Thursday, September 18, 2008

မတ္တာ (သို့မဟုတ်) မစ္ဆရိယံဒေ၀ီ

click to comment
(၁) သာဝတ္တိသာပြည်တွင် သူကြွယ်လင်မယား ရှိကြ၏။
သူကြွယ်ယောက်ျားကား စေတနာသဒ္ဓါတရားနှင့် ပြည့်စုံသလောက် သူကြွယ်၏ ဇနီးကား စေတနာသဒ္ဓါတရား မရှိ။ မာန်မာနကြီး၏ အမျက်မာန်စောင်းကြီး၍ က္ကသာမစ္ဆရိယစိတ်များ၏။ ထိုမယားကား သားသမီးလည်း မထွန်းကား ၊ အမြုံမ ဖြစ်၏။ သူမ၏အမည်က "မတ္တာ "မည်တွင်၏။ သူကြွယ်သည် အနွယ်ကိုလိုသဖြင့် မျိုးဆက်မပြတ်ရန် အလို့ငှာ အမျိုးနွယ်တူသည့် အမျိုးသမီးတစ်ဦးကို လက်ထပ်ယူလိုက်သည်။ ထိုအမျိုးသမီးက အေးဆေး၇ိုးသားပြီး သဒ္ဓါတရား ရှိ၏။ ရိုသေကိုင်းရှိုင်းတတ်၏။ ရတနာသုံးပါးကို ကြည်ညိုလေးစားတတ်သလို လင်ယောက်ျားကိုလည်း ချစ်မြတ်နိုး၏။ မယားကြီး မတ္တာကိုလည်း အစ်မကြီိးတစ်ဦးနှယ် ချစ်ခင်၏။
သူမအမည်က "တိဿ" ဖြစ်၏။ တိဿသည် သူကြွယ်နှင့် အကြောင်းပါပြီး မကြာခင် ကိုယ်ဝန်ရှိလာပြီး သားတစ်ဦးဖွားမြင်၏။ "မတ္တာ" သည် တဿတွင် သားတစ်ဦး ရလာလျှင် ပုံစံတို့ ပြောင်းသွား၏။ တဿအား ငြူစူစောင်းမြောင်းခြင်း ပြုလာ၏။ သို့သော် တဿကမှု မေတ္တာမပျက်

(၂)တစ်နေ့တွင် မယားကြီး မတ္တာနှင့် မယားငယ်တဿတို့သည်ရေဆိပ်သို့ ဆင်း၏။ ရေချိုးခေါင်းလျှော်၏။
ထို့နောက် နေရောင်အောက်တွင် ဆံပင်ကို ဖြန့်ကာချလျက် နေစာလှုံနေကြ၏။ သူကြွယ်သည် ရတနာသုံပါးနှင့်ကံ ၊ ကံ၏အကျိုးကို ယုံကြည်ပီပီ သဒ္ဓါတရားတူညီသည်။ တိဿကို မြတ်နိုးမှု ပိုခဲ့၏။ အနားလာကာစကားဆို၏။ သည်အခါ မယားကြီးမတ္တာသည် မကျေမနပ်ဖြစ်ကာ ခရီးတွင်ရှိသည့် တံမြက်စည်းလှည်းသည့် အမှိုက်တို့အား တိဿကိုယ်ပေါ်သို့ မတော်တဆ ဖြစ်သလို ပြုလုပ်ကာ လောင်းချလေ၏။ ပြီးမှ........ အို "တော်လို့ကွယ် ၊ စိတ်မရှိနဲ့နော်"ဟုဆို၏။ တိဿက........ "ကိစ္စမရှိပါဘူး အစ်မကြီးရယ် ၊ မတော်တဆ ဖြစ်တာပဲ"ဟုဆို၏။ စိတ်မဆိုးဘဲ အပြုံးနှင့် တုံ့ပြန်၏။

(၃) တစ်နေ့........
မတ္တာသည် ရောဂါတစ်ခုဖြင့် ကွယ်လွန်အနိစ္စရောက် ခဲ့၏။ မတ္တာသေလွန်လျှင် လူ့ဘ၀တွင် ရှိစဉ်က မိမိပြုခဲ့သည့် အကုသိုလ်ကံအားလျော်စွာ ပြိတ္တာမ ဖြစ်ခဲ့၏။ တစ်နေ့......... ဆည်းဆာချိန်။
အိမ်နောက်ဖေးတွင် ရေချိုးနေသော တိဿအနီးသို့ ချဉ်းကပ်ကာ ကိုယ်ထင်ပြ၏။
"အို"
တဿလန့်သွား၏။ ပြီးမှ..........
" အို...အရှင်မ ၊ သင်က အ၀တ်လည်းမပါ ၊ နံရိုးအပြိုင်းပြိုင်းနှင့် အဆင်းလည်း မလှ ၊ သင်ကဘယ်ဇာတိ ၊ ဘယ်အမျိုးဖြစ်ပါသနည်း " ဟုမေး၏။
ထိုအခါ ပြိတ္တာမက.......
"တိဿ ၊ ငါက သင်နှင့်လူ့ဘ၀က လင်တူဖြစ်ခဲ့တဲ့ မတ္တာပဲ ၊ ငါက လူကဘ၀တွင်နေခိုက် ယုတ်မာညစ်ညူး မကောင်းမှုပြုခဲ့သောကြောင့် ဆင်းရဲဒုက္ခကြီးစွာသော ပြိတ္တာမဘ၀သို့ ရောက်ခဲ့ပါတယ်" ဟုရှင်းပြသည်။
တိဿက..........
"အို...စိတ်မကောင်းလိုက်တာ အစ်မကြီးရယ်" ဟုဆို၏။
သို့နှယ်ပင် တိဿက.......
အို.....အစ်မကြီးမတ္တာ ၊ သင်သည် လူ့ဘ၀က မည်သို့သောကိုယ် ၊ နူတ် ၊ စိတ်တို့ဖြင့် အဘယ်မည်သော မကောင်းမှုကို ပြုခဲ့၍ ခုလိုဆင်းရဲကြီးသော ပြိတ္တာဘ၀သို့ရောက်ရပါသနည်း"။
" တိဿ ငါကား လူ့ဘ၀တွင် နေခိုက် ငြူစူစောင်းမြောင်း၍ မကောင်းသော က္ကဿာမစ္ဆရိယ တရားများစွာကို ပြုခဲ့သည်။ ငါကိုယ်တိုင် တိဿအား ချိုးချိုးဖဲ့ဖဲ့နှင့် မကောင်းသော စကားကို ဆိုမိခဲ့သောကြောင့် ဤသို့ပြိတ္တာဝသို့ရောက်ခဲ့ရပါသည်" ဟုမတ္တာက ဖြေ၏။

(၄) တိဿက ခန္ဓာကိုယ်တွင်ဖုံမှုံ၊ မြေမှုံ အလိမ့်လိမ့်တက်နေသည့် ပြိတ္တာမ မတ္တာကိုကြည့်ကာ....
"အစ်မကြီး မတ္တာ ၊ အစ်မကြီး ဘယ်လို မကောင်းမှုကို ပြုခဲ့သဖြင့် ခန္ဓာကိုယ်တွင် မြေမှုံ အထပ်ထပ် အလိမ့်လိမ့် ကပ်နေရပါသလဲ " ဟုမေး၏။ မတ္တာက........
တိဿ ၊ ရှေ့လူဘ၀က သင်သည် ခေါင်းလျှော်ရေချိုးပြီး လှပစင်ကြယ်သည့် အ၀တ်ကို ၀တ်ဆင်ထားသည်ကို မြင်လျှင်ငါသည် သင့်ထက်ပိုမို၍ ၀တ်ဆင်နိုင်သော်လည်း မနာလို မရူစိမ့်ဖြစ်ခဲ့၏။ သည်ကြားထဲ ချစ်လင်ကိုယ်တိုင်က သင့်ကို ကြည်ဖြူစွာ စကားဆိုခဲ့သဖြင့် ချစ်လင်သင်တစ်ဦးတည်းကိုသာ ချစ်သွားမှာစိုခဲ့သည်။ ထိုမနာလိုစိတ်ကြောင့် ၀န်တိုစိတ်ကြောင့် တ့မြက်စည်းအမှုံကို သင့်ကိုယ်ပေါ်သို့ ငါပစ်ချခဲ့သည်။ ဤအကုသိုလ်ကံကြောင့် ယခု ငါ့ကိုယ်တွင် မြေမှုံအထပ်ထပ်ကပ်နေခြင်း ဖြစ်သည်" ဟုဖြေသည်။
" အစ်မကြီး မတ္တာ ၊ ဤသို့ဆိုလျှင် အစ်မကြီး၏ ကိုယ်တွင် ပွေး ၊ ၀ဲ ၊ ယားနာတို့ ဖြစ်နေသည်ကို တွေ့ရ၏။ ဤသို့ ခံစားရသည်မှာ အဘယ်ကြောင့်နည်း"
" တိဿ ၊ ငါသည်လူ့ဘ၀ဖြစ်စဉ်က သင့်ကိုယ်တွင် တော့မှယူလာသည့် ခွေးလျားသီးများကို ကြဲချခဲ့သည်။ ဤသို့ ပြုခဲ့သည့် အကုသိုလ်မကောင်းမှုကံကြောင့် ဤယားနာဝေဒနာများကို ခံစားနေရခြင်းဖြစ်သည်"
" အစ်မကြီး မတ္တာ ၊ ဤသို့ဆိုလျှင် အ၀တ်မပါ ဗလာကိုယ်ထီးနေရသည်ကကော ဘယ်လိုမကောင်းမှုကြောင့်ပါလဲ"
" တိဿ ငါသည် ရှေ့လူ့ဘသတွင် လင်ယောက်ျားသည် မင်္ဂလာ ကိစ္စဘ၀စတွင် သင့်ကိုသာ ဖိတ်ခေါ်သွား၏။ ငါ့ကိုကား ထားခဲ့၏။ ဤအဖြစ်ကို ငါ မကျေနပ်နိုင်။ ထို့ကြောင့်သင်၏ အ၀တ်အစားများ ငါ့ယုတ်မာစွာ ခိုးယူခဲ့သည်။ ဤအကုသိုလ်ကံအကျိုးကြောင့် ယခု ငါကိုယ်တွင် အ၀တ်မရှိ ကိုယ်လုံးတုံးတီးနေရခြင်း ဖြစ်သည်။
" အစ်မကြီး မတ္တာ ၊ တကယ်မကောင်းမှုကြောင့် သင်၏ခန္ဓာကိုယ်တစ်ခုလုံး နံစော်နေတာလဲ"
" တိဿ ၊ ငါ လူ့ဘသရှိစဉ်က သင်နံ့သာလိမ်ကျံ ၊ ပန်းပန်သည်တွေ့ရ၏။ သင့်ခန္ဓာကိုယ် တစ်ခုလုံး မွှေးကြိုင်သင်းပျံ့နေသည်ကိုမနှစ်သက် ၊ ထို့ကြောင့် သင်လိမ်းကျံသော အမွေးနံ့သာနှင့်ပန်းတို့အား မစင်တွင်းသို့ ပစ်ချခဲ့၏။ ဤမကောင်းမှုကြောင့် ငါကိုယ်တွင် အစင်နံ့သင်းနေခြင်း ဖြစ်သည်။


(၅)တိဿသည် လင်တူမယားဖြစ်ခဲ့ဖူးသူ အစ်မကြီးနှယ် ချစ်ခင်ရသူ ဖြစ်သည့် မတ္တာ၏ အဖြစ်ကိုကြည့်ကာ စိတ်မကောင်း ဖြစ်ရ၏။
ထို့ကြောင့် ပြိတ္တာမတဖြစ်လဲ မတ္တာကို ကြည့်ကာ......
" အစ်မကြီး မတ္တာ ၊ အစ်မကြိး အဘယ်သို့သော မကောင်းမှုကံကို ပြုခဲ့သဖြင့် ဤသို့ ဆင်းရဲခြင်း ကြီးစွာသော ပြိတ္တာဘ၀သို့ ရောက်ခဲ့ရသလဲ" ဟုမေး၏။
မတ္တာက.....
" တိဿ ၊ လူ့ဘ၀က သင်နှင့်ငါသည် ပြည့်စုံစွာ နေရသူများဖြစ်၏။ သို့သော် ငါသည် ပြည့်စုံစွာ နေရသော်လည်း ကုသိုယ်ကောင်းမှုကို မပြုခဲ့။ ပေးကမ်းလှူဒါန်းခြင်းကို မပြုခဲ့။ က္ကဿမစ္ဆရိယစိတ်သာ များခဲ့၏။ သို့တွက် ယခုလို ဆင်းရဲကြီးစွာသော ပြိတ္တာဘ၀သို့ ရောက်ခဲ့ရခြင်း ဖြစ်သည်" ဟုဖြေ၏။
သည်အခါတိဿက စိတ်မကောင်းခြင်း ကြီးစွာဖြင့်
" မတ္တာ သင်ကား ကိုယ်နှုတ်နှလုံးသုံးပါးနှင့် မကောင်းမှုပြုနေ၍ ဤမကောင်းမှုသည် သုဂတိဘုံသို့ မရောက်နိုင် ၊ ဒုဂ္ဂတိဘုံသို့သာ ရောက်နိုင်ေိကြာင်း မကြာခဏ ပြောခဲ့၏။ ထို့အတူပင်သင်သည် ပစ္စည်းဥစ္စာကို မပေးလှူဘဲ သိမ်းဆည်းနေ၍ ထိုပစ္စည်းဥစ္စာသည် သင်သေသော အခါ ပါမည်မဟုတ်ဟု မကြာခဏပြောခဲ့၏"
ပြီးသော်.........
" အစ်မကြီး ၊ က္ကဿမစ္ဆရိယစိတ်က လူကိုယ်ဒုက္ခပေး၏။ ဆင်းရဲကို အဖန်ဖန်ခံရ၏။ ယခုလက်တွေ့သိရပြီ မဟုတ်လား" ဟုဆို၏။
ထိုအခါ မတ္တာပြိတ္တာမကြီးက.......
" မှန်သည် တိဿ ၊ ငါ၏ မိုက်မဲမှုကို ငါကောင်းစွာ သိပါပြီ" ဟုဆို၏။

(မာတာဝေတိဝတ္တု )


No comments: