစ်လုံး မှ မဟ၊ ထိုကြောင့်ပင် သူမဘက် ကလည်း ပန်းချီ လက် ရာ ရှင် ကို စုံစမ်း ၍ မရဘဲ ပြီးပြီး ပျောက်ပျောက် ပင် ဖြစ်သွားခဲ့ ၏
၎။ ဂျွန်တစ်ယောက် ကံကြမ္မာ က ညံ့လာသည် ဟု ဆိုရမလား ပင် ၊ တတိယနှစ် မှာပင် သွေးကင်ဆာ ဖြစ်နေခဲ့သည်။ ထိုဝေဒနာ ကို သူမရဲ့ အပြုံးလေးကို မြင်ရရုံဖြင့် မေ့ပျောက်နိုင် ခဲ့သည်။ ဤသည်ပင် ဝေဒနာ ခုခံဖို့ အတွက် ဘုရား သခင် က ဖန်ဆင်း ပေးထားခြင်း ပေလား မပြောတတ်။
ရောဂါက ဆေးကုသမှု ခံယူနေလျက် နှင့် ပင် ဘုရား သခင် က လူပြည်ဆက် လက်နေခွင့် မပေးတော့၊ ဆေးရုံပေါ် က ဆင်းပြီး ၂ ပတ် ခန့် အကြာတွင် ဂျွန်တစ်ယောက် မေရီအပါ အ၀င် လောကကြီးကို နှုတ်ဆက် သွားလေတော့၏။
မလှုပ် မယှက် ငြိမ်သက်စွာ ဖြင့် လူ့လောကကြီး ထဲမှာ အနားယူနေသူ ဂျွန်နဘေး တွင် အပြာရောင် မှတ်စု စာအုပ်လေး နှင့် ဘော်လ်ပင် တစ်ချောင်း ယင်းမှာ မြေမြုတ် သဂြိုလ်ရာ ၌ ထည့်သွင်းပေးရန် မိဘများ က စီရင်ထား ခြင်းဖြစ် ၏ ဂျွန်က သူ၏ မှတ်စု မှတ်တမ်းများကို တပါးသူ ဖတ်ရှုမှာကို မလိုလားသော ညင်(စရိုက်) ကြောင့် မိဘများက စာအုပ် လေးကို လှန့် ၍ ပင် မကြည့်ကြဘဲ ထိုသို့ စီရင်ထားခြင်းဖြစ် ၏
မေရီအပါ ၀င် ကျောင်းသား ကျောင်းသူများက အသုဘ ပို့ လိုက်ပါလာကြသည်။ မေရီ သတိထားမိသည်မှာ ဂျွန်ရဲ့ ဘေးက မှတ်စု စာအုပ် လေး အဘယ်ကြောင့် ထူးခြားစွာ ပါလာရပါသနည်း။ မေရီတစ်ယောက် အတွေးသာ တွေး နိုင်သည်။ လက်တွေ့ မှာ ထိုစာအုပ် ၏ သမိုင်း (စာကြောင်း) ကို သူမ မသိ၊ ဖတ်ဖြစ် ဖို့ ရာလည်း မကြိုးစားနိုင်ခဲ့။
အကယ်၍သာ ဖတ်ဖြစ်ဖို့ ကြိုးစား နိုင်ခဲ့လျှင်...
စာ မျက်နှာ် (၆၀) ၌ ရေးသား ထားသည်များကို ဖတ်ဖြစ်ခဲ့ပါလျှင်...
ဆောင်းဝိုင်း

٩(͡๏̯͡๏)۶ ပန်းနှင့်တူသောဘ၀٩(͡๏̯͡๏)۶

click to comment
ငါဟာ......
သဇင်ပန်းတော်ဝင်မို့
ခူးဖို့ ကြံခဲ့ရင်
လွင်ပြင်မှာ တံချူရှာချေဦး
ဦးမော့လို့ ဟားတိုက်
တုံးခုတဲ့ လူမိုက်ကို

အချိန်များကိုတားမရ
နွမ်လျှညှာကြွေ
လေနှင်ရာ သူလွင့်
အခုဖြင့် မြေလမ်းမှာ
မာနဟာ......
ဘယ်ရောက်သွားပြီလဲမသိတော့။

ပန်းကလေးတစ်ပွင့်ဟာ
နေကြောင့်လည်းလန်းသလို
နေကြောင့်လည်း နွမ်းတယ်။

ပန်းတို့.....
ဇာတ်သိမ်းမလှကြဘူးနော်
မင်းသာပန်းလေးတွေရဲ့ဘ၀ကို
နားလည်နိုင်မယ်ဆိုရင်
နေထိပန်းလေးမဖြစ်စေရအောင်
အကြင်နာမိုးတွေသာ
ရွာသွန်းပေးစေချင်ပါတယ်..
ဆောင်းဝိုင်း

Saturday, September 27, 2008

သင်ဟာဘယ်လိုလူစားမျိုးလဲ

click to comment

သင်ရဲ. နာမည် ကို မှာပါတဲ. ABCD အက္ခရာ လေးတွေကနေ သင်.ရဲ. စရိုက် ကို ခန်.မှန်းနိုင်ပါတယ်။ မဆိုးဘူးနော်။ မှန်မမှန်သိချင်ရင် စမ်းလုပ်ကြည်.လိုက်လေ။ ကျွန်တော် တော. စမ်းပြီးသွားပြီး မှန်တယ်လို. ဆိုရမယ်။ လုပ်နည်းက ဒီလို

L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
I = သင်.ဟာ အမြဲ တမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ်. ရှိရင်လဲ ငြီးငြူတက်သူ

သဘောပေါက်ပြီးနော်။ ကဲ အခု အောက်က ဖော်ပြထား တဲ. A ကနေ Z ထဲ က သာရှာကြည်. ကျပေတော.။

A = သင်ဟာ အင်မတန် အေးတဲ.သူဖြစ်သော်လည် သင်.စိတ်ထဲမှာ အကြံ တခုခုရှိတယ်
B = သင်ဟာ သူစိမ်းတစ်ယောက်နဲ. ဆက်ဆံရတိုင်း အမြဲ သတိရှိတယ်
C = သင်.မှာ လုပ်ဖော်ကိုင်ဖက် စိတ်ဓါတ်အပြည်.ရှိတယ်
D = သင်.ဟာ လူတယောက် ကို ယုံကြည်ဖို. အင်မတန် ခက်ခဲတယ်
E = သင်.ဟာ အင်မတန် စိတ်ဝင်စား စရာ ကောင်းတဲ.သူပဲ
F = သင်.မှာ ချစ်မွေး ပါတယ်
G = သင်.ဟာ လူတွေ ကို အကဲခက်အရမ်းတော်တယ်
H = သင်.မှာ ဆင်ခြင်တုံ တရား မရှိဘူး
I = သင်.ဟာ အမြဲ တမ်း ပြုံးနေပြီး တပါးသူကိုလဲ ပျော်ရွင်စေတယ်
J = သင်မှာ မနာလိုမရူစိတ် ရှိတယ်
K = သင်မှာ စူးစမ်း စမ်းသပ် လိုစိတ် ရှိတယ်
L = သင်ဟာ အချစ်ကို ကိုးကွယ်သူ
M = အောင်မြင်မူ တွေ သင်အလွယ်တကူရတယ်
N = သင်ဟာ အလုပ်မရှိရင် မနေတက်သူ ဒါပေမယ်. ရှိရင်လဲ ငြီးငြူတက်သူ
O = သင်ဟာ အင်မတန် ပွင်.လင်း တဲ.သူ
P = သင်ဟာ အင်မတန် ရည်မွန် ပြီး နားလည်မူ အပြည်.ရှိတယ်
Q = သင် ဟာ သူတော်ကောင်းယောင်ဆောင်ထားတယ်
R= သင်ဟာ လူမူရေး ကိစ္စ္စ္စ တွေမှာ မပါမဖြစ်
S = သင်ဟာ သဘောထား ကြီးတယ်
T = သင်.မှာ ကြီးမားတဲ. ရည်မှန်းချက်ရှိတယ်
U = သင်.ကိုယ်သင် အားလုံး နဲ. ရင်ဘောင်တန်း နိုင်တယ်လို. မှတ်ယူထားတယ်
V = သင်.ကိုယ်သင် အရမ်းချောတယ် ထင်ထားတယ်
W = သင်ဟာ သင်အကြောင်းတွေကို သူများ ကို မပြောပြချင်ဘူး
X = သင်ဟာ သူများ လမ်းပြ၊ ဆရာလုပ်တာမကြိုက်ဘူး
Y = သင်.မှာ အခက်အခဲတွေ များကြီး ရှိတယ်၊ ရှိခဲ.တယ်
Z= သင်ဟာ အမြဲ တမ်း တယောက်ယောက်နဲ. ရန်ဖြစ်နေရမှ ကျေနပ်တယ်။




ကျေနပ် နိုင်ကြပါစေ ။။။။။။။။။ နေလင်းသစ် ( သဗ္ဗသတ္တာကာမသတ္တာ )

Friday, September 26, 2008

ချစ်နိုင်ကြပါစေ

click to comment
အေးချမ်းတဲ့ မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့
ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း

ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့က
မြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။

ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်
ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာ
လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီး
သူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး
ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေး
ကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင်
ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေး
လက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။

ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့
ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး
မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့
အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက
တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။

"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့
သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။

မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။
ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့

ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။

သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့
ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။
နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး
ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့
ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။
ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။


ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။

ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း
ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့
ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့
ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ်
ထပျံလာခဲ့တယ်။


မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့

ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကို
သူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ
အရပ်တန့်ခံလိုက်ရတယ်။

လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊
ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊
သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လို
ပျော်ရွှင်ချမ်းမြေ့ နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကို
ပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့
ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့
တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှ
မတတ်နိုင်ခဲ့ဘူး။

ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာ
ခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ
ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။
ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကို
အသက်ရှုကျပ်စေတယ်။

သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏ
သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့
ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က
သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့
သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို
လုံးဝ သတိမေ့သွားခဲ့ပြီလေ။

သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ
ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ
သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့
ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီး
နမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေ
စီးကျလာခဲ့တယ်။

"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက
ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာက
ပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ
မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့
ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"

သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား....?
သင်ကော ပုစဉ်းလေးတစ်ကောင် ဖြစ်ခဲ့ဖူးသလား......?

လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှမဟုတ်ပါဘူး

click to comment

အေးချမ်းတဲ့ မြို့ လေးတစ်မြို့ မှာတစ်ဦးကိုတစ်ဦး
အရမ်းချစ်ကြတဲ့ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ
နေ့တိုင်း
ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။
သူတို့ကမြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။

ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး
အပြင်းအထန်ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ
ငြိမ်သက်စွာ
လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက
ကောင်မလေးနားမှာနေပြီးသူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင်
ဘုရားကျောင်းသွားပြီး
ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ
တဖြေးဖြေးကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့
မျက်ရည်တွေတောင်
ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့
ကောင်လေးလက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။

ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့
ဇွဲနဲ့ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး
မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို "
ကောင်မလေးရဲ့အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။
ကောင်လေးက
တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။

"ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင်
ပုစဉ်းဘ၀နဲ့သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က
မေးပြန်တယ်။
ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။

မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင်
အသွင်ပြောင်းသွားခဲ့တယ်။ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။
လူနာခန်းထဲ ၀င်ကြည့်တော့
ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို
တွေ့တယ်။သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့
ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့
သူမပျော်ဘူး။နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။
ကောင်လေး
ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက
ပုစဉ်းအသွင်နဲ့ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို
သူခေါ်လို့ မရဘူး။
ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။

ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို
ရောက်လာခဲ့တယ်။ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ်
ကြွေကုန်တယ်။ ပုစဉ်း
ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့ပုခုံးထက်နားကို
သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့
ကောင်မလေးရဲ့ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ
သူတိတ်တဆိတ်
ထပျံလာခဲ့တယ်။

မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။
နွေရောက်တာနဲ့ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို
အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့
သူစိမ်းကောင်လေးတစ်ယောက်ကိုသူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ
လေဟာနယ် တ၀က်တပျက်မှာ
အရပ်တန့်ခံလိုက်ရတယ်။

လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက်
ပြင်းထန်ကြောင်း၊ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက်
ဂရုစိုက်ကြောင်း၊
သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က
အရင်လိုပျော်ရွှင်ချမ်းမြေ့နေပြီဖြစ်တဲ့အကြောင်း
ပြောသံတွေကိုပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။
ဆရာဝန်ကောင်လေးနဲ့
ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို
သူအမြဲတွေ့နေရပေမဲ့တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ
ခဏသွားနားတာကလွဲလို့ သူဘာမှမတတ်နိုင်ခဲ့ဘူး။

ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင်
ဒီနှစ်နွေဟာခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။
ကောင်မလေးနားမှာ
ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။ဆရာဝန်ကောင်လေးနဲ့
ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကိုအသက်ရှုကျပ်စေတယ်။

သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို
ခဏခဏသွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို
ဆရာဝန်ကောင်လေးက
တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ
ကောင်မလေးရဲ့ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။
ပုစဉ်းရင်ကွဲတစ်ကောင်က
သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး
ကြည်နှုးနေတဲ့သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း
အတိတ်ဆိုတာကိုလုံးဝ သတိမေ့သွားခဲ့ပြီလေ။

သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့
တစ်ရက်အလိုမှာကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။
ဘုရားကျောင်းထဲ
သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။
ကောင်မလေးနဲ့ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို
သူကြားလိုက်တယ်။
ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ်
စွပ်ပေးပြီးနမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ
မျက်ရည်တွေစီးကျလာခဲ့တယ်။

"အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
"နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
"မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက
ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။
တစ်ချို့ဖူးစာကပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ
ရယူပိုင်ဆိုင်မှ
မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့ကောင်းကောင်း
တန်ဖိုးထား ချစ်တတ်ရမယ်"

သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား..

Thursday, September 18, 2008

ကုသိုလ်သာဖြစ်ပါစေ

click to comment
သူတစ်ပါးက မိမိထက်သာတာကို မြင်ရလို့ ၀မ်းသာလိုက်ရင် " မုဒိတာ" ဆိုတဲ့ကုသိုလ်ဖြစ်တယ်။
မနာလိုလိုက်ရင် က္ကဿဆိုတဲ့ အကုသိုလ်ဖြစ်တယ်။
အဲ့ဒီတော့ ပညာရှိသူ သူတော်ကောင်းမှန်ရင် အရည်မရ။ အဖတ်မရချင်းအတူတူ ၊ အလကားနေရင်း အကုသိုလ်အဖြစ်မခံဘဲ ကုသိုလ်ဖြစ်အောင် ကြိုးစားပြီး ကောင်းမြတ်တဲ့ စိတ်ထားမျိုး ထာသင့်တယ်။

မတ္တာ (သို့မဟုတ်) မစ္ဆရိယံဒေ၀ီ

click to comment
(၁) သာဝတ္တိသာပြည်တွင် သူကြွယ်လင်မယား ရှိကြ၏။
သူကြွယ်ယောက်ျားကား စေတနာသဒ္ဓါတရားနှင့် ပြည့်စုံသလောက် သူကြွယ်၏ ဇနီးကား စေတနာသဒ္ဓါတရား မရှိ။ မာန်မာနကြီး၏ အမျက်မာန်စောင်းကြီး၍ က္ကသာမစ္ဆရိယစိတ်များ၏။ ထိုမယားကား သားသမီးလည်း မထွန်းကား ၊ အမြုံမ ဖြစ်၏။ သူမ၏အမည်က "မတ္တာ "မည်တွင်၏။ သူကြွယ်သည် အနွယ်ကိုလိုသဖြင့် မျိုးဆက်မပြတ်ရန် အလို့ငှာ အမျိုးနွယ်တူသည့် အမျိုးသမီးတစ်ဦးကို လက်ထပ်ယူလိုက်သည်။ ထိုအမျိုးသမီးက အေးဆေး၇ိုးသားပြီး သဒ္ဓါတရား ရှိ၏။ ရိုသေကိုင်းရှိုင်းတတ်၏။ ရတနာသုံးပါးကို ကြည်ညိုလေးစားတတ်သလို လင်ယောက်ျားကိုလည်း ချစ်မြတ်နိုး၏။ မယားကြီး မတ္တာကိုလည်း အစ်မကြီိးတစ်ဦးနှယ် ချစ်ခင်၏။
သူမအမည်က "တိဿ" ဖြစ်၏။ တိဿသည် သူကြွယ်နှင့် အကြောင်းပါပြီး မကြာခင် ကိုယ်ဝန်ရှိလာပြီး သားတစ်ဦးဖွားမြင်၏။ "မတ္တာ" သည် တဿတွင် သားတစ်ဦး ရလာလျှင် ပုံစံတို့ ပြောင်းသွား၏။ တဿအား ငြူစူစောင်းမြောင်းခြင်း ပြုလာ၏။ သို့သော် တဿကမှု မေတ္တာမပျက်

(၂)တစ်နေ့တွင် မယားကြီး မတ္တာနှင့် မယားငယ်တဿတို့သည်ရေဆိပ်သို့ ဆင်း၏။ ရေချိုးခေါင်းလျှော်၏။
ထို့နောက် နေရောင်အောက်တွင် ဆံပင်ကို ဖြန့်ကာချလျက် နေစာလှုံနေကြ၏။ သူကြွယ်သည် ရတနာသုံပါးနှင့်ကံ ၊ ကံ၏အကျိုးကို ယုံကြည်ပီပီ သဒ္ဓါတရားတူညီသည်။ တိဿကို မြတ်နိုးမှု ပိုခဲ့၏။ အနားလာကာစကားဆို၏။ သည်အခါ မယားကြီးမတ္တာသည် မကျေမနပ်ဖြစ်ကာ ခရီးတွင်ရှိသည့် တံမြက်စည်းလှည်းသည့် အမှိုက်တို့အား တိဿကိုယ်ပေါ်သို့ မတော်တဆ ဖြစ်သလို ပြုလုပ်ကာ လောင်းချလေ၏။ ပြီးမှ........ အို "တော်လို့ကွယ် ၊ စိတ်မရှိနဲ့နော်"ဟုဆို၏။ တိဿက........ "ကိစ္စမရှိပါဘူး အစ်မကြီးရယ် ၊ မတော်တဆ ဖြစ်တာပဲ"ဟုဆို၏။ စိတ်မဆိုးဘဲ အပြုံးနှင့် တုံ့ပြန်၏။

(၃) တစ်နေ့........
မတ္တာသည် ရောဂါတစ်ခုဖြင့် ကွယ်လွန်အနိစ္စရောက် ခဲ့၏။ မတ္တာသေလွန်လျှင် လူ့ဘ၀တွင် ရှိစဉ်က မိမိပြုခဲ့သည့် အကုသိုလ်ကံအားလျော်စွာ ပြိတ္တာမ ဖြစ်ခဲ့၏။ တစ်နေ့......... ဆည်းဆာချိန်။
အိမ်နောက်ဖေးတွင် ရေချိုးနေသော တိဿအနီးသို့ ချဉ်းကပ်ကာ ကိုယ်ထင်ပြ၏။
"အို"
တဿလန့်သွား၏။ ပြီးမှ..........
" အို...အရှင်မ ၊ သင်က အ၀တ်လည်းမပါ ၊ နံရိုးအပြိုင်းပြိုင်းနှင့် အဆင်းလည်း မလှ ၊ သင်ကဘယ်ဇာတိ ၊ ဘယ်အမျိုးဖြစ်ပါသနည်း " ဟုမေး၏။
ထိုအခါ ပြိတ္တာမက.......
"တိဿ ၊ ငါက သင်နှင့်လူ့ဘ၀က လင်တူဖြစ်ခဲ့တဲ့ မတ္တာပဲ ၊ ငါက လူကဘ၀တွင်နေခိုက် ယုတ်မာညစ်ညူး မကောင်းမှုပြုခဲ့သောကြောင့် ဆင်းရဲဒုက္ခကြီးစွာသော ပြိတ္တာမဘ၀သို့ ရောက်ခဲ့ပါတယ်" ဟုရှင်းပြသည်။
တိဿက..........
"အို...စိတ်မကောင်းလိုက်တာ အစ်မကြီးရယ်" ဟုဆို၏။
သို့နှယ်ပင် တိဿက.......
အို.....အစ်မကြီးမတ္တာ ၊ သင်သည် လူ့ဘ၀က မည်သို့သောကိုယ် ၊ နူတ် ၊ စိတ်တို့ဖြင့် အဘယ်မည်သော မကောင်းမှုကို ပြုခဲ့၍ ခုလိုဆင်းရဲကြီးသော ပြိတ္တာဘ၀သို့ရောက်ရပါသနည်း"။
" တိဿ ငါကား လူ့ဘ၀တွင် နေခိုက် ငြူစူစောင်းမြောင်း၍ မကောင်းသော က္ကဿာမစ္ဆရိယ တရားများစွာကို ပြုခဲ့သည်။ ငါကိုယ်တိုင် တိဿအား ချိုးချိုးဖဲ့ဖဲ့နှင့် မကောင်းသော စကားကို ဆိုမိခဲ့သောကြောင့် ဤသို့ပြိတ္တာဝသို့ရောက်ခဲ့ရပါသည်" ဟုမတ္တာက ဖြေ၏။

(၄) တိဿက ခန္ဓာကိုယ်တွင်ဖုံမှုံ၊ မြေမှုံ အလိမ့်လိမ့်တက်နေသည့် ပြိတ္တာမ မတ္တာကိုကြည့်ကာ....
"အစ်မကြီး မတ္တာ ၊ အစ်မကြီး ဘယ်လို မကောင်းမှုကို ပြုခဲ့သဖြင့် ခန္ဓာကိုယ်တွင် မြေမှုံ အထပ်ထပ် အလိမ့်လိမ့် ကပ်နေရပါသလဲ " ဟုမေး၏။ မတ္တာက........
တိဿ ၊ ရှေ့လူဘ၀က သင်သည် ခေါင်းလျှော်ရေချိုးပြီး လှပစင်ကြယ်သည့် အ၀တ်ကို ၀တ်ဆင်ထားသည်ကို မြင်လျှင်ငါသည် သင့်ထက်ပိုမို၍ ၀တ်ဆင်နိုင်သော်လည်း မနာလို မရူစိမ့်ဖြစ်ခဲ့၏။ သည်ကြားထဲ ချစ်လင်ကိုယ်တိုင်က သင့်ကို ကြည်ဖြူစွာ စကားဆိုခဲ့သဖြင့် ချစ်လင်သင်တစ်ဦးတည်းကိုသာ ချစ်သွားမှာစိုခဲ့သည်။ ထိုမနာလိုစိတ်ကြောင့် ၀န်တိုစိတ်ကြောင့် တ့မြက်စည်းအမှုံကို သင့်ကိုယ်ပေါ်သို့ ငါပစ်ချခဲ့သည်။ ဤအကုသိုလ်ကံကြောင့် ယခု ငါ့ကိုယ်တွင် မြေမှုံအထပ်ထပ်ကပ်နေခြင်း ဖြစ်သည်" ဟုဖြေသည်။
" အစ်မကြီး မတ္တာ ၊ ဤသို့ဆိုလျှင် အစ်မကြီး၏ ကိုယ်တွင် ပွေး ၊ ၀ဲ ၊ ယားနာတို့ ဖြစ်နေသည်ကို တွေ့ရ၏။ ဤသို့ ခံစားရသည်မှာ အဘယ်ကြောင့်နည်း"
" တိဿ ၊ ငါသည်လူ့ဘ၀ဖြစ်စဉ်က သင့်ကိုယ်တွင် တော့မှယူလာသည့် ခွေးလျားသီးများကို ကြဲချခဲ့သည်။ ဤသို့ ပြုခဲ့သည့် အကုသိုလ်မကောင်းမှုကံကြောင့် ဤယားနာဝေဒနာများကို ခံစားနေရခြင်းဖြစ်သည်"
" အစ်မကြီး မတ္တာ ၊ ဤသို့ဆိုလျှင် အ၀တ်မပါ ဗလာကိုယ်ထီးနေရသည်ကကော ဘယ်လိုမကောင်းမှုကြောင့်ပါလဲ"
" တိဿ ငါသည် ရှေ့လူ့ဘသတွင် လင်ယောက်ျားသည် မင်္ဂလာ ကိစ္စဘ၀စတွင် သင့်ကိုသာ ဖိတ်ခေါ်သွား၏။ ငါ့ကိုကား ထားခဲ့၏။ ဤအဖြစ်ကို ငါ မကျေနပ်နိုင်။ ထို့ကြောင့်သင်၏ အ၀တ်အစားများ ငါ့ယုတ်မာစွာ ခိုးယူခဲ့သည်။ ဤအကုသိုလ်ကံအကျိုးကြောင့် ယခု ငါကိုယ်တွင် အ၀တ်မရှိ ကိုယ်လုံးတုံးတီးနေရခြင်း ဖြစ်သည်။
" အစ်မကြီး မတ္တာ ၊ တကယ်မကောင်းမှုကြောင့် သင်၏ခန္ဓာကိုယ်တစ်ခုလုံး နံစော်နေတာလဲ"
" တိဿ ၊ ငါ လူ့ဘသရှိစဉ်က သင်နံ့သာလိမ်ကျံ ၊ ပန်းပန်သည်တွေ့ရ၏။ သင့်ခန္ဓာကိုယ် တစ်ခုလုံး မွှေးကြိုင်သင်းပျံ့နေသည်ကိုမနှစ်သက် ၊ ထို့ကြောင့် သင်လိမ်းကျံသော အမွေးနံ့သာနှင့်ပန်းတို့အား မစင်တွင်းသို့ ပစ်ချခဲ့၏။ ဤမကောင်းမှုကြောင့် ငါကိုယ်တွင် အစင်နံ့သင်းနေခြင်း ဖြစ်သည်။


(၅)တိဿသည် လင်တူမယားဖြစ်ခဲ့ဖူးသူ အစ်မကြီးနှယ် ချစ်ခင်ရသူ ဖြစ်သည့် မတ္တာ၏ အဖြစ်ကိုကြည့်ကာ စိတ်မကောင်း ဖြစ်ရ၏။
ထို့ကြောင့် ပြိတ္တာမတဖြစ်လဲ မတ္တာကို ကြည့်ကာ......
" အစ်မကြီး မတ္တာ ၊ အစ်မကြိး အဘယ်သို့သော မကောင်းမှုကံကို ပြုခဲ့သဖြင့် ဤသို့ ဆင်းရဲခြင်း ကြီးစွာသော ပြိတ္တာဘ၀သို့ ရောက်ခဲ့ရသလဲ" ဟုမေး၏။
မတ္တာက.....
" တိဿ ၊ လူ့ဘ၀က သင်နှင့်ငါသည် ပြည့်စုံစွာ နေရသူများဖြစ်၏။ သို့သော် ငါသည် ပြည့်စုံစွာ နေရသော်လည်း ကုသိုယ်ကောင်းမှုကို မပြုခဲ့။ ပေးကမ်းလှူဒါန်းခြင်းကို မပြုခဲ့။ က္ကဿမစ္ဆရိယစိတ်သာ များခဲ့၏။ သို့တွက် ယခုလို ဆင်းရဲကြီးစွာသော ပြိတ္တာဘ၀သို့ ရောက်ခဲ့ရခြင်း ဖြစ်သည်" ဟုဖြေ၏။
သည်အခါတိဿက စိတ်မကောင်းခြင်း ကြီးစွာဖြင့်
" မတ္တာ သင်ကား ကိုယ်နှုတ်နှလုံးသုံးပါးနှင့် မကောင်းမှုပြုနေ၍ ဤမကောင်းမှုသည် သုဂတိဘုံသို့ မရောက်နိုင် ၊ ဒုဂ္ဂတိဘုံသို့သာ ရောက်နိုင်ေိကြာင်း မကြာခဏ ပြောခဲ့၏။ ထို့အတူပင်သင်သည် ပစ္စည်းဥစ္စာကို မပေးလှူဘဲ သိမ်းဆည်းနေ၍ ထိုပစ္စည်းဥစ္စာသည် သင်သေသော အခါ ပါမည်မဟုတ်ဟု မကြာခဏပြောခဲ့၏"
ပြီးသော်.........
" အစ်မကြီး ၊ က္ကဿမစ္ဆရိယစိတ်က လူကိုယ်ဒုက္ခပေး၏။ ဆင်းရဲကို အဖန်ဖန်ခံရ၏။ ယခုလက်တွေ့သိရပြီ မဟုတ်လား" ဟုဆို၏။
ထိုအခါ မတ္တာပြိတ္တာမကြီးက.......
" မှန်သည် တိဿ ၊ ငါ၏ မိုက်မဲမှုကို ငါကောင်းစွာ သိပါပြီ" ဟုဆို၏။

(မာတာဝေတိဝတ္တု )


* ရူံးနိမ့်သူအတွက် အားဆေးတစ်ခွက် *

click to comment

ဘ၀ဆိုတာတိုက်ပွဲတစ်ခု
တိုက်ပွဲဆိုတာ အနိုင်တိုက်ဖို့
အရူံးပေးဖို့မှ မဟုတ်တာ ။

ပြိုင်ပွဲတစ်ခု
အစပြုလို့ မင်းရူံးခဲ့ရင်
အားငယ်စိတ်ဝင် ရှက်စိတ်မြင်ပြီး
ထာဝရအမြဲ ရူံးမှာပဲလို့
မင်းမထင်နဲ့။

အရူံးနဲ့အနိုင် အစဉ်ဒွန်တွဲ
ရှိစမြဲမို့
မင်းစိတ်မင်းပိုင် မင်းနိုင်ပါမှ
ဘယ်မှာငါမှား ဘယ်အရာများမှာ
အားနည်းချက်ဝင် မင်းဆင်ခြင် ။

အားနည်းမှူ ကို အားသာမူပြောင်း
ဇွဲရှိမူကို အရယူပြီး
အစဉ်ကြိုးစား ခွန်အားများနဲ့
ဝီရီယ ၊ ကံ ၊ ဥာဏ် အရင်ခံ ။

ဆင်းရဲပင်ပန်းမလျ နွမ်းဘဲ
ငါလည်းလူသား မာန်ကိုထားပြီး
နောက်ထပ်တစ်ချီ ငါနိုင်မည်ဟု
ယုံကြည်စိတ်ထား ခွန်အားများနဲ့
ပြန်လည်စိန်ခေါ်နိုင်ရမည် ။

ငါ့ဘ၀ထဲက မင်း

click to comment
۞မင်းဟာ.....ငါ့ရဲ့ဘ၀ထဲက

ထွက်ခွာသွားပေးမယ်

အိပ်မက်တွေထဲမှာ

ခုထိ........တွေ့နေဆဲပါဘဲ

အတူပျံသန်းရင်

ဘ၀ရဲ့အတောင်တစ်ဖက်

လမ်းတစ်ဝက်မှာကျိုးခဲ့ရပေမယ့်

ငါ့ရဲ့ငှက်ဟာ

မင်းရှိရာအရောက်ပျံသန်းလာမှာပါ။

۞ကောင်လေးရေ

လောကထဲမှာ ဘာမှမဖြစ်၊ဘာမှမရခဲ့တဲ့ငါ့အတွက်

ပေးဆပ်မှုသက်သက်လေးတော့

ရမယ်ဆိုရင် သေပျော်ပါပြီကွာ။

۞မျှော်လင့်သူ

ဆင်မပြေမှုတွေထမ်းပိုးထားတဲ့ `ဘ၀´

ခဏလေးဆိုပေမယ့် အကြာကြီးပါ

ချစ်တဲ့သူကို

ချစ်တဲ့အကြောင်းဖွင့်မပြောရက်တဲ့ `ဘ၀´

မိုးစက်နဲ့ ရွက်ကြွေတွေကလွဲရင်

ရင်နာတာဘယ်သူသိမှာလဲ?

ပန်းသီးတစ်လုံးထက်

လက်တွေဆုံဖြစ်ခဲ့ပြီးမှ

ပြန်လည်ရုပ်သိမ်းခဲ့ပြီးတဲ့နောက်

ဟန်ဆောင်ခတ်ထားခဲ့တဲ့

အမုန်းတံတိုင်းရဲ့

နောက်ကွယ်မှာ

နင်ပစ်ချသွားခဲ့တဲ့

နာကြည်းမှုတွေရဲ့အောက်မှာ

ငါ့မျက်ဝန်းဟာလေ

ကွက်ကြားမိုးတွေ ခိုးခိုးရွာတတ်နေပြီ။


۞တစ်ည ကြယ်တွေကိုရေတွက်ရင်း

ထောင့်ငါးရာအတိမှာ

ခြောက်ခြားစရာအသိတစ်ခုဝင်လာတယ်

သူမရှိတော့ဘူးလေ။

ထားသွားတဲ့သူရဲ့

အနားသွားနေချင်မိတယ်

တအားချစ်ခဲ့သူမို့ပါ။

۞လမ်းကြုံရင်ပြောပေးပါ

အရမ်းပုံချစ်ခဲ့တဲ့သူက

သက်တမ်းကုန်တဲ့အထိသတိရနေပါတယ်လို့။

ချစ်မေတ္တာပန်းတစ်ပွင့်

လှမ်းလင့်လို့ ခူးခွင့်ရရင်

ခူးဆွတ်ချင်ပါတယ်

۞ ချစ်မေတ္တာပန်းတစ်ပွင့်

ရနံ့သင့်လို့ နန်းခွင့်ရရင်

နန်းရှိုက်ချင်ပါတယ်။

۞ အကယ်၍ပန်းတစ်ပွင့်

ဥယျာဉ်မှူးအသင့် ရှိရင်

ကြိုသိချင်ပါတယ်။

۞ လှမ်းလင့်လို့ ခူုးခွင့်မရရင်

အလွမ်းသင့်မှာဆိုးလို့ပါ

ရနံ့သင့်လို့ နန်းခွင့်မရှိရင်

အဆိပ်သင့်မှာဆိုးလို့ပါ။

۞ အကယ်၍

ခူးခွင့်မရှိ

နန်းခွင့်မရှိရင်တောင်

အလွမ်းထိထိ

အဆိပ် မိမိ

ခံစားမိရာ အချစ်ဆိုတာ

ရင်မှာဖြစ်တည်နေလို့ပါ။


۞ချစ်သူထံပါး လွှင့်ပျံကြားပါစေသား

ညဥ့်၏ကောင်းကင် ရောင်စုံလှပ

ကြယ်နှင်လမှာ ရှုမငြီးဖွယ်

ကြယ်စင်တွေကြား

အင်မတန်ဖြူစင်ဝင်းပတဲ့ လ

ဝင်းထိန်သာလို့ အေးမြသော်လည်း

တွေ့တလှည့် ကွယ်တလှည့်

သာတလှည့် ပျောက်တလှည့်

မတည်မြဲလို့

မှိန်ပြသော်လည်း စဉ်တည်မြဲတဲ့

ငွေကြယ်လေးပဲ လိုချင်တယ်...........။

I 'll Miss You Forever

Wednesday, September 17, 2008

*မြန်မာဘလောက်ဂါများ ၀မ်းမြောက်ဖွယ်၊ စာလုံးပြောင်းပရိုဂရမ်ထွက်ပေါ်လာပြီ

အခုက ဘလောက်ခေတ် ဖြစ်တော့သကိုးလို့ ကြွေးကြော်ရမလို ဖြစ်နေတဲ့အချိန်မှာ
သူသူငှာငှာ ကိုကို မမ မြန်မာတို့ ဟိုမှာလည်း ဘလောက်၊ ဒီမှာလည်း ဘလောက်
ဖြစ်နေကြချိန်၊ ယခင်က ၀င်းအင်းဝတို့၊ ၀င်းဘားမိစ်တို့နဲ့ ရိုက်ခဲ့တဲ့ စာတွေကို
ယခုအင်တာနက်ပေါ်မှာ ခေတ်စားတဲ့ ဘီအိုင်တီ၊ ပုရပိုက်၊ အမ်မြန်မာ နဲ့ ဇော်ဂျီ
(ခေတ်အစားဆုံး ဖောင့်) အဖြစ် လောကဓာတ်နည်းသုံးပြီး ပြောင်းနိုင်ဖို့ ပရိဂရမ်တခု
ထွက်လာပါပြီ။ မြန်မာအိုင်အက်စ်ပီက ဝေမျှထားတာကို တွေ့ရပါတယ်။

ကွန်ပျူတာခေတ်ဦးက ရွှေနဲ့မြ၊ ၀င်းအင်းဝ၊ စီအီး ပြီးတော့ အင်တာနက်ခေတ်ဦးမှာ
ဝင်းဘားမိစ် စသည်တို့နဲ့ မြန်မာစာကို ရိုက်နှိပ် ဖြန့်ဝေခဲ့ရာမှာ ယခု
အင်တာနက်ခေတ်သစ်မှာ ကွန်ပျူတာနားလည်တဲ့ ယူနီကုတ်နဲ့ မြန်မာဖောင့်တွေ
ပေါ်လာပါတယ်။ မြန်မာလူငယ် အများအပြားဟာ ယူနီကုတ်ဖောင့်နဲ့ ဘလောက်တွေကို
တင်ဆက်လာကြလို့ အင်တာနက်ပေါ်မှာ မြန်မာစာခေတ်ကြီးအဖြစ် ခေတ်စားလာတယ်လို့
ပြောနိုင်ပါတယ်။ မဟုတ်လို့ရှိရင် အင်တာနက်ပေါ်က မြန်မာတွေက မြန်မာလိုလည်း
ရိုက်မရ၊ အင်္ဂလိပ်လိုလည်း အထာမကျသမို့ ချက်တွေ၊ အီးမေးတွေနဲ့ စီဘောက်စ်တွေမှာ
"Mingalar Bar" တို့၊ " Nay kaung Tha Lar" တို့နဲ့ နေ၀င် မိုးချုပ် တကုတ်ကုတ်
ဖြစ်ရတော့မယ့် ဘေးက ကင်းဝေးလို့ သွားပါပြီ။

အခုလည်း ဘလောက်ဂါများ၊ အင်တာနက် တခေတ်ဆန်းချိန် မြန်မာစာရိုက်သူများ
ဝမ်းမြောက်ဖွယ် မြန်မာဖောင့်အဟောင်းများကို မြန်မာဖောင့်အသစ်သို့ ပြန်ရိုက်စရာ
မလိုဘဲ စက်က ပြောင်းပေးမယ့် လောကဓာတ်ပညာ ပေါ်ထွက်လာပါပြီ။ ကူးယူ
ဖြန့်ဝေကြပါကုန်။

ကျေးဇူးစကားကိုတော့ အဲဒီလောကဓာတ်ပညာကို ဖြန့်ချီသူ ပရိုဂရမ်မာများကို
ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်ပါရစေ။ ငွေကြေးရမှ ပေးမယ်၊ ဖြန့်မယ်လို့ မပြောဘဲ
နည်းပညာကို လှူဒါန်းတာကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်။ မြန်မာစာ
ယူနီကုတ်ဖောင့်တွေကို ထုတ်လုပ်မျှဝေသူများကိုလည်း အလေးပြုလိုက်ပါတယ်။

သူတို့အားလုံးက ပရိသတ်ကြီးကို ကွန်ပျူတာစက်နားလည်တဲ့ မြန်မာစာစနစ် အလကားအလှူ
ပေးလိုက်တဲ့ အချိန်က စပြီး အင်တာနက်ပေါ်မှာ မြန်မာစာ၊ မြန်မာစာပေ တဟုန်ထိုး
စည်ကား ထွန်းလင်းသွားတော့တာကို ၀န်ခံရမှာ ဖြစ်ပါတယ်။ ယခင်ကလို နည်းပညာ
အတားအဆီးတွေ၊ ငွေကြေး အတားအဆီးတွေကို ဖြတ်ကျော်ပြီးမှ - တို့အရေး တို့အရေး
အော်နေရသူတွေကော၊ ချစ်လိုက်ရတာ မသည်းအူရယ်လို့ အီစီကလီ လုပ်ကြသူတွေကော၊ အခြား
လောကီ၊ လောကုတ္တရာကိစ္စတွေ ပြောဆိုနေရသူတွေ အားလုံး ယူနီကုတ် မြန်မာစာ
ဖောင့်ကြီးတွေ သုံးပြီး စည်ပင်ဝပြောလာတာကို ကြည်နူးစရာ တွေ့လိုက်ရပါတယ်
ခင်ဗျား။

ငွေကြေး ဓနတော့ လိုကြတာပေါ့ခင်ဗျာ။ သူတို့တွေ ဒါတွေ ဖြစ်လာဖို့ ဘယ်လောက်တောင်
အိတ်စိုက်ပြီး ထုတ်လုပ်ခဲ့ရသလဲ၊ ရင်းနှီးခဲ့ကြရသလဲဆိုတာ သူတို့မှပဲ သိမှာပါ။
ငွေကြေးတွေ ပြန်မပေးနိုင်ချင်နေပါ၊ အင်တာနက်ပေါ်မှာ မြန်မာစာလုံးစနစ်
ခေတ်ဆန်းအောင် လုပ်ပေးသူ မြန်မာလူငယ်တွေအားလုံးကို ကျေးဇူးတင်လိုက်တာလို့သာ
အသိအမှတ်ပြုပေးလိုက်ကြပါနော်။

မိုးမခ မီဒီယာကတော့ သူတို့အားလုံးကို လေးစားပါကြောင်း၊ ကျေးဇူး
အထူးတင်ပါကြောင်း မှတ်တမ်းပြုလိုက်ပါတယ်။

*(ဖောင့် ပြောင်းစက်ကို ဒီမှာ သွားယူပါ။ မိုးမခက စာရိုက်ရတဲ့ လူတွေကတော့ ထ က
နေမှာ မြင်ယောင်သေးတော့)
*
*ဒီနေရာတွေကို မှတ်ထားပါဦး။ ကျေးဇူးတင်ကြောင်း ပြောရအောင် -
http://myanmarisp.com/Font , http://www.zawgyi.net *

တွေးတွေးပြီးရယ်

> တွေးတွေးပြီး ရီ(ရယ်)
>
> ၁)
> နာမကျန်းတဲ့ အဘိုးအိုတစ်ဦး ဆရာဝန်သွားပြတော့ ဆရာဝန်က စမ်းသပ်ပြီး ရောဂါအခြေအနေ ဆိုးမှန်းသိတော့ အဘိုးအို လုပ်သင့်တာ လုပ်နိုင်အောင် မကွယ်မ၀ှက်ဘဲ ပြောပြလိုက်တယ်။
>
> ဆရာဝန်က အဘိုးအိုကို "ခင်ဗျားလည်း ခင်ဗျားရောဂါ အခြေအနေအမှန်ကို သိချင်နေမယ်ထင်တယ်။ အခြေအနေကတော့ သိပ်မကောင်းဘူး။ ခင်ဗျားဘယ်သူနဲ့ တွေ့ချင်သလဲ ပြောပါ ကျွန်တော် ကူညီမယ်" လို့ ပြောတော့ အဘိုးအိုက ခေါင်းညိတ်ပြီး လေသံ တိုးတိုးလေးနဲ့ " ဟုတ်ကဲ့... ကျွန်တော် နောက်ဆရာဝန် တစ်ဦးနဲ့ တွေ့ချင်တယ်" လို့ ပြောလိုက်တယ်။
>
> ၂)
> အမျိုးသမီးတစ်ဦး ကလေးခေါ်ပြီး ကလေးဆေးရုံကို ရောက်လာခဲ့တယ်။
> ဆရာဝန်။....။ ကလေးကို မိခင်နို့ တိုက်တာလား.. နွားနို့တိုက်တာလား...
> အမျိုးသမီး။....။ မိခင်နို့ပါ။
> ဆရာဝန်။....။ ကျွန်တော် စမ်းသပ်မလို့ ခင်ဗျား အင်္ကျီကို ချွတ်လိုက်ပါ။
> အမျိုးသမီး။...။ ဟင်.. ဘာလို့လဲ..
> ဆရာဝန်။....။ စိတ်မပူပါနဲ့။ ဒါ ဆေးရုံပါ။ ကျူးလွန်တာတွေ မရှိပါဘူး။
>
> အမျိုးသမီးက ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ဆရာဝန်ရဲ့ အစမ်းသပ်ကို ခံလိုက်တယ်။ ခဏလောက် စမ်းသပ်ပြီး ဆရာဝန်က " ခင်ဗျားမှာ မိခင်နို့ရည်မှ မရှိတာ။ ဒါကြောင့် ကလေးက အာဟာရ ပြတ်နေတာပေါ့" လို့ ပြောတော့ အမျိုးသမီးက "ကျွန်မမှာ ဘယ်လိုလုပ်ပြီး မိခင်နို့ရည် ရှိမလဲ။ ကျွန်မက သူ့အန်တီ" လို့ ဒေါသတကြီး ပြန်အော်လိုက်တယ်။
>
> ၃)
> ဆေးခန်းကို လူနာတစ်ယောက် ရေးကြီးသုတ်ပြာ ပြေးလာပြီး
> "ဆရာ..ဆရာ.. ကျွန်တော့်ကို ကယ်ပါ။ ကျွန်တော် ဓာတ်ဆီ မှားသောက်မိလို့" လို့ ပြောတော့ ဆရာဝန်က " ကိစ္စမရှိဘူး။ ဒီရက်အတောအတွင်း ခင်ဗျား ဆေးလိပ်မသောက်နဲ့" လို့ ပြန်ဖြေသတဲ့။
>
> ၄)
> လူနာ။....။ ဆရာ ကျွန်တော် ချောင်းအရမ်းဆိုးနေတယ်။
> ဆရာဝန်။...။ ခင်ဗျား အသက်
> လူနာ။....။ ၇၅ပါ ဆရာ
> ဆရာဝန်။....။ အသက် ၂၀မှာ ချောင်းဆိုးဖူးလား...
> လူနာ။....။ မဆိုးဖူးပါဘူး
> ဆရာဝန်။....။ အသက် ၄၀မှာရော ဆိုးဖူးလား...
> လူနာ။....။ မဆိုးဖူးပါဘူး
> ဆရာဝန်။....။ ဒါဆို ခုအသက်အရွယ်မှာမှ ချောင်းမဆိုးရင် ခင်ဗျား ဘယ်အရွယ်မှာမှ ချောင်းဆိုးချင်သလဲ...
>
> ၅)
> လက်ဖျားခြေဖျား အေးတတ်တဲ့ လူနာတစ်ယောက်က ဆရာဝန်လာပြတော့ ဆရာဝန်က "ကျွန်တော်က လက်ဖျားခြေဖျားအေးရင် ကျွန်တော့်မိန်းမကို ဖက်ထားလိုက်တယ်။ သူ့ကိုယ်ငွေ့နဲ့ နွေးလာရော" လို့ အကြံပေးတော့ လူနာက " ဒီအကြံ မဆိုးဘူး ဆရာ.. ဒါနဲ့ ဆရာကတော် ဘယ်တော့ အားလဲဟင်" တဲ့။
>
> ၆)
> " ခွဲစိတ်တဲ့ အခြေအနေ ဘယ်လိုနေလဲ ဆရာ"
> "အော်... ဒီတစ်ခါနဲ့ဆို ကျွန်တော် ခွဲစိတ်တာ ၉၇ကြိမ် ရှိခဲ့ပြီ"
> "ဟာ.. ဒါဆို ကျွန်တော် စိတ်ချရပြီဆရာ"
>
> "အင်း... ကျွန်တော်လဲ ဒီတစ်ကြိမ်တော့ အောင်မြင်မယ်လို့ ထင်ပါတယ်"
>
> ဖတ်မိတဲ့ ဟာသလေးတွေပါ။ ဟာသလေးတွေနဲ့ ရီချင်တယ်ဆိုလို့ပါ။ ရီရလား မရီရတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် ရီကြပါနော်။ ရီသောသူ အသက်ရှည်၏တဲ့... ဟား....ဟား...ဟား....း))

...............။...............

> ၁)
> တစ်ခါက တိုင်းပြည်တစ်ပြည်မှာ သန်းခေါင်ယံ ည၁၂နာရီတိတိမှာ ဖုန်းနံပါတ် သုည ၁၄လုံးကိုနှိပ်ရင် သေဆုံးသူတွေရဲ့ ဝိညာဉ်နဲ့ စကားပြောလို့ရတယ်ဆိုတဲ့ အယူတစ်ခုရှိခဲ့တယ်။
>
> တစ်ညမှာ အဲဒီအယူကို အယုံအကြည်မရှိတဲ့ လူငယ်တစ်ယောက်က စမ်းသပ်ကြည့်ဖို့ စိတ်ကူးလိုက်တယ်။ သိလိုစိတ်ပြင်းပြင်းပြပြနဲ့ လူငယ်ဟာ ညသန်းခေါင် ၁၂ နာရီတိတိမှာ သုည ၁၄လုံးကို ကောက်လှည့်လိုက်တယ်။ တကယ်ပဲ ဖုန်းတစ်ဖက်က မိန်းကလေးအသံ တစ်သံထွက်လာတယ်။ ဖုန်းတစ်ဖက်က ပြောလိုက်တာက
>
> "လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ ဖုန်းနံပါတ် မှားယွင်းနေပါသဖြင့်....... "
>
> ၂)
> တစ်ခါက ဥရောပဒေသတစ်ခုရဲ့ ညတစ်ညမှာ လူငယ်နှစ်ယောက်ဟာ ဟော်လိုဝင်း ပျော်ပွဲရွှင်ပွဲဆင်နွှဲပြီး အိမ်ပြန်လာခဲ့ကြတယ်။ သူတို့ရဲ့ အိမ်အပြန်လမ်းမှာ သင်္ချိုင်းတစ်ခုရှိတယ်။ လူငယ်နှစ်ယောက်ဟာ စူးစမ်းလိုစိတ်နဲ့ သင်္ချိုင်းထဲဖြတ်လျှောက်ဖို့ စိတ်ကူးလိုက်တယ်။ လျှောက်ရင်းလျှောက်ရင်း တစ်နေရာရောက်တော့ "ရှ...ရှ..ရှ"နဲ့ အသံတစ်သံကို သူတို့ကြားလိုက်တယ်။ နှစ်ယောက်စလုံး လန့်ပြီး အသံလာရာဖက်ကို ကြည့်လိုက်တော့ မှတ်တိုင်တစ်ခုကို ကိုင်ပြီး ရပ်နေတဲ့ အဘိုးအိုတစ်ဦးကို တွေ့လိုက်တယ်။
>
> လူငယ်ထဲက တစ်ယောက်က "အဘိုး.. ဒီလောက်ညဥ့်နက်နေပြီ ဘာလုပ်နေတာလဲ? ကျွန်တော်တို့က မကောင်းဆိုးဝါးထင်နေလို့ဗျ" လို့ မေးတော့ အဘိုးအို စကားကြောင့် လူငယ်နှစ်ယောက် သုတ်တင်ပြေးကြတော့တယ်။
>
> အဘိုးအို ပြောလိုက်တာက " ငါ့နာမည် စာလုံးပေါင်းမှားနေလို့ကွ" ဟူတည်း။
>
> ၃)
> တစ်ချို့တရုတ်တွေက ၄ ဂဏန်းကို လဒ်မရှိတဲ့ဂဏန်း၊ ကံမကောင်းတဲ့ ဂဏန်းလို့ အယူရှိကြတယ်။ "၄" ဂဏန်းရဲ့ အသံထွက်က "သေ"ဆိုတဲ့ တရုတ်စကားနဲ့ အသံထွက်တူနေလို့ပါတဲ့။ ဒါကြောင့် တစ်ချို့စားသောက်ဆိုင်မှာ ခုံနံပါတ် ၄ ကိုမထားသလို တိုက်အထပ် ၄ကိုလည်း ၅ထပ်လို့ ခေါ်ကြတယ်။ ဒီလိုနဲ့.....
>
> ဖုန်းနံပါတ်တွေကို လက်နဲ့ လှည့်ရတဲ့ခေတ်တုန်းက အိမ်တစ်အိမ်မှာ ၄ဂဏန်းပဲပါတဲ့ ဖုန်းနံပါတ်တစ်ခု ရှိခဲ့တယ်။ အဲဒီနံပါတ်ကြောင့် အမည်မသိဖုန်းတွေ၊ အကြောင်းအရာမရှိတဲ့ ဖုန်းတွေ မကြာခဏ လက်ခံခဲ့ရတယ်။ တစ်ညမှာ လူကြီးတွေအိပ်ပြီး လူငယ်တစ်ယောက်တည်း ကျန်နေတုန်း ဖုန်းဝင်လာခဲ့တယ်။ ဖုန်းတစ်ဖက်မှာ လူတစ်ယောက်က အသံတုန်ချိချိနဲ့ ...
>
> " ဟလို... ဟလို.. ၁၁၉ကို ဖုန်းဆက်ပေးပါ" လို့ ပြောတဲ့အသံကို ကြားတော့ လူငယ်လန့်ပြီး ဖုန်းကို ပစ်ချလိုက်မိတယ်။ မကြာဘူး.. ဖုန်းမြည်လာပြန်တယ်။ အရင်အသံလိုပဲ..
>
> " ဟလို... ဟလို.... ၁၁၉ ကို ဖုန်းဆက်ပေးပါ" လို့ ပြောတော့ လူငယ်က အရဲစွန့်ပြီး
>
> " ဘာဖြစ်လို့ ခင်ဗျားကိုယ်တိုင် မဆက်တာလဲ" လို့ မေးလိုက်တယ်။ ဖုန်းတစ်ဖက်က ပြန်ပြောလိုက်တာက
>
> " မြန်မြန်ဆက်ပေးပါ.. ကျွန်တော် မခံနိုင်တော့ဘူး.. ကျွန်တော့်လက်ညှိုး ဒီ နံပါတ်၎ နေရာမှာ ညှပ်နေလို့" ပါ ဟူတည်း။
>
> တွေးတွေးပြီးရယ်.. ကြောက်ကြောက်နဲ့ ရယ်....း)

................။..............

၁) တစ်ခါက လှေတစ်စင်း မြုပ်လုနီးနီးမှာ ရဟတ်ယာဉ်တစ်စီး လာကယ်ခဲ့တယ်။ ရဟတ်ယာဉ်ပေါ်က ကြိုးတစ်ချောင်းကို ပစ်ချပြီးကယ်တော့ ယောကျာ်း၁ဝယောက်နဲ့ မိန်းမတစ်ယောက်က အဲဒီကြိုးမှာ ပါသွားခဲ့တယ်။ ကြိုးမှာချိတ်နေတဲ့ လူ၁၁ယောက်ကို ရဟတ်ယာဉ်က မနိုင်ဘဲဖြစ်နေလို့ လူတစ်ယောက် လက်လွှတ်ပေးရမယ်ဆိုတော့ ယောကျာ်းတွေက လက်မလွှတ်ချင်ကြဘူး။ က "အားလုံးအတွက် ကျွန်မ အနစ်နာခံပါ့မယ်။ ကိုယ့်ယောက်ျားအတွက်၊ ကိုယ်ရင်သွေးတွေအတွက် ပေးဆပ်တာကို မမျှော်ကိုးဘဲ အမြဲစွန့်လွှတ် အနစ်နာခံနေရတဲ့ ကျွန်မတို့ မိန်းမသားတွေအတွက် ဒါမျိုးက ရိုးနေပါပြီ.. "လို့ အော်ပြောလိုက်တယ်။ အမျိုးသမီးလဲ ပြောပြီးရော ယောကျာ်းတွေ အားလုံး လက်ခုပ်ဝိုင်းတီးကြတော့တယ်..
>
> ၂) ခရစ်စမတ် တစ်ကျော့ရောက်ပြန်ပါပြီ.. ဒီခရစ်စမတ်မှာ တီဗွီတစ်လုံး ဝယ်ပေးဖို့ Tom က အမေကို ပူဆာတယ်။ Tom က ဆိုးပေပြီး စာလည်းမကြိုးစားတဲ့အတွက် အမေက ဝယ်မပေးချင်ဘူး။ ဒါနဲ့ အမေက Tom ကို "Tom ဘုရားသခင်ကို စာတစ်စောင်ရေးလိုက်ပါ။ ဒီနှစ်အတွင်းမှာ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှုတွေကိုရေးလိုက်.. ဘုရားသခင်က တီဗွီတစ်လုံး လက်ဆောင်ပေးလိမ့်မယ်" လို့ ပြောလိုက်တယ်။
>
> ဒါနဲ့ Tom က ဘုရားသခင်ထံ စာရေးတော့တယ်။
> "ချစ်လှစွာသော ဘုရားသခင်၊ ကျွန်တော်က ဘုရားသခင်ရဲ့ အချစ်ဆုံး Tomလေးပါ။ ဒီနှစ်အတွင်းမှာ ကျွန်တော် ကောင်းတာတွေ အများကြီးလုပ်ခဲ့ပါတယ်။ အခုဆို ခရစ်စမတ် ရောက်တော့မှာမို့ သင်၏ချစ်လှစွာသော သားတပည့်ကို တီဗွီတစ်လုံး လက်ဆောင်ပေးပါ" လို့ ရေးလိုက်တယ်။ Tom က စာကိုရေးပြီး ပြန်ဖြစ်ကြည့်တယ်။ သိပ်သဘာဝမကျတာနဲ့ ဒုတိယတစ်စောင်ကို ကောက်ရေးလိုက်ပြန်တယ်။
>
> "ဘုရားသခင်.. ကျွန်တော် Tom ပါ။ ဒီနှစ်အတွင်း ကျွန်တော် မကောင်းတာတွေလုပ်ဖြစ်တယ်။ ကျွန်တော် မှားသွားပါတယ်။ ဘုရားသခင် ကျွန်တော့်ကို တီဗွီတစ်လုံး ပေးမယ်လို့ မျှော်လင့်ပါတယ်" လို့ ပြင်ရေးလိုက်တယ်။
>
> Tom က စာကိုတစ်ခေါက် ပြန်ဖြစ်ကြည့်ပြီး မကြိုက်လို့ တတိယတစ်စောင်ကို ရေးလိုက်ပြန်တယ်။
> "ဘုရားသခင်.. ကျွန်တော်ပါ.. Tomပါ။ ဟုတ်ပါတယ်.. ကျွန်တော် မကောင်းတာတွေ တော်တော်များများ လုပ်ခဲ့တယ်။ ဒါပေမယ့် တီဗွီတစ်လုံးတော့ လိုချင်သေးတယ်" လို့ ပြင်ရေးပြီး ဘုရားကျောင်းကို သွားခဲ့တယ်။ ဘုရားကျောင်းမှာ Mary and Jesus ရဲ့ ရုပ်တုကိုတွေ့တော့ Tom က စတုတ္ထမြောက် စာကိုရေးပြီး မယ်တော်မာရီရဲ့ ရုပ်တုကို အိမ်ယူပြန်လာခဲ့တယ်။
>
> နောက်တစ်နေ့မှာ ဘုရားကျောင်းက ဖာသာက ဘုရားသခင် Jesus ရဲ့ ခြေရင်းမှာ စာတစ်စောင်ကျနေတာကို တွေ့လို့ ကောက်ဖတ်ကြည့်လိုက်တော့...
> "ဘုရားသခင်.. သင့်အမေ ကျွန်တော်လက်ထဲမှာ သင့်အမေကိုတွေ့ချင်ရင် ကျွန်တော့်ကို တီဗွီတစ်လုံး မြန်မြန်ပေးပါ" ဟူတည်း။
>
> ၃) ထောက်ဒဏ်၁၂နှစ် ကျခံနေတဲ့ လူတစ်ယောက်ဟာ ထောင်ထဲမှာ ပျင်းနေခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ လူစကားကို နားလည်တဲ့ ပုရွတ်ဆိတ်တစ်ကောင်ကို သူတွေ့ခဲ့တယ်။ လူစကားကို နားလည်တဲ့ ပုရွတ်ဆိတ်ကို ကင်းမြီးကောက်ထောင်ခိုင်း၊ နောက်ဂျွမ်းပစ်ခိုင်း.. စတာတွေ လေ့ကျင့်ပေးပြီး အကျေနပ်ကြီး ကျေနပ်နေခဲ့တယ်။
>
> ဒီလိုနဲ့ ထောင်ထွက်တဲ့နေ့မှာပဲ သူလေ့ကျင့်ထားတဲ့ ပုရွတ်ဆိတ်ကို ကြွားချင်လွန်းလို့ လူစည်ကားတဲ့ အရက်ဆိုင်တစ်ဆိုင်ကို သူသွားခဲ့တယ်။ အရက်တစ်ခွက်မှာပြီး အင်္ကျီအိတ်ထဲက ပုရွတ်ဆိတ်ကို ထုတ်ပြီး ခုန်ပေါ်တင်လိုက်တယ်။ ပြီးတော့ စားပွဲထိုးကို " ဒီပုရွတ်ဆိတ်ကို ကြည့်စမ်း" လို့ ပြောလိုက်တယ်။
>
> စားပွဲထိုးက ပုရွတ်ဆိတ်ကို လက်ဖဝါးနဲ့ ချက်ချင်းရိုက်ချလိုက်ပြီး အားတုန့်အားနာနဲ့ " ဆောရီးနော်..ကျွန်တော် နောက်တစ်ခွက် ချက်ချင်းလဲပေးမယ်" လို့ ပြောလိုက်တယ်။
>
> ဟာသလေးတွေ တင်ပါအုန်းလို့ တောင်းဆိုသူများ ကျေနပ်နိုင်ပါစေ..

...............။..............

> ၁)
> စင်ပေါ်မှာ ကြက်ဥတွေ ထင်ထားတယ်။ ပထမကြက်ဥက နောက်ဆုံးတစ်လုံးကို ကြည့်ပြီး..
> "ဟိုတစ်လုံးက အမွေးရှိတယ်.. ရွံစရာကြီး" ဒုတိယကြက်ဥကို ပြောပြတယ်။
> ဒုတိယကြက်ဥက တတိယကြက်ဥကို ပြန်ပြောတယ်။
> တတိယကြက်ဥက စတုတ္ထကြက်ဥကို ပြန်ပြောတယ်။
> စတုတ္ထကြက်ဥက သူ့ဘေးက အမွေးရှိတဲ့ အလုံးကိုလှည့်ကြည့်တော့
> "မင်း ဘာကြည့်တာလဲ.. အလုံးမှာအမွေးပေါက်တာ မမြင်ဖူးဘူးလားကွ.. မှတ်ထား.. ငါ့နာမည် ကီဝီသီးတဲ့"
>
> ၂)
> တစ်ခါက လူဖြူတစ်ယောက် တရုတ်ဆိုင်မှာ ကြက်ဥသွားဝယ်သတဲ့။ တရုတ်က အင်္ဂလိပ်စကား မတတ်တော့ ကြက်ဥ၀ယ်ရမှာ လူဖြူအခက်တွေ့နေတယ်။ နောက်ဆုံး လက်နဲ့ ကြက်ဥပုံလုပ်ပြလိုက်မှ တရုတ်က ကြက်ဥတွေ ပေးလိုက်တယ်။ အဲဒီလိုပဲ လူမည်းတစ်ယောက်လည်း တရုတ်ဆိုင်မှာ ကြက်ဥ၀ယ်ဖို့ ရောက်သွားတယ်။ အင်္ဂလိပ်စကား မတတ်တဲ့ တရုတ်ကို လက်နဲ့ ကြက်ဥပုံ လုပ်ပြလိုက်တော့ တရုတ်ကလူမည်းကို ဆေးဘဲဥတွေ ထုတ်ပေးလိုက်တယ်။
>
> ၃)
> ဗေဒင်ဆရာ "ဟေ့.. ခင်ဗျား ပိုက်ဆံမရှင်းရသေးဘူး"
> ဗေဒင်မေးသူ "ကျွန်မမှာ ပေးစရာပိုက်ဆံမရှိဘူးဆိုတာ အခုနားက ဆရာမတွက်မိဘူးလား"
>
> ၄)
> လူနာ "အား... နာတယ်ဗျာ"
> ဆရာဝန် "အပ်က ခင်ဗျားအသားကိုတောင် မထိရသေးဘူး"
> လူနာ "ဒါပေမယ့် ကျွန်တော့်ခြေထောက်ကို ဆရာနင်းထားတယ်ဗျာ"
>
> ၅)
> အမွှာလေးနှစ်ယောက်ကို ရေချိုးပေးပြီး အမေလှည့်ထွက်မယ်အပြုမှာ ကလေးနှစ်ယောက်ဆီက ရီသံကို ကြားလိုက်တယ်။
> အမေ "ဘာလို့ ရီတာလဲ"
> အမွှာထဲကတစ်ယောက် "ကိုကို့ကို မေမေ ရေနှစ်ခါချိုးပေးပြီး သားကိုတော့ ချိုးမပေးဘူး"

.................။..............

(၁)
>
> မောင်... ချစ်သူများနေ့မှာ ခင့်ကို ဘာလက်ဆောင်ပေးရင် ကောင်းမလဲ?
>
> မ...... ခင်ကလေ အရုပ်အကြီးကြီးကို အရမ်းကြိုက်တာပဲ။ နောက်ပြီး ပြင်သစ်ရေမွှေးဆို အသဲစွဲပဲ။ စိန်ဆိုတာ တည်မြဲခြင်းတဲ့။ နောက်ပြီး....
>
> မောင်..... နေပါအုန်း ခင်။ ခင်ကြိုက်တဲ့ အထဲမှာ ဈေးပေါတဲ့ပစ္စည်း မရှိဘူးလား?
> မ...... ရှိတယ်။ မောင်ပဲလေ...
>
> (၂)
> မောင်.... တကယ်လို့ ဖေဖေက မောင့်ကို အမွေတွေအများကြီး ပေးခဲ့မယ်ဆိုရင် မောင့်ကို ခင်လက်ထပ်မလား?
> မ...... မောင့်အတွက် အမွေကို ဘယ်သူပေးခဲ့ပေးခဲ့ မောင့်ကို ခင်လက်ထပ်မှာပါ။
>
> (၃)
> ပဲရစ်မြို့က ကော်ဖီဆိုင်တစ်ဆိုင်မှာ ပြင်သစ်စုံတွဲတစ်တွဲ ထိုင်နေတယ်။ ကောင်လေးက ကောင်မလေးကို စူးစိုက်ကြည့်လို့... ကောင်မလေးက ရှက်သွေးတွေဖြာလို့.. ရုတ်တရက် ကောင်လေးက ကောင်မလေးကို "ခင့် ဖေဖေက သူခိုးလား" လို့ မေးတော့ ကောင်မလေးက ပျာပျာသလဲ....
>
> "အိုး.. မဟုတ်ရပါဘူး။ ခင့်ဖေဖေက ရဲသားရှင့်။ ဘာဖြစ်လို့ အဲဒီလို မေးရတာလဲ"
>
> "ခင့်ဖေဖေက သူခိုးမဟုတ်ခဲ့ရင် ဘယ်လိုလုပ်ပြီး ခင်မျက်လုံးထဲ ကောင်းကင်ကကြယ်တွေကို ခူးထည့်ပေးခဲ့ ရတာလဲ"
>
> တရုတ်ပြည်ရှိ ကျောင်းသားတစ်ယောက်က အထက်ပါ ပုံပြင်ကိုနားထောင်ပြီး သူ့ကောင်မလေးကို သွားရှာခဲ့တယ်။ ကောင်လေးက ကောင်မလေးကို စူးစိုက်ကြည့်ပြီး မေးလိုက်တယ်။
>
> "ခင့်ဖေဖေက အဆောက်အဦး အင်ဂျင်နီယာလားဟင်"
> "မဟုတ်ရပါဘူး။ ဖေဖေက ဆရာဝန်ပါ.. ဘာဖြစ်လို့လဲ"
> "အဆောက်အဦး အင်ဂျင်နီယာ မဟုတ်ခဲ့ရင် ဘယ်လိုလုပ်ပြီး ခင့်ရင်ဘတ်မှာ လေယာဉ်ကွင်းတစ်ကွင်း ဆောက်ပေးခဲ့ရတာလဲ"
>
> (၄)
> ဦးနှောက်မရှိတဲ့ မိန်းမကို ဘုရားသခင်က သူ့အတွက် ကိုယ်လုံးလှအောင် ဖန်ဆင်းပေးသတဲ့။ ကိုယ်လုံးမလှတဲ့ မိန်းမကို ဘုရားသခင်က ဦးနှောက်ထက်မြက်အောင် ဖန်ဆင်းပေးသတဲ့။
>
> တကယ်လို့ ဦးနှောက်လဲမရှိ ကိုယ်လုံးလဲ မလှခဲ့ရင်ကော...?
>
> အဲဒီမိန်းမအတွက် ကံဆိုးတဲ့ ယောက်ျားတစ်ယောက်ကို ဘုရားသခင်က ပေးလိုက်မယ်။

.................။..............

၁)
> တစ်ခါက လူတစ်ယောက်ဟာ မိတ်ဆွေတစ်ဦးရဲ့ အဘွားနေမကောင်းတာကို သတင်းမေးဖို့ ရောက်သွားခဲ့တယ်။ သတင်းမေးနေတုန်းမှာ သူက စားပွဲခုံပေါ် တင်ထားတဲ့ မြေပဲဆံတွေကို ယူစားတော့တယ်။ သတင်းမေးပြီး အိမ်ပြန်ခါနီး အဘွားကို မြေပဲဆံတွေအတွက် ကျေးဇူးတင်ကြောင်းပြောတော့ အဘွားက "အေး.. အဘွားလဲ အသက်ကြီးတော့ မ၀ါးနိုင်တော့တာနဲ့ အဲဒီမြေပဲဆံ အပြင်က ကပ်ထားတဲ့ ချောကလက်တွေလောက်ပဲ စုပ်စားနိုင်တော့တယ်ကွဲ့" ဟူတည်း။
>
> ၂)
> ဆရာမတစ်ဦးက မူကြိုကလေးတွေကို အိမ်မွေးတိရိစ္ဆာန် အခေါ်အဝေါ်တွေ သင်ပေးနေတယ်။
>
> ဆရာမ " ခြေနှစ်ချောင်းနဲ့ အိမ်မှာမွေးတဲ့ အကောင်တစ်မျိုးရှိတယ်။ မနက်မိုးလင်း နေထွက်တာနဲ့ အိမ်ရာထတော့လို့ ကလေးတို့ကို ထခိုင်းတတ်တယ်။ မထမချင်းလည်း အော်နေတတ်တယ်။ အဲတာ ဘာအကောင်လဲ သိလား"
>
> ကလေးတွေက ဘာအကောင်မှန်း မသိလို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြတယ်။ အဲဒီအချိန်မှာ ကလေးတစ်ယောက်က ထအော်လိုက်တယ် "မေမေ" တဲ့။
>
> ၃)
> ကင်ဆာရောဂါနဲ့ သေတော့မယ် လူတစ်ယောက်ကို သားဖြင့်သူက
> "ကင်ဆာရောဂါ ဖြစ်နေတာကို ဘာဖြစ်လို့ သတင်းလာ မေးသူတိုင်းကို အေအိုင်ဒီအက်စ် ဖြစ်နေတယ်လို့ ပြောရတာလဲ ဖေဖေ" လို့ မေးတော့ အဖေဖြစ်သူ ဖြေလိုက်တာက
> "ဒါမှ ငါသေသွားရင် မင်းအမေကို တစ်ခြားလူ မကြံမှာပေါ့ကွ" ဟူတည်း။
>
> ၄)
> "အာဒံနဲ့ ဧ၀သာ တရုတ်ဖြစ်ခဲ့ရင် ငါတို့တွေ ကောင်းကင်ဘုံ ရောက်နေကြမယ် ထင်တယ်နော်"
> "ဘာဖြစ်လို့လဲ"
> "သူတို့သာ တရုတ်ဖြစ်ခဲ့ရင် ပန်းသီးကို မစားဘဲ မြွေကိုပဲ စားလိုက်မှာလေ"
>
> ၅)
> တစ်ခါက သဲကန္တာရမှာ ဆာလောင်ပြီး သေလုနီးနီး ဖြစ်နေတဲ့ လူမဲတစ်ယောက်ဟာ နတ်မီးခွက်တစ်လုံး ကောက်တွေ့သတဲ့။ မီးခွက်ကို ပွတ်လိုက်တော့ မီးခွက် စောင့်နတ်က ထွက်လာပြီး လိုရာဆု သုံးဆုကို တောင်းခိုင်းလိုက်တယ်။ သူက ခဏလောက် စဉ်းစားပြီး
> (၁) နေ့တိုင်း ရေသောက်ရပါစေ
> (၂) လူဖြူတစ်ယောက် ဖြစ်ရပါစေ
> (၃) နေ့တိုင်း ကောင်မလေးတွေရဲ့ တင်ပါးကို မြင်ရပါစေ
> လို့ ဆုတောင်းလိုက်တာနဲ့ ဘုန်းဆိုတဲ့ အသံနဲ့အတူ အဲဒီလူမဲဟာ......
> --------
> --------
> --------
> --------
>
>
> အိမ်သာအိုးတစ်လုံး ဖြစ်သွားသတဲ့
>
>
> ရီရလား မရီရလားတော့ မသိဘူး။ ကျွန်မက ပျင်းရင်၊ စိတ်ညစ်ရင် ဟာသတွေ တင်တဲ့ဆိုက်ထဲ ၀င်ဝင် ဖတ်တတ်တယ်။ ခုဖတ်မိတာလေးတွေကို မျှဝေလိုက်ပါတယ်။ ပြုံးပျော် ရယ်မောနိုင်ပါစေး)

............။...........

>
> တစ်နေ့မှာ လယ်သမားတစ်ဦးရဲ့ လယ်ထဲ ပန်းကန်ပြားပျံတစ်စီး ဆင်းသက်လာတယ်။ ပန်းကန်ပြားပျံထဲကနေ ဂြိုလ်တစ်ကောင် ထွက်လာပြီး လယ်သမားနဲ့ စကားပြောတယ်။ ဘာသာစကားချင်း မတူတော့ ခြေလက် အမှုအရာတွေနဲ့ စကားပြောတော့တယ်။
> ဂြိုလ်သားက လယ်သမားကို လက်ညှိုးထောင်ပြလိုက်တယ်။
> လယ်သမားက ပြန်ပြီး လက်ညှိုးကို အောက်စိုက်ပြလိုက်တယ်။
> ဂြိုလ်သားက ထပ်ပြီး လက်ညှိုးသုံးချောင်း ထောင်ပြလိုက်တယ်။
> လယ်သမားက ငါးဆယ်ပုံသဏ္ဍာန် လုပ်ပြလိုက်ပြန်တယ်။
> ဂြိုလ်သားက ထပ်ပြီး လက်မနဲ့လက်ညှိုးကို ထောင်ပြီး (7)ပုံ လုပ်ပြလိုက်တယ်။
> လယ်သမားက လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်ကို ပွတ်ပြလိုက်တော့ ဂြိုလ်သားက ပြေးပါလေရော..
>
> လယ်သမားက အိမ်ရောက်တာနဲ့ သူ့မိန်းမကို "ရှင်မရေ.. ဒီနေ့လယ်ထဲမှာ လူထူးဆန်းတစ်ယောက် တွေ့ခဲ့တယ်ကွ၊ ငါတို့စိုက်ထားတဲ့ အပင်တွေ မိုးပေါ်က ကျလာတာလားလို့ မေးတော့ ငါက မဟုတ်ဘူး မြေကြီးကနေ ထွက်လာတာလို့ ပြောလိုက်တယ်။ သူက ၃ ပိဿာကို ဘယ်လောက်လဲ မေးတော့ ငါက ၅၀ လို့ပြောလိုက်တာ။ သူက ခုနှစ်ပိဿာ ဘယ်လောက်လဲ ထပ်မေးတော့ ငါက ပိုက်ဆံရေနေတဲ့ ပုံစုံနဲ့ ပိုက်ဆံ အရင်ယူလာခဲ့လို့ ပြောလိုက်တာ မ၀ယ်ဘဲ ထွက်ပြေးသွားတယ်"
>
> ဂြိုလ်သားလည်း ဂြိုလ်ပေါ် ပြန်ရောက်ပြီး " ကြောက်စရာကောင်းတဲ့ လူတစ်ယောက်ကို ကျုပ် ဒီနေ့တွေ့ခဲ့တယ်။ ကျုပ်မိုးပေါ်က လာတယ်လို့ ပြောတော့ သူက မြေကြီးထဲက လာတာတဲ့။ ကျုပ် လူသုံးယောက် သတ်ဖူးတယ်ပြောတော့ သူက လူအယောက် ၅၀ သတ်ဖူးတယ်တဲ့။ ကျုပ်က သေနတ်နဲ့ ပစ်သတ်လိုက်တာလို့ ပြောလိုက်တော့ သူက သူ့လက်နဲ့ ဖိသတ်လိုက်တာတဲ့။ ကျုပ်လဲလန့်ပြီး လစ်တော့တာပဲ"
>
> သူ့စကား (ငါ)လူမသိ
> (ငါ့)လူ့စကား သူမသိ
> သနားပါဘိ... သူငယ်တန်းတုန်းက သင်ခဲ့ဖူးတဲ့ ကဗျာလေးပါ။ တစ်ခါတလေမှာ ဘာသာစကား အခက်အခဲကြောင့် တစ်ဦးနဲ့တစ်ဦး နားလည်မှုကွဲလွဲပြီး အကောင်းက အဆိုးကို ပြောင်းသွားနိုင်ပါတယ်။
>
> တစ်ခါက ယူနန်လူမျိုး တရုတ်ကြီးတစ်ယောက် တံမြက်စည်းရောင်းနေတဲ့ ဗမာမဆီမှာ တံမြက်စည်း သွားဝယ်ပါတယ်။
> "အစ်မ.. စောက်ပါး ဘယ်လောက်လဲ"
> "ဘာ.. ရှင့်"
> "ခင်ဗျားစောက်ပါး ဘယ်လောက်ရောင်းသလဲလို့ မေးနေတာ"
> "ဟဲ့.. သေနာ.. နင် ငါ့ကို ဘာအစားများ မှတ်နေတာလဲ"
> ဗမာမက လက်ဖ၀ါ

...................။............

> နိုင်နိုင်းစနေ

ချစ်သူရာထူးမှ နုတ်ထွက်ခြင်း

click to comment
click to comment

ကျွန်တော်မျိုး တာဝန်ထမ်းဆောင်သည့် တစ်နှစ်သာကာလအတွင်း သခင်အပါး အမြဲခစား
လေ့လာသင်ယူခဲ့၏။ အမိန့်တော် နာခံခဲ့၏။ သခင့်အလို အမြဲဖြည့်ဆည်းခဲ့၏။
နေကောင်းကျန်းမာပါသလားဟု အမြဲ မေးမြန်းလျှောက်တင်ခဲ့ရ၏။

တာဝန်ထမ်းဆောင်စဉ် ကာလအတွင်း အချစ်ခံရသူအဖြစ် သခင်ခံစားစေရန်
ကျွန်တော်မျိုးမှာ စောင့်စားခြင်း၊ ကြိုပို့ခြင်း၊ အဖော်လုပ်ခြင်း စသည်
အလုပ်များကို လုပ်ခဲ့သည့်အပြင် သခင်ဝယ်သမျှ အသပြာလိုက်လံ ပေးဆပ်ခဲ့ရ၏။
သခင်စိတ်တော် မညိုးနွမ်းအောင် မကြာခဏ လက်ဆောင်ပဏ္ဍာ ဆက်သရ၏။

ချစ်သူဟူသော တာဝန်ကို ထမ်းဆောင်စဉ် စိတ်နှလုံးကြီးမြတ်ရ၏။
နွေးနွေးထွေးထွေး ဆက်ဆံရ၏။ ဂရုတစိုက် ယုယရ၏။ တစ်ခြားအမျိုးသားများနှင့်
သခင်စကားလက်ဆုံကျလျှင် (သို့) သူတို့ကိုတော်ကြောင်း၊ တတ်ကြောင်း
သခင်ချီးကျူးလျှင် မနာလို ဝန်တိုစိတ်မရှိရ။

တာဝန်ထမ်းဆောင်နေစဉ် အမှားလုပ်ခဲ့မိလျှင်သော် လည်းကောင်း၊ သခင်နှင့်
အငြင်းပွားမိလျှင်သော် လည်းကောင်း ကျွန်တော်မျိုးအား အလုပ်ထုတ်ရန်
သခင်အမိန့်ချ ဆုံးဖြတ်ခဲ့သော်လည်း နောင်နောက် ၄င်းအမှားမျိုး
မလုပ်မိအောင် ကျွန်တော်မျိုး ဆင်ခြင်ပါ့မည်ဟု ဝန်ခံဂတိပေးပြီး ဤတာဝန်ကို
ဆက်လက်ထမ်းဆောင်ခဲ့၏။

တစ်နှစ်သာကာလအထိ ဤတာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်အောင်
အခွင့်အရေးပေးခဲ့သော သခင်အား ကျေးဇူးတင်လှပါသည်။

သို့သော် ဤတာဝန်သည် ကျွန်တော်မျိုးနှင့် မအပ်စပ်လှသောကြောင့်
ကျွန်တော်မျိုးအား သူငယ်ချင်းအဆင့်သို့ လျှော့ချပေးပါရန်
တောင်းဆိုလျှောက်တင်ပါသည်။

သူငယ်ချင်းများနှင့် ရယ်ရယ်မောမော သခင်ပျော်ပါး၏။ မကြာခဏ သူတို့နှင့်
သခင် တွေ့ဆုံစားသောက်၏။ ထိုသူငယ်ချင်းများကို ကျွန်တော်မျိုး အားကျပါသည်။
သူငယ်ချင်း တာဝန်မှာ သခင့်အပါး အမြဲခစားစရာ မလို။ ယခုဖုန်းဆက်
ယခုအပါးတော် ရောက်စရာမလို။ ကြိုပို့စရာ မလို။ ငွေရှင်းစရာ မလို။
လက်ဆောင်ပဏ္ဍာ ဆက်သရန် မလို။ သခင် မျက်ကွယ်ပြုမှု ခံစရာမလို။ နေခြည်ပမာ
ကြည်လင်သော သခင့်အပြုံးကို သူတို့ အမြဲ ဖူးမြင်ရ၏။ ချိုသာသော
သခင့်စကားကို သူတို့နားဆင်ရ၏။

သို့သော် ချစ်သူတာဝန်ကို ထမ်းဆောင်ထားရသော ကျွန်တော်မျိုး၏ တာဝန်မှာ
တစ်နေ့တစ်ခြား ကြီးလေးလာသည့်အပြင် ကောင်းမွန်သော ဆက်ဆံမှုမျိုး မရရှိခဲ့၊
ထိုကဲ့သို့ ချစ်ခင်နှစ်လိုသော စကားများ မကြားခဲ့ရ၊ သူငယ်ချင်းထက်ပိုသော
ဂရုစိုက်မှုမျိုး မခံစားခဲ့ရ၊ လက်ဆောင်ပဏ္ဍာ ပေးသနားခြင်းလည်း
မရှိခဲ့၊........ ၊ ......

ထို့ကြောင့် ချစ်သူရာထူးမှ နုတ်ထွက်ပြီး သူငယ်ချင်းအဆင့်သို့
လျှော့ချပေးပါရန် အနူးအညွှတ် တောင်းဆိုအပ်ပါသည်။


"ရာထူးနုတ်ထွက်သူအား ပြန်ကြားစာ"

ချစ်သူရာထူးမှ နုတ်ထွက်ပြီး သူငယ်ချင်းအဆင့်သို့ လျှော့ချပေးရန်
လျှောက်တင်ထားသော အသင်၏ စာအား ဖတ်ရှုပြီးနောက် အထက်လူကြီး
အုပ်ထိန်းသူမိဘများနှင့် အစည်းအဝေးပြုလုပ်ခဲ့သည်။ ရှင်းလင်းချက်မှာ
အောက်ပါအတိုင်းဖြစ်သည်။

အသင်လာရောက် တွေ့ဆုံမေးမြန်းစဉ်က ချစ်သူဟူသည့် တာဝန်ဖြစ်သည်။ သူငယ်ချင်း
မဟုတ်ဟု အလုပ် စလျှောက်စဉ်က အသင်တောင်းဆိုခဲ့သည်။ အသင်အား
စမ်းသပ်ကာလမှာပင် အသင်၏ တာဝန်ယူညံ့ဖျင်းမှုကြောင့် အလုပ်ထုတ်ခံရလုနီးနီး
ဖြစ်ခဲ့သော်လည်း ကြိုးစားစွမ်းဆောင်ပြီး အမှုတော်ထမ်းပါမည်ဟု အသင်၏
ဝမ်းနည်းပက်လက်တောင်းဆို ဝန်ခံဂတိပေးမှုကြောင့် ဤရာထူးကို ခန့်အပ်ခဲ့သည်။

ချစ်သူဟူသည်မှာ အချိန်ပြည့် အလုပ်ဖြစ်သည်။ အချိန်ပိုင်းအလုပ်ဖြစ်သည့်
သူငယ်ချင်းနှင့်မတူပေ။ ထို့ကြောင့် အလုပ်တာဝန်မှာ သူငယ်ချင်းထက်
ပိုများရခြင်းဖြစ်သည်။ ထို့အတူ လစာနှင့် ခံစားထိုက်သည့်
အခွင့်အရေးမှာလည်း သူငယ်ချင်းထက် ပိုခဲ့သည်။ ဥပမာ- ပွေ့ဖက်ခြင်း၊
နမ်းရှုံ့ခြင်း၊ အထက်အကြီးအကဲ မိဘများနှင့် ညစာအတူစားခြင်း ... စသည့်စသည့်
အခွင့်အရေးများအပြင် အဘိုး၊ အဖေ၊ လင်ယောက်ျားအဖြင့်သို့
ရာထူးတက်နိုင်သေးသည်။ ဤသည်မှာ သူငယ်ချင်းများ လုံးဝမရနိုင်သော
အခွင့်အရေးဖြစ်သည်။

နောက်ဆုံးပြောကြားလိုသည်မှာ ယခုလက်ရှိ သူငယ်ချင်းနေရာတွင် နေရာလွတ်
မရှိသေးပေ။ ချစ်သူနေရာကိုလည်း လစ်ဟင်းထား၍မဖြစ်။ ထို့ကြောင့်
ချစ်သူနေရာတွင် လူစားရှာမရသရွေ့ (သို့) တာဝန်ထမ်းဆောင်လိုသူ မရှိသရွေ့
အသင်အား အရံနေရာသို့ ပြောင်းရွေ့ထားမည်ဖြစ်သည်။ အရံဟူသည်မှာ သခင့်အပါး
နေ့တိုင်းခစားစရာ မလိုသောကြောင့် တာဝန်နှင့်ဖိစီးနေသော အသင့်စိတ်အား
ခေတ္တခဏ ဖြေဖျောက်နိုင်သည်။

ချစ်သူ့တာဝန်အား လွဲပြောင်းသူပေါ်လာမှ အသင့်အား လိုအပ်သည့်နေရာ - ဥပမာ-
သူငယ်ချင်းနေရာသို့ ပြောင်းရွေ့ပေးမည်။ သို့မဟုတ် အသင်သဘောနှင့် အသင်
လုံးဝထွက်ခွာမည်ဆိုလည်း ရ၏။ ကိုယ့်သဘောနှင့်ကိုယ် ထွက်ခွာခြင်းသည်
လျှော်ကြေးမရကြောင်း အသိပေးအပ်ပါသည်။

"တိတ်တခိုးအချစ်"

click to comment

ချစ်မိကြောင်းတွေ ပြောချင်ပေမဲ့
ရှာဖွေသိမ်းထား ချစ်စကားက
နှုတ်ဖျားဆွံ့အနေခဲ့တယ်။
မခွဲတူယဉ် ၊ ချစ်ချင်ပေမဲ့
နှောင်ဖွဲ့ရင်တွင်း ၊ အားငယ်ချင်းက
မာန်တင်းရန်စက် ၊ လမ်းတ၀က်မှာ
စက်ရပ်တုန့်ဆိုင်းစေခဲ့တယ် ။
ပါးအပ်ကြည်ရွင် ၊ နမ်းချင်ပေမဲ့
ယဉ်နွဲပွင့်လန်း အချစ်ပန်းကို
နွမ်းသွားမှာလည်း စိုးမိတယ် ။
နေသာနေတုန်း
အချစ်ဆုံးရဲ့ အပြုံးတွေ
မရေမရာ ကြွေကာပြုန်းလို့
တိမ်ဖုံးကွယ်ပျောက် အဆိပ်နှောက်သည့်
အမုန်းကိုလည်းကြောက်မိတယ်

Tuesday, September 16, 2008

ရည်းစားဟောင်းနဲ့ဆုံတွေ့သော်

(၁) ရည်းစားဟောင်းနဲ့တွေ့ရင် မသိချင်ယောင်ဆောင်နေပါ။



(၂) အလိုက်မသိ စကားလာပြောပါက ပါးပိတ်ရိုက်ပါ။



(၃) ပြန်ပြီးဆက်သွယ်မယ့် အရိပ်အယောင်တွေ့ရင် စေ့စေ့ကြည့်ပြီး အရှက်နည်းလှချည်လားဟု ပိတ်ပြောပစ်ပါ။



(၄) ရည်းစားဟောင်းအကြောင်း လာပြောသူများရှိရင် သူ့ထိုက်နဲ့သူ့ကံပဲဟု သနားသောလေသံဖြင့်ပြောပါ။



(၅) ရည်းစားဟောင်းကို တစ်ခါတစ်လေအိပ်မက်မက်ပါက ငါကံဆိုးလိုက်လေခြင်းဟု ညီးတွားပါ။



(၆) ရည်းစားဟောင်းအိမ်နားမှ မတတ်သာ၍ ဖြတ်သွားရရင်တောင် ဆိုးလိုက်တဲ့လမ်းဟု သုံးခါတိတိ ရေရွတ်ပါ။



(၇) ရည်းစားဟောင်းကို ပြန်ပြီးစိတ်ဝင်စားချင်လာပါက ငါစိတ်ကစားတာနေမှာပါလေဟု ကိုယ့်ကိုယ်ကို ပြန်ဆုံးမပါ။



(၈) ရည်းစားဟောင်းနှင့် သွားခဲ့ဖူးသောနေရာများရောက်မိ၍ သတိရချင်သလိုလိုဖြစ်လာပါက ၀ဋ်ကြွေးတွေ ပြေပါစေတော့ဟု ထပ်ခါတလဲလဲ ဆုတောင်းပါ။



(၉) ရည်းစားဟောင်းဆီမှ လက်ဆောင်ပစ္စည်းအချို့ လက်ခံရရှိပါက သြော်…. တစ်ခါတစ်လေတော့လည်း ရှိပါစေတော့ဟု စဉ်းစားပြီး ခပ်တည်တည်လက်ခံထားလိုက်ပါ။



(၁၀) ရည်းစားဟောင်းကို အခုထိချစ်နေမိတုန်းပဲဟု သေချာသွားပါက တိန်..တိန်.. တိန် ဟု သုံးခါအော်၍ ကိုယ့်ကိုယ်ကို သတ်သေပစ်လိုက်ခြင်းသာ အကောင်းဆုံးဖြစ်ပါသည်။

ကိုယ်ဘယ်နေ့  သေမလဲ သိချင်ကြပါသလား

ဒီဆိုဒ်လေးကို သွားကြည့်ပါ
မှန်မမှန်တော့ မသိဘူးနော...
အပျော်ပေါ့...။။

http://www.deathclock.com/index.cfm

သက္ကရာဇ်တစ်ချို့က ...ပန်းပွင့်များ

click to comment
သက္ကရာဇ် တစ်ချို့က တစ်ပွင့်ပြီးတစ်ပွင့်ကြွေချ.... ငါ့မလှမ်းမကမ်းမှာ ရှိနေတဲ့ ရက်စွဲလေးတစ်ခုက လှလှပပလေး ဘောင်ခတ်ထားလေရဲ့... အမြင်တွေေ၀၀ါးနေဆဲ.... အသိတွေ မှောင်မိုက်နေဆဲ... အမှန်တရားအချို့အတွက် ငါ့နှုတ်ခမ်းတွေ ဆွံ့အနေဆဲ....



နေကြာဆိုတာ အပူကိုကြိုက်တဲ့ ပန်းကလေးပါတဲ့.....



ငါက ကားကားစွင့်စွင့် ပွင့်တတ်တဲ့ ပန်းကလေးလည်းမဟုတ်ခဲ့.... နေရောင်အကူနဲ့ ခေါင်းထောင်တတ်တဲ့ အငှားလင်းတတ်တဲ့သူလည်း မဟုတ်ခဲ့ပါဘူးကွယ်.... ရိုးတံတွေ ရှည်ကောင်းရှည်ပါလိမ့်မယ်... ကျိုးမကျဖို့တော့ ငါ့နည်းနဲ့ငါ တောင့်ခံတတ်ပါတယ်.... အလှတစ်ခုနဲ့ လူတွေကိုလည်း မဖျားယောင်းခဲ့ပါဘူး... ဘုရားစင်ပေါ်တင်ထားရလောက်အောင်တော့ ငါကမကြီးမြတ်ဘူးပေါ့... ဒါပေမယ့် ငါလည်းပန်းကလေးတစ်ပွင့်ပါပဲ...



နေကြာဆိုတာ အပူကိုကြိုက်တတ်တဲ့ ပန်းကလေးပါတဲ့...



ခေါင်းတထောင်ထောင်နဲ့ လေတိုက်တိုင်းယိမ်းတတ်တဲ့ သူလိုငါလို ပန်းပါပဲ... ဘာမှတော့ပိုပြီး မထူးခြားဘူးပေါ့ကွယ်... အစွမ်းကုန်ပွင့်ဖို့ ပျိုးထောင်ပေးရင် အစွမ်းကုန်ပွင့်ပါတယ်... ဘာကြောင့်ပျိုးသလဲ... ဘာကြောင့်ပွင့်ခိုင်းသလဲတော့ ပြန်မမေးတတ်တဲ့ ပန်းကလေးပါ... သူသိတာက သူစွမ်းအားရှိသလောက် သူပွင့်ပေးမယ် အဆီတွေ အနှစ်တွေ ထုတ်ပေးမယ်... စားသုံးကြပါကွယ်....လူသားတွေစိတ်ကျေနပ်မှု တစ်ခုအတွက်.. သူ့အသွေးအသားအသက်တွေ ပေးရလောက်အောင် ကြီးမြတ်ပေးတဲ့ပန်းကလေးပါပဲ...



နေကြာဆိုတာ အပူကိုကြိုက်တတ်တဲ့ ပန်းကလေးပါတဲ့...



အပိုင်းပိုင်းချိုးကြ ၊ ခပ်ကြမ်းကြမ်းတိုက်ကြ၊ အဆီအနှစ်တွေထုတ်ကြ၊ ငါဝတ်မှုန်တွေ စားသုံးကြ၊ ကျေနပ်နိုင်ကြပြီလား... ပျော်ရွှင်နိုင်ကြပြီလား... လိုအင်ဆန္ဒတွေပြည့်ဝနိုင်ကြပြီလား... အောင်မြင်နိုင်ကြပြီလား... အပိုင်းပိုင်းလဲလျောင်းနေရတဲ့ ခေါင်းငိုက်စိုက်နဲ့... သူလိုကိုယ်လိုပန်းပွင့်ကလေးတွေ ငြိမ်းချမ်းသွားကြပြီလား... စားသုံးမှုတစ်ခုအတွက် ပူပေးခဲ့ရတဲ့အဖြစ်တွေက ကင်းလွတ်ခွင့်ရကြပြီလား...



ခေါင်းထောင်နေတိုင်းလည်း ပျော်ရွှင်နေတယ်... ၀င့်ကြွားနေတယ်... အောင်မြင်နေတယ်လို့ မသတ်မှတ်ကြပါနဲ့ကွယ်... နေကြာဆိုတာ အပူကြိုက်တာမှန်ပါတယ်... ဒါပေမယ့် မျက်ရည်တွေ နာကျင်မှုတွေ ခံစားမှုတွေ အားလုံးကိုပိုက်ထွေးပြီး အပူကြားမှာ ဟန်လုပ် ခေါင်းထောင်နေတဲ့ ခပ်မိုက်မိုက် ပန်းကလေးတွေပါ....



သူလည်း တခြားပန်းကလေးတွေလို မြတ်မြတ်နိုးနိုး ပန်ဆင်ခွင့် လိုချင်သူပါ....



သူလည်း တခြားပန်းကလေးတွေလို အိမ်ဦးခန်းက ဘုရားစင်လေးတွေမှာ နေချင်သူပါ....



သူလည်း တခြားပန်းကလေးတွေလို ပန်းစည်းလှလှလေးတွေကြားမှာ စံမြန်းချင်သူလေးပဲပေါ့...



အားလုံးကတော့ တညီတညွှတ်တည်း သတ်မှတ်ကြတယ်.... နေကြာဆိုတာ အပူကိုမှ ကြိုက်တဲ့ပန်းကလေးပါတဲ့......



သက္ကရာဇ် တစ်ချို့က တစ်ပွင့်ပြီးတစ်ပွင့်ကြွေချ.... ငါ့မလှမ်းမကမ်းမှာ ရှိနေတဲ့ ရက်စွဲလေးတစ်ခုက လှလှပပလေး ဘောင်ခတ်ထားလေရဲ့... အမြင်တွေေ၀၀ါးနေဆဲ.... အသိတွေ မှောင်မိုက်နေဆဲ... အမှန်တရားအချို့အတွက် ငါ့နှုတ်ခမ်းတွေ ဆွံ့အနေဆဲ....

သူမ၏ ဒိုင်ယာရီ

click to comment

ကျွန်တော် ကျောင်းထဲကို အပြေးဝင်လာမိသည်.. ချိန်းထားတာ နောက်ကျတော့မည်…. သူစိတ်ဆိုးသွားလို့ မဖြစ်… သူ ကျွန်တော်ကို စိတ်မဆိုး တတ်ဘူးဆိုရင်တောင်… ကျွန်တော် သူ့ကို စိတ်ကသိကအောက်ကလေးတောင် မဖြစ်စေချင်… သူကို ကျွန်တော် ပျော်စေချင်သည်.. သူအနားကျွန်တော် နေချင်သည်…. သို့သော် .. ကျွန်တော် သူနဘေး နေရာလေးနှင့် မထိုက်တန်.. ကျွန်တော် က မနက်ဝယ် ညရိုး စိတ်ထားမျိုးရှိတဲ့ အရာရာကို အရိုးလွယ်တဲ့ကောင်… သူကတော့ တစ်သက်မှာ တစ်ယောက် ဆိုလောက်အောင်.. အချစ်ကို တန်ဖိုးထားတဲ့သူ …. ထားခဲ့သူကိုတောင် အပြစ်မမြင် ဆက်ချစ်မယ့်သူ.. သူ့အချစ်ကို သူတန်ဖိုးထားသလို ကျွန်တော်လဲ တန်ဖိုးထားသည်…. ထို့ကြောင့် မတည်ငြိမ်တဲ့ ကျွန်တော် အချစ်ကို ဘေးဖယ်.. သူ့ဘေးနား သူငယ်ချင်း ဘ၀နဲ့ပဲနေချင်တော့သည်…



ထင်တဲ့အတိုင်း နောက်ကျခဲ့ပါသည်….သို့သော် ကျွန်တော် ထင်သလို သူငယ်ချင်းများမရှိ.. သူနဲ့ကျွန်တော် နှစ်ယောက်တည်းသာဖြစ်နေသည်… ကျွန်တော် အသင့်ပါလာတဲ့ သူ့အတွက်လက်ဆောင် ကျွန်တော်ပေးလိုက်သည်.. သူ့ အတွက် ၁၈ နှစ်ပြည့် မွေးနေ့လက်ဆောင်ပေါ့…. သူ ဖွင့်ကြည့်သည်… သူလိုချင်သော အရုပ်ကလေးပါ… သူကြည်နူးသွားသည်.. သူသိပ်ပျော်သွားသည်.. ကျွန်တော်တို့ နှစ်ယောက်တည်းလျှောက်သွားကြသည်… ရုပ်ရှင်ကြည့်ကြသည်.. မုန့်ဝယ်စားကြသည်…. ထိုနေ့ သည် ကျွန်တော့် ဘ၀အတွက် တသက်တာ မေ့မရမဲ့ နေ့ရက်လေးပါပဲ….



နှစ်တွေ တစ်နှစ်ပြီးတစ်နှစ်ပြောင်းပေမယ့် .. သူဘေးနား ကျွန်တော် သူငယ်ချင်းတစ်ယောက်အဖြစ် မပြောင်းမလဲ ရှိနေခဲ့သည်…. ဆိုးတိုင်ပင် ကောင်းတိုင်ပင် .. သူဘေးနား အပူအပင် တွေ အတူတူ ဝေမျှရင်း .. ကျွန်တော် ပျော်နေခဲ့ဘူးသည်… ကျွန်တော် သူ့အနား နေရင်း ချစ်တယ်လို့ ဖွင့်ပြောမိမှာတော့ စိုးသည်… ဖြူစင်တဲ့ သူငယ်ချင်းအချစ်ကို စော်ကားသည်ဟု သူထင်ပြီး ကျွန်တော့်ကို မုန်းသွားမှာ ကြောက်သလို… ကျွန်တော့်အချစ်ကို သူအချစ်တစ်ခုနှင့် ပြန်လည်တုံပြန်မှာကိုလဲ ကျွန်တော် ကြောက်သည် …ကျွန်တော် ဟာ ရိုးတတ်လွန်သည် မဟုတ်ပါလား.. သူ၏မပြောင်းလဲတဲ့ အချစ်တစ်ခုကို ကျွန်တော့် လက်ထဲ တန်ဖိုးမထားသလို ဖြစ်မှာ ကြောက်နေမိသည်…



နောက် သူ့ကို ဘယ်သူလက်ထဲမှ အပါမခံနိုင်.. ကိုယ် ပိုင်ဆိုင်ခွင့် မရှိသိတိုင်.. သူ ကို ဘယ်သူလက်ထဲမှ ကျွန်တော်စိတ်ချ လက်ချ မထားနိုင်.. ကျွန်တော် လောဘကြီးလာသည်… သူ့ကို ကျွန်တော် ပိုင်ဆိုင်ချင်လာသည် … သို့သော် .. ကျွန်တော်၏ မရေမရာ ဝေး၀ါးနေတဲ့ အတွေးတွေထဲ ကျွန်တော် ဝေခွဲ မရဖြစ်ခဲ့သည်… ပိုင်ဆိုင်ခွင့်ရခဲ့လျှင်လဲ ကျွန်တော် သူ့ကို အခုလို တန်ဖိုးမထားတော့မှာ တွေးကြောက်လာသည် … တကယ်တော့ ကျောင်းအတူတူ တက်ခဲ့ကြတဲ့ နှစ်တွေမှာ .. သူ့ကို ဘယ်သူတွေ ၀င်ယူမလဲ.. ဘယ်သူတွေ ကျွန်တော့ ဘ၀ထဲကနေ သူ့ကို ဆွဲထုတ်သွားမလဲ … ကျွန်တော် တွေးကြောက်ခဲ့ရသည် … တကယ်တော့ ကျွန်တော် ဟာ ဒီနှစ်တွေအတွင်း သူနဘေး ကောက်ရိုးပုံ စောင့်ခဲ့သလို ဖြစ်ခဲ့ရသည် ……



နှစ်တွေ ကြာတော့ ကျောင်းနဲ့လဲ ခွဲရပြန်ပြီ.. ကျွန်တော် အခု အချိန်အထိ သူ့သူငယ်ချင်း အဖြစ်ဆက်ရှိနေသေးသည်… ဘွဲ့ယူတဲ့နေက ဖွင့်ပြောဖို့ ကြိုးစားခဲ့သည်… သို့သော် ကျွန်တော် အနှစ်နှစ် အလလ က ၀တ်ချင်ခဲ့သော ဘွဲ့ဝတ်စုံကို ရင်ခုန်ခြင်းမဲ့ ၀တ်လိုက်ရတော့ ကျွန်တော်သိလိုက်သည်…. ကျွန်တော် အနှစ်နှစ် အလလ လိုချင်ခဲ့သော သူ့အချစ်လဲ ကျွန်တော့်လက်ထဲရောက်လာရင် ကျွန်တော် ရင်ခုန်ခြင် မဲ့မည်သာ… ရိုးမည်သာ ဖြစ်တော့သည်… ဒါကြောင့် နောင်တွေ့ဖို့ ခက်မှန်းသိပေမယ့်… ကျွန်တော် အပြုံးမပျက်လမ်းခွဲခဲ့သည်… သူက သူ့အချစ်ကိုတန်ဖိုးထားသည်… ကျွန်တော်လဲ သူ့အချစ်ကိုတန်ဖိုးထားခဲ့ပါသည်…



- (၂) -



ထုံးစံအတိုင်းကျွန်တော် နောက်ကျပြန်ပြီ……. ကျွန်တော် ဆရာကတော့ပွဲ ကို စောရောက်ချင်သည်… မတွေ့တာကြာပြီဖြစ်သော သူငယ်ချင်းများကိုတွေ့ချင်သည်.. အထူးသဖြင့် သူ့ကိုတွေ့ချင်သည်.. နှစ်တွေ ကြာတော့ ဘယ်လိုပြောင်းလဲသွားမလဲသိချင်သည်… သူနဲ့ ကျွန်တော်က တနယ်စီဝေးနေ ခဲ့ကြသည်… တွေ့ချင်သွားခွင့်ရှိပေမယ့်.. တွေ့လျှင် မနေနိုင်.. ချစ်တယ်လို့ပြောမိမှာလဲ .. စိုးနေမိသည်… ဒါကြောင့် သူ့အဝေး ကျွန်တော် နေပြီး.. သူ့အကြောင်းတွေ ကျွန်တော် နားစွင့်နေခဲ့သည်…. တစ်ကိုယ်ထဲ အပျိုကြီး ဘ၀ နဲ့ နေ နေတဲ့ သူနဘေးမှာ ကွန်တော် ဘ၀ကို တည်ဆောက်ချင်သည်…. မျက်နှာချင်းဆိုင် ၁၀ ကြိမ်တောင် မပြည့်တပြည့်တွေ့ခွင့်သာရခဲ့သော ၁၀ နှစ်ကျော်ကာလကိုတောင် ကျွန်တော် နှမြောမိသည်….



အခုတော့ သူ့ကိုတွေ့ခွင့်ရပါပြီ.. ရင်ကျက်တဲ့အလှနဲ့ သူတမျိုးလှနေသည်…. မတွေ့တာကြာ ခဲ့ပြီမို့ ပြောစရာ စကားက သိပ်များနေသည်.. သူနဲ့ မတွေ့ဖြစ်တဲ့နောက်ပိုင်း ကျွန်တော့် အခက်အခဲတွေ သူ့အရှေ့မှာ မငြီးညူချင်.. သူ့ကို အပူတွေ မကူးစက်စေချင် …. ကျွန်တော် သူ့ကို ဘယ်လောက် သတိရကြောင်း ပြောပြချင်သည်.. သို့သော် သင့်တော်ပါမည်လား… သူအကြောင်းတွေလဲ ကျွန်တော် မေးနေမိသည်… သူအဆင်ပြေရဲ့လား… မေခွန်းတွေ သိပ်များသွားတော့ .. သူစိတ်ပျက်သွားမလား… သူ့အရှေ့ရောက်တော့.. ကျွန်တော် အသက်နဲ့ မလိုက်အောင် တည်ငြိမ်မှုတွေ ပျောက်ပျက်ကုန်သည်.. ကျွန်တော် ရင်တွေ ခုန်နေသည်…



မတည်ငြိမ်တဲ့ ကျွန်တော် စိတ်ထဲ တည်တည်ငြိမ်ငြိမ် ဆုံးဖြတ်ချက်တစ်ခု ချမိသည်… ကျွန်တော် သူ့ဆီက လက်ထပ်ခွင့် တောင်းမည်….. ကျွန်တော် အရင်လို အရိုးမြန်အုံးမှာလား… မထင်မိတော့ပါ… ကျွန်တော် နှစ်ပေါင်းများစွာ မေ့မရ..သတိရခဲ့တဲ့သူ့ကို ..ကျွန်တော် တစ်ရက်မှ မရိုးဖူးခဲ့ပါ… ဒါကြောင့် ကျွန်တော် ဆုံးဖြတ်ခဲ့သည်.. ကျွန်တော် ဖွင့်ပြောတော့မည်…. ချစ်တယ်လို့ ဖွင့်ပြောလိုက်မည်.. အသက်အရွယ်အရ သင့်တော်ပါ့မလားလို့ .. မတွေးချင်တော့… နှစ်ပေါင်းများစွာ.. သိမ်းထားခဲ့တဲ့ ဒီအချစ်တစ်ခုကို သူအသိအမှတ် ပြုစေချင်သည်…. သူလက်ခံလျှင် လက်ထပ်မည်… ငယ်တော့သည်မဟုတ်တော့သော ကျန်ရှိတဲ့ သက်တမ်းမှာ ဘ၀ကို သူနဲ့သာတည်ဆောက်လိုတော့သည်… ညတိုင်းကို ကြယ်ပွင့်ပေါင်းများစွာ ရေတွက်ရင်း သူနဲ့သာ အတူတူ ကုန်ဆုံးချင်သည်… နေ့သစ်တိုင်းကို အပြုံးကိုယ်စီနဲ့ အတူတူ နိုးထချင်သည်…



ကျွန်တော့်အတွေးထဲ အိမ်မက် ကမ္ဘာတစ်ခု နဲ့ ကြည်နူးခဲ့ပေမယ့်… ကျွန်တော့်လက်ထဲ ရောက်လာသော ရုပ်ထုလေး တစ်ခုကြောင့် ကျွန်တော့် အတွေးတွေ ပြောင်းလဲသွားပြန်ပြီ…. ကျွန်တော့် သူငယ်ချင်း ယခု ပေးလိုက်သော ကျွန်တော် ငယ်စဉ်ကတည်းက လိုချင်ခဲ့သော …. ဒီနေ့မနက်ကတောင် တောင့်တမိခဲ့သော အရာ.. အခု လက်ထဲ ရောက်လာပြီ.. ကျွန်တော် ပိုင်ဆိုင်ခွင့်ရှိနေပြီ.. နောက်ထပ်တောင့်တစရာ မျော်လင့်စရာ မလိုတော့.. သို့သော်… ထို အရာကို ကျွန်တော် မြတ်နိုးမှုမရှိတော့.. လိုချင်မှုမရှိတော့… အခု… ကျွန်တော် သိလိုက်ပြီ… ကျွန်တော် သူ့ကို ရခဲ့လျှင်လဲ ရိုးသွားမည်သာ… သူ့ကို ကျွန်တော် မရိုးသွားချင်.. ကျွန်တော့် ဘ၀နဲ့ထပ်တူ တန်ဖိုးထားသည်… သူက အချစ်ကို တန်ဖိုးထားသည်… ကျွန်တော် ရိုးသွားလျင် သူခံစားရမည်… ဒီအသက်အရွယ် မှ သူ့ကို စိတ်ဆင်းရဲမပေးချင်တော့.. ကျွန်တော် လက်လျှော့လိုက်ပြီ… ကျွန်တော် ကျေနပ်စွာ နောက်ဆုတ်ခဲ့သည်… ရင်ထဲ က တောင့်တမှုတစ်ခုကို မျိုသိပ်ထားလိုက်ပြီ...



တကယ်တော့ ကျွန်တော် သူ့ကိုပိုင်ဆိုင်ချင်တာထက် … သူပျော်ရွင်တာကို ပိုလိုလားခဲ့သည်… သူ့ကို ကျွန်တော် နဘေးထား စိတ်ဆင်းရဲမှုတွေ ပေးမယ့်အစား … ကျွန်တော် အဝေးမှာ အပူအပင်ကင်းစွာ သူပျော်နေတာပဲ ကြားချင်သည်.. မြင်ချင်သည်.. ကျွန်တော့် ၀မ်းသာမှုထက် … သူ့ပျော်ရွင်မှုက အရေးကြီးသည်…. ကျွန်တော် ကျောခိုင်းခဲ့ပြန်သည်.. နောက်တကြိမ် ဝေးကြရပေအုံးမည်… ဘယ်အချိန် ပြန်တွေ့နိုင်မလဲ မသေချာတော့ ပေမယ့်.. အသေအချာ တစ်ခုတော့ သိနေသည်.. ကျွန်တော် သူ့ကို ချစ်သည်……

(၃)



နောက်ကျတတ်သော ကျွန်တော်ကို ကံကြမ္မာက ဘယ်တော့မှ စောခွင့်မပေးတော့ပြီလား… ဒီခရီး အဝေးကို ကျွန်တော် စောစီးစွာထွက်လာခဲ့သည်.. သို့သော်.. အကြောင်းကြောင်း ကြောင့်လို့ ပြောရအောင် ပြသနာပေါင်းစုံခဲ့သည်… နောက်ဆုံးတော့လဲ ထုံးစံအတိုင်း ကျွန်တော် နောက်ကျခဲ့ပြန်သည်… သူ့ကို မြင်တော့ မျက်ရည်တွေ ဖြေမဆည်နိုင်အောင် ကျွန်တော် ငိုမိသည်… ဒီအသက်အရွယ်ကြီးကျမှ ကျွန်တော် ကလေးတစ်ယောက်လို ၀မ်းနည်းစွာငိုနေရသည်…. သူ အရင်လို လှနေဆဲပါ… အခုအချိန်အထိ သူကျက်သရေအပေါင်းနဲ့ ပြည့်စုံဆဲပါ… သို့သော် သူကို ကျွန်တော် နောက်ထပ်မတွေ့နိုင်တော့… ဘယ်တော့မှ ချစ်တယ်လို့ပြောခွင့်မရှိတော့… သူ့ကို ကျွန်တော် ဘယ်တော့မှ ပိုင်ဆိုင်ခွင့်မရှိတော့… သူဒီကမ္ဘာကြီးကနေ စွန့်ခွာသွားခဲ့ပြီ…. အပြုံးမပျက် မျက်နှာလေးနှင့် လှဲလျောင်းနေသော သူ့ကို ကျွန်တော် နောက်ဆုံးအကြိမ်ကြည့်ပြီး.. ကျွန်တော် ကျောခိုင်းလိုက်သည်…



သူနဲ့ ကျွန်တော် အကြိမ်ပေါင်းများစွာ ဝေးခဲ့ရဖူးသည်… ဒီတကြိမ်တော့ ပြန်မဆုံနိုင်တော့…. အခုဆို သူ့ကို ကျွန်တော် တစ်နေ့မှ မေ့မရအောင် ချစ်ခဲ့တာ နှစ်ပေါင်း ၂၅ ကျော်ပြီ… ကျွန်တော် တစ်နေ့မှ မေ့မရသလို… သူ့ကို မြင်လိုက်တိုင်းအရင်ထက်ပို ချစ်မြဲ… သူအနားမှာ ကျွန်တော် နေချင်မြဲ.. ကျွန်တော့် ဘ၀ကို သူနဲ့ တည်ဆောက်ချင်မြဲ…



အခု ကျွန်တော် လက်ထဲ စာအုပ်တစ်အုပ် သူချန်သွားခဲ့သည်.. ကျွန်တော်နဲ့ ပတ်သတ်သော.. သူ၏ အမှတ်တရပေါ့… အဖြူရောင် အဖုံးလေနဲ့ စာအုပ်လေးကို ကျွန်တော် ယုယစွာကိုင်နေမိသည်… ဒါကျွန်တော့်အတွက် သူချန်ခဲ့သော အရာ… သူရဲ့ အငွေ့အသက်တွေ အများကြီး ရှိမည်… ကျွန်တော် စာအုပ်ကလေးကို ကြည့်ရင်း သူ့ကို ပိုသတိရလာမိသည်… ဘာတွေ ရေးထားမလဲ….



ကျွန်တော် စာအုပ်ကလေးကို ဟိုနဲနဲ ဒီနဲနဲ လှန်ကြည့်လိုက်သည်… နေ့ရက်တိုင်းမရေးထားပေမယ့် .. ကျွန်တော် နဲ့ သူ့အတွက် အမှတ်ရမယ့် နေ့ရက်တိုင်း ကို သူ တစ်ရက်မကျန်ရေးထားခဲ့သည်… ကျွန်တော် စာအုပ်ကလေးကို စဖတ်မိလိုက်သည်.. အော်… သူနဲ့ ကျွန်တော် စတွေ့တဲ့ရက်ကလေး အကြောင်းပါလား… ကျွန်တော် မျက်ရည်တွေ ရစ်ဝိုင်းနေလို့.. သူလက်ရေးလေးတွေတောင် တွန့်သလို ဖြစ်နေတယ်.. ကျွန်တော် မျက်ရည်တွေ သုတ်ပြီး ဆက် ဖတ်မိသည်… သူ နဲ့ ကျွန်တော် ကျောင်းပြေးခဲ့တာလဲပါသည်.. ကျွန်တော် တို့ ခရီးသွားခဲ့တာလဲ ပါသည်.. သူ ရဲ့ မွေးနေ့ပွဲလေးလဲပါသည်… ကျွန်တော် ပေးခဲ့တဲ့အရုပ်ကလေးအကြောင်းလဲပါသည်… ကျွန်တော် ဖတ်ရင် နှမြောလာမိသည်.. ဒီစာအုပ်အကုန် ဖတ်ပြီးလျှင် … ကျွန်တော်ရိုးသွားမှာကြောက်သည်…. ကျွန်တော် မရိုးချင် … ဒီစာအုပ်ကလေးက သူချန်ခဲ့တဲ့ တစ်ခုတည်းသော အမှတ်တရမလား… သူ့ကိုယ်ပွားတစ်ခုလို ကျွန်တော်မြတ်နိုးချင်သည်.. ကျွန်တော် မရိုးချင်… နေ့ရက်တိုင်း မငြီးမငွေ့ ဖတ်ချင်သည်.. ထိုကြောင့် တစ်နေ့ တည်းအကုန်ဖတ်လို့ မဖြစ် ကျွန်တော် စာအုပ်ပိတ်ဖို့ ကြိုစားခဲ့သည်..



သို့သော်.. ကျွန်တော် မြင်လိုက်သော စာတကြောင်းကြောင့် ကျွန်တော် စာအုပ်ကို မပိတ်မိတော့ မျက်ရည်တွေ ဖြည်မဆည်နိုင်အောင် ကျလာခဲ့သည်.. ကျွန်တော် သည်းထန်စွာ အော်ငို လိုက်မိသည်… သူကျွန်တော့် ကို ချစ်သည်တဲ့…. ကျွန်တော် တစ်အုပ်လုံးကို အကုန်ဖတ်မိလိုက်သည်.. ဟုတ်သည်.. သူ ကျွန်တော့်ကို ချစ်သည်.. သူကျွန်တော်ကို စောင့်စားနေခဲ့သည်… ဒီနှစ်ပေါင်း များစွာ သူလဲကျွန်တော့်ကို မျော်နေခဲ့သည်… နေနိုင်လွန်းတဲ့ ကျွန်တော်ကို သူတစ်ခါမှ အပြစ်မမြင်.. တစ်ရက်မှ မမေ့… ကျွန်တော်သူ့ကို ချစ်သလို… သူလဲ ကျွန်တော့်ကို ချစ်သည်… အခုတော့ ကျွန်တော့် ကို သူမစောင့်နိုင်တော့ သူကျွန်တော်ကို စွန့်ခွာသွားခဲ့ပြီ… ပြန်နောက်ဆုတ်မရနိုင်တော့တဲ့ လမ်းကို သူသွားပြီ… ကျွန်တော် ကျန်ခဲ့ပြီ….



သို့သော် သူသာ ကျွန်တော့် အချစ်ကို လက်ခံခဲ့လျှင် အခုလို သူငြိမ်းချမ်းစွာ ကမ္ဘာကြီးကို စွန့်ခွာ နိင်ပါ့မလား.. ရိုးမြန်လွန်းတဲ့ ကျွန်တော် ကြောင့် သူနေ့တိုင်းစိတ်ဆင်းရဲနေမည်လား…. နောက်ဆုံးတော့ သူ့အချစ်ကို မပိုင်လိုက်ရပေမယ့်.. ကျွန်တော် ကျေနပ်သည်… ကျွန်တော် ဆုံးဖြတ်ချက်ကို ကျွန်တော် မှန်တယ်ဟုထင်သည်… သူ့အချစ်ကို ကျွန်တော် သိခွင့်ရခဲ့သည်… သူ့ အချစ်ကို ကျွန်တော် တန်ဖိုးထားလိုက်နိုင်သည်….



(ဇာတ်သိမ်းပိုင်း )



အခုဆို ကျွန်တော့် နေ၀င်ချိန်ရောက်တော့မည်ထင်သည်… ကျန်းမာရေးကလဲ သိပ်မကောင်းချင်တော့ … ကျွန်တော် နှစ်ပေါင်းများစွာ ကြိုးစား ပမ်းစား ရှာခဲ့သော အရာတွေကို ကျွန်တော် စွန့်လွတ်ရတော့မည်… မည်သည့်အရာကမျှ ကျွန်တော့်အာရုံကို မဖမ်းစားနိုင်တော့.. သက်မတ်မှုမရှိတော့.. အရာအားလုံး ရိုးသွားခဲ့ပြီ… ကျွန်တော် သေတမ်းစာကို ကျွန်တော် အတည်ပြုဖို့ဖတ်လိုက်မိသည်.. အော် အခုမှသတိထားမိလိုက်သည်… သက္ကရာဇ်တစ်ခု… ကျွန်တော် နေ့တိုင်းမြင်နေပေမယ့် အခုမှ သတိထားမိတဲ့ သက္ကရာဇ်တစ်ခု.. အခုဆို သူနဲ့ကျွန်တော် တွေ့ခဲ့တာ…. နှစ်ပေါင်း ၅၀ ကျော်ပြီ… ဒါဆို သူကျွန်တော် ကို ကျောခိုင်းသွားခဲ့တာ နှစ်ပေါင်း ၃၀ ပြည့်တော့မည်… ဒါဆို ကျွန်တော် ဒီစာအုပ်ကလေး ပိုင်ဆိုင်ခဲ့တာ နှစ်ပေါင်း ၃၀ လောက်တောင်ရှိတော့မည်… ကျွန်တော် အခုတိုင်မရိုးသေးပါလား…. စကားလုံးတိုင်း စကားလုံးတိုင်း.. စာကြောင်းတိုင်း စာကြောင်းတိုင်း..စာမျက်နှာတိုင်း စာမျက်နှာတိုင်း အားလုံးမှတ်မိနေပေမယ့် .. မရိုးနိုင်သေးပါလား…. အသိတစ်ချက်ကြောင့် ကျွန်တော် ရူးမတတ်ခံစားလိုက်ရသည်.. သူ့ကို ကျွန်တော် ပိုင်ဆိုင်ခဲ့လျင်လဲ ဒီစာအုပ်ကလေးကို ကျွန်တော် ရိုးမည်မထင်… သူ့အချစ်ကို ကျွန်တော် နေ့တိုင်း စက္ကန့်မပြတ်ပိုင်ဆိုင်ခွင့်ရခဲ့လျှင်တောင် ရိုးမည်မထင်… အမှားကြီးတစ်ခု ကျူးလွန်မိသလို ခံစားလိုက်ရသည်.. ကြိုက်နှစ်သက်ခြင်း နဲ့ ချစ်ခင်မြတ်နိုးခြင်းကို မှန်ကန်စွာ မခွဲခြားနိုင်ပဲ ရိုးမယ်လို့ ထင်ခဲ့တဲ့ ကျွန်တော် အမှားကြီးမှားခဲ့ပြီ…. သူကို ကျွန်တော်ချစ်သည်… သူလဲကျွန်တော်ကို ချစ်သည်.. သူ့ကို ကျွန်တော် တန်ဖိုးထားခဲ့သည်… သို့သော် အရာအားလုံး နောက်ကျသွားခဲ့ပြီ….



ကျွန်တော် စာအုပ်ကလေးကို တုန်ရင်စွာ ကိုင်လိုက်သည်.. အခုဆို ဖြူဖွေးနေတဲ့ စာအုပ်ဖုံးကလေးတောင့် ကျွန်တော့် လက်ရာတွေကြောင့် အရင်လို မဖြူနိုင်တော့.. ကျွန်တော် စာအုပ်ကလေးကို ထပ်ခါထပ်ခါဖတ်နေမိသည်…. အခု အချိန်မှာ ကျွန်တော့် နောက်ဆုံးထွက်သက် ဖြစ်မယ်ဆိုရင် .. နောက်ဆုံး စာမျက်နှာလေးအထိ အပြုံးမပျက်ဖတ်နေချင်သည်… စာအုပ်ကလေးကိုကျွန်တော် ဖတ်ရတိုင်း ကျွန်တော် သူ့ကိုသတိရမြဲ.. မျက်ရည် ရစ်ဝိုင်းရမြဲ… ငိုရမြဲဖြစ်သည်…



ကျွန်တော် သူ့ကို ချစ်သည်.. သူလဲ ကျွန်တော်ကိုချစ်ခဲ့သည်… သို့သော့် ကျွန်တော့် အချစ်ကိုလဲ ကျွန်တော် တန်ဖိုးမထားခဲ့ သူ့အချစ်ကို လဲ ကျွန်တော် တန်ဖိုးမထား ခဲ့.. ကျွန်တော့် အမြင်တွေ နှစ်ပေါင်းများစွာ မိုက်မဲနေခဲ့သည်…..



ရင်ဘက်ထဲက နာကျင်လာသည်…. စာအုပ်ကလေးတောင် ကျွန်တော့် လက်ထဲက လွတ်ကျသွားသည်… နာကျင်မှုတွေ မရပ်နိုင်တော့ .. ကျွန်တော် ဆေးပုလင်းလေးလဲ တုန်ရီနေတဲ့ကျွန်တော်လက်ကြောင့်.. မှောက်ကျကုန်ပြီ.. ကျွန်တော် ဂရုမစိုက်နိုင်တော့ ကျွန်တော့်လက်ကို လှမ်းလိုက်သည်… ပြန်ကျဲနေတဲ့ ဆေးလုံးလေးတွေကြားထဲက ကျွန်တော်မရိုးနိုင်သော စာအုပ်ကလေးတစ်အုပ်…. သို့သော် လက်လှမ်းလို့ မမှီ .. လေအတိုက် လွင့်သွားတဲ့ စာမျက်နှာလေးတွေကို ကျွန်တော် လှမ်းဖတ်နေမိသည်.. ရင်ထဲက နာကျင်မှုတွေ တိုးမြဲတိုးလာသည်… မခံမရပ်နိုင်အောင် နာကျင်လာသည်… ကျွန်တော် မျက်လုံးစုံးမှိတ်ပြီး.. စာကြောင်းလေးတွေကို တီးတိုး ရေရွတ်နေမိတော့သည်… ကျွန်တော်.. … စာအုပ်အဆုံးထိ … ပြီးအောင် ဖတ်ချင်သေးသည်.. ရွတ်နေချင်သေးသည်… ကျွန်တော့်မှာ အခွင့်ရှိပါဦးမလား… မိုက်မဲလွန်းတဲ့ နောက်ကျတတ်တဲ့ ကျွန်တော့်ကို ဒီတကြိမ်ရော နောက်ကျခွင့်ပြုပါ့မလား…



ဒီတကြိမ်တော့ ခဏနောက်ကျခွင့်ပြုပါ… နောက်ဆုံး စာကြောင်းလေးအထိ ကျွန်တော့်ကို ရွတ်ဖတ်ခွင့်ပြုပါ…. ကျွန်တော့် မိုက်မဲ မှုတွေကို ဒီစာအုပ်ကလေးနဲ့အတူ အဆုံးသတ်ခွင့်ပြုပါ… …… …….. ……… ……..

တင်းမာစူးရှ ပြတ်သားသော

(တစ်)

တင်းမာစူးရှပြတ်သားသော ဗကြည့်နှင့် ဗမေက မကျေမနပ်ကြည့်ကာ ဖျပ်ခနဲထသည်

ဒီအသက် ဒီအရွယ်ပဲ ရှိနေပြီ် တစ်ခါလာလည်း ဒီပြဿနာ၊ တစ်ခါလာလည်း ဒါ.. .ပဲ ဘာမှ အရေးမကြီးတဲ့ကိစ္စကို

နင်ဘာဖြစ်နေသလဲ ငါတော့ လုပ်မိတော့မယ်ဓ

ဒေါသသံဖြင့် ဗမေပြောသွားသော ဒဘာမှ ဗရေးမကြီးတဲ့ကိစ္စဒ ဆိုသော စကားလုံးသည် သူမနားထဲမှာ ဆူးတစ်ချောင်းလို

မွှေကာ နှလုံးသားထဲမှာ ၀မ်းနည်းကြေကွဲ နာကျင်ရသည် ထိုကိစ္စအတွက် သူမ ဘယ်လောက် အရှက်ကွဲခဲ့ ရပြီးပြီလဲ်

ဝမ်းနည်းကြေကွဲခဲ့ရသလဲ နာကျင်ခံစားခဲ့ရသလဲ ပြောင်လှောင်မှု၊ ဗပြုံး၊ ဗော်သံ၊ ရယ်မောသံတွေနှင့်

ဗကြိမ်ပေါင်းများစွာ နှိပ်စက်ခံခဲ့ရသော သူ့ဘ၀၏ ဗရေးဗကြီးဆုံး ပြဿနာကို ဗမေက ကိုယ်ချင်းစာ

မခံစားသည့်ဗပြင် ဘာမှ ဗရေးမကြီးသည့်ကိစ္စဟု ယခုတိုင် ယုံနေဆဲဖြစ်သည်

သူမ မျက်ရည် ချက်ချင်း ၀ဲတက်လာ၏် ဗမေ ထိုလေသံမျိုး သုံးလျှင် ဆက်ပြော၍မရတော့ ဆိုတာကို သူမသိပါသည်

အမေက ကန်စွန်းရွက်တွေကို ဆီကျင်နေသော ဒယ်အိုးထဲ ထည့်လိုက်သဖြင့် ဝေါခနဲ ဆူညံကာသွားသည် ဗမေက

ဆားကို ခပ်ဖွဖွ ဖြူးသည် ပြီးတော့ များသွားပြီလားဟူသော အမူအရာဖြင့် ကန်စွန်းရွက်ဒယ်အိုးကို စိတ်မချသလို ကြည့်၏်

သူမ တစ်ဘ၀လုံးကို နှိပ်စက်ခဲ့သည့် ကိစ္စမှာ ကန်စွန်းရွက်ကြော်ထဲ ဆားများမများလောက်မှ ဗရေးမကြီးဘူးတဲ့လား

မုန်းသည်း

သူမကိုယ်သူမ မုန်းသည်

သိပ်သည်းပြီး ခါးလယ်အထိရောက်နေသော ဆံပင်ရှည်ရှည်၊ ကြက်Uအခွံလို နီထွေးနေတဲ့ အသားအရေ၊

မျက်ရစ်ထင်းထင်းနှင့် ၀ိုင်းစက်လှပသော မျက်ဝန်း၊ မျက်ခုံးထူထူနှင့် ညွတ်ကွေးနေသော မျက်တောင်၊

နီထွေးပြည့်တင်းနေသော မျက်ဝန်း၊ မဟူရာထွေးတို့ နောက်မှ အမြဲအားကျကာ သိုင်းဖက်လျက်ရှိသော ခါးသေးသေး

တင်ကားကား၊ အားလုံးမှာ အလကားပင်ဖြစ်သည်

ရုပ်ရည် ဗတန်ဗသင့်ရှိသူများ လှပလာစေရန် ပြုပြင်စ၇ာနည်း ပေါင်းစုံရှိသည် ကျန်းမာရေးလေ့ကျင့်ခန်း၊

အ၀တ်အစားရောင်စုံနှင့် နည်းပညာအပြည့် ခေတ်ဒီဇိုင်းများ၊ မိတ်ကပ်၊ ဆံပင်ပုံစံ၊ တော်တန်ရုံ

မိန်ကလေးတစ်ယောက်သည် အထက်ပါအကြောင်းအရာများနှင့် ခန္ဓာကိုယ်ကို ဖုံးကာဖော်ကာ အလှဖြစ်အောင်

ဖန်တီးနိုင်ပါသည်

သူမကတော့ ဘာမှမလုပ်ဘဲ ဘာမှမပြင်ဘဲ ပင်ကိုယ် ဘယ်လောက်လှလှ သူတို့ကို ယှ့်နိုင်စရာ ဗကြောင်းမရှိ၊

ဗဘယ်ကြောင့်ဆိုသော် သူမတွင် သူငယ်ချင်းများလို လှပသော နာမည်တစ်ခုမရှိ သူမ၏ နာမည်မှာ ရွံ့မုန်းစရာ

ကောင်းလောက်အောင် ခေတ်နောက်ကျနေသော နာမည်ဖြစ်သညိ သူမဗမည်မှာ မကြားဝံ့စ၇ာ ဒမဗုန်းကြည်ဒ

ဟူ၍ဖြစ်သည်

ထိုမအုန်းကြည်ဟူသော နာမည်သည် ငယ်စU်က မထူးခြားသော်လည်း ၈ တန်းလောက်မှစ၍ သူမကို ဒုက္ခပေးလာသည်

နာမည်လှလှတွေ ဗပြိုင်ဗဆိုင်ဖြစ်နေသော ဗချိန်တွင် သူမနာမည်က လူကြားထဲမှာ ခေါ်လျှင် လူတိုင်းပြုံးကြသော

နာမည်ကြီး ဖြစ်၏

ကျောင်းတက်သည့်အချိန် မနက်တိုင်း နာမည်ခေါ်သည့်အခါ ဆရာမက မအုန်းကြည်ဟု ခေါ်လျှင် ရှိပါတယ်ရှင့်ဟု

ထူးရသော သူမအသံက နင်ချင်နေခဲ့သည်၏ မနင်ခံနိုင်ပါ့မလား အတန်းထဲမှ အရှက်မရှိ မျက်နှာပြောင်တက်သော

ရွှေဖုန်းလူတို့၊ မင်းခိုက်စိုးစန်တို့၊ မင်းထက်မောင်တို့က သူမကို လှည့်ကြည့်ကာ အမြဲ ပြုံးတတ်ကြသည်း

ထိုဗပြုံးကိုရတိုင်း သူမခေါင်းငုံ့နေရစမြဲ

ဆရာအသစ်တစ်ယောက် ပြောင်းလာ၍ မိတ်ဆက်တုန်းကလည်း သူမနာမည်ကိုပြောတော့ ဆရာက ဘာဆိုကာ

အံ့သြသွားခဲ့ဖူးသည်ဲ ပြီးမှ သူမကိုတစ်ချက်ကြည့်ကာ

ဓမဗုန်းကြည်၊ မဗုန်းကြည် ဗင်း ဗင်း မဗုန်းကြည်တဲ့ဓဟု ပြောရင်း မျက်နှာလွှဲသွား၏

ထိုနေ့မှ စကာ ရွှေဖုန်းလူက ကျောင်းခန်းထဲတွင် အသံပြဲကြီးနှင့် အော်တတ်စတတ်သည်၏

ဓဗုန်း၊ ထန်း၊ ပေလက်၊ တမာရွက်တို့ ဗဟီး မဟုတ်ဘူးကွ အုန်းကြည်၊ ထန်း၊ ပေလက်၊ တမာရွက်တို့

ရွှေစက်ရွှေပျော်က ရွှေရည်သောက်၏

သူမ ရှက်လွန်းသဖြင့် မျက်ရည်ဝဲကာ ဆရာမကိုတိုင်တော့ ဆရာမကအဲဒါဘာဖြစ်သလွဲ ပြီးတော့ ဘာဆက်ပြောသလဲဒ

ဟု လေသံမာမာနှင့် မေးသဖြင့် သူမ ဘာမှ ဆက်မပြောနိုင်တော့ဘဲ မျက်ရည်ဝဲကာ ထိုင်ရသည်

အသက် ဆယ့်လေးနှစ်သာသာ မိန်းကလေးတစ်ယောက်ဖြစ်သဖြင့် နာမည်ကို မုန်းတီးရုံမှလွဲ၍ သူမဘာမှ မလုပ်တတ်ခဲ့်

နောက်ပြောင်မှုပေါင်း များလာသောဗခါ သူမ သည်းမခံနိုင်တော့ ဗမေ့ကိုမေးရသည် ဒီတော့မှ သူမဘ၀၏ တရားခံသည်

ဘုန်းကြီးဘ၀နှင့် ပျံလွန်တော်မူသွားသော သူမအဘိုး UီးပU္စင်း Uီးသောပါကမှန်း သိရ၏်

သူမကို မမွေးခင်ကတည်းက သူမဗဘိုးက ဘုန်းကြီးဝတ်သည် သူမကို မွေးပြီေးတာ့ အဘိုးက အိမ်ကိုလာရင်း သူမကို

နာမည်ပေးသည် ဗဘိုးသည် ဗေဒင်၊ ဆန်းကျမ်း၊ လက္ခဏာ ဗနည်းဗကျ့်း တတ်ကွှမ်းသဖြင့် မြေီး့းသူမကို သူ

တတ်သမျှးနှင့် တွက်ချက်ကြည့်သည် တနင်္ဂနွေ၊ အထွန်းဖွား၊ အုတ်တစ်ချပ်နှင့် ကျော်တစ်ကျော်ရသော သူမနာမည်မှာ

မအုန်းကြည် ဖြစ်ခဲ့သည် ဗမေနှင့် ဗဖေကလည်း ဘုန်းကြီးဝတ်ဗဘိုး၏ စကားကို မပယ်ရှားဘဲ သူမကို ထိုနာမည်သာ

ပေးခ့သဲ ည်

မအုန်းကြည်ဟူသော နာမည်သည် အဘိုးတို့ခေတ်တုန်းကတော့ အတော်တာစားခဲ့သော နာမည်မျိုးဖြစ်လိမ့်မည်

သို့သော် ခေတ်ဆိုတာက တစ်နေရာတည်းမှာ ရပ်တန့်နေသည်မဟုတ် အဘိုးက သူ့ခေတ်ကို သူစံထားခဲ့သဖြင့် သူမမှာ

ဒုက္ခပေါင်းများစွာကို ခံစားခဲ့ရသည် သူမ မမြင်လိုက်ရသော ဗဘိုးကို စိတ်ထဲမှ ကြိတ်မုန်းပစ်လိုက်၏

ဆယ်တန်းနှစ်ရောက်လာတော့ သူမသည် အတန်းထဲမှ အလှဆုံးဖြစ်သော်လည်း အလှဆုံးဟူသော

ပညတ်ချက်ရသွားသူက ညအက္ခရာ ဖြစ်သွားသည်၏

ဓညဗက္ခရာက မင်းလောက်မလှဘူးကွ ဒါပေမယ့် မင်းနာမည်က မအုန်းကြည်ဆိုတော့

သူငယ်ချင်း ဖွေးဖြူယံ၏ ဆက်မပြောသော စကားက သူမကို ညပေါင်းများစွာ ၀မ်းနည်းကြေကွဲစေခဲ့သည်ွ ထို

ဆယ်တန်းနှစ်မှာပင် သူမကို ချစ်ခင်သည့်လူမရှိ မအုန်းကြည်ဟု လှောင်ပြောင်မည့်သူသာ ရှိသညိ ရွှေဖုန်းလူတို့ လူစုက

ညဘက်ဆိုလျှင် သူတို့ဗိမ်ရှေ့မှ ဖြတ်တိုင်း ဒဗုန်းကြည်ရမယ်၊ ဗုန်းဆီရမယ်၊ ဗုန်းကြည်ရမယ်ဒဟု

ဗော်ဗော်သွားတတ်သည် မကြာခင် ရွှေဖုန်းလူက သူမကို ရည်းစားစကား လိုက်ပြောသည် တစ်သက်လုံး

ခံစားခ့ရဲ သည့် ဗငြိုးဖြင့် သူမ ရွှေဖုန်းလူကို လွယ်ဗိတ်ဖြင့် ရိုက်သည် အသည်းကဲမွ ကွဲတော့ မသိ၊ လွယ်အိတ်ထောင့်တွင်

ထည့်ထားသော သူမကွန်ပါဗူးကြောင့် ရွှေဖုန်းလူ ခေါင်းကွဲကာ သွားလေသည်

နာမည်ဆိုသည်မှာ ဗင်္ကျီလို တစ်နေ့ဝတ်၊ တစ်ခါခွှတ်မရသည့် ဗရာမို့ ထို မဗုန်းကြည်သည် သူမကို

တက္ကသိုလ်ရောက်သည်ဗထိ လိုက်ဒုက္ခပေးနေခဲ့သည် သူမကို တက္ကသိုလ်လို ရင်ခုန်လွယ်တဲ့ဒေသမျိုးမှာ

ဘယ်ယောက်ျားလေးမှ စိတ်မ၀င်စားကြခြင်းသည် ထိုနာမည်ကြောင့်သာ ဖြစ်ရမည်ဟု သူမကျိန်းသေ တွက်ထား၏်

ထို့ကြောင့် ဗသိ့ာဏ်ရှိလာသော သူမ နာမည်ပြောင်းရန် ကြိုးစားခဲ့ဖူးသည် သို့သော် သတင်းစာထဲတွင်

ထည့်ကြော်ငြာရမည်၊ မှတ်ပုံတင်ကဒ်ပြား ပြောင်းရမည်၊ ထို့ထက် ဆယ်တန်းအောင်လက်မှတ်တွင် မအုန်းကြည်ဖြစ်သဖြင့်

ပြောင်းလိုက်သော နာမည်လှလှသည် မအုန်းကြည်ဟူသော နာမည်နောက်တွင် (ခ)ဖြင့်သာ ပါရတော့မည်ဟု သိရသဖြင့်

လက်လျှေ;ာ့ကာ သူမသည် မအုန်းကြည်သာ ဖြစ်နေခဲ့သည်

ထိုဗားနည်းချက်ကြောင့် ဗားနည်းချက်များစွာ၊ ဗရှက်များစွာ ရခဲ့သော သူမ၏လျှို့ဝှက်ချက်သည် သူမနာမည် ဖြစ်လာ၏

သူမသည် ခင်မင်ရင်းနှီးခြင်းမရှိသော မိတ်ဆွေများကို သူမ၏ နာမည်ကို ဘယ်တော့မှ မပြော၏ ဗထူးသဖြင့်

ယောက်ျားလေး တော်တော်များများကို သူမဗမည်သိမှာ ဗရမ်းစိုးရိမ်ခဲ့လေသည်

(နှစ်)

သူမသူငယ်ချင်းများတွင်မတော့ ဘုန်းကြီးဝတ်သွားသော ဗေဒင်တတ်သည့် အဘိုးမရှိ၍ပဲလားမသိ

နာမည်လှလှကလေးတွေနှင့် ဖြစ်သည် ငယ်မဒီတဲ့၊ အရိပ်Uီး၊ ရွှေယမင်းပြည့်၊ နှင်းယွန်းခါ၊ နွဲ့အိန္ဒြာစိုး၊ ပွင့်Uီးစော၊

ညအက္ခရာ တဲ့် ဗမြွှာညီဗစ်မ၏ နာမည်ကလည်း သကာီ့းနှင့် တမာဖူးတဲ့ တခြားမိန်းကလေးတွေရဲ့

နာမည်တွေကလည်း မကောင်းရင်သာ ရှိရမည့် ဆိုးတော့မဆိုးကြ ရန်ကုန်တက္ကသိုလ်ကြီး တစ်ခုလုံးထဲမှာ

သူမနာမည်တစ်ခုတည်းသာ အဆိုးဆုံး ရှက်စရာအကောင်းဆုံးဟု သူမထင်သည်က

လူဆိုသည့် သတ္တ၀ါမှာ တစ့်ီးနှင့်တစ့်ီး ဆက်ဆံသည့်ဗခါ နာမည်သည် ဗရေးဗကြီးဆုံးမဟုတ်လား

လူတစ်ယောက်ကို သိချင်လျှင် နာမည်ဘယ်သူလည်း မေးရ၏း မိတ်ဆက်သည့်ဗခါ နာမည်ကို ပြောရသည် တစ်ခုခုကို

တာဝန်ယူသည့်အခါ နာမည်နှင့် လက်မှတ်ထိုးရသည် နာမည်ညံ့လျှင် တစ်သက်လုံး လူတောမတိုးတာကြောင့်

ရုပ်ရှင်မင်းသမီးတွေ၊ ဗဆိုတော်တွေက သူတို့နာမည်တွေကို ခပ်ဆန်းဆန်း မှည့်တတ်ကြခြင်းပင် ဖြစ်၏ အဆိုတော်

ထူးအိမ်သင်ကို အင်တာဗျူးတစ်ခုတွင် နာမည်အကြောင်းမေးတော့ ထူးအိမ်သင်က ကျွန်တော့်နာမည်အရင်း

ကျော်မြင့်လွင်ဆိုရင် ကျွန်တော့်ကို ဘယ်သူက စိတ်ဝင်စားမှာလဲ၏ လူစိတ်ဝင်စားဖို့ တစ်ခုတည်းပါ ဟု ဖြေဖူးတာကို သူမ

ကျေနပ်မဆုံး လက်ခံမဆုံးတော့ သူမ၏ အလှအပများကို ရန်ကုန်တက္ကသိုလ်ကြီးထဲမှာ မည်သူမှ စိတ်မ၀င်စားခဲ့ခြင်း၏

တရားခံသည် သူမအမည်သာ ဖြစ်ရမည့် ကိုယ့်နာမည်ကိုယ် မုန်းရသော ဗဖြစ်ထက်ဆိုးသော ဒုက္ခသည် မရှိတော့ဟု

မဗုန်းကြည်ထင်သည်

နွေUီးလေ၊ ကိုယ့်ကို မအုန်းကြည်လို့ မခေါ်နဲ့ကွာ် ဗဲဒီနာမည်ကြီးကို တို့မကြိုက်ဘူး တခြားလူတွေကြားမှာလည်း

ရှက်တယ်း ဘယ်သူမှ မသိစေချင်ဘူးဟာဓ နွေီ့းလေနှင့် ယ့်ကြော့ခေါင်တို့က မျက်ခုံးကို ပင့်ကြ၏

ဒါဆိုရင် တို့က မင်းကို ဘယ်လိုခေါ်ရမလဲ

တတ်နိုင်သမျှ ကိုယ်နဲ့မင်းနဲ့၊ တို့နဲ့မင်းနဲ့ပဲ ပြောကွာ၏ ရတယ်ဓ

ဓတစ်ယောက်ယောက်က မေးလာရင်ရောဓ

ယ့်ကြော့ခေါင်ဗမေးကို မဗုန်းကြည်ပြန်မဖြေနိုင် တော်တော်စU်းစားယူရ၏်

ဓဒီလို၊ တို့စ့်းစားထားတာ တစ်ခုရှိတယ် စိတ်ကြိုက်နာမည်ကလည်း မတွေ့တော့ ဒီလိုလေ် မဗုန်းကြည်ဆိုတာ

ဗင်္ဂလိပ်ဗက္ခရာဆိုရင် ဗိုနဲ့ ကေနဲ့ စတာမဟုတ်လား ဒီတော့ တို့ကို အိုကေလို့ခေါ်ဟာ နော်

အိုကေ၊ ဟင်.. အိုကေ တဲ့

အတိုကောက်သဘောမျိုးပေါ့ဟာ နော်း တခြားလူမေးရင်လည်း မပြောမဖြစ်ရင် ဒါကိုပဲပြောဓ

မဗုန်းကြည် စကားဆုံးတော့ နွေီ့းလေက စ့်းစားသည်

OK ဟုတ်ပါပြီ် ဒါပေမယ့် ယောက်ျားလေးတွေက ခေါ်ရင် မကောင်းဘူးနော် သူတို့က OK လို့ခေါ်လို့ မင်းက ပြုံးပြရင်

ဟာ မကောင်းဘူး

နွေUီးလေ စကားကြောင့် အားလုံးတိတ်သွားကြပြီး မအုန်းကြည်လည်း စိတ်ညစ်သွား၏် ဥု ဆိုတာ နေရာတကာ

ကောင်းတာမဟုတ်

OK ဆိုတာထက် ကေလို့ ခေါ်ရင် ပိုမကောင်းဘူးလား

ကေ

မအုန်းကြည်ပြန်ရွတ်ကြည့်ရ၏်

ဓကေ .. ကေ၊ ဗေး ကေက မဆိုးဘူးဟ ကေပဲခေါ်ဟာ

ကေ နော် ကေ၊ အေး ဟုတ်ပြီ

သို့သော် ထို ကေကလည်း သူငယ်ချင်းနှစ်ယောက် ကြားမှာသာ ကေရသည်း လက်တွေ့လုပ်သည့်ဗခါ ကျူတိုရီယယ်

ဖြေရသည့်ဗခါ၊ ကျောင်းသားကဒ် တပ်ရသည့်ဗခါ သူ့နာမည်ကို သိပြီးသား ကျောင်းသားကျောင်းသူများက မကေကြ၊

မဗုန်းကြည်ပဲ ခေါ်ကြသည် သူမနာမည်သည် မအုန်းကြည်သာ ဖြစ်သည် ကျောင်းသားကဒ်နှင့် စာဗုပ်ဗဖုံးတွင်လည်း

မဗုန်းကြည် ဘွဲ့လက်မှတ်မှာလည်း မအုန်းကြည် မင်္ဂလာဆောင်လျှင်လည်း မဗုန်းကြည် သေလျှင်တောင်မှ

သူမခေါင်းတွင် ရေးမည့်အမည်မှာ ဒေါ်အုန်းကြည်ပဲ ဖြစ်လိမ့်မည်ဟု သူမစိတ်နာနာနှင့် တွေးမိသည်

ထို့ကြောင့် သူမသည် ၀တ္ထုဖတ်သည့်ဗခါ မင်းသားမင်းသမီး နာမည်မလှလျှင် လုံးဝမဖတ် ၀တ္ထုထဲမှ မင်းသမီး

နာမည်လှလှတွေ၊ ဆန်းဆန်းတွေကို ရွေးကူးထားတတ်၏် ယောကျာ်လေးဆိုလျှင်လည်း နာမည်လှမှ

စိတ်ဝင်စားချင်သည် လှဝင်း၊ သောင်းဌေး၊ အောင်တင့်၊ သန်းအုန်း စသော နာမည်တွေကို လုံးဝ စိတ်မ၀င်စားခဲ့် သူမသာ

တန်ခိုးရှင်တစ်ယောက် ဖြစ်မည်ဆိုလျှင် သူမနာမည်ကို တကမ္ဘာလုံးက တဗံ့တသြဖြစ်ကာ စိတ်ဗ၀င်စားဆုံး

နာမည်ဖြစ်ဗောင် ပြောင်းပစ်လိုက်မည်ဟု ဗမြဲတွေးနေမိသည်

(သုံး)

မအုန်းကြည် ကျောင်းဝင်ခွင့်များ ရေးထားသော စာရွက်ကို စိုက်ကြည့်နေခဲ့သည် ထုံးစံဗတိုင်း တခြားသော

ကျောင်းသားများ၏ လှပသော နာမည်များကို ဖတ်နေခြင်းသာ ဖြစ်သည် ကြည့်စမ်းပါUီ်း လှလိုက်တဲ့ နာမည်ကလေးတွေ

မောင်တည်ကြည်ခန့်၊ ကမ္ဘာညွန့်၊ ခေါင်ချုပ်ကျော်၊ တိမ်စိုင်ဖွေး၊ ဖုန်းသဘာ၊ အောင်မြေ၊ ထွဋ်မြတ်Uီး တွဲ့

ဟေကြင်မေခက်စိုး၊ မာကျူရီ၊ ရတနာစိုးဗံ့၊ မြမြက့်ီး၊ နွဲ့မေထူး၊ ရွှေကြာမြတ် တဲ့ သွန်းနှင်းအိမ်၊ ရော်ရော်ထွေးတဲ့

သင်းသင်းသာသက် တဲ့

မအုန်းကြည် လေးပင်စွာဖြင့် ကျောင်းဝင်ခွင့်ကြော်ငြာများမှ မျက်နှာကို ခွာလိုက်သည့် သူ့နာမည်သည် တခြားနေရာတွင်

ကပ်ထားရာမှ ဒဏ်ရာဗနာတရဖြင့် ပြုတ်ကျထွက်ပြေးသွားပြီဟု ထင်ရသည် သူမနာမည်နံဘေးက ခုံနံပါတ်ကိုတော့

မဖတ်ချင်ဘဲ မှတ်လာရသေး၏် ဒီနှစ် နောက်ဆုံးနှစ်ဆိုတော့ ဘွဲ့ယူလျှင် သူမနာမည်ကို လော်စပီကာဖြင့် ဗော်ကြီ့းမည်

ဟာ်း

ဓဟာ ဘောလ်ပင် ဘောလ်ပင် လွယ်အိတ်မှာ ဘောလ်ပင် တန်းလန်းဖြစ်နေတယ်

ရှင်

ရုတ်တရက် စူးရှသော အော်သံကြောင့် လန့်ဖျပ်ကာ လှည့်ကြည့်တော့ လွယ်အိတ်ထောင့်မှာ အောက်ကျတော့မလို

တန်းလန်းဖြစ်နေသော ဘောလ်ပင်ကို တွေ့ရ၏် သူမ ရှက်ရွံ့စွာ ဖမ်းထားလိုက်ရသည် သူမသည် လွယ်အိတ်ဒေါင့်တွင်

Dove ထီးကို ထိုးထည့်ထားတတ်သဖြင့် ထီးထိပ်ကြောင့် ပေါက်သွားသော နေရာမှ ဘောလ်ပင်က ထွက်ကျတော့မလို

ဖြစ်နေခြင်းဖြစ်သည် ရှက်ရှက်ဖြင့် လှမ်းကြည့်တော့ ပြုံးကြည်သော မျက်ဝန်းတစ်စုံကို တွေ့ရ၏ ဒုက္ခပဲ၏

ငါ့လွယ်ဗိတ်ပေါက်တာကို သိသွားပြီ

ကျေးဇူးပါပဲ

ရပါတယ်ီ ခုနက ကတည်းက ပြောမလို့ သူက ၀င်ခွင့်ကို ငေးနေတာနဲ့

ဒုတိယအကြိမ် မအုန်းကြည် ရှက်သွားရပြန်သည့် သူက နဖူးရှေ့တွင် ၀ဲကျနေသော ဆံပင်ကို ပင့်တင်ကာ ပြုံးနေ၏

မအုန်းကြည် ရင်တစ်ချက်ခုန်သွားသည်၏ မဗုန်းကြည် နှစ်သက်စွဲလမ်းရသော လှိုင်းရိပ်ပြေပြေ ဆံပင်တွန့်တွန့်များ

သူ့မှာရှိသည် မျက်လုံးက စူးရှဝင်းလက်ကာ မျက်ခုံးမွှေးက ထူထူ် နှုတ်ခမ်းက ဗနည်းငယ်ပြည့်သည်ဟု

ထင်ရသော်လည်း ဗဖျားက လေးကိုင်းလို ကွေးနေသဖြင့် ပြုံးသည့်ဗခါလှသည် သွားတွေက ညီညာဖြူဖွေး၏်

ွငသမိညေသ ဂျင်း ဗပြာနုနှင့် ရှပ်ဗင်္ကျီမီးခိုးရောင်ကို ၀တ်ထားသည် မအုန်းကြည်သည် အချိန် (၆)စက္ကန့်အတွင်း

မိန်းကလေးတို့ တတ်အပ်သော ပညာဖြင့် လေ့လာကာ မျက်လုံးလွှဲလိုက်၏်

ဓဟို ၀င်ခွင့် ဗခုမှ ကြည့်တာလား ရှာလို့ရော ရရဲ့လားး ဟိုလေ ..ဓ

ဓရှင့်ကို ကျေးဇူးလို့ ပြောပြီးပြီလေဓ

သူ့ကိုတော့ မဗုန်းကြည် မသွားစေချင်သေးပါ သို့သော် မိန်းကလေးတို့၏ ဖြစ်အပ်သော သံယောဇU်ဖြင့် အရဲစွန့်ကာ

အားတင်းရခြင်းဖြစ်၏ါ ကိုယ်က ပြောရက်သားနှင့် သူက ထွက်မသွားတာမျိုးဆိုလျှင် ကိုယ့်မှာ ဗပြစ်မရှိတော့

သို့သော် သူ့မျက်နှာ ရဲခနဲ ဖြစ်သွား၏့

ဓှသမမပ နော်ဓ ဟု ခေါင်းကိုငုံ့ကာ တိုးတိုးပြောရင်း ထွက်သွားသည် မအုန်းကြည်ရင်ထဲတွင် ဟာပြီး ကျန်ခဲ့လေသည်

သတိလက်လွတ် လှမ်းငေးမိသေး၏ ငတုံးဟုလည်း စိတ်ထဲမှာ အော်မိသည်၏ သို့သော် ချက်ချင်းသတိဝင်လာကာ

ထိတ်လန့်တကြား သူမလည်း ထိုနေရာမှ ထွက်ရ၏ ကောင်းပါတယ်လေ၏ ထွက်မသွားဘဲ ငါ့နာမည်မေးနေရင် ဒုက္ခ

နွေUီးလေတို့ကိုပြောပြတော့ သူတို့လည်း စိတ်ဝင်တစားရှိကြ၏္ခ

ဓဗဲဒါ ကောင်းတာပေါ့ မင်းကို စိတ်ဝင်စားရင် သူ့ဘာသာ ရောက်လာလိမ့်မယ့် တွေ့တွေ့ချင်းမှာ

ခပ်တည်တည်နေနိုင်တာ ဗကောင်းဆုံးပဲဓ

ဗချစ်ကိစ္စနှင့် ပတ်သက်လာလျှင် ရည်းစားထားဖူးသူတို့၏ စကားသည် ရာခိုင်နှုန်းကိုးဆယ် မှန်လေသည် သူက

အတန်းထဲတော့ ရောက်မလာပါ် သို့သော် ကင်တင်းတွင် တွေ့ရ၏ သူက မအုန်းကြည်ကို အားရပါးရ နှစ်လိုစွာ ပြုံးပြတာ

အားလုံးတွေ့လိုက်ကြသည်၏ ပြီးတော့ သူမကို ခိုးခိုးငေးသည်ကိုလည်း ဗတိုင်းသားမြင်ရ၏ ရှက်နေသော မအုန်းကြည်ကို

ယU်ကျော့ခေါင်တို့က ခပ်တည်တည်ပဲ ဆက်နေခိုင်းသည်၏ နွေီ့းလေက စ၏ မင်းရည်းစားရတော့မယ် မအုန်းကြည်တဲ့၏

မဗုန်းကြည်ရင်ထဲ လှိုက်ခနဲ ခုန်သွားသည်

(လေး)

တို့ အသိချင်ဆုံးက သူ့နာမည်ပဲ် တို့ဗခုဗချိန်မှာ မသိစေချင်ဆုံးကလည်း တို့နာမည်ပဲဓ

မဗုန်းကြည်စကားကြောင့် သူငယ်ချင်းများ တိတ်တဆိတ် ပြုံးကြသည်

သူ့နာမည်က အရေးမကြီးပါဘူးကွာ် ဗဓိကက သူကိုယ့်ဗပေါ် ထားတဲ့ သဘောထားနဲ့ သူ့ဗချစ်ပဲဓ

ဓဟာ မရဘူး ဒါတော့ လုံးဝမဖြစ်နိုင်ဘူးး တို့ဗတွက် ရုပ်ရည်ထက် မေတ္တာထက် နာမည်က ပိုဗရေးကြီးတယ်

တို့ချစ်သူရဲ့ နာမည်က လှလှကလေး ဖြစ်ရမယ် ကြားလိုက်တာနဲ့ လူတိုင်းစိတ်ဝင်စားပြီး ထူးခြားတဲ့ နာမည်မျိုးဓ

ဓကဲ ထားလိုက်တော့ သူမင်းကို စိတ်ဝင်စားနေတာက သေချာပြီ့ တကယ်လို့ သူ့နာမည်က ဘာမှမထူးခြားတဲ့ စန်ီး့းတို့၊

လှသန်းတို့၊ ကြွက်နီတို့ဆိုင် ဘယ်လိုလုပ်မလဲဓ

နွေီ့းလေ၏ စကားကြောင့် မဗုန်းကြည်တွေဝေသွားသည် ဘာပြန်ပြောရမှန်းမသိ သူတို့ပြောသော နာမည်တွေနှင့်

သူ့ပုံစံကို ယှ့်ကာ ခံစားကြည့်သည် ခံစား၍ လုံးဝမရ်

ဓမဖြစ်နိုင်ဘူး နွေUီးတို့ပြောတဲ့ နာမည်တွေနဲ့ သူ့ပုံစံက လုံးဝ မလိုက်ဘူးး သူ့နာမည်က လုံးဝ လှရမယ် Uပမာ

လွန်းထားထားတို့၊ လမင်းမိုမိုတို့၊ တာရာမင်းဝေတို့ ၀တ္ထုထဲက ဇာတ်ကောင်မျိုး စပ်နေဗလတို့၊ နေဒွန်းတို့

လင်းဆက်တို့လိုမျိုး

သူငယ်ချင်းများက မအုန်းကြည်ကို ပြုံးကြည့်ကာ ခေါင်းကို ခါကြသည် လူတစ်ယောက်မှာ တစ်ခုခုတော့ ရူးသွပ်ခွင့်ရှိသည်

မဟုတ်လား ထိုနေ့မှစ၍ သူအတန်းရှေ့သို့လာတိုင်း ကော်ရစ်တာနှင့် ကင်တင်းမှာတေ့တွိုင်း၊ နာမည်လှလှတစ်ခုနှင့်

သူ့ကို ယှU်ကြည့်မိတတ်သည်း သို့သော် သူနှင့်လိုက်ဖက်သော နာမည်ကို မတွေ့ပါ သူ့နာမည်က ဘာတဲ့လဲကွယ်ါ

မဗုန်းကြည် သူ့နာမည်ကို ဗရမ်းသိချင်ပါသည်

အခု သူ့အကြောင်းကို တွေးသည့်အခါတွင် မပြည့်စုံ် သူ့ပုံစံကိုသာ မျက်စိထဲမြင်ရသည် သူ့နာမည်ကို မသိရ် ကိုယ်က

တိတ်တိတ်ပြန် ရင်ခုန်ချင်သော ချစ်သူ၏ နာမည်ကို မသိရသော ရင်ခုန်သံသည် ရင်ထဲမျာ ရာခိုင်နှုန်းပြည့်

ပျော်စရာမကောင်းချေ သူ အတန်းရှေ့လာလျှင် သူ့နောက်က ပါလာလျှင် သူ့နာမည်ကို ခေါ်မေးလို့လည်း

မကောင်းသေျး သူက ဘာမှမပြောဘဲနှင့် ကိုယ့်ဘက်က သိက္ခာမဲ့သွားနိုင်၏ နောက် စိုးရိမ်စရာအချက်တစ်ခုကတော့

သူက သူမနောက်ကိုလိုက်ကာ နာမည်မေးလျှင် ဘယ်လိုလုပ်ရမလဲဆိုတာပဲ ဖြစ်သည်၏

ထိုကိစ္စကို တွေးလိုက်မိလျှင် ရှေ့မှာ စိတ်ကူးနှင့် ကြည်နူးရသမျှတို့ လွင့်စင်ကွဲကျသွားတတ်၏ ခွှေးစေးတွေပြန်ကာ

အိပ်မရတော့၏ မဗုန်းကြည်ဗတွက် ခုခံစရာမရှိ သူမ ဘာပြောရမလဲိ သူ့နာမည်က သိပ်လှနေ၍ သူမက

နာမည်လှလှချစ်သူတစ်ယောက်ကို ရသွားပြီထားပါတော့ သူ့ချစ်သူက သူမကို ပြန်ခေါ်သည့်နာမည်က အကြည်တို့

အအုန်းတို့ဆိုလျှင် သွားပြီ့

မဗုန်းကြည် ဗတွေးထဲမှာ ဂျပ်စင်သည် ယိမ်းယိုင်ကာသွား၏ ရေတမာပင်တွေ အရွက်ဝါသွားသည်၏

ခုံတန်းပြာရိပ်ကလည်း မလှတော့ အဓိပတိလမ်းသည် မညီညာတော့ ကန်ရေလေပြည်က ပူလောင်သွားသည်

ခွှေးစေးတွေပြန်ကာ သူမထထိုင်ရသည် ပြန်ဗိပ်၍မရတော့

အတန်းရှေ့တွင် သူလာကြည့်စU်က လွင့်မြောက်သွားသော သူမရင်ခုန်သံသည် မအုန်းကြည်ဆိုသော နာမည်တွင်

ချိတ်ကာ တန်းလန်းကြီး ဖြစ်နေ၏့ ထိုနေ့ညက ပြန်ဗိပ်တော့ ဗိပ်မက်တစ်ခုကို မက်သည် သူက သူမနာမည်ကို

လာမေးရင်း မအုန်းကြည်ဟု သိသွားသောအခါ တဟားဟား အော်ရယ်ကာ ထွက်သွားသည်တဲ့် နောက်ဆုံးတော့ သူမ၏

မလွန်မြောက်နိုင်သော ဗခက်ဗခဲကို သူငယ်ချင်းများက ၀ိုင်းကာ ဖြေရှင်းပေးကြရသည်

ဘာမှမပူနဲ့် သူရည်းစားစကား လာပြောရင်လည်း ကြောက်ကြောက်နဲ့ လာပြောမှာ မင်းနာမည်မေးလည်း မပြောနဲ့ပေါ့ာ

ဘာမှပြန်မပြောနဲ့ အော်ပစ်လိုက်

ဟာ တို့မအော်ရဲဘူး

ရတယ်၊ သူ့ကို အလိုက်သင့်သာ ပြောကွာ့ ဗချိန်တွေ ရှိသေးတာပဲ တို့နာမည်ကောင်းကောင်း တစ်ခုမရမချင်း သူ့ကို

နာမည်မပြောနဲ့ တို့ကို လာမေးလည်း တို့လုံးဝမပြောဘူးဓ

သူငယ်ချင်းနှစ့်ီး ဗားပေးစကားကြောင့် မဗုန်းကြည် ဗနည်းငယ် စိတ်သက်သာရာ၇သည် ထိုနေ့မှစ၍ မအုန်းကြည်

သူ့ကို လိမ်ပြောစရာ နာမည်လှလှတစ်ခုကို ရွေးရရှာသည် ၀တ္ထုတွေထဲမှာ၊ ဗီဒီယို ကားတွေထဲမှာ၊ ဗဆိုတော်တွေထဲမှာ

နာမည်လှလှတစ်ခုကို ရှာသော်လည်း မဗုန်းကြည်လိုချင်သော နာမည်မျိုးက တစ်ခုမှမရ ခဂ္ဂါ၊ မဟူရာပွင့်၊ လင်းလတ်ဖြိုး၊

ဖွေးရည်Uီး၊ အရိပ်ဝေ၊ လရောင်ဝါ၊ မေသကြာရ သူမရှာ၍မရသမျှ သူငယ်ချင်းတွေ ရှာပေးသမျှး ဘာတစ်ခုမှမကြိုက်၊

ဗစတွင် ဟုတ်သလိုလို ရှိသော်လည်း နောက်ဆုံးတွင် မကြိုက်ရေးချမကြိုက် သူမလိုချင်သည့်နာမည်က

ကြားလိုက်တာနှင့် ထူးခြားသွားစေရမည့် နာမည်မျိုး

(ငါး)

ထိုနေ့က ကျောင်းဗပြန် သူငယ်ချင်းနှစ်ယောက်နှင့် ဗဓိပတိလမ်းမှာ ဗေးဗေးဆေးဆေး လျှေားက်လာတုန်း နွေီ့းက

နောက်မှသူပါလာပြီဟု ပြောသဖြင့် မဗုန်းကြည် လက်ဖျားတွေ ချက်ချင်းဗေးစက်ကာ လာ၏

ကဲ ငါတို့လစ်တော့မယ်၏ ငါတို့ရှိနေရင် သူဝင်ရဲမှာမဟုတ်ဘူးကွဓ

ဓဟာ .. နေကြီ့းလေ တို့တစ်ယောက်တည်း ..

ရတယ် ဘာမှမကြောက်နဲ့လ ဒါက ဒီလိုပဲ ကြောက်စရာမလိုဘူး

မဟုတ်ဘူဲး တို့နာမည် နာမည်ဓ

ဓနာမည် မလိုသေးဘူးလေကွာ မေးလည်းမပြောနဲ့ာ ဒါပဲ လစ်ပြီနော် တာ့တာ

မအုန်းကြည်တစ်ယောက်တည်း ကျန်ခဲ့သည်ဲ ရင်တွေ တဆတ်ဆတ်တုန်ကာ လက်ဖျားတွေ ဗေးစက်ကာနေ၏

ခြေထောက်အောက်မှ အဓိပတိလမ်းသည် အရှိန်တစ်ခုနှင့် ရွေ့လျားနေသလို ထင်ရ၏၏ ရေတမာရွက်တွေ၊

မဗုန်းကြည်နံဘေးမှာ တဖျပ်ဖျပ်လွင့်ကာ ကျန်ခဲ့သည် ကမ္ဘာလောကကြီးသည် ကျU်းသွားလိုက်၊

ကျယ်သွားလိုက်ဖြစ်နေ၏် သူမလျှားထဲမှာ ဘာမှန်းမသိသည့် ဗရသာတစ်ခု ကခုန်ကာနေသည် ထိုစU် သူမနာသို့

ရေမွှေးဆွတ်ထားသော ယောက်ျားလေး ကိုယ်ရနံ့တစ်ခု အုပ်မိုးကာလာသည်

ဘုရား ဘုရား ငါ့နာမည်ကို မမေးပါစေနဲ့း

သို့သော် သူမနံဘေးမှာ ဘာသံမျှ ထွက်မလာ လှည့်လည်းမကြည့်ရဲာ လမ်းလျှောက်ရတာ မူမမှန်ချင်တော့ ကြာလျှင်

ဒူးညွတ်ကာ လဲကျသွားတော့မည်ထင်သည့် နာမည်မမေးပါစေနဲ့

ဟို စိတ်မဆိုးနဲ့နော့် ကျွန်တော်လိုက်နှောင့်ယှက်တာ မဟုတ်ပါဘူးဓ

မဗုန်းကြည်၏ ဗသိစိတ်တစ်ခုလုံး တုန်ခါသွားသည် ကမ္ဘာသည် တိတ်ဆိတ်သွားကာ မအုန်းကြည် ခန္ဓာကိုယ်က

လေထဲမှာ လွင့်နေပုံရလေသည်

ဓဟိုဟာ ကျွန်တော် ဟိုလေ ရိုးရိုးသားသား ဗဲ ဟိုဟာလေ ဗဲဒါ ဖြည်းဖြည်း လျှေားက်ပေးပါလားဗျာ ကျွန်တော်

မောလို့ပါာ ဟိုဒင်းလေဓ

ဓဘာ .. ဘာလဲဓ



ဓဗျာ၊ ဟိုဟာပါ ဟိုလေ .. ဟိုဟာ

ရှင် ရှင် လွန်လာပြီနော်

ဟာ စိတ် စိတ်မဆိုးပါနဲ့ါ ဟိုဟာပါ ဒီလိုဗျာါ ခွင့်ပြုပါ ဒါမှမဟုတ်ရင် ခွင့်လွှတ်ပါါ ကျွန်တော် သူ့ကိုချစ်လို့ပါဓ

ဓလဲသေလိုက်ဓ

တကယ်တော့ နောက်ဆုံးစကားများကို သူမ ပြောမိလို့ပြောမိခဲ့မှန်း မသိခဲ့ပါ ပြောမိခဲ့တယ်ဆိုလျှင်တောင်မှ ထိုစကား၏

အဓိပ္ပါယ်ကို ပြောစU်က လုံးဝမသိခဲ့ပါါ ချစ်တယ်ဆိုသော သူ့စကားက နှလုံးသားကို ၀ုန်းခနဲလာရိုက်ခတ်သဖြင့်

ယောင်ရမ်းကာ နှုတ်မှ ထွက်သွားခြင်းပင်ဖြစ်ပါသည်

သူမ သတိပြန်ရတော့ ကိုယ်တော်ချောက ခြေလှမ်းဆယ်လှမ်းစာလောက် ပြတ်ကာ ရပ်ငေးရင်း ကျန်ခဲ့သည် မဗုန်းကြည်

ရင်တွေလည်း ဟာကာသွား၏ အခုမှပင် တကယ်ဒူးတွေခွေကျကာ သွားခဲ့သည်၏ နောက်တစ်နေ့ပြန်ပြောပြတော့

သူငယ်ချင်းနှစ့်ီးစလုံးက ထိုကိစ္စသည် ဗဆင်ပြေကြောင်း ၀မ်းသာဗားရ ပြောကြ၏

ဒါ ကိုယ့်အတွက် ကောင်းတာပေါ့၏ မင်းတစ်ခါတည်း ဗဖြေပေးချင်လို့လားဓ

ဓမဟုတ်ဘူးလေ တို့ဆိုလိုတာက ဒီထက်နူးညံ့တဲ့ စကားလုံးပေါ့ဟာလ ဗခုဟာက တော်တော်ကြမ်းသွားတော့ သူလန့်ပြီး

..ဓ

ဓဗမယ်လေး ယောက်ျားလေးဆိုတာက ဒီလောက်နဲ့ လန့်မှာမဟုတ်ဘူး လက်လည်းမလျှော့ဘူးး ဒီကောင်

လာကိုလာမှာ သေချာတယ်ဓ

ဓဟဲ့ ဒါနဲ့ သူ့နာမည်က ဘယ်သူလဲဟင်ဓ

ဓဟာ ဒီလောက်ဗသည်းဗသန်ဖြစ်နေတာ ဘယ်လိုလုပ် မေးနိုင်မှာလည်းဟဓ

ဒီတော့လည်း သူငယ်ချင်းများက ရယ်မောကာ ဟုတ်တယ်ဟု ထောက်ခံကြ၏ မအုန်းကြည်၏ ရောဂါကြောင့်

သူငယ်ချင်းများလည်း သူ့နာမည်ဘာဆိုတာကို သိချင်နေကြလေသည်၏ နောက်တစ်နေ့ကျတော့ ကိုယ်တော်ချောက

နောက်မှ ကပ်ပါလာပြန်သည့်ဗတွက် မဗုန်းကြည်ရင်ထဲမှာ ကျေနပ်ကာသွား၏ သို့သော် အတင့်ရဲကာ

စကားလာမပြောသဖြင့် ရင်ဖိုရတာ အဖတ်တင်သည်၏ မဗုန်းကြည်က နှုတ်ခမ်းများကို တင်းစေ့ထားသော်လည်း

ကိုယ်ဟန်ဗမူဗရာနှင့် မျက်ဝန်းတွေကိုတော့ ဖျော့ကာထားလိုက်၏ တတိယနေ့ကျမှ ကိုယ်တော်ချောက

အနားမရဲတရဲကပ်ကာ ဟိုတစ်နေ့ကိစ္စကို သူ့ဘက်က မလွန်ပါဘဲနှင့် အနူးအညွတ်တောင်းပန်သည်၏ သူ့လေသံ

ဖျော့ဖျော့ကြောင့် မဗုန်းကြည် ဗရင်နေ့တုန်းကလောက် မကြောက်တော့ ရပါတယ်ဟု တည်ငြိမ်စွာ ဖြေနိုင်ခဲ့သည့်

သူလာကြည့်တာ သိလား ဘာညာ ဆက်မေး၏ မအုန်းကြည်က ရှင်လာကြည့်ကြည့်နေတာ

တစ်တန်းလုံးမြင်တယ်ဆိုတော့ ကျွန်တော်က တစ်ယောက်ပဲ သိစေချင်တာတဲ့၏

စတုတ္ထနေ့ကျတော့ ဘာကြောင့်မှန်း ဘယ်ကမှန်းမသိ ရယ်ရယ်မောမော စကားပြောဖြစ်သွား၏ိ ကိုယ်တော်ချောက

ချစ်တယ် ဘာညာတော့ မပြောတော့ နွေUီးတို့ပြောသလို မအုန်းကြည် စိတ်ဆိုးမှာ ကြောက်ဟန်တူသည့်

ဗတန်းရှေ့ဗထိ လိုက်ပို့ကာ ပြန်သွားသည် မြင်လိုက်ရသော သူငယ်ချင်းနှစ်ယောက်က မအုန်းကြည်အတွက်

ဝမ်းသာကြ၏် ခက်နေတာက မဗုန်းကြည် သူ့နာမည်ကို အရမ်းသိချင်နေခဲ့သော်လည်း သူက ပြန်မေးလျှင် ပြန်ဖြေစရာ

နာမည်ကောင်းကောင်းတစ်ခု မရသေးသဖြင့် မမေးရဲသေ်း နောက်တစ်ချက်က သူလာစကားပြောတာကို

ခွင့်ပြုထားသော်လည်း

သူပြောသည့်စကားများကို စိတ်မ၀င်စားသလို လှည့်ထွက်နေရသောကြောင့် သူ့နာမည်ကို သိချင်နေမှန်း မသိဗောင်

နေရပြန်၏ သူငယ်ချင်းများက မေးပေးမည်ဆိုပြန်တော့လည်း ကိုယ်တော်ချောက နွေUီးနှင့် ယU်ကျော့ပါလျှင်

လုံးဝအနားသို့ မကပ်၏ သူမတစ်ယောက်တည်းကျမှသာ လာတတ်၏

ဒီလိုနှင့်ပင် နှစ်လခန့်ကြာသွားပြီဖြစ်သည်၏ ဗချင်းချင်းလည်း တော်တော်ရင်းနှီးနေကြပြီဖြစ်၏ အရင်က စိုးရိမ်ခဲ့သလို

သူက မအုန်းကြည်နာမည်ကို လုံးဝမမေးခဲ့သဖြင့် တော်တော်စိတ်သက်သာရာ ရသည်၏ တစ့်ီးနှင့်တစ့်ီး ထားရှိသော

သံယောဇ့်ကိုပင် လျှို့ဝှက်မထားကြသော်လည်း သူတို့ဗကြားတွင် လျှို့ဝှက်ထားရသောဗရာမှာ နာမည်သာ ဖြစ်သည်

(ခြောက်)

ဒီနေ့တော့ သူက လိုင်ဘရီရှေ့က ကံ့ကော်ပင်တွေအောက်မှာ ခဏထိုင်ခွင့်တောင်းကာ သူမထံမှ အဖြေတောင်းသည်

လှိုင်းရိပ်ပြေပြေ ဆံပင်တွေဗောက်က သူ့နဖူးကလေးမှာ ခွှေးစတွေ စုကာနေသည်ကို မဗုန်းကြည် ငေးကာနေမိသည်

အမြဲတမ်း တောက်ပစူးရှသော သူ့မျက်ဝန်းမှာ ညှိုးငယ်နေရှာ၏်

ဓဒီလိုပဲ နှစ်သိမ့်မထားပါနဲ့ဗျာ ကျွန်တော် မနေတတ်တော့ဘူား ကွှန်တော့်ဗချစ်ကို ယုံပါ ကျွန်တော်သူ့ကို

မြတ်နိုးပိုင်ဆိုင်ချင်စိတ် အပြည့်နဲ့ ချစ်တာပါါ ဟိုဟာလေ တခြားလူတွေလို မပိုင်ဆိုင်ချင်ဘူး ဘာညာ မပြောချင်ပါဘူး

ကျွန်တော် သူ့ကို မပိုင်ဆိုင်ရရင် မဖြစ်တော့ဘူး

သူမ ဖတ်နေသည့် ၀တ္ထုနှင့် ကြည့်နေသည့် ဗီဒီယိုကားတွေထဲကလို လှပသော စကားများကို

သူတကယ်ပြောတာဆိုတာကိုတော့ သူမယုံကြည်ပါသည်း မဗုန်းကြည်လည်း သူ့ကို ချစ်နေတာာ သေချာပါသည်

သို့သော် ခက်နေတာက ငယ်ငယ်ကတည်းက ထိတ်လန့်ခဲ့သော အစွဲနာမည်သာ ဖြစ်သည် ဗခုနေ သူ့နာမည်ကို

မေးလိုက်လျှင် လုံးဝသဘာဝကျပါသည် သို့သော် သူက ပြန်မေးလျှင် ဘာဖြေရမလဲ် မဗုန်းကြည်တို့

စိုးရိမ်နေစ့်ကာလက သူကဘာမှ မမေးခဲ့သဖြင့် မဗုန်းကြည်တို့ ထိုနာမည်ကိစ္စကို မေ့ထားလိုက်ကြသည် ထို့ကြောင့်

မအုန်းကြည်က သူ့ကို ယာယီလိမ်ပြောဖို့ နာမည်လှလှတစ်ခုကို ရွေးမထားခဲ့် ဘာလုပ်ရရင်ကောင်းမလဲ သို့သော်

မအုန်းကြည်သည် အရင်တုန်းကလောက် ထူအသော မိန်းကလေးလည်း မဟုတ်တော့ပဲါ

ဓဟုတ်ပြီလေ တို့စU်းစားမယ်လ မနက်ဖြန် ဒီနေရာကိုပဲ လာခဲ့ တို့ တိကျတဲ့ အဖြေတစ်ခုပေးမယ့်ဓ

သူငယ်ချင်းများနှင့် ဗတန်းထဲမှာတွေ့တော့ ထူးခြားသော ဗခြေဗနေကို ပြောပြရင်း ကိုယ့်ဘက်မှ ကြိုတင်ပြင်ဆင်သည့်

ဗနေနှင့် တစ်နေကုန် စာမသင်နိုင်တော့ဘဲ မဗုန်းကြည်တို့ ဗလုပ်ရှုပ်သွားခဲ့ကြသည် ရသမျှ; နာမည်လှလှတွေကို

စU်းစား၊ ချရေး၊ ဝေဖန်၊ အကြိုက်ရွေးကြရင်း နောက်ဆုံးညနေစောင်းမှာပင် ရွေးထားသမျှ; နာမည်များထဲမှာ

မေထိုက်အိမ်နှင့် ခဲယမုံဆိုသော နာမည်နှစ်ခုကို ရသည် မဗုန်းကြည် စိတ်တော်တော်ပေါ့ပါးသွား၏ မနက်ဖြန်သည်

သာယာလှပသော နေ့တစ်နေ့ဖြစ်ရမည်၏

ဓဒါဆိုရင် သူ့နာမည် ဘာပဲဖြစ်ဖြစ်၊ တို့နာမည်က ဗဆင့်မနိမ့်တော့ဘူးပေါ့ကွာဓ

ဓဟုတ်တယ် ဒီကောင်ကြည့်ရတာ လူက လူပျော့ဆိုတော့ နာမည်နုနုပဲနေမှာ် မျိုးငြိမ်းဆွေတို့၊ သက်ဇော်ထွေး

ဗဲဒီလိုပေါ့ဟာဓ

ယ့်ကျော့စကားကြောင့် နွေီ့းက မျက်နှာကို မဲ့၏

ဆိုင်ပါဘူး၏ ယ့်ကျော့ကလည်း တို့လူကို ကြည့်ပါလား နာမည်က သတ္တိတဲ့း လူက ပုရွက်ဆိတ်ကိုက်ရင်တောင်

ငိုချင်နေတာဓ

နွေီ့းစကားကြောင့် ပေါ့ပေါ့ပါးပါး ရယ်ရသေး၏ ဘာပဲဖြစ်ဖြစ်လေ မနက်ဖြန်အတွက် မအုန်းကြည်

ရင်တော်တော်အေးသွား၏၏

ဓဟဲ့ ဗဖြေမပေးခင် သူ့နာမည်ကို ဗရင်မေးနော် မင်းရွေးပြီးတဲ့နာမည်ကိုလည်း သတိအမြဲရနေအောင် ခဏခဏ

ရွတ်ကြည့်ထားUီ်း တော်ကြာ ဟိုက ခေါ်မှ လှည့်မကြည့်မိဘဲ နေီ့းမယ်ဓ

ထိုသတိပေးစကားဗရရော မနက်ဖြန်သူ့ကို ပေးရမည့် ဗဖြေဗတွက် ပါ မဗုန်းကြည်တော်တော်နှင့် ဗိပ်မရတော့

အိပ်မရတော့မှန်းသိသဖြင့် မျက်စိကိုမှိတ်ကာ သူမရွေးထားပြီးပြီဖြစ်သော မေထိုက်အိမ်ဆိုသည့် နာမည်ကို စိတ်ထဲက

ရွတ်နေမိသည့် ထိုညသည် တစ်ညလုံး မေထိုက်ဗိမ်ညဖြစ်၏ သူ့နာမည်က ဘာတဲ့လဲ မေထိုက်အိမ်၊ မေထိုက်အိမ်၊

မေထိုက် .. ..၏

(ခုနစ်)

မနက်မိုးလင်းတော့ သူမသည် တကယ့်ကို မေထိုက်ဗိမ် ဖြစ်သွားလေသည် မေထိုက်အိမ်သည် အိပ်ရာထသည်

ရင်ခုန်သည် မျက်နှာသစ်သည် ဗလှဆုံးပြင်သည် ထို့နောက် မေထိုက်အိမ်သည် အဓိပတိလမ်းကို

လျှေ;ာက်လာလေသည် ဗဓိပတိလမ်းမှ လိုင်ဗရီရှေ့ ကံ့ကော်ပင်ရိပ်မှာ သူ့ကိုတွေ့ရတော့ မေထိုက်ဗိမ်ရင်သည် ကျင်ခနဲ

ခုန်ကာသွား၏ ၀င်ထိုင်ပြီးသည့်အထိ သူက ဘာမှမပြော၏ မေထိုက်ဗိမ်လည်း ဘာမှ မပြောနိုင် တိတ်ဆိတ်နေချိန်များမှာ

မေထိုက်အိမ်ဆိုသော နာမည်ကိုသာ ရွတ်နေလိုက်၏် ရင်ထဲမှာ မောကာနေသည်

ကျွန်. . . ကျွန်တော့်အတွက် အဲဒါ ဟိုဟာလေ

အင်း စU်းစားပြီးပါပြီ

တိတ်ဆိတ်သွားကြပြန်၏် ဒီတစ်ခါတော့ စကားကို မေထိုက်ဗိမ်က စရ၏

ဒါပေမယ့် တစ်ခုတော့ ရှိတယ်၏ တို့ဗဖြေမပေးခင် သူ့နာမည်ကို ဗရင်ပြောပြရမယ်ဓ

ဓဗျာဓ

သူ တဗံ့တသြ မော့ကြည့်သော ဗကြည့်ကို မေထိုက်ဗိမ် သဘောပေါက်လိုက်ပါသည် သူ မျှော်လင့်တကြီး

အခက်အခဲအဖြေကို ရရန်အတွက် တစ်ညလုံး ထိတ်လန့်စိုးရိမ်နေလိမ့်မည် ဗခုကျတော့ သူလုပ်ရမှာက ဗင်မတန်မှ

လွယ်ကူသော သူ့နာမည်ကို ပြောပြရန်သာ ဖြစ်နေသည့်ဗတွက်ပဲ ဖြစ်ရမည်

သူ့ကို ပြုံးပြလိုက်ရ၏်

ဓဟုတ်တယ်လေ သူ့နာမည်လ သူက တို့ကိုလိုက်တယ် ချစ်တယ်လို့လည်း ပြောတယ် ဗခု ဗဖြေပေးမယ့်ဗချိန်ပဲ

ရောက်နေပြီ သူ့နာမည်ကို တစ်ခါမှ မပြောဖူးဘူီး ဗခု တို့တောင်းဆိုတာ ဒါပဲ သူ့နာမည်ပြောပြီးရင် အဖြေပေးမယ်ဲ

တို့ကလည်း သူ့နာမည်ကို သိပ်သိချင်နေတာ ကဲ ပြော သူ့နာမည် ဘယ်သူလဲ

နာမည် နာမည်

သူ ထိတ်လန့်တကြား ထကာရပ်၏ာ သူ့မျက်ဝန်းတွေက ဗံ့သြနေတာမဟုတ်တော့ ကြောက်လန့်နေတာ ဖြစ်သည့်

သူ့နှုတ်ခမ်းတွေ ဟကာနေ၏ ဘာဖြစ်တာလဲ၏

ဓဟုတ်တယ်လေ နာမည်ကို မေးနေတာ သူ့နာမည် ဘယ်သူလဲာ ကဲ ပြောဓ

ဓဟို ဟိုလေ ဗဖြေပေးပြီးမှ နာမည်ပြောလို့ မရဘူးလားဓ

တုန်လှုပ်ကြောက်ရွံ့စွာ ပြောလာသော သူ့စကားကြောင့် သူမလုံးဝ ဗံ့သြသွားသည် သူမ သူ့နာမည်ကို ဘယ်လောက်

သိချင်ခဲ့ရသနည်း ဗကြိမ်ကြိမ်မျှော်လင့်ခဲ့၊ စိတ်ကူးယ့်ခဲ့၊ မှန်းဆခဲ့ရသည် သူမ သူ့နာမည်ကို သိချင်ခဲ့သော်လည်း

ကိုယ့်ဘက်က အဆင်မပြေသဖြင့် မမေးရဲခဲ့် ဗခုဗဖြေပေးဖို့ ဗချိန်ရောက်တော့လည်း ကိုယ့်ဘက်က ပင်ပန်းကြီးစွာ

ပြင်ဆင်ခဲ့ရသည် အခုမှ သူက ဘာကြောင့် မပြောရသနည်း

ဓဒီမှာ ၇ှင်ဘာဖြစ်နေတာလဲ ရှင့်နာမည်ကို ပြောနေတာ ဘာဖြစ်နေတာလဲ

ဟို သူ သူတို့ကို အဖြေအရင်ပေးပါလာဲး ဗဖြေပေးပြီးမှ တို့နာမည်. . . ဓ

သည်းမခံနိုင်တော့ပြီ ဒေါသက နှလုံးကိုပင့်တင်ကာ ဆွဲမသဖြင့် သူမ ၀ုန်းခနဲ ထရပ်သည်ီ ဘာဖြစ်ရသနည်း ဘာကြောင့်

သူ့နာမည်ကို မပြော၇သနည်းး သူ့နာမည်ကို သိချင်စိတ်က တစ်ကိုယ်လုံး မွှန်ထူကာလာသည်

ဒီမှာ ရှင့်ကို ကျွန်မ တစ်ခါတည်းပြောမယ် ရှင့်နာမည်မသိဘဲနဲ့ လုံးဝဗဖြေမပေးနိုင်ဘူး ဘာမှမဟုတ်တဲ့ဟာကို

ဘာဖြစ်နေတာလဲး ရှင့်နာမည်မပြော၇င် ရှင်ကျွန်မဆီက ဘာမှ မမျှော်လင့်နဲ့တော့ဓ

ဒေါသဖြင့် ဗော်ဟစ်လိုက်သော သူမစကားဆုံးတော့ သူခေါင်းငိုက်စိုက်ကျသွားပြီး တွေတွေကြီးရပ်ကာ စ့်းစားနေသည်

ဘာကြောင့် ဒီလောက်လွယ်ကူသော နာမည်ကလေး ပြောဖို့ကိစ္စကို သူလုပ်နေပုံကြည့်ပြီး သူမ အသည်းယားကာ

အ၇မ်းသိချင်လာ၏် ခဏကြာတော့ သူခေါင်းမော့ကာလာသည် သူ့မျက်ဝန်းတွေက မယုံနိုင်စရာ

ညှိုးရိပ်သင့်နေကြသည်

ဓကျွန်တော် ပြောပါ့မယ် ကျွန်တော်

ပြော ပြောမှာသာပြော် ဘယ်သူလဲ နာမည်ဓ

ဓကျွန်တော့်နာမည် ပြားကြီးပါဓ

ဓဘာဓ

ဓဟုတ်ပါတယ် ပြားကြီးပါဓ

လောကကြီးသည် ဘာသံမှ မမြည်တော့ဘဲ တိတ်ဆိတ်ကာသွား၏

ခါးကလေးကုန်း၊ လက်သီးကလေးနှစ်ဖက်ကို ကျစ်ကျစ်ဆုပ်ကာ အော်မိသော သူမလည်း ခါးကို ပြန်မဆန့်နိုင်ခဲ့၏ ပြားကြီး

ပြားကြီးဆိုသော ဗသံသည် ဗသိ့ာဏ်ထဲမှာ တွန်းထိုးရုန်းကန်နေသည် ဘုရား ဘုရား သူမ မျှော်လင့်မြတ်နိုးစွာ

အကြိမ်ကြိမ်တမ်းတခဲ့ရသော သူမချစ်သူ၏ နာမည်က ပြားကြီးတဲ့လာ်း ဗံ့သြဒေါသဖြစ်စွာ ငြိမ်သက်ပြီးကြည့်နေသော

သူမကို သူက ငေးကြည့်ကာ ခြေတစ်လှမ်းနောက်ဆုတ်သည်

ကျွန်တော်က ရွှေဘိုနယ်သားပါ် ကျွန်တော့်ကို မွေးပြီးတော့ ဗမေက ကြမ်းပေါ်မှာ ဗနှီးနဲ့ ခုခုသိပ်ပါတယ် ဒါပေမယ့်

ကျွန်တော်က မွေးခါစက ထွားလွန်းတော့ ရုန်းရင်းကန်ရင်း ကြမ်းပြင်ပေါ်ရောက်ရောက်နေတတ်တော့

ကျွန်တော့်နောက်စေ့က ပြားသွားတာပါ် ဗဲဒါကို ဗဘွားက ချစ်စနိုးခေါ်ရင်း တစ်ဗိမ်လုံး ဒီနာမည်ပဲ ဖြစ်သွားတာပါဓ

သူ့ဗသံတွေက တုန်ယင်ကာနေကြသည် သူ့မျက်ဝန်းထဲမှာ မျက်ရည်က ဝေ့ကာတက်လာ၏် လေသံပြတ်သွားပြီး၊

သူဘာစကားမှ မပြောနိုင် ခဏကြာမှ အားတင်းကာ ဆက်ပြောသည်

ဓကြီးလို့ မှတ်ပုံတင်ရိုက်ကြတော့ မိဖတွေမဗားလို့ ဗစ်မတွေနဲ့ သွားရတာ ကလေးတွေဆိုတော့ ဘာမှမသိဘဲ

ခေါ်နေကျအတိုင်း ပြားကြီးပဲ

သူ့အသံက တိုးပျော့တိမ်ဝင်ကာ သွားသည်ာ သူ ဗံကို တစ်ချက် ကြိတ်၏

ကျွန်တော်သိပါတယ်၏ ဒီနာမည်က ရန်ကုန်ကလူတွေ ပေးကြတဲ့ နာမည်တွေလို မလှပါဘူး ဒါပေမယ့် ကျွန်တော်သူ့ကို

တကယ်ချစ်တာပါဗျား သူ့ကို တွေ့ကတည်းက တစ်လျှေားက်လုံး ကျွန်တော်သိစေချင်တာက ကျွန်တော့်ဗချစ်ပါ

မသိစေချင်တာက ကျွန်တော့်နာမည်ပါ

အို

သူ နောက်ဆုံးစကားက သူမရင်ထဲက နှလုံးသားကို တိုက်ရိုက်ထိသွားခဲ့၏ါ

ဓဗခု ကျွန်တော့်ကို မုန်းသွားပြီဆိုတာ နားလည်ပါတယ်ဓ

စကားဆုံးသည်နှင့် သူက ချာခနဲ လှည့်ထွက်သွားသည် သူမ အံ့သြကာ ငေးနေမိသည် ဘာပြောရမှန်းမသိ သူမထံမှ

စကားသံမှ ထွက်မလိာ သူမ၀ိညာ့်တွေကို ခါချလိုက်ကာ ဗော်သည်

ကိုပြားကြီး

သူ ဆတ်ခနဲ ရပ်သွားတော့ သူမ၀ုန်းခနဲ ပြေးထွက်သွားသည်

ဓမထင်ပါနဲ့ ကျွန်မနာမည်လည်း မလှပါဘူ့း ကျွန်မလည်း ရှင့်လိုပဲဓ

သူ တဗံ့တသြ မော့ကာ ငေးသည် မျက်ရည်ဝဲနေသော မျက်လုံးနှင့် ၀မ်းသာစပြုနေသော မျက်လုံးနှစ်စုံ ဆုံတွေ့ကြသည်

ဓဘယ် .. ဘယ်သူလဲဟင် သူ့နာမည်က ဘာတဲ့လဲ

မအုန်းကြည်တဲ့

ဘာဖြစ်လဲ် လှသားပဲဟာ ကျွန်တော့်နာမည်ထက်စာရင် အများကြီးလှတာပဲာ မဗုန်းကြည်တဲ့ဓ

ဓဟုတ်ပါတယ် တကယ်တော့ နာမည်ဆိုတာ အသိအမှတ်ပြုတဲ့ အာရုံတစ်ခုပါ် လူနဲ့မတူတဲ့ နာမည်တွေ၊ ဗဓိပ္ပါယ်မရှိတဲ့

နာမည်တွေ၊ ဘာလုပ်ရမှာလဲ ပြားကြီးဆိုတာ ဘာဖြစ်လဲ ရှင့်နောက်စေ့ကလေး ပြားနေလို့ ချစ်စနိုးခေါ်တာပဲ

အဓိပ္ပါယ်ရှိတယ်ဲ ကျွန်မနာမည်ကိုလည်း ဗဘိုးက သေသေချာချာ တွက်ပေးသွားတာ အမှတ်တရနဲ့ အဓိပ္ပါယ်ရှိတယ်ာ

ဘာဖြစ်လဲဓ

ဓဒါ ဒါဆိုရင် ကျွန်တော့်ကိုမမုန်းဓ

မဗုန်းကြည်က မျက်ဝန်းကိုမှိတ်ကာ ခေါင်းကို ဖြည်းညင်းစွာခါရင်း ပြုံးကာပြောသည်

ဟောဒီက မအုန်းကြည်က ဒီက ပြားကြီးကို ချစ်ပါတယ်တဲ့ရှင်

နွေးထွေးစွာ လက်ဖ၀ါးများ ဆုပ်ကိုင်လိုက်ကြသည် နောက်ဆုံးတော့ နှလုံးသားချင်း တည့်တည့်ထိကြသည့်ဗခါ

ကျန်သည့်ဗရာဗားလုံး လွင့်စ့်ထွက်သွားကြစမြဲသာ ဖြစ်သည် သူတို့နှစ်Uီး လက်ချင်းဆုပ်ကာ ခြေလှမ်းစလှမ်းသည်

ထိုခြေလှမ်းသည် မဗုန်းကြည်နှင့် ပြားကြီးတို့၏ စစ်မှန်သော ခြေလှမ်းများသာ ဖြစ်ပါသည်

~~~~~

နီကိုရဲ

၁၉၉၉ ဒီဇင်ဘာလ၊ မဟေသီမဂ္ဂဇင်း