Wednesday, July 16, 2008

ဆရာဟူသည်


glitter-graphics.com
"ဆရာဘ၀ ၊ ဆရာအလှ"

glitter-graphics.com
နေ့ရဲ့ အလှ
ညမရောက်မီ ၊
ညရဲ့အလှ
နေမတက်မီ ၊
ကညာလှချက်
ဇရာမဖက်မီ။
ထာဝရလှလျက်
ဆရာဆက်ချီ။

ဟင်းနော် ဟဲ့နော်
တကြော်ကြော်နှင့်
အော်ကာ ဟစ်ကာ
သင်ကြားပါရင်း
စာလုံးကွေးကွေး
ဝိုင်းဝိုင်းရေးရန်
မြင့်မြင့်ကြံပေး မွန်မွန်တွေးရန်
စိတ်ဇွဲရည်သန် ၊ အားမာန်ဝင်းဝင်း
အသင့်လုပ်ငန်း
ပြုံးပန်းတစ်ရာ
ဝေဆာပါသည်။

ဆရာဘ၀သာ
ထာဝရအလှ။

" ဆရာနှင့်တပည့် "

glitter-graphics.com
လောကထဲမှာ ၊ သစ္စာရှာစဉ်
ဆရာဟူသည့် ၊ ဂုဏ်ရည်ပြည့်သည်
မတ်တည့်လမ်းတွင် ၊ သူတော်စင်ရဲ့
သွန်သင်သမျှ ၊ နာယူရ ။

ကြားမြင်သင်စရာ ၊ မြတ်သုံးဖြာဟု
ရင်မှာစွဲမှတ် ၊ မယွင်းချွတ်ဘဲ
ဦးညွတ်ကော်ရော် ၊ နေ့တိုင်းသော်တည့်။

တွေ့လျှင်မြင်လျှင် ၊ စိတ်လက်ရွင်လို့
သခင်ဆရာ ၊ သက်တစ်ရာမက
နေပါရစေ ၊ ဆုမွန်ချွေသည်။

မတွေ့မြင်ရ ၊ အဝေးကလည်း
ဆရာ့ကျေးဇူး ၊ အထူးထူးကို
ညွတ်နူးစွာပင် ၊ မြဲဆင်ခြင်၍
သခင်ဆရာ ၊ ဘေးဘယာနှင့်
ဝေးကွာစေကြောင်း ၊ ဆုမွန်တောင်း။

ဆရာကလည်း
ငါ့တပည့်သား ၊ ဘယ်သို့များနေ
ဘယ်ခြေများရောက် ၊ ခွန်းချိုထောက်လို့
ထွန်းပေါက်ပါစေ ၊ ကျန်းမာစေဟု
မသွေနူတ်အေး ၊ ဆုမွန်ပေး။

"ဆရာ" ဟုသာ ၊ နက်နဲစွာနှင့်
ရင်မှာတမ်းတ ၊ ခေါ်လိုက်ရလျှင်
ဘယ်ကဘယ်လို ၊ မနိုင်းဆိုနိုင်တည့်။

"တပည့်ရေ "ဟု
ပြေပြေစမ်းကျ ၊ နူတ်တစ်စနှင့်
ဆရာ့ဝါစာ ၊ ကြားရပါလျှင်
သာသည် နာသည် ၊ မနိုင်းဖြစ်သည်
ချစ်ခင်စိတ်များ ၊ တဖွားဖွားတည့်။

သြော်--ဆရာထံမှောက် ၊ ကြိမ်ဖန်ရောက်၍
ဒူးထောက်ရိုကျိုး ၊ ငါရှိခိုးစဉ်
မြတ်နိုးလှစွာ ၊ ပြုံးမျက်နှာနှင့်
ဆရာ လှိုက်လှဲ ၊ မျက်ရည်ဝဲသည်။

ငါလည်းထိုသို့ ၊ မျက်ရည်စို့သည်
စို့မျက်ရည်ကာ ၊ နှလုံးသားမှ
ချိုပျားပမာ ၊ စီး၍လာသည့်
မေတ္တာရေကြည် ၊ အေးပါတည့်။

No comments: