Friday, September 5, 2008

ပြန်၍ဆုံကြမည်

click to comment

ငယ်စဉ်ကာ ကလေးဘ၀တွင်
ပြုံးရွှင်ပျော်မြူး ကြည်နူးစွာဖြင့်
သွားလာလှုပ်ရှား ကစားလည်းတူ
ကျောင်းသွားတူပေါ့ စာကျက်တော့လည်း
တစ်ယောက်တစ်လှည့် မေးခွန်းဖွဲ၍
မေးခဲ့မြန်းခဲ့ ဖြေခဲ့ကြသည်
ဝေစည်ပွင့်ဖြာ ပန်းကမ္ဘာတွင်
ၾကည္သာရႊင္ပ် ရွိခဲ့ၾက၏။

ဝါသနာတူ စရိုက်တူလျက်
လက်ချင်းယှက်ထား ကွဲမသွားခဲ့
ချင့်ချိန်စဉ်းစား အမှားနှင့်အမှန်
ဝေဖန်သုံးသပ် လာတတ်သည့်ခါ
ကျောင်းစာအပြင် အားလပ်လျှင်မှု
ပြင်ပစာပေ ရှာဖွေမှီလျက်
မပျက်ဝီရိယ ဇွဲလုံ့လဖြင့်
တစ်ယောက်တစ်လှည့် မြှင့်တင်ခဲ့သော်
စာနှင့်ကဗျာ ကဗျာနှင့်စာ
မကွာစတမ်းစ စွဲလမ်းခဲ့ကြ
ရေးကြ စပ်ကြ ဖွဲ့ခဲ့ကြသည်
ဘ၀ချိုးစုံ အတွေးစုံလျက်
ပြည်သူ့အတွက် ငါတို့တွက်ဟု
တစ်ယောက်ဟာကွက် တစ်ယောက်စွတ်၍
တွဲလက်ညီညာ ရှိခဲ့ကြ၏။

ရက်မှလသစ် လမှနှစ်ပြောင်း
နှစ်ဟောင်းတွေကြွေ ရွက်သစ်တွေဝေ
ကြာညောင်းခဲ့သော်
ဘွဲ့လည်းကိုယ်စီ ရခဲ့ပြီမို့
တိုင်းပြည်တွက်တာ ကျရာတာဝန်
စွမ်းဆောင်ရန်မှာ ပြည့်သူ့တာဝန်အဖြစ်
အသစ်တစ်ဖန် ရှိလာပြန်၍
ဝေးကွာကြရင် ကံဖန်လာလည်း
ကဗျာချစ်သူ စာချစ်သူမို့
ရင်ထဲရှိရာ ခံစားမှုကို
စာစုဖွဲ့လို့ ဖွင့်ဟရေးချ
တစ်ယောက်ကဗျာ တစ်ယောက်စာကို
ကျန်တစ်ဘက်မှ လက်တွေ့ကျအောင်
စွမ်းဆောင်ကြရင်း ကြိုးစားရင်းသာ
မြန်ပြည်တစ်နေရာ ပြန်လည်ကာဆုံမည်
ကိုယ်စီတာဝန် ကျေပွန်သော်
ပြန်ဆုံကြမည်။

No comments: