Monday, September 29, 2008

ဝလုံး မှသည် ပန်းတိုင်ဆီ

click to comment
၀၀ အိပ်ပါ သူငယ်ချင်း
ထ တော့လေကွာ နောက်မကျနဲ့
က နေရမှာပဲ ဇတ်ဆရာအလို
လ ကိုပမာယူ
သ နေဖို့ အချိန်မရှိဘူး
ရူးတာကတော့ လူတိုင်းပဲ
ရူးရင်ရူးပါစေ
ရွေးချယ်တာမှန်တယ်ယူဆရင်
ရင်ပေါင်တန်းနိုင်အောင်
ရဲရဲရင့်ရင့်နဲ့
ရုန်းကန်လိုက်စမ်းပါ
ရောင်းရင်းတွေကို
ရယ်ပစ်လိုက်စမ်းပါ
ရောပြွန်းနေတဲ့ နည်းလမ်းတွေထဲက
ရနိုင်တာတခုနဲ့
ရေရေရာရာဖြစ်ဖို့
ရောက်အောင်သွားပါသူငယ်ချင်း
ရောက်ကိုရောက်ပါလိမ့်မယ်
ရောင်းရင်း ငါ။

No comments: