Monday, July 14, 2008

သူခိုးအတွက်လှေကားထမ်းသူ


glitter-graphics.com
ရွာသားသည် အသင့်တွေ့ရသောလှေကားကို သရက်ကိုင်းတွင် ထောင်လိုက်ကာ လှေကားပေါ်မှ မတ်တပ်ရပ်ပြီး အချောဆုံး အလှဆုံးများကို သေချာရွေးပြီး ခူးနေသည်။
ထိုအချိန်တွင် ဂုဏ်တော်ပွားရင်း လမ်းလျှောက်လာသော ဆရာတော်ကြီးသည် သရက်ပင်မှာ လှေကားတစ်စင်းထောင်ထားတာ တွေ့သွားသဖြင့် အနားသွားမော့ကြည့်လိုက်ရာ ဒ
ကာကိုတွေ့သွားသည်။ ဆှုရာတော်ကြီးသည် ဘာမျှမပြောဘဲ လှည့်ပြန်မည်အပြုတွင် လှေကားမှ ဂျွတ်ဟူသော အသံကြီးထွက်လာသည်။
ဆွေးနေသော လှေကားခြေတစ်ချောင်းက သူကျိုးကျတော့မည်ဖြစ်ကြောင်းကို သတိပေးလိုက်ခြင်းဖြစ်ပါ၏ ။ ရွာသား၏ ဘယ်နှင့်ညာတွင် စလွယ်သိုင်းပြီး လွယ်ထားသော
ဧရာမလွယ်အိတ်ကြီးနှစ်လုံးမှာလည်း ပြည့်ခါနီးလာပြီဖြစ်သဖြင့် ၀ိတ်ကများသထက်များလာရာ လှေကားက မနိုင်တော့ဘဲ ကျိုးသွားခြင်းဖြစ်သည်။
ထိုအခါ ဆရာတော်ကြီးသည် ကျိုးသွားသော လှေကားခြေတစ်ချောင်းအောက် အလျင်အမြန် ၀င်လိုက်ပြီးလျှင် ပုခုံးဖြင့်ထမ်းထားလိုက်လေသည်။ အလုံးချောချောသရက်
သီးများအပေါ် အာရုံကျနေသော ရွာသားမှာကား လှေကားကျိုးခြင်းကိုလည်းမသိ ။ ကျိုးသည့်လှေကား ခြေထောက်နေရာတွင် ဆရာတော်ကြီးက သူလိမ့်မကျရန် ထမ်းပေးထားခြင်း
ကိုလည်း မသိပေ။
အတန်ကြာသောအခါ အလုပ်ကြမ်းမလုပ်ရသဖြင့် နူးညံ့နေသော ဆရာတော်၏ပုခုံးသားများမှာ အိတ်နှစ်လုံးနှင့် ရွာသား၏အလေးချိန်ကို မခံနိုင်တော့ဘဲ ပေါက်ပြဲပြီး အ
ရေပြားစုတ်ကာ သွေးပင်ထွက်လာသည်။ ထိုအခါကျမှ ဆရာတော်ကြီးက
" ဟဲ့...ဒကာတော် ၊ မလုံလောက်သေးဘူးလား ၊ လှေကားထမ်းထားရတဲ့ ငါ့ပုခုံးတော့ပေါက်ကုန်ပြီ "
ဟုလှမ်းပြောလိုက်သည်။ ထိုအခါကျမှ ရွာသားသည် အောက်ငုံကြည့်လိုက်ရာ ခြေတစ်ဖက်ကျိုးနေသော လှေကား ထိုလှေကားအကျိုးနေရာတွင် ပုခုံးဖြင့် ထမ်းကာရပ်နေ
သောဆရာတော်ကိုတွေ့သွား၏ ။ ရွာသားမှာ သူ့အပြစ်အတွက် ကြောက်လန့်ခြင်း ၊ ဆရာတော်၏ အနစ်နာခံမှုအတွက် အံ့သြလွန်းခြင်းကြောင့် ဘာမျှပြန်မပြောနိုင်ဘဲ တစ်လှမ်းခြင်း
ဆင်းလာသည်။
ခွင့်လွှတ်ခြင်းသည် အပြစ်ပေးခြင်းထက် အောင်မြင်သည်ဟူသော စကားသည် မှန်ပေစွ ။ ရွာသားသည် မြေပြင်ပေါ်ရောက်သည်နှင့် သရက်သီးအိတ်နှစ်အိတ်ကို ဆရာတော်
ရှေ့ချပြီးပြန်အပ်ကာ မျက်ရည်တွေကျလာပြီး " တပည့်တော်နောက်ကို ဘယ်တော့မှ မခိုးတော့ပါဘူးဘုရား " ဟုလျှောက်၏ ။
ဆရာတော်က
" ငါ့ကိုပြန်မပေးပါနဲ့ ၊ မယူပါဘူး ၊ မင်းကုသိုလ်ရချင်ရင်တော့ ဘုရားကို သုံးလေးလုံးလှူသွားပေါ့ "
ဟုသာ ပြောရှာသည်။ ရွာသားသည် ဘုရားကို သရက်သီးလှူပြီးသည်နှင့် ကျောင်းထဲမှ သုတ်ချေတင်တော့သည်။ ထိုရွာသားသည် နောင်ဘယ်သောအခါမှ ဆရာတော်၏ကျောင်း
ထဲ သရက်သီးလာခိုးတော့မည်မဟုတ်ချေ။
နူးညံ့သောမှိုပွင့်သည် ခက်မာသောမြေကို ဖောက်ထွင်းနိုင်သည်။နူးညံ့ပျော့ပြောင်းသောရေသည် ခက်မာကြမ်းတမ်းသော ကျောက်ဆောင်ကျောက်ခဲများကို သဲမှုန်လေးများဖြစ်
သွားအောင် တိုက်စားနိုင်သည်။
ထို့အတူ သူတော်စင်၏ နူးညံ့သိမ်မွေ့သော နှလုံးသားသည် သူမိုက်၏ ခက်ထန်ကြမ်းတမ်းသော နှလုံးသားကို နူးညံ့သိမ်မွေ့လာစေနိုင်သည်။
( ရွှေပြည်သာ )
***************************

No comments: