Wednesday, July 9, 2008

ချစ်သူနဲ့ကွဲရတာလည်း ဆင်းရဲ


glitter-graphics.com
ချစ်သူနဲ့ ခွဲရတာ သိပ်ကို စိတ်ဆင်းရဲရပါတယ်။ ရင် ပူလောင်ရပါတယ်။ တချို့ဆို ရင်ကွဲနာကျပြီး သေတောင် သေတယ်။ ချစ်သူနဲ့ဆို ထားပါဦး။ အင်မတန် သဘောကျ နှစ်သက်တဲ့ သက်မဲ့ပစ္စည်းနဲ့တောင် မခွဲချင်ဘူး။ မပေးချင် ဘူး။ မပျက်စီးစေချင်ဘူး။ မြတ်စွာဘုရား ဟောခဲ့တဲ့ ဇာတ်တော်တစ်ခုထဲမှာငါး ကြီးတစ်ကောင် တံစို့ထိုးပြီး မီးကင်ခံနေရချိန်မှာ ငိုကြွေးနေတယ်။ “မီးလောင်ခံရလို့ မပူပါဘူး၊ တံစို့ထိုးခံရလို့ မနာပါ ဘူး”တဲ့။ ချစ်သူ ငါးမလေးနဲ့ ကွဲရမှာမို့ “ရင်ထဲမှာ မီးလောင် နေတယ်၊ ရင်ထဲမှာ နာနေတယ်”တဲ့။ ချစ်သူနဲ့ကွဲတဲ့ဆင်းရဲ၊ ချစ်မိလို့ ခံစားရတဲ့ဒုက္ခနော်။ ဦးဘညွန့်ရဲ့ ချစ်ဒုက္ခက ဘယ်လိုနေတယ် မသိဘူး။ ငါးကြီးရဲ့ဒုက္ခကိုတော့ ဘုန်းကြီးသံဝေဂရမိတယ်။

No comments: