Monday, September 8, 2008

မေမေ့မေတ္တာ ပင်လယ်ပြာ


glitter-graphics.com

စပါယ်ငုံရွာသည် စစ်တောင်းမြစ်ကမ်းနဖူးပေါ်မေးတင်ပြီး ရွာတည်ထားသည်။ လူတန်းစား အလွှာပေါင်းစုံနေထိုင်၍ ဘာသာရေးကိုကြည်ညိုကိုးကွယ်သည်။ တစ်ရက် မဟုန်နေ့စဉ်လိုလိုရွာဦးကျောင်းမှာ ရဟန်းခံရှင်ပြု မဟုတ်သောအလှူတစ်ခုခု ရှိတတ်သည်။
ထို့အတူ အမယ်အိုကြီးသည် နေ့စဉ်နေ့တိုင်း ဘုရားတန်ဆောင်းအပေါက်ဝသို့ထိုင်၍ ဘုရားဖူးလာကြသူများအလှူရှင်ထံတွင် လက်ကလေးဖြန့်ပြီး နူညွတ်ရိုကျိုးသောအသံဖြင့် ပိုက်ဆံတောင်းခံသည်။ ဘုရားသွား ကျောင်းတက် အလှူရှင်တို့သည် ငါးကျပ်တစ်ဆယ်ထည့်မတွက်တော့ဘဲ အမယ်အိုကြီး၏ လက်ထဲ ထည့်ထည့်သွားကြလေသည်။ အမယ်အိုကြိးသည် အလှူရှင်များအား အားရ၀မ်းသာစွာ ဆိုပေးကြလေသည်။
နံနက်မိုးလင်းသည့်အချိန်မှစ၍ ညနေနေ၀င်မိုးချုပ်သည်အထိ ဘုရားရှင်ကိုစိတ်တွင်းက ဦးတင်ပြီး တောင်ဝှေးကိုတဒေါက်ဒေါက်ထောက်လျှက်တဲအိမ်လေးရှိရာ ကိုပြန်သွား၏။ သူ၏တဲအိမ်မှာစပါယ်ငုံရွာ၏ အစွန်အဖျားတွင်ရှိသည်။
တဲအိမ်အနီးခြောက်နှစ်အရွယ် ကလေးငယ်တစ်ယောက် ခုန်ပေါက်ပြေးလွှားပြီး အမယ်အိုကြီးအနားရောက်လာ၏။ ပျော်ရွှင်စွာကလေးငယ်၏ ဦးခေါင်းကို နမ်းလိုက်သည်။
ကလေးငယ်မှာဘယ်သူနည်း။ ဘယ်သူ့ကလေးနည်း။ ဘယ်ကရောက်လာသနည်း။
ထိုအချက်ကို မည်သူမျှမသိ ကလေးနှင့်ပတ်သက်၍ အိမ်နီးနားချင်းများက သတိပြုမိသည်မှာ အမှန်ပင်။ တနေ့သော ညချမ်းတွင် အမယ်အိုကြီး၏ ရင်ခွင်ထဲတွင် ကလေးငယ်တစ်ယောက်ငိုနေသည်ကို တွေ့ကြသည်။ မမယ်အိုကြီးသည် ကလေးငယ်၏ မျက်နှာကို နမ်းနမ်းပြီး ချော့မော့လေသည်။ ယင်းအဖြစ်အပျက်မှာ ထူးခြားလှသည့် အဖြစ်အပျက်မဟုတ်။ သို့ဖြစ်၍ အိမ်နီးနားချင်းများက ဘယ်သူ့ကလေးလည်းဟု စပ်စုကြသည်။ အမယ်အိုကြီးက မပြော။ မျက်ရည်စကားဖြစ် တားမြစ်ပိတ်ထားသည်အဘယ်ကြောင့်မသိ ကလေးကိုကောင်းကောင်းကျွေးပြီး ကောင်းကောင်းဆင်၏။
အမယ်အိုကြီးသည် သူထဲ၌ အိုးငယ်တစ်လုံးကို မြှပ်ထားသည်။ ညနေချမ်းအခါတွင် ရလာခဲ့သမျှကိုထိုအိုးထဲတွင်ထည့်ပြီး အခြားတစ်စုံတစ်ယောက်တွေ့မြင်သွားမှာစိုး၍အိုးကို တစ်စုံတစ်ခုဖြင့် ဖုံးထားလေ့ရှိသည်။ ကလေးကိုဝအောင်ကျွေးပြီးမှသူစားသည် ညအချိန်တွင် ကလေးကိုရင်ခွင်ဖြင့်အပ်ပြီး အိပ်လေ့ရှိသည်။ မနက်မိုးလင်းသည်နှင့်ကလေးကို ကျွေးမွေးပြီးအမယ်အိုကြီးသည်ဘုရား တန်ဆောင်းသို့သွားသည်။
ဦးဘစန်သည် အလွန်ကျော်စောထင်ရှားသူတစ်ဦးဖြစ်၏။ လူကြီးအစကလေးငယ်အဆုံး ၊ သူ့အိမ်ဂေဟာကို မသိသူမရှိပေ။ သူဌေးဦးဘစန်သည်ဘာသာတရားဘက်၌ အလွန်ကိုင်းရိုင်းလေသည်။ နံနက်မှနေ့လည်ဆယ်နှစ်နာရီထိသူဌေးကြီးသည် တရားဘာဝနာစီးဖြန်းခြင်းဖြင့် အချိန်ကုန်လေ၏။ သူဌေး၏ အိမ်ဂေဟာ၌ အခါခပ်သိမ်းဧည့်သည်များ ပြည့်ကြပ်နေ၏။ ငွေချေးလိုသူအများအပြားရောက်လာတတ်သည့်အပြင် မိမိတို့၏ရှိစုမဲ့စု ရွှေငွေပစ္စည်းများကို သူဌေးထံလာရောက်အပ်နှံလိုသူများကလည်း တစ်ဦး တိုးဝှေ့နေကြသည်။ အမယ်အိုကြီးသည် ထိုသတင်းကို ကြားသိသွားသည်။ သို့ရာတါင် သူစုမိဆောင်းမိသမျှ ကလေးကို အများနည်းတူ သူဌေထံလာရောက် အပ်နှံထားဖို့ရန် တွန့်ဆုတ်နေသည်။
အမယ်အိုကြီးငွေကြေး အတော်အတန် စုမိသွား၏။ မြေကြီးထဲ မြှပ်ထားသော အိုးငယ်လည်းပြည့်လုနီးပါးရှိလေပြီ။ သူခိုးဓားမြအတွက် စိတ်မချ။ တခုသော ညနေချမ်းအချိန်တွင် အမယ်အိုကြီးသည် မြေထဲမြုပ်ထားသော အိုကိုဖော်ပြီး စုတ်ပြဲနေသော အ၀တ်စဖြင့်ပတ်၍ သူဌေးအိမ်သို့ ယူဆောင်လာ၏။
သူဌေးစာရင်းစာအုပ်ကြီးကို လှန်နေ၏။
" ဘာလဲ အမယ်ကြီး "
အမယ်အိုကြီး မြေအိုးငယ်ကို သူဌေးရှေ့ကို မရဲတရဲတင်ပေးပြီး ၊ ပစ္စည်းအပ်ထားခြင်တဲ့ အကြောင်းပြောသည်။
" ဒီအထဲမှာ ဘာရှိလဲ "
"ကျွန်မကလေးအတွက် ငါးမှုးစု တစ်ကျပ်စု စုလာခဲ့တာပါ ကျွန်မဆီမှာထားရင် စိတ်မချလို့ စိတ်ချအောင် သူဌေးဆီမှာ လာအပ်တာပါ။"
" စာရင်းထဲထည့်မှတ်လိုက်စမ်း ခင်ဗျားနာမည်ဘယ်လိုခေါ်လဲ " အမယ်အိုကြီးသူ၏ နာမည်ကိုပြောပြလေသည်။ စာရေးသည် အမယ်အိုကြီး၏ ငွေအတိုအစများကိုရေတွက်ပြီး ၊ စာရင်းသွင်းလိုက်၏။ သူဌေးကြီးကို အားရကျေနပ်စွာဖြင့် ဘုန်းကြီးလို့ အသက်ရှိလိုကြောင်း ဆုများပေးပြီး တဲအိမ်ရှိရာသို့ ပြန်လာခဲ့သည်။
နှစ်အတန်ာကာ အနှောက်အယှက် အခက်အခဲမရှိကုန်ဆုံးကျော်လွန်လာခဲ့၏။ ထို့နောက် ကလေးသည် ရုတ်တရက် အပြင်းဖားလာ၏။ အမယ်အိုကြီး ဆေးဝါးကို အစဉ်တစိုက် တိုက်ကျွေးသည်။ ပယောဂနည်းဖြင့်လည်း ကုသသည်။ အင်းအိုင်လက်ဖွဲ့ကိုလည်း ဆွဲပေး၏။ တစ်ခုမှ အရာမထင် အခြေအနေသည် တစ်နေ့ထက်တစ်နေ့ဆိုးဆိုးလား၏။ အမယ်အိုကြီး ရင်ကွဲမတက်ခံစားရသည်။ ဆေးအတော်စုံနေပြီ မထူးခြားလက်လျှော့ရမည့်အဖြစ် ၊ နောက်ဆုံးဒေါက်တာနှင့် ကုသရင် ကလေး၏ ရောဂါကောင်းသွားမည်ဟု တွေးမိသည်။
သားကိုချစ်တဲ့ဇောနှင့် အမယ်အိုကြီးသည် တုန်တုန်ယင်းယင်းနှင့် သူဌေးကြီး၏ အိမ်ဂေဟာရှိရာကို ထွက်လာခဲ့၏။ အိမ်တွင်သူဌေးကြီးကို အသင့်တွေ့ရ၏။ ပျော်ရွှင်သောစိတ်များ နေရာအနှံ့ရောက်သွား၏။ သားလေးနေကောင်းတော့မည်။ စွဲကပ်နေသောရောဂါတွေလွင့်စင်တော့မည်တွေးရင်း အမယ်အိုကြီး ပျော်ရွှင်မိသည်။
" သူဌေးကြီး ၊ ကျွန်မအပ်ထားတဲ့အထဲက ငါးရာလောက်ပြန် ယူချင်ပါတယ် ၊ ကျွန်မသားလေးအတော်နေမကောင်းလို့ပါ ၊ ဆရာဝန်ပြချင်လို့ပါ "
" ဘယ်သူအပ်ထာတဲ့ ငွေရှိလို့လဲ ၊ ကျုပ်ဆီမှာ ဘယ်သူမှ အပ်ထားတာ မရှိပါဘူး "
" ကျွန်မသူဌေးကြီးဆီမှာ အပ်ထားတာ နှစ်နှစ်ရှိပါပြီ ၊ ကျွန်မကို သနားသဖြင့် ငါးရာလောက်ပြန်ပေးပါ "
အမယ်အိုကြီး ရိုက်သံတွေပြင်း၍ ငိုနေသည်။
သူဌေးကြီးသည် စာရေးကိုလျှို့ဝှက်သော အကြည့်ဖြင့် ကြည့်လိုက်၏။ ထို့နောက် အမယ်အိုကြီးနာမည်နဲ့ အပ်ထားတဲ့ငွေရှိမရှိ ကြည့်ခိုင်းလိုက်၏။ ငယ်ရူသာ၇ိုက်သာဖြစ်လာသည်။ ခရီးရောက်မဆိုက် သူဌေးကြီးထံမှာ စကားကို ကြားလိုက်ရသည်တုန်းက သူဌေးလူလိမ်နဲ့...တော့ တခါဖြင့်တွေ့ပြီဟု အမယ်အိုကြီး ပွင့်ပွင့်လင်းလင်း တွေးမိလိုက်သည်။
သို့ရာတွင် ဘုရားတရား ကိုင်းရိုင်းတဲ့လူဟာ မဟုတ်တာလုပ်မှာမဟုတ်တန်ကောင်းပါဟု အမယ်အိုကြီးက ငါးရာထုတ်ပေးရင်း ဆရာဝန်ခေါ်သွားမယ်။ ဆေးတစ်လုံးလောက်ထိုးပေးရင် နေကောင်းသွားမှာ အမှန်ပင်။
ထို့နောက်.....
စာရေးက ဒီနာမည်နဲ့ အပ်ထားတဲ့သူအစအနတောင် မရှိဘူဟု ပြတ်သားစွားပြောသံကြောင့် အမယ်အိုကြီးသည် အ၇ုပ်ကြိုးပြတ်သလို ဖြစ်သွား၏။ မျက်ရည်ကို အတားအဆီးမဲ့စွာ ငိုချလိုက်၏။ မြတ်စွာဘုရားနှင့်တရားဓမ္မကိုငဲ့သောအားဖြင့် နဲနဲတော့ပြန်ပေးပါ ၊ တသွက်သွက် ပြောလေ၏။ တခြားဘယ်သူ့ကိုမှ အားကိုစရာမရှိတာ အမှန်သနားခံပြောနေသော အမယ်အိုကြီး၏ အသံကိုကြားရသူတိုင်းသနာာကပြီး သူဌေးအပေါ်အယုံအကြည်ထင်၍ တချို့ပြန်သွားကြသည်။ သူဌေးကြီး တုန်လှုပ်မှုမရှိ အနိုင်ရတဲ့မျက်နှာပျော်နေသလို အမယ်အိုကြီးရလိုဇောနှင့် အဆက်မပျက်တောင်းဆိုနေ၏။
"အမယ်ကြီးကျုပ်သိက္ခာကိုလာမချနဲ့ ၊ အိမ်ရှေ့ကထွက်သွားရင်သွား မသွားရင်ဆွဲထုတ်ရလိမ့်မယ် "
ကောင်းပါပြီ မြတ်စွာဘုရားက သူဌေးမင်းကြီးကိုမစပါစေဟုဆိုက အမယ်အိုကြီးတောင်ဝှေးကို ထောက်ပြီးသူ၏ တဲဖက်ကို လှည့်ပြန်လာခဲ့သည်။
အမယ်အိုကြိးသည် အရူးမီးဝိုင်းဖြစ်နေသည်။ ကလေး၏ အခြေအနေမှာ တနေ့တခြားဆိုးရွားလာသည်။ တစ်နေ့တွင်မှု စိုးရိမ်ရသည့် အခြေအနေသို့ ရောက်လာသည်။ ကလေး၏ အခြေအနေဆိုးလာလေလေ သူဌေးကြီး၏အပေါ်တွင် ဒေါသပိုထွက်လေလေဖြစ်သည်။ အမယ်အိုကြီးသည် သဌေးကြီးကို အကြီးအကျယ် ရွံ့မုန်းသွားသည်။
အမယ်အိုကြီးသည် အတွေးများစွာထဲမှ အကြံတခု ရလာသည်။ သူသည်ကလေးကိုချီပြီး ထလိုက်၏။ ထိုနောက်ဒယိမ်းဒယိုင်နှင့် သူဌေးကြီးအိမ်ဂေဟာသို့ ကြိုးစားပြီးသွားလေသည်။ အိမ်သို့ရောက်သောအခါ တံခါးဝတွင် ထိုင်ချလိုက်သည်။ ကလေး၏ ကိုယ်သည်အဖျားကြောင့် ခြစ်ခြစ်တောက်ပူးနေသည်။ အမယ်အိုကြီး၏ အသည်းနှလုံးမှာလည်း ထိုနည်းပင်။
အစေခံတစ်ဦးသည် ကိစ္စတစ်ခုနှင့် အပြင်ဖက်ထွက်လာလေ၏။ အမယ်အိုကြီးထိုင်နေသည်ကို မြင်သွားသည်။ သူဌေးကြီးထံအကြောင်းကြားလိုက်၏။ သူဌေးကြီးက ဆွဲထုတ်ပစ်ရန် အမိန့်ပေးလိုက်သည်။ အစေခံသည် အမယ်အိုကြီးအား ထွက်သွားရန်ပြောလေသည်။ သို့ရာတွင် အမယ်အိုကြီး တုတ်တုတ်မျှ မလှုပ်။ အမျိုးမျိုးခြိမ်းခြောက်၏ အနည်းငယ်မျှ မဖြုံ။ အစေခံသည် အိမ်ထဲပြန်ဝင်သွား၏။ အမယ်အိုကြီး ပေကပ်ကပ်လုပ်နေကြောင်းပြောလေ၏။
သူဌေးကြီးအပြင်ဘက်ကို ကိုယ်တိုင်ထွက်လာ၏။ အမယ်အိုကြီးရင်ခွင်ထဲကကလေးငယ်ကို မြင်သွားသည်။ သူဌေးကြီးအံ့သြတုန်လှုပ်၍ မျက်လုံးမျက်ဆံပြူးသွားသည်။ ကလေး၏ ပုံပန်းအသွင်အပြင်သည် သူ၏သားငယ်နှင့်တူနေ၏။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပန်းညိုရွာမှာ ဘုရားပွဲကျင်းပတုန်း လူကြားထဲရောပါပျောက်ဆုံးသွားခဲ့သည်။ နေရာအနှံ့ ပိုက်စိတ်တိုက်လိုက်ရှာသည်။ အစအနကိုမျှမတွေ့ရ ကလေး၏တင်ပါးတွင် အမှတ်နီနီတစ်ခုရှိသည်ကို သူဌေးကြီးရုတ်တရက် သတိရလာ၏။ သူဌေးသည် အမယ်အိုကြီးရင်ခွင်ထဲမှ ကလေး၏ပါးကို လှမ်းကြည့်လိုက်၏။ အမှတှ်ုရှိသည်ကို တွေ့ရ၏။ အမှတ်မှာယခင်ကထက် အနည်းငယ်ပိုကြီးနေ၏။ သူ့ကလေးဖြစ်ရမည်ဟု သူဌေးကြီးတထစ်ချ ဆုံးဖြတ်လိုက်သည်။
ကလေးစိတ်နဲ့ အဘိုးအဘွား ဇနီးတို့ အသက်ဆုံးခဲ့ ရရှာသည်။ ကြေကွဲတမ်းတရက်ပေါင်းမနည်း။ ကလေးပြန်တွေ့ချိန်မှာ ပျော်ရွှင်မိ၏။
အမယ်အိုကြီး၏ ရင်ခွင်ထဲမှ ကလေးကို အတင်းလုယူပြီး ပွေ့ဖက်ထားလိုက်သည်။ ကလေး၏ တကိုယ်လုံးခြစ်ခြစ်တောက်ပူနေ၏။ အစေခံကိုဆရာဝန်ခေါ်လွှတ်လိုက်သည် သူဌေးကြီးအိမ်ထဲကို ၀င်သွားလေ၏။
" ကျွန်မကလေးကို ယူမသွားပါနဲ့ "
"ကျွန်မငွေတွေဲကိုလဲ အပိုင်စီးလိုက်ပြီ အခုတခါကလေးကို လုယူအုံးမလို့လား "
" ဒါကျုပ်ကလေး ၊ ကျုပ်တစ်ဦးတည်းသော သားကလေး ပျောက်သွားတာ။ အခုပြန်တွေ့ပြီ။ သားလေးဘယ်ကိုမှ မသွားရတော့ဘူး။ သားလေး အသက်မသေရအောင် အစွမ်းကုန်ကြိုးစားကုမယ် "
အမယ်အိုကြီး မတ်တပ်ရပ် အသံကုန်အောင် ကလေးကိုရလိုဇောနဲ့ တောင်းနေသည်။ ရင်ထဲတွင် သောကမီးတွေလောင်နေ၏။ သူဌေးကြီးနှင့် အစေခံများဘာမျှမပြောနိုင်။ ပတ်ဝန်းကျင်တစ်ခုလုံး အမယ်အိုကြီးကိုကြည့်ပြီး သနားရုံကလွဲ၍ ဘာမျှမတတ်နိုင်။ အမယ်အိုကြီးညမှောင်မှာငိုပြီးတဲအိမ်ရှိရာ ပြန်သွားလေသည်။
ဆေး၏တန်ခိုးကြောင့် ကလေးအဖျားကျ သတိရလာ၏။ မျက်လုံးများပွင့်လာသည်။ ပထမဦးဆုံးသူ၏ နူတ်ဖျားမှ ထွက်ပေါ်လာသော "မေမေ" ဆိုတဲ့စကားလုံးကို သူဌေးကြီးနှင့် အစေခံများအံ့သြကုန်သည်။
အနားပတ်ပတ်လည်တွင်မမြင်ဘူး မတွေ့ဘူးသော အစိမ်းသက်သက်မျက်နှာများကိုတွေ့ရသည်ဖြစ်၍ မျက်လုံးများကို မှိတ်လိုက်သည်။ ထိုအချိန်မှအစပြု၍ ကလေးအများများတဖန်တက်စ ပြုလာပြန်လေသည်။ နူတ်မှာလည်း " မေမေ မေမေ " နှင့်မနားတော့ဘဲ ထပ်ခါတလဲလဲ ခေါ်နေသည်။ ဆရာဝန်များလည်းလက်လျော့နေပြီ။ သူဌေးကြီးသည် ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေ၏။ အနားပတ်လည်တွင်မှု အမှောင်လွှမ်းနေတော့၏။
သူဌေးကြီးသည် ရုတ်တရက် အမယ်အိုကြီးကို သတိရလာ၏။ တံခါးဝမှာ ရှိများရှိသေးလားဟု အစေခံကို ကြည့်ခိုင်းလိုက်သည်။ သို့ရာတွင်ဘယ်မှာ ရှိတော့မည်နည်း။ သူဌေးကြီးနွားလှည်းပြင်ခိုင်းပြီးချက်ချင်းရွာအစွန် အမယ်အိုကြီးတဲအိမ်သို့ လိုက်သွားလေ၏။ တဲမှာတံခါးမရှိ။ အိမ်ထဲတန်းဝင်သွားသည်။ အမယ်အိုကြီး ဟောင်းနွမ်းစုတ်ပြတ်နေသည့် အိပ်ရာပေါ်တွင်လဲပြီး မျက်ရည်ဖြိုင်းဖြိုင်း စီးကျနေသည်။ သူဌေးကြီးသည် အမယ်အိုကြီးကို လက်ဖြင့်အသာလှုပ်လိုက်လေ၏။ တစ်ကိုယ်လုံး မီးခဲကဲ့သို့ ခြစ်ခြစ်တောက်ပူနေသည်။
" အမယ်အိုကြီး ကလေးသေတော့မယ် ၊ ဆရာဝန်တွေလက်လျော့သွားပြီ ခင်ဗျားဘဲသူ့ကို ကယ်နိုင်မယ့်သူရှိတော့တယ်။ ကျွန်တော့သားလေးကို လိုက်ကယ်ပါအုံး "
" သေတော့မလိုဖြစ်နေရင် သေပေစေတော့ ကျွန်မလဲသေမှဘဲ။ ကျွန်မတို့သားအမိနတ်ပြည့်မှာ သားအမိအဖြစ်နဲ့ ပြန်ဆုံမှာဘဲ။ ဒီဘ၀မှာချမ်းသာသုခတကွက်မှ မရှိဘူး ဟိုဘ၀မှာ ကျွန်မသားလေး ချမ်းချမ်းသာသာ နေရှုမှာဘဲ ကျွန်မဟိုဘသကျမှလဲ သူ့ကိုပြုစုယုယတော့မယ် "
သူဌေးကြီး ငိုချလိုက်၏။ ယနေ့အထိ ဘယ်သူ့ကိုမှ အောက်မကြီု့ခဲ့ ယခုအခါတွင်အမယ်အိုကြီး၏ ခြေရင်းတွင်ပစ်လှဲလိုက်ပြီး တငိုငိုနှင့် တောင်းပန်သည်။
" မိခင်စိတ်ကို မပစ်ပယ်ချင်ပါနဲ့ အမယ်ကြီးစင်စစ်တော့ခင်ဗျားလဲဘဲ သူ့မိခင်ပါဘဲ။ ခင်ဗျားလိုက်လာရင် သူနေကောင်းသွားမှာပါ "
" မိခင်စိတ် " ဆိုသည့်စကားကို ကြားလိုက်ရသည်နှင့် တပြိုင်နက် အမယ်ကြီးငေါက်ခနဲထထိုင်လိုက်သည်။ သူဌေးကြီး အမယ်အိုကြီးကို တွဲထူဖေးမပြီး အပြင်ဘက်နွားလှည်းရှိရာသို့ ခေါ်လာသည်။ သူဌေးကြီးကြိတ်၍ ပြုံးပျော်နေ၏။ အမယ်အိုကြီးကို နွားလှည်းပေါ်ကိုတင်ပြီး သူဌေးကြီး၏ အိမ်ဂေဟာဘက်ကို ဦးတည်ခဲ့သည်။ အမယ်အိုကြီးနှင့်သူဌေးကြီးတို့မှာ အခြေအနေတန်းတူနေကြသည်။ နှစ်ဦးစလုံးပင် ကိုယ်ကလေးဆီကို အမြန်ရောက်လိုသည့်ဆန္ဒပြင်းပြနေ၏။
သူဌေးကြီး အိမ်ဂေဟာသို့ရောက်လာသည်။ သူဌေးကြီးသည် အမယ်အိုကြီးကိုတွဲပြီး လှည်းပေါ်ကအောက်ကိုချလျက် အိမ်ထဲခေါ်သွား၏။ အမယ်အိုကြီးသည်ကလေး၏နဖူးကိုလက်ဖြင့် စမ်းလိုက်သည်။ သူမေမေ၏လက်ဖြစ်ကြောင်းကလေး ချက်ချင်းသိသွားသည်။ ကလေးမျက်လုံးကို ဖါင့်ကြည့်လိုက်၏။ အနားတွင်ထိုင်နေသော အမယ်အိုကြီး၏ ရင်ခါင်ထဲကို တိုးဝင်လိုက်၏။
အမယ်အိုကြီးသည် မေတ္တာပြည့်ဝသောအသံဖြင့်။

No comments: