Wednesday, December 3, 2008

{ ချစ်လျှက်နှင့်ခွဲရပါသော်လည်း ဆက်၍ချစ်နေပါဦးမည်}

click to comment
သူငယ်ချင်းတို့ရေ...
ဒီဇာတ်လမ်းလေးကတော့ ကောင်မလေးတစ်ယောက်ရဲ့ အင်တာနက်ပေါ်မှ အချစ်ဇာတ်လမ်း လေးတစ်ပုဒ်ကို ရေးဖွဲ့ထားခြင်းပဲ ဖြစ်ပါတယ်။ မိတ်ဆွေတို့လည်းဒီလိုမဖြစ်အောင် ဒီဇာတ် လမ်းလေးကို အတုယူကြစေလိုပါတယ်။ တစ်ယောက်ရဲ့အမှားဟာ တစ်ယောက်အတွက် သင်ခန်းစာဖြစ်ပါသတဲ့။ ဒီဇာတ်လမ်းလေး အစကတော့ ပြောပြရမယ်ဆိုရင် ဒီလိုပါ။ ၀မ်းနည်းစရာ ဇာတ်လမ်းလေး မို့ ခံစားပေးကြပါဦးနော်။
အချစ်ဆိုတာကို ဘာမှန်းကိုမသိခဲ့တဲ့ ကောင်မလေးတစ်ယောက် သူ့ဘ၀လေးဟာ အင်မတန် ပျော်ရွှင်ချမ်းမြေ့စရာ မိသားစုလေးနဲ့ အတူရှိနေလေရဲ့။ ဒီကောင်မလေးဟာ အင်မတန်ကိုမှ အိနြေ္ဒသိက္ခာနှင့်ပြည့်စုံတယ်လို့ဆိုရမလားပဲ။ မိတ်ဆွေအပေါင်းအသင်း နဲတဲ့အပြင် ယော က်ျားလေးတွေဆိုရင် စကားပြောရမှာပင်အင်မတန်ဝန်လေးလှပါတယ်ဆိုတဲ့သူမျိုးပါ။ လူအများ ကတော့ပြောကြပါတယ်။ ဒီမိန်းခလေးကို အင်မတန်မာနကြီးလှတယ်လို့ပေါ့။ ဒါကလည်းမသိ သူတွေသာပြောကြတာပါ။ သူဟာအင်မတန်မှ ပေါင်းသင်းဆက်ဆံရေးကောင်းလှပါတယ်။
ဒီလိုနဲ့ အရွယ်ရောက်လာတော့ သူမဟာ တက္ကသိုလ်ကျောင်းဝယ် (ဓာတုဗေဒ) နှင့် ဘွဲ့ရပြီးနောက် အလုပ်ရှာရင်း မိမိမိတ်ဆွေတစ်ဦးမှ အင်တာနက်ဆိုင်ဖွင့်ဖို့ပြောတဲ့အတွက် သူမမိတ်ဆွေရဲ့အင်တာနက် ဆိုင်မှာ ခဏတာ စိတ်ပြေလက်ပျောက် အလုပ်ဝင်လုပ်သတဲ့။ ဒီလိုနဲ့ပဲ အချိန်အတန်ကြာလာတော့ သူမရဲ့ အပေါင်းအသင်းနဲပြီး ခြောက်သွေ့လှတဲ့သူမဘ၀ အင်တာနက်ဆိုတဲ့ အွန်လိုင်းပေါ်မှာ သူငယ်ချင်းတွေရလာတယ်ဆိုပါတော့။ အင်တာနက်ဆိုင် မှာ အလုပ်လုပ်တာကို သူမမိဘများက မလုပ်ခိုင်းသော်လည်း သူမလည်းအလုပ်လိုချင်တာနှင့် ဒီအလုပ်ကိုလုပ်ခဲ့တယ်ဆိုပါတော့။
ဒီလိုနဲ့ပဲအချိန်တွေကြာလာတော့ သူငယ်ချင်းတွေထဲက နေ့တိုင်းလိုတွေ့နေရပြီး ခင်မင်စရာ ကောင်းလှတဲ့ သူငယ်ချင်းကောင်လေးတစ်ယောက်နှင့်မိတ်ဖွဲ့ စကားတွေပြောလို့ ခင်မင်မှု တွေရလာခဲ့ပါတယ်။ သူမဟာ ယခုချိန်မှစခံစားသိလိုက်ရတဲ့ သံယောဇဉ်ဆိုတဲ့ကြိုးလေးကို ပြန်လည်မေးမြန်းလို့ အဖြေထုတ်နေရသည်မှာ နေ့တိုင်းလိုလို ဖြစ်နေတယ်။သူမဟာလူတွေ ကိုသိပ်ပြီးသိပ်ပြီး သံယောဇဉ်တွေ မထားတက်ခဲ့ပါဖူး။ ဘာလို့လည်းဆိုတော့ လူတစ်ယောက်ကို သံယောဇဉ်ထားမိခဲ့ရင်မိမိမှာသာ အပူကြိုးတွေ ရစ်ပတ်ခံရတယ်လို့ စိတ်ထဲမယ် အမြဲတွေးတောနေမိခဲ့လို့ပါပဲ။
နောက်တော့သ်ူမဟာ ဘာလို့ သူများတွေလို ချစ်သူရည်းစားမထားခဲ့လဲဆိုတော့ သ်ူမအတွေးလေးတွေကို ကိုပြောပြရရင် သူမဟာသူမရဲ့ သူငယ်ချင်းမိတ်ဆွေတွေ ချစ်သူရည်းစားထားကြ လျှောက်လည်ကြနဲ့ ခဏသာပျော်ရွှင်မှုရပြီး နောက်တော့လည်း သူ့ရည်းစားကထားခဲ့တယ်။ ကောင်မလေးအသစ်တွေနဲ့ တွဲနေတယ်။ ငါက သူ့ကိုတစ်ကယ်ချစ်တာပါ ဆိုတဲ့စကားသံတွေကို ကျွန်မသူငယ်ချင်းတွေထံမယ် ကြားနေရလို့ပါပဲ။ သူမဒီလိုသူငယ်ချင်းတွေရဲ့ ပြောဆိုကြတဲ့စကားသံတွေကို ကြားရပြဲီဆိုီရင် အမြဲသူတို့ကိုအား ပေးနေကြစကားလေးရှိတယ်။ အော်...သူငယ်ချင်းရယ် မချစ်လို့ထားခဲ့တာပဲ ကြိုးစားပြီးမေ့ လိုက်ပေါ့ ဆိုတဲ့စကားလေးဟာ သ်ူမရဲ့ လက်သုံးစကားလေးလို့ ဆိုရမယ်ထင်တယ်။
တစ်ကယ်တော့ အပြောသာလွယ်တာ မိမိချစ်ရတဲ့သူကို မေ့လိုက်ဖို့ဆိုတာ ဘယ်လွယ်လိမ့် မလဲနော်။ နောက်သ်ူမအမြဲလို သူငယ်ချင်းတွေကို ကောက်ချက်ချပြောဆိုနေတတ်တဲ့ စကားလေးတစ်ခွန်းက ယောက်ျားလေးတစ်ယောက်ကိုများခခယယ လိုက်ချစ်နေလိုက်တာ သူလည်းလူ ကိုယ်လည်းလူပဲ အောက်ကျမခံစမ်းပါနဲ့။ ကိုယ့်မာနနဲ့ကိုယ်နေစမ်းပါလို့လေ။ နောက် သ်ူမသိသလောက်တော့ အချစ်ဆိုတာဟာ မိမိကလူတစ်ယောက်ကို ချစ်မိပြဲီဆိုတာ နဲ့ အဲ့ဒီလူအရှေ့မှာ ထာဝရကျရူံးခြင်းလို့ခံယူထားတယ်။ ဘာလို့လည်းဆိုတော့ မိမိက ဒီလူတစ် ယောက်ကို ချစ်မိနေပြီလေ။ ဒါကြောင့် မိမိဆန္ဒ၊ မိမိသဘော၊ မိမိစိတ်ထက် သူ့သဘော၊ သူ့ဆန္ဒ ၊ သူ့စိတ်အကြိုက်ကိုသာ ဦးစားပေးရတော့မယ်မဟုတ်ပါလား။ ဒါကြောင့် အချစ်ဆို တာဟာ မိမိချစ်ရသူရှေ့မှာ ထာဝရ ဒူးထောက်ကျရူံးရတာဖြစ်လို့ အချစ်ကို ကျွန်မမကိုးကွယ် ဖူး၊ မယုံကြည်ဖူး၊ နောက်ပြီး ဘယ်သူ့ရှေ့မှာမှ ဒူးထောက်ကျရူံးတဲ့သူလည်း မဖြစ်လိုပါဖူး။ ဒါကြောင့်လည်း ယောက်ျားတွေကိုကင်းအောင်နေခဲ့တယ်။ သူငယ်ချင်းတွေဆိုလည်းခင်တော့ ခင်တယ်၊ သံယောဇဉ်တွေသိပ်မထားခဲ့ဖူး။ ဘာလို့လည်းဆိုတော့ ကျွန်မဟာ အစွဲလန်းကြီး တတ်တဲ့သူ တစ်ယောက်လေ။
လူတွေကိုမပြောနဲ့ ပစ္စည်းတစ်ခုကိုကြိုက်မိရင်တောင်မှ ရအောင်ယူတတ်တယ်။ ပစ္စည်းဆို တာကတော့ ငွေပေးဝယ်လို့ရတယ်လေ။ အချစ်ဆိုတာ ၊ သံယောဇဉ်တွေဆိုတာက ရင်ထဲက လာတာဖြစ်လို့ ငွေပေးဝယ်မရသလို အင်မတန်မှလည်း ဖြတ်တောက်ဖို့ခဲယဉ်းလှပါတယ်။ ဒါတွေကိုကောင်းကောင်းသိနေတဲ့ သ်ူမဟာ ခုတော့ လူတစ်ယောက်ကို သံယောဇဉ်ဖြစ်မိနေ ခဲ့ပြီလေ။ ဒီအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ကောင်းသည်ဖြစ်စေ ၊ မကောင်းသည်ဖြစ်စေ။ ကျွန်မနဲ့အတူ မျှဝေခံစားပေးကြပါနော်။
ခုနကပြောတဲ့ အင်တာနက်ပေါ်ကကောင်လေးတစ်ယောက်ပေါ့။ သူမဟာဒီကောင်လေးနဲ့ နေ့တိုင်းလို လိုစကားလေးတွေပြောဖြစ်ခဲ့တယ် ဆိုပါတော့။ သူမအစကတော့ အမှတ်တမဲ့ပဲနေခဲ့တယ်။ နောက်တော့ ခင်မင်ချိန်တွေကြာလာတနဲ့အမျှ သူမဟာ ဒီကောင်လေးနဲ့ အမှတ်တမဲ့ကနေ အမှတ်တရဆိုတဲ့ အကြောင်းရင်းလေးတွေ ဖြစ်လာကြတယ်ပေါ့။ တစ်နေ့တော့သူမကို သူငယ်ချင်းထက်ပိုတဲ့ အချစ်ဆိုတဲ့ စကားလုံးလေးတွေနဲ့ အချစ်စကားလေးတွေကို ပြောကြားလာပါတောတယ်။ အဲ့ဒီအချစ်ဆိုတဲ့အရာကို ကျွန်မသိပ်ကြောက်တယ်။ ပူလောင်မှုတွေ အရမ်းများတယ်လေ။ မိတ်ဆွေ၊ သူငယ်ချင်းဆိုတာက ပူလောင်မှုတွေမရှိလို့ သူမကို သူငယ်ချင်းလိုပဲခင်ဖို့ပြောခဲ့ မိတယ်။ ဒီလိုနဲ့နောက်တော့ ခင်မင်တာကြာလာတယ်။ ကျွန်မဒီလိုပြောပြီးတဲ့နောက် သူ့ကို အင်တာနက်ပေါ်မှာ မတွေ့ရတော့ဖူး။ ဒီလိုအချိန်မှာဆို ကျွန်မသူ့ကိုသတိရနေမိတယ်။ လူတစ်ယောက်ကို မတွေ့ရရင် လွမ်းနေ၊ သတိရနေတတ်တာဟာ လူတွေပြောတဲ့ အချစ်ဆိုတဲ့ အရာလားဆိုတာကို သူမ စတင်သုံးသပ်နေမိတယ်။
နောက်တော့လည်း သ်ူမသူ့ကို စောင့်နေမိတယ်။ ဒီလိုနဲ့သူနဲ့တွေ့တော့ သူမဟာသူ့အဖြေ တောင်းတာကို စဉ်းစားပါဦးမယ်လို့ ပြောခဲ့ပါတယ်။ ဒီလိုနဲ့သူမ ပြင်ဦးလွင်ကို ခရီးခဏထွက်သွားလိုက်တယ်။ ပြန်လာရင်အဖြေပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒီလိုနဲ့ ကျွန်မလည်းပြန် လာရော သူကပြောတယ်။ ကျွန်တော့မှာ ချစ်သူရှိနေပြီတဲ့လေ။ သူမရဲ့ပျော်ရွှင်ဖွယ်အပြန်ခရီးလေးဟာ ချက်ခြင်းကိုပဲ ၀မ်းနည်းကြေကွဲဖွယ် ဇာတ်လမ်းလေးအဖြစ် ပြောင်းလဲသွားခဲ့ရပါတော့တယ်။ သူမဟာ လူတစ်ယောက်ကို သံယောဇဉ်ကြိုး ရစ်ပတ်လိုက်မိပြီ မဟုတ်ပါလား။ နောက်တော့ သူကပြောတယ် သူအဖြေတောင်းတုန်းကမှ မပေးတာတဲ့လေ။ သူမလည်း ပြန်ပြောလိုက်ပါတယ်။ သူမသိတဲ့အချစ်ဆိုတာဟာ မင်းပြောသလိုမဟုတ်ပါဖူး။ လူတစ်ယောက်ကိုမိမိက အချစ်စစ်၊ အချစ်မှန်နဲ့သာချစ်မိတာမှန်ခဲ့ရင် သူမအဖြေပေးတာကို စောင့်ရမှာ အဖြေတောင်းထားတဲ့ သူတစ်ယောက်ရဲ့ တာဝန်မဟုတ်လား။ ခုချိန်မှာတော့ သူမသိလိုက်ရပါပြီ။ သူ့အချစ်က လေးနက်မှုမှမရှိပဲကို။ တစ်ယောက်မရရင် နောက်တစ်ယောက်ဆိုတဲ့ သဘောက ထင်းထင်းကြီးကို ပေါ်နေပါတယ်။
ခုတော့ သူမဟာ သူငယ်ချင်းတွေ လူအများပြောတဲ့ အသည်းကွဲတယ်ဆိုတာကို စတင်ခံစားလိုက်ရပြီမဟုတ်ပါလား။ ခုလိုခံစားလိုက်ရတာနဲ့အမျှ ယောက်ျားတွေရဲ့ အချစ်စစ်မဟုတ်ပဲ အပျော်တမ်း ချစ်သူရည်းစားစကားပြောတာတွေကို သူမခံစားလိုက်ရလို့ အတော်သဘောပေါက်ခဲ့ပါတယ်။ သူမချစ်ခဲ့တာဟာ ပထမဆုံးအချစ်ဖြစ်လို့ ကြိတ်လို့သာခံစားရင်း မေ့မေ့ပျောက်ပျောက်ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ ကျွန်မခံယူထားတာကတော့ လူတစ်ယောက်ကိုတစ်ယောက်က တစ်ကယ် သာချစ်ခဲ့မယ် ဆိုရင်လေ။ သူပြန်မချစ်သရွေ့ သစ္စာရှိနေရမယ်။ အချစ်ဆိုတာဟာလည်း တစ်ဘ၀လုံးအတွက်ဖြစ်လို့ ခဏတာနဲ့ အပြီးစလွယ်အဖြေပေးကြ ၊ ချစ်ကြ ၊ ပြတ်ကြ၊ မုန်းကြ ဒါမျိုးတွေကို ကျွန်မ၀ါသနာမပါသလို လူတိုင်းကိုလည်း အပျော်သဘောနဲ့ ချစ်သူထားတာမျိုးတွေမဖြစ်စေချင်ဖူးလေ။ကောင်းကောင်းဆိုးဆိုး ဘယ်လိုမှပြန်ပြင် မရနိုင်တော့တဲ့ အရာမို့ အချိန်ယူပြီးတော့ကို လေးလေးနက်နက်၊ နက်နက်နဲနဲ စဉ်းစားရမှာ မဟုတ်ပါလား။
ဒီလိုနဲ့ကျွန်မလည်း စိတ်လေနေတယ် ဆိုရမလားပဲ။ ပြောရရင်တော့ ကျွန်မအသည်းကွဲ နေရပြီပေါ့လေ်။ အရမ်းလည်းစိတ်နာတယ်။ ခံစာနေရတဲ့အချိန် တွေမှာ အမှတ်မရှိတဲ့သူမ အသည်းက လူတစ်ယောက်နဲ့ စကားပြောဖြစ်ခဲ့ပြန်တယ်။ သူဟာ သူမအပေါ်ကောင်းခဲ့တာ မှန်တယ်။ ဘာလို့လည်းဆိုတော့ ကျွန်မခံစားရတာတွေ၊ စိတ်ညစ်စရာတွေ၊ အကူအညီလိုတာတွေ၊ ကျွန်မအခက်အခဲရှိတာတွေ၊ မသိတာတွေရှိရင် အားလုံးကို နားလည်အောင်ပြောပြတယ်။ နှစ်သိမ့်ပေးတယ်။ ပြောရရင်တော့ ကျွန်မရဲ့ခံစားချက်တွေကို နားလည်စွာနဲ့ မျှဝေခံစားပေးနိုင်တဲ့သူပေါ့နော်။ ကျွန်မအဆင်မပြေသမျှ လိုအပ်ချက်တွေကို သူ့ကိုပြောပြလိုက်ရရင် ရင်ထဲပေါ့ပါးသွားတယ်။ ကျွန်မကိုလည်း သူက ချစ်ရေးဆိုခဲ့ပါတယ်။ ကျွန်မအင်တာနက်ပေါ်ကလူတွေကို မယုံတော့ဖူး။ နောက်အင်တာနက်ဆိုတာ အများအားဖြင့် အပျင်းပြေ၊ အပျော်သဘောနဲ့ စိတ်ထွက်ပေါက်တစ်ခုအဖြစ် အသုံးပြုကြတာ မဟုတ်ပါလား။ အားလုံးမဟုတ်ပေမယ့် အများစုကတော့ ဒီလိုပဲဖြစ်ကြမယ်။ အချစ်ဆိုတာကိုလည်း ကြောက်သွားပါပြီ။ ဘာလို့လည်းဆိုတော့ အချစ်ဆိုတာ အချိုနည်းနည်း အခါးများများ ရောစပ်ထားတဲ့ အပြင်းစားကော်ဖီတစ်ခွက်ဆိုတာကို သ်ူမသိလိုက်ရလို့လေ။
ပြောရရင်လေ ကျွန်မကိုအမြဲနားလည်မှုတွေပေးနေတဲ့ သူ့ကို ကျွန်မစိတ်ထဲက ချစ်နေမိပါပြီ။ ဒါပေမယ့် ကျွန်မနှုတ်က ချစ်ပါတယ်ဆိုတဲ့ စကားလုံးကို နောက်တစ်ခါမထွက်ရဲတော့ဖူး။ ဒီလိုနဲ့လည်း ခင်မင်လာကြတာ အတော်လေးကို ကြာနေပါပြီ။ ကျွန်မတို့ သိလာကြတာ (၂)နှစ်တောင်ကြာပေါ့။ သူ့ကိုကျွန်မမမြင်ဖူးဘူး။ သို့ပေမယ့် သူ့ဓာတ်ပုံလေးတွေပို့ပေးလို့ ကျွန်မသူ့ကိုသိခွင့်၊ မြင်ခွင့်ရခဲ့တယ်။ တစ်ကယ်တော့ သူဟာ အင်မတန်မှကို ဘာသာရေး လိုက်စားတဲ့အပြင်၊ အလှူအတန်းလည်း အင်မတန်မှ ရက်ရောလှပါတယ်။ ကျွန်မကိုလည်း ဘုရား ၊တရား၊ အလှူအတန်းလုပ်ဖို့ အမျိုးမျိုးပြောဆိုရှာတယ်။ ကျွန်မလေးသူ့ကို တစ်ကယ် ကျေးဇူးတင်တဲ့အပြင် ၊ အရမ်းလည်းလေးစားတယ်။ ဒါကြောင့်လည်း ကျွန်မသူ့ကိုအဖြေပေးခဲ့ မိပြန်ပါတယ်။ သူမဟာ သူ့ကိုချစ်တာ အပေါ်ယံ အပျော်သက်သက် မဟုတ်သလို ဘ၀အတွက်လက် တွဲဖို့အထိကိုရည်ရွယ်ပြီး တစ်ကယ့်ကို စိတ်ရင်းအမှန်နဲ့ကို လေးစားပြီး ချစ်မြတ်နိုးခဲ့ရတာပါ။
သူမဟာလေ အင်တာနက်ပေါ်ရောက်ခဲ့ရင် သူငယ်ချင်း၊ တပည့်လေးတွေကိုလည်း ကွန်ပျူတာ သင်ပေးတယ်၊ နောက်အလုပ်အကြောင်းလည်း ပြောရတယ်။ သူမဟာ ချစ်သူဖြစ်တဲ့သူကို တောင် အားမှစကားပြန်ပြောနိုင်ခဲ့ပါတယ်။ သူမ အွန်လိုင်းလာမယ်ဆိုရင် အမြဲစောင့်နေခဲ့တဲ့ နားလည်မှုတွေအပြည့်ရှိတဲ့ သူ့ကို သူမအားနာတယ်။ ချစ်လည်းချစ်တယ်။ နောက်လေးစားတာက ပိုပါတယ်။ သူကတော့ပြောရှာပါတယ် အားမှခေါ် လိုက်ပါတဲ့လေ။ သူမကိုဒီလိုနားလည်မှုတွေပေး ကျွန်မလိုအပ်တာတွေဆိုရင်လည်း ဖြည့်ဆည်းပေးတပ်တဲ့ သူ့ကို သူမဟာ သံယောဇဉ်တွေပိုလို့တိုးလာခဲ့ရပါတယ်။ ဒီလိုနဲ့ပဲ သူနဲ့ ချစ်သူတွေဖြစ်တာကြာပေါ့။ သူမအဆင်မပြေ ၊ စိတ်ညစ်နေချိန်တွေမှာ သူ့အသံလေး နဲ့အတူအားပေးစကားလေးတွေဟာ သူမအတွက်အားအင်တွေဖြစ်စေပါတယ်။ ဒီလိုနဲ့ သူမရဲ့ ပြတ်တောက်သွားခဲ့ရတဲ့ ဒီသံယောဇဉ်ဆိုတဲ့ နှောင်ကြိုးလေးတစ်မျှင်ဟာ ပြန်လည်ရစ်ဖွဲ့ချည် နှောင်လို့ အသက်ပြန်ဝင်လာခဲ့ရပါတယ်။ သူနဲ့တွေ့တဲ့အချိန်တိုင်းမှာ အင်မတန်ပျော်စရာ ကောင်းခဲ့တဲ့အချိန် နေ့ရက်လေးတွေပဲလို့ သူမခံယူထားတယ်လေ။
တစ်နေ့တော့ သူမ သုံးတဲ့ ဂျီမေးရဲ့ ပတ်(စ်)ဝေါ့ကို တောင်းလာတယ်။ သူမသူ့ဂျီမေး ပတ်(စ်) ဝေါ့ကို ပေးလိုက်မိရင် သူမနဲ့သူ့ရဲ့ကြားက အချစ်တွေ ပြတ်တောက်သွားမယ် ဆိုတာကို သူမသိနေပါတယ်။ ဘာလို့လည်းဆိုတော့ သူမမှာအရင်ကချစ်သူ ထားခဲ့ဖူးတယ်လေ။ နောက်သူမ ဂျီမေးက လူတိုင်းကိုသုံးခိုင်းမိတယ်။ သူငယ်ချင်းတွေ ဂျီမေးမရှိရင်၊ သူများတွေ မေးပို့ချင်ရင်၊ သူမကသူ့မေးကို ၀င်သုံးခိုင်းနေကြလေ။ ဒါကလည်း သူမသူများကို ကူညီခဲ့မိတာပါ။ သူမကအင်တာနက်ဆိုင်မှာ အလုပ်လုပ်တာလေ။ ဒါကြောင့်လည်း ဂျီမေးမရှိတဲ့သူတိုင်းကို သူမမေးနဲ့ပဲ ၀င်သုံးခိုင်းခဲ့မိတယ်ပေါ့။ ခုတော့လည်း ဒီပြဿနာကြီးတစ်ခုကို သူမရင်ဆိုင်ရတော့မယ်လေ။ ဒါကြောင့် မိတ်ဆွေတို့လည်း သူတစ်ပါးကိုကူးညီရင် မိမိအတွက်လည်းထည့်စဉ်းစားပြီးမှ ကူညီကြနော်။ ဒီပြဿနာကို သူမဖြေရှင်းဖို့ နေ့တိုင်းလိုစဉ်းစားမိခဲ့တယ်။ ဒီဂျီမေးရဲ့ ပတ်(စ်)ဝေါ့သာပေလိုက်မိခဲ့ရင်တော့ သူမရဲ့ ဒုတိယအသည်းကွဲ ပြန်လေပြီပေါ့။
ပထမအသည်းကွဲတာဟာ မချစ်လို့ထားခဲ့တာမို့ သူမ၀မ်းမနည်းပါဖူး။ ခုဟာက သူမအပေါ်ဒီလောက် ကောင်းပြီး အရာအားလုံးကို နည်းလည်မှုတွေပေး လိုအပ်တာတွေ ဖြည့်ဆည်းပေးနေခဲ့တဲ့ သူမတစ်ကယ်မြတ်နိုးချစ်ရတဲ့သူနဲ့ လက်တွဲဖြုတ်လို့ ဝေးကြရမယ် မဟုတ်ပါလား။ သူမ ဒုတိယအကြိမ်သာအသည်းကွဲမယ်ဆိုရင် ခံနိုင်ရည်မရှိတော့ဖူးထင်ပါ တယ်။ ဘာလို့လည်းဆိုတော့ သူ့လို့ ဂုဏ်သရေ၊ ဘုရားတရား၊ စိတ်စေတနာကောင်းတွေနဲ့ နေထိုင်တဲ့ သူအဖို့တော့ ကျွန်မဘက်က သစ္စာမရှိရာရောက်မှာ အသေအချာပဲလေ။ ဒီလိုနဲ့ သူမဟာ နေ့တိုင်းလိုလိုစဉ်းစားခမ်းဝင်နေရတာ တစ်ကယ့်ကို အပူမီးထဲရောက်နေသလိုပါပဲ။ ဘာလို့လည်းဆိုတော့ သူက သူမအပေါ်စိတ်ရင်းစေတနာအမှန်နဲ့ ကောင်းခဲ့တဲ့အပြင် သူမသိပ်ချစ်မိနေခဲ့တဲ့သူ တစ်ယောက်လေ။ သူမသူနဲ့သာ ဝေးခဲ့ရမယ်ဆိုရင် ဘ၀ကြီးတစ်ခု လုံးဟာ အင်မတန်ကို ပူလောင် ခြောက်သွေ့သွားမယ်ထင်ပါတယ်။ ဒါကြောင့်လည်း သူတောင်းတဲ့ ပတ်(စ်)ဝေါ့ကို သူမမပေးခဲ့ဖြစ်ဖူးပေါ့။
နောက်တော့ သူမအလုပ်အတွက်နဲ့ ခရီးခဏသွားရမယ်လို့ သူ့ကိုအသိပေးခဲ့မိတယ်။ ထိုနေ့ကတော့ ပျော်စရာအကောင်းဆုံးနေ့လေး တစ်နေ့လို့ဆိုရမယ်။ သူနဲ့စကားတွေအ များကြီးကိုပြောဖြစ်ခဲ့မိတယ်။ ပျော်နေရင်မှာပဲ ကံဆိုးဖို့ အလှည့်ရောက်လာတယ်ထင်ပါရဲ့။ ရန်ကုန်မသွားခင် သူမဂျီမေးပတ်(စ်)ဝေါ့ကို သူအတင်းတောင်းပါတယ်။ သူမကမပေးချင်ပေ မယ့်လည်း သူလိုချင်တာတွေကို သူမဘယ်တုန်းကမှ မဖြည့်ဆည်းပေးနိုင်ခဲ့သလို သူ့ဆီကသာ အကူအညီတွေအမြဲလိုလိုရယူနေခဲ့တာလေ။ ဒါကြောင့် သူမလည်း သူစိတ်ချမ်း သာအောင် သူမ ဂျီမေးပတ်(စ်)ဝေါ့ ကို ပေးလိုက်ခဲ့မိတယ်လေ။ အဲ့နောက်ပိုင်းတော့ သူမသိလိုက်ပါတယ်။ ဒီနေ့ဒီအချိန်ပြောနေတဲ့စကားတွေဟာ သူမနဲ့သူ့ရဲ့ နောက်ဆုံးနှုတ် ဆက်ချိန် နောက်ဆုံးစကားပြောခွင့်ရတာ နောက်ဆုံးတွေ့ဆုံရတဲ့နေ့ဆိုတာလေ။ သူကရယ် နေနိုင်ပေမယ့်လို့ သူမရင်ထဲမှာတော့ မျက်ရည်တွေနဲ့ ငိုပွဲတွေဆင်နေလိုက်ရတာ။ သူတော့ ဘယ်သိနိုင်ပါ့မလဲလေ။
ဒီလိုနဲ့ အဲ့ဒီနေ့က တွေ့ဆုံမှုရဲ့နောက်ဆုံးနေ့လေးတစ်နေ့အဖြစ် သူမ သူ့ကို နှုတ်ဆက်လို့ ပြန်ခဲ့ပါတော့တယ်။ သူမခရီးသာသွားနေရပါတယ်။ စိတ်ကတော့ သူ့ဆီသာရောက်နေတော့ တယ်။ ခုချိန်ဆိုရင် သူမကို မုန်းတီး၊ နာကျည်းနေလောက်ပြီဆိုတဲ့ အတွေးတွေသာ စိတ်ထဲမှာ အမြဲလိုလို နေရာယူနေပါတော့တယ်။ ဒီခရီးဟာ သူမအတွက်တော့ ပျော်စရာမကောင်းတဲ့အ ပြင် စိတ်ညစ်မှု စိုးရိမ်မှုတွေကိုသာ ရင်ဝယ်ပိုက်လို့ ခရီးထွက်ခဲ့ရပါတယ်။ အကောင်းဆုံးမဖြစ် ခဲ့ရင်တောင် အဆိုးဆုံးမဖြစ်ပါရစေနဲ့လို့ ဆုတောင်းနေခဲ့မိတာ အကြိမ်ကြိမ်အခါခါပါပဲ။ သို့ပေမယ့်လည်း တရားခွေထဲကလို ကိုယ်ပြုတဲ့ကံ ကိုယ်သာခံ မဟုတ်ပါလား။ သူမ သူပေးသမျှ အပြစ်တွေကို ခံယူရတော့မယ်လေ။ ဒီလိုနဲ့ သူမလည်း ခရီးကပြန်လာခဲ့တယ်။
သူမလည်းခြေလှမ်းတွေလေးလံ တုန်ယင်းစွာနဲ့ပဲ သူနဲ့တွေ့ဖို့လာခဲ့မိတယ်။ သူ့ကိုတွေ့လိုက် ရလို့ သူမပျော်လိုက်ပေမယ့် ကံဆိုးခြင်းတွေကျရောက်လာတော့မယ့်အရေး မျှော်ငေးရင်မလို့ မပျော်နိုင်ခဲ့ပါဖူးလေ။ သူမစတင်နှုတ်ဆက်လိုက်ချိန်မှာတော့ ထင်ထားသလိုပါပဲ။ သူ့ရဲ့အပြစ် တင်စကားသံတွေကို စတင်နားဆင်ရပါတော့တယ်။ သူ့အပြစ်တင် အပြစ်မြင်သော စကားသံ တွေကို မကြားချင်ပေမယ့်လည်း အပြစ်ရှိခဲ့သူမို့ ငြိမ်လို့သာ သူပြောသမျှကို ခံယူနေဆဲပါ။ သူပြောတဲ့စကားတွေဟာ အင်မတန်ပြင်းထန်လှလို့ သူမဒီလိုအပြစ်တင် ရက်စက်တဲ့စကားသံ တွေကို မကြားဖူးသူမို့။ အောင့်အီးပြီးနားထောင်နေရပေမယ့်လို့ နားထဲမှာ တော့ပူလောင်ပြီး ရင်ထဲမှာတော့မချိအောင်ပါပဲလေ။ သူမကိုယ်ချင်းစာပါတယ် သူလည်းခံစားနေရသူမဟုတ် လား။ နောက်တော့ ဖြေမဆည်းနိုင်တဲ့အဆုံး သူမစကားလေးတစ်ခွန်းနှင့်သာ နှစ်သိမ့်လိုက်ရ တော့တယ်။ သူအခုလို သူမကို စိတ်နာ၊ ရက်စက်၊ နာကြည့်မှု တွေနဲ့ အပြစ်တင်စကားတွေဆို နေတာဟာ သူဟာ သူမကိုသိပ်ချစ်ခဲ့လိုပဲ မဟုတ်ပါလား။ ဒါကြောင့် သူမရက်စက်တဲ့သူ့နှုတ် ကထွက်ကျလာတဲ့ စကားတွေကို အချစ်ရဲ့သင်္ကေတစကားလုံးတွေအဖြစ် မှတ်ယူပြီး သူစိတ် ပေါ့အောင် ပြောဆိုသမျှ နားထောင်ပေးခဲ့ပါတယ်။
ဒီနေ့ကစလို့မင်းနဲ့ငါ ဘားမှမပတ်သတ်တော့ဖူးတဲ့လေ။ သူမအမှားတွေဖြစ်လို့ ဘယ်လိုမှပြန် လည်ဖြေရှင်းချက်မပေးနိုင်တော့ပါဖူး။ သူမတောင်းပန်စကားတွေဆိုချင်ပေမယ့်လို့ ဒီဘ၀မ ပြောနဲ့ နောင်ဘ၀ဆက်တိုင်း ခွင့်မလွှတ်နိုင်ဖူးတဲ့လေ။ သူမရင်ထဲမယ် တစ်ဆစ်ဆစ်နာကျင်ခံ စားနေရပေမယ့်လို့ သူပေးတဲ့အမုန်းတွေကိုသား ရင်ထဲမယ်သိမ်းဆည်းရင်း ဆွေးမြေ့စွာနဲ့ လမ်းခွဲခဲ့ကြရပါတော့တယ်။ ဒါကတော့ သူမရဲ့ဒုတိယအကြိမ်အသည်းကွဲခြင်းပဲပေါ့။ ဒုတိယအ ကြိမ်အသဲကွဲတာဟာ ပထမအကြိမ်နဲ့မတူပါဖူး။ သူမတစ်ကယ်ချစ်ရတဲ့သူ ဖြစ်နေလို့ပေါ့။
နောက်နောင်များတော့ သူမဘ၀မှာ တတိယအကြိမ်းအသည်းကွဲခြင်းဆိုတာ မရှိစေရတော့ပါ ဖူး။ ဘာလို့လည်းဆိုတော့ သူမအသည်းဟာ ကွဲအက်ရုံတင်မကပါဖူး။ ထာဝရသေဆုံး သွားခဲ့ ရပါပြီ။ သူမဟာ အင်မတန်ဖြူစင်လှပတဲ့ စိတ်ခန္ဓာကိုယ်နဲ့ သန့်ရှင်းအေးချမ်းစွာ အသက်ရှင် လာခဲ့တဲ့သူပါ။ ခုတော့အင်တာနက်ကို မိတ်ဖွဲ့မိခဲ့လို့ သူမရဲ့အင်မတန်နှုးညံလှပတဲ့ အသည်းနှ လုံးဟာ စတင်အဖျားဝင် သေဆုံးရပါတော့မယ်။ အင်တာနက်ကိုမုန်းသလို လူတွေကိုလည်း မုန်းမိတယ်။ နောက်များတော့ အားလုံးအပေါ်ဖြူစင်တဲ့ခင်မင်မှုထက် မပိုတော့ပါဖူး။ တစ်ကယ်မချစ်တဲ့ သူတွေရဲ့ လုပ်ရပ်တွေကြောင့် မိမိတစ်ကယ်ချစ်ရသူတွေနဲ့ သူမလို မခွဲခွာကြရစေအောင်လို့မိတ်ဆွေ၊ သူငယ်ချင်းတွေလည်း သူမလို ချစ်လျက်နှင့်မခွဲရအောင် လူတိုင်းကိုမယုံကြဖို့ သတိပေးချင်ပါ တယ်။
လူတွေပြောကြသလိုပါပဲလေ အချစ်ဆိုတာဟာ စွန့်လွှတ်ခြင်းပါ။ ဒါကြောင့်လည်း သူမချစ်ရတဲ့သူ့ကို စွန့်လွတ်လိုက်ရပေမယ့် အချစ်ဆိုတာ ချစ်နေဖို့သာအဓိကမဟုတ်ပါလား။ ဒါကြောင့် သူမအနားမှာ သူရှိသည်ဖြစ်စေ၊ မရှိတော့သည်ဖြစ်စေ သူမကတော့ဆက်လို့ ချစ်နေပါဦးမယ်။ အချစ်ဆိုတာဟာ သူချစ်တာ မချစ်တော့တာထက် ကိုယ်ကချစ်နေဖို့သာ အဓိကမဟုတ်ပါလား။ ဒါကြောင့် သူမ ချစ်ရသူက သူမကိုမုန်းသွားခဲ့ပေမယ့်လည်း သူမကတော့ “ချစ်လျက်နှင့်ခွဲရပါသော်လည်း ဆက်၍ ချစ်နေပါဦးမည်”လို့ သက်ဆိုင်သူအား ရည်ရွယ်၍ ဒီဇာတ်လမ်းလေးကို ရေးသားလိုက်ရပါတယ်။ စာသားတွေဟာမလေးနက်ပေမယ့် ရင်ထဲကခံစားချက်တွေကတော့ တစ်ကယ်ကိုလေးနက်လှပါတယ်။
မိတ်ဆွေ၊ သူငယ်ချင်းများအားလုံး မိမိချစ်ရသူများနှင့် ထာဝရပျော်ရွှင်စွာနဲ့ လက်ချင်းယှက် လို့ ဘ၀ကြီးကို ခရီးဆက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

No comments: