သူငယ်ချင်းတို့ လူဆိုတာက ဆုံးမမဲ့သူမရှိရင် ပြတ်စီးတက်ကြတယ်နော်..ဒါကြောင့် သံဃာ တော်များရဲ့ အဆုံးအမ လေးတွေကို လိုအပ်မယ်ထင်လို့ လေ့လာဖတ်ရူနိုင်ရန် မျှဝေလိုက်ပါတယ်။
* အိုနာသေကွဲ၊ (ကံ) ပဲဥစ္စာ၊ ဤငါးဖြာ၊ မကွာနေ့ ည ဆင်ခြင်ကြပါ။
(မေဒိနီတောရ ဆရာတော်ဘုရားကြီး)
* ကံအကျိုးပေးအလျောက်၊ ကံပေး ကုသိုလ်ခံစားရာမှာ လူ့ဘ၀ရောက်၊ လူ့စည်းစိမ် လူ့အာရုံ တွေ ခံစားရာမှာ လူ့ဘ၀ရောက်၊ လူ့စည်းစိမ် လူ့အာရုံတွေ ခံစားတာ၊ ထိုက်သင့်သလောက် တော့ ခံစားပါ၊ မလွန်ကဲ၊ မလွန်ကျူးမိပါစေနဲ့၊ မချဲ့ထွင်းမိပါစေနဲ့လို့သာ ကျုပ်တို့က သတိပေး နေရတာပါ၊ အာရုံငါးပါး ခံစားရာမှာ သတိလက်လွတ် ငှက်တောင်ကျွတ်ဖြစ်ခဲ့ရင်၊ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ချဲ့ထါင်းတက်တဲ့ ပပဉ္စတရားတွေက နှိပ်စက်လိမ့်မယ်။ သံသရာက ဘယ်တော့ မှ မလွတ်မြောက်နှိပ်စက်လိမ့်မယ်။ ဒါကြောင့် အာရုံငါးပါးခံစားရာမှာ ကံပေးအခွင့်အရေးထက် မပိုမိပါစေနဲ့။ ဒီတော့ အာရုံကလေးကို နယ်သတ်မှတ်ပေးပါ။ နယ်ကျဉ်းမှ ခရီးတိုမယ်၊ နယ်ကျယ်ရင် ခရီးရှည်မယ်၊ အာရုံကို နယ်သတ်မှတ်ပေးတယ်ဆိုတာ၊ သိတ်ကလေးအစောင့် ချထားတာပဲ။
(မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး)
*
* ကံတရားကို မယုံကြည်၍ မဖြစ်ပါ။ ကံ၏သဘာဝကို ယုံသူဖြစ်စေ၊ မယုံသူဖြစ်စေ၊ အကျိုးပေးထိုက်သောအချိန်ရောက်လျှင် အကျိုးပေးခြင်း ခံကြရ၊ စံကြရသည်မှာ ဧကန်မလွဲ ဖြစ်တယ်။
လူအများက ဘယ်သူဟာ ကံကောင်းတယ်၊ ဘယ်သူဟာ ကံဆိုးတယ်လို့ ပြောဆိုလေ့ရှိကြ တယ်။
ကံကောင်ခြင်း၊ ကံဆိုးခြင်းကို ဘယ်သူကမှ လာရောက်ဖန်တီးပေးခြင်း မဟုတ်ဘူး၊ ကိုယ့်ကံ ကိုယ်သာလျှင် ဖန်တီးကြခြင်းဖြစ်သည်။
(ဦးဥတ္တမသာရ)
တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး
* စေတနာဘယ်လောက်ကောင်းသလဲဆိုတော့ သဒ္ဒါဝင်တဲ့အခါ ကောင်းတယ်၊ ဥာဏ်ဝင်တဲ့ အခါကော်ငးတယ်၊ ၀ိရိယ၀င်တဲ့အခါ ကောင်းတယ်၊ ဒီလိုမဟုတ်လား။
သဒ္ဓါတွေ၊ ဥာဏ်တွေ၊ ၀ီရိယနဲ့ ပူးပေါင်းတဲ့ စေတနာဟာ ကောင်းတယ်၊ လောဘ၊ ဒေါသ၊ မောဟနဲ့ စေတနာဟာ မကောင်းဘူး၊ ဆိုးတယ်၊ စေတနာအကောင်းနဲ့ စေတနာအဆိုးက ဒီလိုဖြစ်တယ်။
(အရှင်ဥာဏိဿရ)
သဲကုန်း၊ သီတ၀ူဆရာတော်ဘုရားကြီး
* လူတစ်ယောက်ဟာ ကိုယ့်အရည်အချင်းကိုယ်သိမှ ကောင်းတယ်၊ အရည်အချင်းညံ့ရင်၊ အကျင့်ဘက်က တော်အော် ကောင်းအောင်လုပ်ပေးရမယ်။
သံသရာခရီးသွားမှန်းသိရင်လည်း၊ ကိုယ့်ကိုယ်ကို ကောင်းအောင် ပြုပြင်ရပါမယ်၊ လူလူချင်းပါး လို့၊ အုပ်လို့ရပေမယ့် ကံ၊ ကံချင်းကြမရပါဘူး။
(အရှင်ဇနကာ ဘိဝံသ)
မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး
* ဖြစ်ချင်ရာဖြစ်တဲ့၊ လောကသံသရာမှာ အပိုင်ပါလိုလျှင် အထုပ်ထုပ်၊ သူတော်ကောင်းများ အလုပ်၊ ကောင်းတာပြုမှ ကောင်းတာရ၊ ကောင်းမှ ကောင်းစားမည် ကောင်းဆိုးနှစ်တန် ကံစီမံ ခံကြရစမြဲ။
(ပြည်၊ တိပိဋကဓရ ဆရာတော်ဘုရားကြီး
* ကောင်းကျိုးတွေ အကုန်ဖြစ်၊ ကောင်းကျိုးတွေအကုန်ပျက်စီးတာ ဘာကြောင့်လဲ၊ စေတနာ ထဲမှာ ကိလေသာဝင်သွာလို့။
(သဲကုန်း၊ အရှင်ဥာဏိဿရာ)
* မကောင်းမှု ဒုစရိုက်ဆယ်ပါးမှ လွတ်ကင်းသော အလုံးစုံသော မွေးမှု၊ ဥစ္စာစီးပွားရှာမှု၊ ပညာရှာမှု၊ ကုန်သွယ်မှု၊ လယ်ယာ ဥယျာဉ်လုပ်မှု၊ အစိုးရလခစားလုပ်မှု၊ သူဋ္ဌေးလခစားလုပ်မှု အစရှိသော ခပ်သိမ်းသော ကာယကံမှုမျိုး၊ မနောကံမှုမျိုးသည် ယခုဘ၀အတွက် ပြုကြရသော ကောင်းသောကံမျိုးမည်၏။
မကောင်းမှု ဒုစရိုက်ဆယ်ပါးမှ မလွတ်ကင်းသော အလုံးစုံသော အသက်မွေးမှု၊ စီးပွားဥစ္စာရှာမှု အစရှိသော ခပ်သိမ်းသော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုမျိုးသည် ယခုဘ၀အတွက် ပြုကြရသော မကောင်းသောကံမျိုးမည်၏။
(လယ်တီဆရာတော်ဘုရားကြီး)
*မနောကံ လုံခြုံဖို့နဲ့ သန့်ရှင်းဖို့ကတော့ ရုပ်နာမ်ဓမ္မတွေကို ယထာဘူတကျကျ မြင်အောင် ကြည့်ရှုပွားလဆင် မနောကို သန့်ရှင်းစေပါတယ်။
(ဘဒၵႏၱေဥယ်ဓမၼ)
ပေါင်းတည်းနန်းဦးကျောင်းဆရာတော်ဘုရားကြီး
* ကံဆိုတာ တခြားရှာနေစရာမလိုပါဘူး၊ ကိုယ်လုပ်နေတဲ့ လုပ်ငန်းတွေဟာ ကံပဲ၊ ကိုယ်ကံ ကောင်းတဲ့ လုပ်ငန်းတွေ လုပ်နေရင် ကောင်တဲ့ကံဖြစ်လာမှာပဲ၊ ကိုယ်က မကောင်းတဲ့လုပ်ငန်း တွေ လုပ်နေရင်တော့ မကောင်းတဲ့ကံ ဖြစ်လာမှာ သေချာတယ်။
(မန္တလေး၊ မဟာမြိုင်ဆရာတော်ဘုရားကြီး)
* စေတနာကောင်းရဲ့ သတ္တိနှစ်ပါးက အနုတ္တဗျဥဇနတော၊ မကောင်းကျိုးကိုဖယ်ရှားလိမ့်မည်။ အနုတ္တဇနတော...ကောင်းကျိုးတွေဖြစ်စေလိမ့်မည်။ မကောင်းကျိုးတွေ ဘယ်သူဖယ်ရှားသလဲ၊
ကိုယ့်စေတနာကောင်းက ဖယ်ရှားတယ်၊ ကိုယ့်ရဲ့ ကောင်းကျိုးတွေကို ဘယ်သူက ဖြစ်စေသ လဲ၊ ကိုယ့်စေတနာကပဲဖြစ်စေတယ်။
(သံကုန်း၊ အရှင်ဥာဏိဿရဆရာတော်ဘုရားကြီး)
* ကုစား၍မရသောပုဂ္ဂိုလ်များကမှု (သကကဓမ္မနပညာယိဿတိ)ဆိုသည့်အတိုင်း သူ့ကံနှင့် သူ စီစဉ်သွားကြပြီဆိုသလို ကျန်ရှိသော အလဇ္ဇီပုဂ္ဂိုလ်များ၊ သူ့ကံနှင့်သူပင် စီိစဉ်သွားမှာမုချ ဖြစ်ပါတယ်။
(ဘဒ္ဒန္တဇောတြ)
လယ်ဝေးမြို့၊ မှန်တောကျောင်းဆရာတော်ဘုရားကြီး
* ၀ိရိယ ပြင်းထန်ကာ၊ ဇွဲသတ္တိရှိစွာဖြင့် လုပ်ကိုင်အားထုတ်ခဲ့သော်၊ ထိုက်သည့်အားလျော်စွာ ကံကောင်းရပေတော့မည်၊ ကျပ်ပြည့်တင်းပြည့် မကောင်းစေကာမငကောင်းသည်လောက်ကား ၀ီရိယအကျိုးအတွက် အမှန်ပင် ကိုယ်အတွက်ကျန်လိမ့်ဦးမယ်၊ သို့ဖြစ်၍ အလုပ်ကောင်းက ကံကောင်းမည်ဟု ရှေးဆရာကြီးများ၏ ဆုံးမသြ၀ါဒကို ကြားဖူးခဲ့ပေသည်။
( အရှင်ဝဇိဥာဏ၊ ကွမ်းခြံကုန်း)
* ကံဆိုတာ အလုပ်။
အလုပ်လုပ်မှ ကံကောင်းမည်။
(စံကျောင်း ဆရာတော်ကြီး)
* လူမတန် ကံချ ဆိုပေမယ့် ကံဟာလိုရင်းပဲ၊ ၀ီရိယတို့၊ ဥာဏ်တို့လည်းပါပါရဲ့၊ ကံဟာ ဥာဏ်၊ ၀ီရိယတို့နဲ့ လုပ်ယူမှရတယ်။
(သက်တော်ရှည် စံကင်းဆရာတော်ဘုရားကြီး)
* လူမုန်းမှာ မကြောက်နဲ့။
ကံမုန်းမှာကိုသာ ကြောက်ကြ။
(ပြည့်မြို့၊ ဇောတိကာရုံဆရာတော်ဘုရားကြီး)
* ကံကိုချည်းလည်း မတိုးနှင့်။
ဥာဏ်ကိုချည်းလည်း မကိုးနှင့်။
(လုံးတော် ဆရာတော်ဘုရားကြီး)
* အသက်ကြီးလေ၊ ကံမွဲ၊ ဥာဏ်မွဲလေမှတ်၊
ကံမွဲတာအရေးမကြီး၊ ဥာဏ်မွဲရင် နိဗ္ဗာန်မရောက်။
(မိုးကုတ် ဆရာတော်ဘုရားကြီး)
* မျိုးစေ့မမှန်၊ ပင်မသန်
ဖူးတံငုံကင်း၊ အသီးဖျင်း၏။
ကံပါမှ၊ ခံသာတယ်
ကံမပါတော့၊ မခံသာဘူး၊
ကံပန်တော့၊ ဥာဏ်မှိန်တယ်။
(ဦးအဂ္ဂဓမ္မ )
(မဟာဆေးဝင်္ကဘာ ဆရာတော်ဘုရားကြီး)
* လောက၌မကောင်းသောသူ၊ မကောင်းသောအကျင့်ကို လေ့လာနေသူသည် သူတစ်ပါးအား မကောင်းသောအချက်ကို ညွှန်ပြမည်ဖြစ်၏။
ကောင်းသောသူ၊ ကောင်းသောအကျင့်များ၌ လေ့လာလျက်ရှိသောသူသာ၊ ကောင်းသောအ ချက်ကိုညွန့်ကြားပေးလိမ့်မည်။
(သပြေကန် ဆရာတော်ဘုရားကြီး)
* စေတနာဆိုတဲ့ အခါကျတော့၊ မကောင်းကျိုးတွေကို ဖြစ်စေပြီးတော့မှ၊ ကောင်းကျိုးတွေကို ဖျက်ဆီးတတ်တယ် ဟုတ်လား၊ ဒါဖြင့်ရင် ကိုယ့်စေတနာ ကိုယ့်ကံကို ကိုးကွယ်၊ ကံသည်သာ လျှင် အားကိုးရာဆိုတော့ ဘယ်ကံမျိုး အားကိုးမလဲဆိုတာ သဘောကျပြီ မဟုတ်လား။
စေတနာကော်ငးလို့ဆိုရတဲ့ ကံကောင်းကို ကိုးကွယ်ရမျာ၊ စေတနာဆိုးကို ကိုးကွယ်ဖို့ မလိုဘူး တဲ့။
ဟုတ်တား၊ ဒါကြောင့် (အကုသလကမ္မံ) အကုသိုလ် စေတနာဆိုရတဲ့ ကံတရား၊ စေတနာဆိုး သည်(အနတ္တမနုနတောစေ၀) မကောင်းကျိုး မှန်သမျှကို ဖြစ်ပွားစေတတ်သည် အဖြစ်ကြောင့် လည်းကောင်း၊ စေတနာဆိုးရဲ့သတ္တိကို မှတ်မိအောင်မှတ်ပါ။
(သဲကုန်း အရှင်ဥာဏိဿရ)
* အဘယ်ကြောင့် (စေတနာ) ခေါ်သနည်း။
ကိုယ် အင်္ဂါ၊ စိတ်အင်္ဂါတို့ကို အုံလုံးဆူကြွ တစ်ပြိုင် နက်တည်းထကြွအောင် ချီကြွလှုံဆော်သမားကြီး ဖြစ်သောကြာင့် စေတနာခေါ်သည်။
အဘယ်ကြောင့် (ကံ) ခေါ်သနည်း။
လောက၌ ထိုင်မှု၊ ထမှု၊ သွားလာမှု၊ ပြောဆိုမှု၊ ကြံမှုဖန်မှု၊ လှူမှုတန်းမှု၊ သတ်မှုဖြတ်မှု အစရှိ ကုန်သော အလုံးစုံသော အရေးကိစ္စတို့သည် သူမပြုက ဘာကိစ္စတစ်ခုမျှ ပြီးစိးသည် မရှိကြ ကုန်၊ သူပြုမှ ပြီးစီးနိုင်ကြကုန်၏။ လောဘ၊ ဒေါသ၊ သဒ္ဒါ၊ ပညာ အစရှိကုန်သော ဓာတ်တို့ဥည် ကိုယ့်ကိစ္စနှင့်ကိုယ် ပြုကြကုန်၏။ ထို့ကြောင့် ခပ်သိမ်းသော ကိုယ်အမှု၊ နှုတ်အမှု၊ စိတ်အမှုတို့ မှာ သူသာလျှင်အမှုသည်ရင်းကြီး မှန်ပေသည်။ အမငဆောင်ကြီး မှန်ပေ၏။ ထို့ကြောင့် ကမ္မံ=ကံ ဟူ၍ ခေါ်သည်။
( လယ်တီဆရာတော်ဘုရားကြီး)
* ကံဆိုသည်မှာ အလျင်းသင့်သလို ခံရလေသည်။ မြင့်သည့်နေ့ မြင့်နေပေမည်။ နိမ့်ကျသည့် နေ့ နိမ့်ကျသည်ဟု သတိပြု။
( စမုံ၊ ဦးကုသလ )
* ကံဆိုတာ ဘုန်းကြီးတို့ ပရိသတ်ပြောရတာ ရိုးသွားပါပြီ၊ ကံဆိုတာ ဘာကိုခေါ်သလဲ၊ စေတနာကောင်းလို့၊ ကံ လို့ခေါ်ပါတယ်၊ ဟုတ်လား။ ခုနက လှေပေါ်တက်တဲ့လူလှေကွဲကြီးစီးမိ ရင်၊ ရေလည်ကောင်း မမြုပ်တတ်ဘူးလား၊ မြုပ်တတ်တယ်၊ အဲဒါကြောင့် စေတနာဆိုးကိုတော့ ကိုးကွယ်ဖို့ မလိုဘူးတဲ့၊ စေတနာကောင်းကို ကိုးကွယ်ရမှာ၊ စေတနာဆိုးကို ကိုးကွယ်လိုက်လို့ ရှိရင် လှေကွဲကြီးတက်စီးလိုက်သလို ရေလယ်မှာ မြုပ်တာ၊ ဒီလိုမဟုတ်လား၊ ဒါကြောင့် ကုသလကမ္မံ၊ ကုသလိုလ်စေတနာဆိုသော ကံတရားသည် အနုတ္တဗျဥဇနတော စေ၀၊ မကောင်းကျိုးမှန်သမျှကို ဖျက်ဆီးတတ်သည် ဖြစ်ခြင်းကြောင့်လည်းကောင်း၊ အနုတ္တဇနတော စေ၀ ကောင်းကျိုးမှန်သမျှကို ဖြစ်စေတတ်သည့် အဖြစ်ကြောင့်လည်းကောင်း။
(သဲကုန်း အရှင်ဥာဏိဿရ)
* သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ကံ ဒီလေးခုကို အ၀ိဇ္ဇာက အုပ်ချုပ်ထားသမို့ ဒါတွေဟာ ကံကောင်း မဟုတ်ဘူး။ ကံဆိုးတွေပဲ၊ သူ့အဆက်အနွယ်က တစ်ခုမှ မကောင်းဘူး၊ ကံဆိုးတွေပဲ၊ သူ့အ ဆက်အနွယ်က တစ်ခုမှ မကောင်းဘူး၊ ကံဆိုးတွေပဲ၊ ဒီတော့ အ၀ိဇ္ဇာ အုပ်ချုပ်တဲ့ကံဟာ ကံဆိုး ပဲလို့ မှတ်လိုက်ကြ။
(မိုးကုတ် ဆရာတော်ဘုရားကြီး)
* အချို့က စီးပွားရေး၊ ကြီးပွားရေးသည် ကံကောင်းမှ ကြီးပွားချမ်းသာတာပါ၊ သူဋ္ဌေးသူကြွယ် ဖြစ်နိုင်တာပါ စသည်ကို ဖွင့်ဆိုတတ်ပါသည်။
ထိုသူသည်ကား အလုပ်ကောင်းမှ ကံကောင်းသည်ဆိုသော ရှေးပညာရှိကြီးများ၏ သြ၀ါဒစ ကားကို သတိပြုမိဟန် မထင်ပေ၊ မည်သည့်အလုပ်ကိုပင်ဖြစ်စေ ၀ီရိယဇွဲနည်းအတန်တန်နှင့် လေ့ကျင့်လုပ်ကိုင်ပါသော် ဘယ်ကိစ္စမဆိုမပြီိးိဘဲ မနေပေ၊ ပြီးမြောက်အောင်နိုင်မည်သာ ဖြစ် တော့်၏။ ထို့ကြောင့် ၀ီိရိယတော ကိ့နာမ နသိဇ္ဈတိဟု ဋီကာကျော်တွင် လာရှိပေသည်။
(အရှင်ဝဇီဥာဏ ၊ ကွမ်းခြံကုန်း)
* အတိတ်ကံသည်၊ (အပ္ပစ္စက္ခ) အတိတ်ကံ၊ ပစ္စ(က္ခ) အတိတ်ကံ၊ (အဓိပ) အတိတ်ကံဟု သုံးမျိုးပါရှိသည်။ သံသရာ၏ အစမှသည် ယခုဘ၀မတိုင်မီကာလတိုင်အောင် အပ၌စ္စအတိတ် ကံမည်၏။ ၄င်းအတိတ်ကံကို လူသားတိုင်းဖြစ်ဖို့ရာ မလွယ်ကူ၊ ယခုဘ၀မှစ၍ ယမန်နေ့တိုင် အောင် အတိတ်သည် “ပစ္စက္ခ” အတိတ်မည်၏။ ပစ္စုပ္ပန်တည့်တည့် မရောက်မီ ယနေ့ပြုလုပ် သော အတိတ်သည်၊ “ အမီပ ” အတိတ်မည် ၏။ အတိတ်သည် ပစ္စုပ္ပန် ရွေ့လျားခြင်းပင်ဖြစ် ၏။ အတိတ်ကာလ၌ (ကံ) ကိုသာ ပြုလုပ်၍မရ၊ ပြုလုပ်ပြီးသားကံကို ချေမှုန်း၍လည်း မရသည်။ ခြယ်သ၍ လည်းမရ၊ အဇာတသတ်မင်းသည် ပစ္စက္ခအတိတ်“ပဉ္စနန္တရိယကံ” ကျူးလွန်ထားသော်လည်း ရတနာသုံးပါးကို ဆည်းကပ်သောကြောင့် အ၀ီစိငရဲသို့မကျ၊ လောဟကုမ္ဘီငရဲလောက်သာ ခံရသည်။
(အရှင်ကုမာရ၊ ဓမ္မာစရိယ၊ ၀ိနယ၀ိဒူ)
* ဘယ်နေ့၊ ဘယ်လ၊ ဘယ်အချိန်၊ ဘယ်အခါ၊ ဘယ်နေရာမှာ မွေးဖွား၊ မွေးချင်တဲ့နေ့မေါး၊ ကိုယ်ကာယကံကောင်းပါစေ၊ နှုတ်ဝစီကောင်းပါစေ၊ စိတ်မနောကံ ကောင်းပါစေ။ အဲဒီလို ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံးကောင်းနေရင် မနက်၊ နေ့ညမရွေး အချိန်ကောင်း၊ ရက်ကောင်း၊ လကောင်း၊ နှစ်ကောင်းပဲ မဟုတ်လား။
(ဘဒ္ဒန္တနရပတိ)
ဖြူးဆရာတော်ဘုရားကြီး
* ယခုလို သာသနာတော်အတွင်းမှ ကာလဒါနကေင်းမင၊ သရဏဂုံခံယူတဲ့ကောင်းမှု၊ သီလဆောက်တည်ရတဲ့ ကောင်းမှု၊ ပွားများရတဲ့ ဘာဝနာကုသိုလ်ကေင်းမှုများ ပြုခွင့်ရှိနေတာ ဟာ မိမိတို့ရဲ့ ကံကောင်းခြင်းတွေ ဖြစ်ပါတယ်။
(ဘဒ္ဒန္တ ၀ါယာမိန္ဒာဘိဝံသ)
ရေစကြို ဆရာတော်ကြီး
* ဘေးနှင့်ကြုံသည်၊ မကြုံသည်မှာ၊ ကံသာလျှင်အရင်းဖြစ်တော့သည်။
(အုဂ်ဖိုရ် ဆရာတော်ဘုရားကြီး)
* ဘုရားအစစ်၊ ပွင့်သည့်ခေတ်မှာ လူဖြစ်၍လာ၊
တို့သူငါ၊ လွန်စွာကံကောင်းသည်။
တရားအစစ်၊ ဟောသည့်ခေတ်မှာ လူဖြစ်၍လာ၊
တို့သူငါ၊ လွန်စွာကံကောင်းသည်။
သံဃာအစစ်၊ ပေါ်သည့်ခေတ်မှာ ၊ လူဖြစ်၍လာ၊
တို့သူငါ၊ လွန်စွာကံကောင်းသည်။
သာသနာအစစ်၊ တည်ရှိခေတ်မှာ ၊ လူဖြစ်၍လာ၊
တို့သူငါ၊ လွန်စွာကံကောင်းသည်။
ကံကောင်းထောက်မ၊ လူ့ဘ၀မှာ၊ အရတော်စွာ လူဖြစ်၍လာ၊
တို့သူငါ၊ လွန်စွာကံ ကောင်း သည်။
သာသနာဆိုတဲ့ မြေပေါ်မှာ၊ ဒါနာတိုင်ထူကာ၊
သီလကိုပင် အကာလုပ်၊ ဘာဝနာခေါင်မိုးချုပ်။
(ဘဒ္ဒန္တသာသန)
အထက်မင်းလှ၊ ဓမ္မိကတောရဆရာတော်ဘုရားကြီး
Sunday, December 28, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment