Monday, September 8, 2008

သံယောဇဉ်ထား အယုံမှားသူ


glitter-graphics.com
တစ်ရံချိန်ခါ ၊ ကန်သာယာတွင်
ကြင်နာစိတ်ထား ၊ လွန်ပြည့်ငြားသည့်
ရွှေဖားတစ်ကောင် နေသတဲ့။

ထိုကန်အနီး
ခိုမှီးထွန်းတောက် ၊ ကင်းမြီးကောက်က
ဖားအောက်ခိုဝင် ၊ နှိမ့်ချသွင်ဖြင့်
ဂုဏ်အင်ထွေပြား ၊ မြှောက်ပြောကြားလျှင်
ရွှေဖားဝမ်းမြောက် ၊ ကင်းမြီးကောက်နှင့်
တစ်လျှောက်အတူ ၊ နေထိုင်တူ၏။

တစ်နေ့ခါဝယ်
ကန်သာစိမ်းမြ ၊ ကြည့်လို့လှ၍
ကျော်မှာတင်ကာ ၊ ပို့ဆောင်ပါဟု
ပြောကြားလာရာ ၊ သံယောဇဉ်ကြီးမား
ရွှေဖားကြားသော် ၊ စေတနာထား
ချိုသာစကား ၊ သနားပိုကာ
မွန်မေတ္တာဖြင့် ၊ ကျောမှာတင်လျှက်
ကန်ဟိုဘက်သို့ ၊ ပို့ဆက်ခရီးစခဲ့၏။

ဖားကျောပေါ်ရောက်
အသာစီးရ ၊ ကင်းမြီးကောက်က
ကျင့်ဖောက်ပြန်ယှက် ၊ အဆိပ်ထုတ်၍
ထိုးအုပ်လိုက်တော့ ၊ မေတ္တာကြီးမားမိခဲံ
အသွင်စရိုက်မတူသူအား ၊ သံယောဇဉ်ထား
ကိုရွှေဖားတော့ အဆိပ်သင့်လေတော့၏။

ကင်းမြီးဆိပ်ဒဏ် ၊ လွန်ပြင်းထန်၍
မဟန်နိုင်ငြား ၊ တင်းခံအားဖြင့်
စကားဤသို့ မေးလိုက်၏။

ငါ့ကျောပေါ်မှာ ၊ ဇိမ်ရှိစွားဖြင့်
လိုရာမပျက် ၊ ပို့ဆောင်လျှက်က
ဘယ်တွက်ဆိပ်မီး ၊ ထိုးသနည်း။
ဘယ်တွက်မင်းငြိုး ၊ ထိုးသနည်း။

ပျော့အိအရာ ၊ တွေ့ထိပါလျှင်
ဘယ်မှာမထိုး ၊ နေနိုင်ရိုးမို့
အမျိုးဗီဇ ၊ ဇာတိပြ၍
အဆိပ်အိုးနှင့် ငါထိုး၏။

သြော်...
အမျိုးလည်းယှတ် ၊ စိတ်လည်းပုတ်သည့်
ကြမ်းကြုတ်ရုပ်ဆိုး ၊ ကင်းမြီးမျိုးငဲ့။

ငါတိုကဖားမျိုး ၊ ရေငုပ်လျှိုး၍
ပျော်ရိုးစဉ်လာ ၊ ရှိခဲ့တာမို့
ရေလွှာထိုးဖောက် ၊ မြေစိုင်ရောက်ထိ
တစ်ထောက်မနား ၊ ငုပ်လျှိုသွားသော်
သင်ကားဘယ်လို ရှိအံ့နည်း။

ရွှေဖားစိတ်တွင် ၊ အတွေးဝင်ပြီး
သင်သည်ရွှေဖား ၊ ဖြစ်ခဲ့ငြားသော်
စိတ်ထားပုံသွင် ၊ ဘယ်သို့ဆင်မည်
ရေပြင်ခရီး ၊ မိုးဦးမည်လော
ဒိုင်ဗင်ထိုး၍ ငုပ်လျှိုးမည်လော။

တစ်ချိန်က ၊ မိုးတွင်တွေမှာ
မိုးတွေရွာတိုင်း ၊ အဆိပ်သင့်ဒဏ်ခံခက်ပါမှု
အော်ဟစ်နေခဲ့ ၊ ဖားအော်သံတွေနဲ့အတူ
ရောထွေးနေခဲ့တာ ၊ လူယုံမှားခဲ့
အချစ်ဆိပ်သင့်ခဲ့တဲ့၊ ငါ့နှလုံးသားရဲ့
ငိုရိုက်သံတွေပါ။

No comments: