Saturday, December 13, 2008

်[ဘ၀တွက် အရေးအပါဆုံးကံ]

* အတိတ်နဲ့ အနာဂတ်က စကားအဖြစ်သာ ပြော၍ဖြစ်ပြီး၊ တကယ်အလုပ်လုပ်နိုင်သောအချိန် မှာ မဟုတ်။ တကယ်ပိုင်၍ တကယ်အလုပ်လုပ်နိုင်သော အချိန်မှာ ပစ္စုပ္ပန်သာတည်း။
(ယောဆရာတော်ဘုရားကြီး)
* အတိတ်ပြည်ဖုံးကားကြီးက ချခဲ့ပြီးပါပြီိ၊ ငိုလိုက်ရ၊ ရယ်လိုက်ရ အမျိုးမျိုးအဖုံဖုံ ဇာတ်လမ်းစုံ ခဲ့ပြီးပြီး။ ပြန်လိုချင်၊ ကြည့်ချင်လို့ကောရမတဲ့လား။ အတိတ်ကံက အရိပ်လိုလိုက်တယ်ဆိုတာ ကိုရော ကိုယ်မြင်းရပါ့မလား။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ရပြီလေ။
အတိတ်က ပြီးပါပြီလို့ စာတမ်းထိုးခဲ့ပြီးပြီ။ ပြန်လိုချင်လို့မရ၊ မြင်ချင်လို့မရ၊ ဝေးခဲ့ရပြီ၊ ခွဲခဲ့ရပြီ၊ အတိတ်ကို စွဲလန်းနေတာ အပိုအလုပ်ပါ။ ဟိုတုန်းကဆို၊ ဟိုတုန်းကပဲဖြစ်တယ်။
ကိုယ့်ဘသာကိုယ်လုပ်ခဲ့တဲ့ကံ၊ ကိုယ်ကံအတွေပဲ။ ကိုယ်လုပ်ခဲ့တာက အတိတ်ကံ၊ ပစ္စုပ္ပန်တာ က ပစ္စုပ္ပန်ကံ၊ ကိုယ်လုပ်ခဲ့သမျှ ကိုယ်ပိုင်ဆိုင်တဲ့ကံပဲ၊ ကုသိုလ်လည်း ပြုခဲ့တာကိုယ့်ကံ၊ အကု သိုလ်လည်းပြုခဲ့မိတာ ကိုယ့်ကံ။
* အတိတ်ကိုလည်း မပြန်နဲ့၊ အနာဂတ်ကိုလည်း မကြံ့နဲ့၊ မစ္စုပ္ပန်တည့်တည့်ထား အတိတ်ပြန် တော့ ဒေါသဖြစ်တယ်၊ အနာဂတ်ကြံတော့ လောဘဖြစ်တယ်။ ဒါကြောင့် ပစ္စုပ္ပန်ကာလသည် သာ အရေးကြီးတာ၊ ၀ိပဿနာလုပ်တဲ့အခါမှာလည်း ပစ္စုပ္ပန်ရောက်တဲ့အချိန်သာ ရောင့်ရဲတင်း တိမ်မယ်ဆိုရင် အမှန်ချမ်းသာတယ်။
(စွန်းလွန်းဆရာတော်ဘုရားကြီး )

စာရေးသူတို့ ငယ်စဉ်က ရေဒီယိုက မကြာခဏ လွှင့်တတ်တဲ့ သီချင်းတစ်ပုဒ်ရှိတယ်။ အဆို တော်ကိုတော့ မမှတ်မိတော့ဘူး။ သီချင်းအစက....“အတိတ်ကို အတိတ်မှာပဲ...ထားခဲ့ပါရစေ လား...နှောင်းခဲ့တဲ့သစ္စာ ရှင်ကြီးရယ်...ပြန်ခါလှန်ခါ မတွေးပါရစေနဲ့ကွယ်” တဲ့
ဟုတ်ပါတယ်။ အတိတ်ကို အတိတ်မှာထားပါ၊ မတွေးပါနဲ့၊ ပြန်ခါလှန်ခါတွေးရင် ပျော်စရာတွေး မိလည်းဝမ်းနည်းတသမိတာပဲ။ ဒုက္ခရောက်ခဲ့တာပြန်တွေးမိတော့လည်း အတိတ်သောကကို ပြန်ဆွတော့၊ ဝေဒနာထလာပြန်တယ်။ မတွေးတောတာ အကောင်းဆုံးဖြစ်တယ်။ ဆွရင် ထစမြဲ။
အတိတ်က သူစာသူနေခဲ့ပြီ၊ အိပ်ပျော်နေပြီ၊ အနာဂတ်က မလာသေးဘူး။ လာမှမလာသေး တော့ မတွေ့သေးဘူးပေါ့၊ မတွေ့သေးတာကို ဖြူလား၊ မဲလား တေါးမထင်နဲ့၊ ပူးမလား၊ အေးမလား၊ လျှောက်မတွေးနဲ့။ ဦးနှောက်စားတယ်။ အနာဂတ်ကို ကိုယ်ဘာမှ မပိုင်ဘူး။ ပိုင်တာနိုင်တာက ပစ္စုပ္ပန်။ ပိုင်တာနိုင်တာ ပစ္စုပ္ပန်ကံဟာ ဘ၀မှာ အရေးပါဆုံး ကံ။
-ပစ္စုပ္ပန်ကံသာ တစ်
-ပစ္စုပ္ပန်ကံသာ နှစ်
-ပစ္စုပ္ပန်ကံသာ သုံး ရယ်လို့ ပုံသေထုံးကို မှတ်သားပါ။
အရှေ့မျှော်ပြီး၊ စိုးရိမ်ကြောင့်ကြတာ၊ နောက်ပြန်ကြည့်ပြီး၊ နောင်တရတာတွေဟာ ပစ္စုပ္ပန်ကို လစ်လျူရှုပြီးတော့ စိတ်ကူးယဉ်တာတွေပဲ။ အကျိုးမထူး၊ အရှုးအလုပ်၊ ဟုတ်မှဟုတ်။ အကျိုးမ ထူးရုံမက အကျိုးပါပျက်သဗျ။
“ အနာဂတံ ဘယံဒိသွာ”
အနာဂတ်ဘေးကို ကြည့်လုပ်ဆိုတာက၊ ပစ္စုပ္ပန်ကောင်းနေအောင် လုပ်ခိုင်းတာလို့လည်းဆိုလို့ ရပါတယ်။ ပစ္စုပ္ပန်ကံ မှန်သမျှ၊ သန်သမဆ အနာဂတ်ဟာ မနာပါဘူး။ သာမှသာဖြစ်မှာ။ အနာ ဂတ်ရှယ်ပဲ၊ ရှယ်အနာဂတ်ပဲ၊ အနာဂတ်မှာ ဇွန်းကလေးတပ်ပြီးသား။
“အတိတ်ကံဆိုတာက...
အပစ္စက္ခ အတိတ်ကံ
ပစၥက ၡအတိတ္ကံ
အမီပ အတိတ်ကံလို့ သုံးမျိုးသုံးစား၊ အတိတ်ကံ သဘောတရားရှိပါတယ်။
သ့သရာရဲ့အစမှ ယခုဘ၀မတိုင်မီ ကာလတိုင်အောင အပစ္စက္ခအတိတ်ကံ၊ အဲသည်အတိတ် ကံကို လူသားတိုင်း ဖြစ်ဖို့ရန်မလွယ်ကူဘူး။
ယခုဘ၀မှစ၍ ယမန်နေ့တိုင်အောင် အတိတ်က ပစ္စက္ခအတိတ်။
ပစ္စုပ္ပန်တည့်တည့်မရောက်မီ ယနေ့ပြုလုပ်သော အတိတ်သည် အမီပ အတိတ်။
အတိတ်ဟာ ပစ္စုပ္ပန်ရဲ့ ရွေ့လျားခြင်းပဲဖြစ်တယ်။ ပြုလုပ်ပြီးးသား အတိတ်ကံကို ချေမှုန်း၍ လည်းမရ၊ ခြယ်သ၍ လည်းမရ။ အတိတ်ကံကို အနှိုင်းမဲ့သော ဗုဒ္ဓမြတ်စွာကလွဲလို့ တစ်စုံတစ် ယောက်မှ မသိနိုင်ဘူး။
“ကံကောင်းလွန်းရင်၊ ကံဆိုးလိုက်လာတယ်” ဆိုတာမှားတဲ့အယူအဆ၊ အပြောအဆိုပါ။ လက်ခံယုံကြည်ဖို့ခက်တယ်။
ပစ္စုပ္ပန်ကံတွေကောင်းနေရင်၊ အနာဂတ်ကို ကံဆိုးလိုက်မလာနိုင်ပါဘူး။ တစ်ခုပဲရှိတယ်၊ အဲ သည်တစ်ခုကတော့ ကိုယ့်မမြင်မသိတဲ့ အတိတ်ကံဆိုးဝဋ်ကြွေးက အချိန်ရောက်လာလို့ အခါတော်ပေးလာရင်တော့ လက်မခံချင်လို့ မရဘူးလေ။ ကိုယ်ယူထားတဲ့ အကြွေး၊ အတိုးရော အရင်းပါ ဆပ်ရလိမ့်မယ်။
ဘယ်လိုပဲ အတိတ်ကံဆိုးတွေ၊ ကောင်းတွေရှိနေသော်လည်းပဲ...
* The most important tine was now *
အရေးအကြီးဆုံးအချိန်ဟာ ယခုပဲ။
သေသေချာချာစဉ်းစားကြည့်ပါ။ ယခုအချိန်ထက်ပိုပြီးအရေးကြီးတဲ့ အချိန်ရှိလို့လား။ နောင်မှ အရေးကြီးမှာဆိုတာ မဖြစ်နိုင်ဘူး။ ယခုအချိန်ကို ဂရုစိုက်ရင် ပစ္စလက္ခထားရင် သေတောင် သေနိုင်တယ်။
ဘယ်လိုဆင်းရဲနေနေ၊ ဘယ်လိုသာမန်အမျိုးအနွယ်ကပဲဖြစ်ဖြစ်၊ ဘယ်သူက မွေးလာမွေးလာ၊ စိတ်ရင်ကောင်းရှိပြီး၊ ပစ္စုပ္ပန်ကံ၊ ကြိုးစားမှု၊ လုံ့လရှိရင် သူ့ကိုလေးစားရမယ်၊ အထင်သေးလို့မရ ဘူး။
ပစ္စုပ္ပန်ကံကြိုးစားမှုက အနာဂတ်ကောင်းစားရေးပဲ။ အနာဂတ် ကောင်းစားရေးအတွက် ပစ္စုပ္ပန် ကာလမှာ(၁)လွန်ကဲသောဆန္ဒကောင်း၊ (၂)ပြင်းထန်တဲ့ လုံ့လ၀ီရိယ၊ (၃)ထက်သန်လွန်းတဲ့ စိတ္တ၊ (၄)သတိဦးစီးတဲ့ ပညာတွေနဲ့ လုပ်နေပါ။ ပစ္စုပ္ပန်ကုသိုလ်ကံဖြစ်တဲ့ လက်ငင်းလက်တွေ့ ကောင်းကံကို အမြဲဖြစ်အောင် “သတိ”မပြတ် ပြုပြင်နေရမယ်။
သတိမတိမ်း စောင်းရအောင် ကံဗိန်းမောင်း အမြဲတီးနေရမယ်။ ပစ္စုပ္ပန်ကံကောင်းရေးမှာ သတိ အရေးကြီးဆုံးပဲ။
ပစ္စုပ္ပန်ကံအတွက် ကိုယ့်စိတ်ကို ကိုယ်သတိထားနေပါ။ မိမိကိုယ်နှင့်စိတ်ကို ထိန်းချုပ်၊ ချုပ်တီး ခြင်းသာ မိမိရဲ့အကျိုး သူတစ်ပါးအများ အကျိုးတို့ကို ဆောင်ရွက်နိုင်မယ်၊ စိတ်ကိုနိုင်မှ ကိုယ် ကိုနိုင်မယ်၊ စိတ်မခိုင်လျှင် ကိုယ်ကိုမနိုင်ဖြစ်မယ်။
သတိရှိတဲ့ စိတ်သည်သာ ပဓာနဖြစ်တယ်။ စိတ်(မိမိစိတ်)ကို နိုင်အောင်၊ ထိန်းသိမ်းနိုင်ရန် အမြဲကြိုးစားနေရမယ်။
နေ့စဉ်မပြတ်၊ စက္ကန့်နာရီမပြတ် သတိနှင့်ဆန်းစစ်ပြီးနေရမှာဖြစ်တယ်။ ကိုယ့်စိတ်ကို ကိုယ်သ တိထားတာ ပစ္စုပ္ပန်ကောင်းကံပြုတာ့ပဲ။
သတိဟာ အရာရာမှာ လိုအပ်တယ်၊ သတိဟာ ထန်းသိမ်းထားဖို့ မလွယ်သောအရာဖြစ်တယ်။ မကြာခဏလွတ်သွားတတ်တယ်၊ သတိလွတ်တဲ့အခါ ကံအမှားကို ပြုမိမှာပဲ။
အဲဒါကြောင့် သတိရှိဖို့ အမြဲတစေ မိမိကိုယ်ကို မိမိ သတိပေးနေရပေမယ်။ သတိကို အမြဲတ စေ မွေးနေဖို့လိုတယ်။ သတိကို မိမိရင်မှာ အသက်ရှုခြင်းကို အမြဲပြုနေ သလိုပဲ၊ အမြဲတမ်း သတိရှိဖို့ လိုပါလိမ့်မယ်။
* သတိရှိဖို့ သတိီရှိနေရမယ်။ အသိဥာဏ်၏ အရင်ခံဟာ သတိဖြစ်တယ်။
ကံပြင်နိုင်အောင် ဥာဏ်လည်းပြင်ပေးရမယ်၊ ဥာဏ်ကောင်းဆင့်မှ ကံကောင်းမြင့်မယ်။
လူဟာ ကိုယ်ကံတရားနှင့်သာ ကိုယ်လူဖြစ်လာရတာပါ။ အဲသည်လိုမို့ ကိုယ်ကံသဘော ကိုယ် သာဆောင်တယ်၊ မမြင်ရသော အတိတ်ကံဆိုတာကို မေ့ထားပြီး လက်ငင်းလက်တွေ့ကံများ ကိုအားကောင်းလာအောင် ပြုရပေမယ်။
* ကိလေသာကောင်းအောင်လုပ်ဖို့အတွက်
ရတနာသုံးပါးအားထားစရာရှိနေခြင်းက
“ကံ” ကောင်းလှပါတယ်။
ပစ္စုပ္ပန်ကြီးပွားဖို့
ဥာဏ် ၀ီိရိယမွမ်းမံလိုက်ရင်
အတိုင်းထက်အလွန်ဖြစ်ပါတယ်။ *
ပစ္စုပ္ပန်ကြီးပွားဖို့၊ ပစ္စုပ္ပန်ကံကောင်းပြုဖို့ ဥာဏ်ဝီရိယအင်နှင့်အားနှင့် ဖြည့်ရမှာ ဖြစ်ပါတယ်။
လူသားတို့ဟာ၊ မိမိအကြောင်းတရားအတိုင်းရရှိထားသော ပစ္စုပ္ပန်အကျိုးတရားအပေါ်ခံစား၊ ခံစားဖို့ နေတတ်၊ ထိုင်တတ်ရန်လည်း လိုအပ်ပေတယ်၊ နေတတ်ထိုင်တတ်၊ ခံစားတတ်မှ လည်း စိတ်၏အေးငြိမ်မှု (Peace of Mind) ကို ရရှိလွယ်ပါလိမ့်မယ်။
ပစ္စုပ္ပန်မှာ က္ကနြေ္ဒတို့ကို စောင့်စည်းခြင်းမပြုဘဲ၊ ပရမ်းပတာ ထင်ရာစိုင်းနေသူဆိုရင် ဘယ်ချမ်း သာမှ ခံစားရမှာ မဟုတ်ပါဘူး။
ပစ္စုပ္ပန်က္ကနြေ္ဒတို့ကို စောင့်စည်းနိုင်သူနှင့် မစောင့်စည်းနိုင်သူတွေဟာ၊ အနာဂတ်မှာ အကျိုးပေး ခြင်း၊ ကွာခြင်းမက ကွာသွားမှာပါပဲ၊ လှပတဲ့ အနာဂတ်ကို မရနိုငဘူး။
လူမှာ အတိတ်ကံကောင်းရှိပေမယ့် ဥာဏ်၊ ၀ီရိယနဲ့ ပစ္စုပ္ပန်ကံကြိုးစားမှု ရှိမှသာ ကြီးပွားအောင် မြင်တိုးတက် အထွတ်အထိပ်ရောက်မယ်။
အတိတ်ကံကောင်းနဲ့ ပစ္စုပ္ပန်ကံကောင်း နှစ်ခုပေါင်းဖြစ်ခဲ့ရင် အောင်မြင်မှုစံချိန် မြင့်မားကြီးမြင့် မှာ ဖြစ်တယ်။
ပစ္စုပ္ပန်ကံသဘောတရားသာ လက်ငင်းလက်တွေ့ရှိတာ မဟုတ်ဘဲ၊ မမြင်ရတဲ့ အတိတ်ကံသ ဘောတရားလည်း ရှိပါတယ်။ ဘ၀သံသရာမှာကိုယ့်ရဲ့ ကောင်းမှုပြုခဲ့တဲ့ ကုသိုလ်ကံတွေလည်း ပဲ ရှိတာပါပဲ၊ အကုသိုလ်ကံတွေလည်းပဲ ရှိတာပါပဲ။ ဒါတွေမြင်လည်း မမြင်နိုင်၊ သိလည်း မသိနိုင် ပါဘူး။
ဘ၀အဆက်ဆက်၊ ကံကျိုးကံနာလည်းရှိ၊ ကံကောင်ကံမြတ်လည်း ရှိခဲ့တယ်။
မမြင်ရတဲ့အတိတ်ကံကို အားမကိုးဘဲ၊ မြင်နိုင်တဲ့ ပစ္စုပ္ပန်ကံကိုသာ အားကိုးရမယ်၊ ပစ္စုပ္ပန်ကံကို ထောက်ကူပါ၊ အတိတ်ကံကို ပွင့်လာအောင်လုပ်ရမယ်၊ အတိတ်ဟောင်းက ကုသလိုလ်ကံစာ ရေလာမြောင်းပေးလုပ်ရင် ထွက်လာလိမ့်မယ်။

* (မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး) က...
“ဘုန်းကံဆိုတာ၊ ရှေးကပါခဲ့ပေမယ့် ရေလာမြောင်းပေးလိုပ်မှလည်း ကောင်းကျိုးရှိရာ၊ ကောင်း ကျိုးလာပြီး မကောင်းမှုရှိရာ၊ မကောင်းကျိုးလာတာဖြစ်တယ်”လို့ ဆိုမိန့်တယ်။
ရေလာမြောင်းပေးလုပ်တာ ပစ္စုပ္ပန်ကံနဲ့ လုပ်ရတာဖြစ်တယ်၊ အဲသည်ကံဟာ ကံတွေထဲမှာ အရေးပါဆုံးဖြစ်တယ်၊ ကံဆယ်မှ ကံကယ်တြ့သဘောတရားကို စဉ်းစားတွေးခေါ်ရင် လူတွေ မှာမမြင်ရတဲ့ အတိတ်ကံတွေက စီမံခြယ်လှယ်နေမှုလည်း ရှိတယ်ဆိုတာ သိသာတယ်။
လူတွေကို လက်ငင်း၊ လက်ရှိ၊ လက်တွေ့၊ ပစ္စုပ္ပန်ကံတွေက ခြယ်လှယ်သလို၊ မမြင်ရတဲ့ အတိတ်ကံကလည်း ခြယ်လှယ်တယ်။
အဲသည်လိုရှိပေမယ့် မမြင်ရတဲ့ကိစ္စကို မစဉ်းစားဘဲ၊ မြင်ရတာ စဉ်းစားရမယ်။
ပစ္စုပ္ပန်ကံရဲ့ အကျိုးကို လက်တွေ့၊ မျက်တွေ့ လက်ငင်းခံစားနေရတဲ့ အဖြစ်တွေ၊ လူဘ၀ ဇာတ်ခုံမှာ ကပြလှုပ်ရှားနေတာ မြင်တွေ့နိုင်ပါတယ်။
မြင်၊ တွေ့၊ ကိုင်လို့ရတဲ့ ပစ္စုပ္ပန်ကံကို မပေါ့ဆမိဖို့ သတိကြီးစွာ ထားရပါမယ်။
အတိတ်ကိုလည်း မဆိုင်တော့ဘူး၊ အနာဂတ်ကိုလည်း မပိုင်သေးဘူး၊ ပိုင်တာဆိုင်တာ ယခုအ ချိန်ဖြစ်တယ်။ ပိုင်ဆိုင်တဲ့ကံကလည်း ပစ္စုပ္ပန်ကံ။
ပစ္စုပ္ပန်ကံကို သတိအလိမ္မာဥာဏ်ပညာနှင့် တည်ဆောက်ယူရမှာ ဖြစ်တယ်။
သတိအရေးကြီးတာက အနိုင်းမဲ့သော ဘုရားရှင်ပင် မဟာပရိနိဗ္ဗာန် စံဝင်တော်မှုခါနီးမှာ မိန့်မြွက်မှာကြားတော်မှုခဲ့ ရှာပါတယ်။
“သတိဥပဋ္ဌပေတဗ္ဗောအာနန္ဒ”တဲ့။ နောက်ဆုံးပစ္ဆိမ ဗုဒ္ဓစနကတော့။ အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ ပြီးတော့...“သတဉ္စဓွာယံ၊ ဘိက္ခတ္ထိကံ ၀ါးဒမိ”လို့လည်း မိန့်မြွက်ခဲ့တယ်။
သတိရှိရင်မကောင်းတာ၊ မှားတာ၊ မေ့တာ မဖြစ်နိုင်ဘူး၊ မကောင်းတာ မလုပ်မိဘူး၊ ကောင်း တာတွေလုပ်တော့ မကောင်းတာတွေ မဖြစ်တော့ပါဘူး။
ဒုစရိုက်ဆယ်ပါးက လွတ်ကင်းတဲ့အသက်မွေးမှု၊ ပစ္စည်းဥစ္စာရှာမှု၊ ပညာသင်ကြားခြင်း၊ လိမ္မာ ယဉ်ကျေးမှု စတဲ့ ပစ္စုပ္ပန်ကံတွေဟာ ယခုဘ၀မှာ အကျိုးပေးပါတယ်။
ပစ္စုပ္ပန်ကံဟာ အရေးကြီးလှတယ်။ ပစ္စုပ္ပန်ကံကိုပြုရင်၊ အကယ်၍ အတိတ်ကံမကောင်းလို့ ယခုဘ၀မှအကျိုးမပေးနိုင်တဲ့တိုင်အောင် နိဗ္ဗာန်မရမီစပ်ကြား နောက်ဘ၀အဆက်ဆက်တွေမှာ အတိတ်ကံအဖြစ်နဲ့ အကျိုးပေးနိုင်ပါတယ်။ ပစ္စုပ္ပန်ကောင်းကံဟာ အချည်းနှီးဖြစ်မသွားပါဘူး။
အတိတ်ကံမကောင်းပေမယ့် ပစ္စုပ္ပန်ကံက အနည်းအပါးဆိုတဲ့ အတိတ်ကံကို ဆိုးကျိုးမပေးနိုင် အောင် တားမြစ်ပေးတယ်။
အတိတ်ကံကောင်းပေမယ့် ပစ္စုပ္ပန်ကံခုခံလို့ အတိတ်ကံ အကျိုးမပေးနိုင်တာတွေလည်း ရှိ တယ်။
လက်ငင်းဒိဋ္ဌကျိုးရတဲ့ ကံ၊ ကံရဲ့အမည်နာမက “ဒိဋ္ဌဓမ္မဝေးနီယ”လို့ခေါ်တယ်။
ပစ္စုပ္ပန်ယနေ့ ယခုပြုခဲ့တဲ့ စေတနာကံတွေဟာ လက်ငင်းချက်ချင်းပဲ၊ ယခုဆိုသလို အကျိုးပေါ် တဲ့ သာဓက တွေရှိပါတယ်။
* ဂေါပါလမာတာ အမျိုးသမီးဟာ မိမိဆံပင်ရောင်းရငွေနဲ့ ရှင်းကစ္စည်းစတဲ့ မထေရ်ကို ဆွမ်းဘောဇဉ် ပေးလှူတဲ့အတွက် အဲသည်နေ့မှာပဲ စန္ဒပဇ္ဇောတမင်းကြီးရဲ့ မိဖုရားဖြစ်သွားခဲ့ တယ်။ ချက်ချင်းလက်ငင်းနေ့ချင်းအကျိုးရတာပါပဲ။
* မလ္လိကာဒေ၀ီဟာ မြတ်စွာဘုရားကို မုယောမုန့်ပေးလှူတဲ့အတွက် အဲသည်နေ့မှာပဲ ကောသ လမင်းကြီးရဲ့ မိဖုရားခေါင်ကြီးအဖြစ်ရတယ်။ နေ့ချင်းပဲ။
* ဧကသာဋကပုဏ္ဏားက အပေါ်ရုံပုဆိုးကို ဘုရားရှင်အားပေးလှူတဲ့အတွက် အဲသည်နေ့မှာပဲ ဆင်နဲ့ရတနာတွေ ဖြစ်ပေါက်ရောက်လာတယ်။ ပုဏ္ဏားလည်း နေ့ချင်းရတာပဲ။
* ကျွန်မောင်ပုဏ္ဏားဟာ နိရောဓသမာပတ်က ထပြီးစဖြစ်တဲ့ အရှင်သာရိပုတ္တရာကို နံနက်စော စော မျက်နှာသစ်ရေ လှူတယ်။ မယားဖြစ်တဲ့ ဘာရိတာကလည်း ဆွမ်းလှူတယ်။ အဲသည် ကုသိုလ်ကြောင့်ပဲ ထွန်စာခဲများက ရွှေတုံးရွှေခဲတွေဖြစ်လာပြီး မြေကြီးက ရွှေသီးလို နေ့ချင်းပြီး သူဋ္ဌေးကြီး ဖြစ်သွားလေသတည်း။
* ကာက၀လိယမယားဟာ နိရောသေမာပတ်မှ ထပြီးကာစဖြစ်သော အရှင်မဟာကဿပမ ထေရ်ကြီးအား ယာဂုဆွမ်းလှူတယ်။ အဲသည်ကံကြောင့် ခုနှစ်ရက်အတွင်း ရွှေအိုးငွေအိုးတွေရ ပြီး သူဋ္ဌေးဖြစ်သွားတယ်။ တစ်လတောင် မကြာဘူး၊ ခုနှစ်ရ်တစ်ပတ်အတွင်း ချမ်းသာခဲ့တယ်။
* သူပ္ပိယဥပါသိကာမဟာ ဂိလာနရဟန်းတစ်ပါးကို မိမိရဲ့ပေါင်သားဟင်းချက်လှူတဲ့အတွက် နှစ်ရက်နေ့မှာပင် အသားတွေအသားနုတက်ပြီး ပြန်ပြည့်သွားပါတယ်။
ကိုယ့်ကိုသလိုလ်ကံ၊ ကိုယ့်ထံပြန်တဲ့ ပစ္စုပ္ပန်ကုသိုလ်ကံတွေပြုလို့ ချက်ချင်းလက်ငင်းအကျိုးရ တစ်မျိုးလှတဲ့ သာဓကတွေပါ။ ကျန်တဲ့အဖြစ်အပျက်တွေလည်း အများကြီးကို ရှိပါသေးတယ်။
လောလောလတ်လတ် အသက်ရှင်သန်နေသေးတဲ့ ပစ္စုပ္ပန်မှာပဲ၊ အကုသိုလ်ကံပြုလို့ ချက်ချင်း ဒုက္ခရောက်တာတွေလည်း ရှိပါတယ်။
* နန္ဒဆိုတဲ့ ဘီလူးဟာ အရှင်သာရိပုတ္တရာရဲ့ ဦးခေါင်းပြောင်ပြောင်ကို တင်းပုတ်နဲ့ တအားထု တယ်။
အဲသည်ကံကြောင့် ပူလှချည့်၊ လောင်လှချည့် တစာစာအော်ရပြီး အ၀ီစိငရဲကိုကျတယ်။
* နန္ဒလုလင်ဟာ ဥပ္ပလ၀ဏ်ထေရီမကို မတရားပြုကျင့်တဲ့ကံကြောင့် နေ့ချင်းကိုချက်ချင်း မြေမျိုခံရပြီး သေဆုံးသွားတယ်။ ယုတ်မာလွန်းတဲ့ အကုသိုလ်ကံသမားကို မြေကြီးက လက်မခံဘူး။
* နွားသတ်သမားတစ်ယောက်ဟာ အနှစ်ငါးဆယ်ပတ်လုံး နွားသတ်ပြီး အသက်မွေးတယ်။ တစ်နေ့တော့ ထမင်းပွဲမှာ အမဲစားဟင်းမရှိဘူး၊ အဲသည်မှာ နွားအရှင်တစ်ကောင်ရဲ့လျှာကို ဓားထက်ထက်နဲ့ လှီးဖြတ်လိုက်တယ်၊ ပြီးတော့ အမြန်လိုလို့ မချက်တော့ဘဲ မီးပူရဲရဲမှာ ကင်တယ်။ စားလည်းစားရော သူ့လျှာပြတ်ကျပြီးသေတယ်၊ သေတော့ အ၀ီစိငရဲကို တန်းရောက်တယ်။
ကိုယ့်ကုသိုလ်ကံ ကိုယ့်ထံချက်ချင်းပြန်တာ၊ ယခင်ကလည်းရှိတယ်၊ ယခုကာလမှာလည်း ရှိတယ်။
ပစ္စုပ္ပန်ကံ၊ ယခုကံကို တစ်ခုမှမမှန်အောင်လုပ်ရင် အဲသည်ပုဂ္ဂိုလ်ဟာ ထောင်ထဲကို အကြိမ်ကြိမ်ဝင်နေရမှာ ဖြစ်တယ်။
ဥပဒေဘောင်မကျော်တဲ့ ပစ္စုပ္ပန်မကုသိုလ်ကံလုပ်ရင်လည်း လူတွေက သွေဖယ်ခြင်းခံရပြီး ဆင်းရဲမွဲတေနေမှာပါ။
မကောင်းကျိုးမှန်သမျှကို ဖြစ်ပွားစေတတ်တဲ့ စေတနာဆိုးရဲ့သတ္တိကို မှတ်မိအောင်မှတ်ပါ။
တမလွန်မှ ငရဲရှိတာမဟုတ်ပါ။ လောကီလောက ငရဲဆိုတာလည်း လက်တွေ့ရှိပါတယ်။
အကျဉ်းထောင်ဆိုတာ လောကငရဲသားတွေကို ထားတဲ့နေရာတစ်နေရာ ဖြစ်တယ်။
ပစ္စုပ္ပန်အကုသိုလ်ကံသတ္တိထူးမျိုးက နေ့ချင်းညချင်း အကျိုးပေါ်တာလည်းရှိတယ်။ တစ်ပတ်အ တွင်း၊ တစ်လအတွင်း၊ တစ်နှစ်အတွင်း၊ အကျိုးပေါ်ဒဏ်ခံရတာလည်း ရှိတယ်။
သူများပစ္စည်းနှိုက်လို့၊ ခိုးလို့ ချက်ချင်းအရိုက်ခံ၊ မဖမ်းခံရတာမြင်ဖူးတွေ့ဖူးကြမှာ ဖြစ်တယ်။
ပစ္စည်းအလွဲသုံးစားလုပ်လို့ လာဘ်စားတာသိလို့ အုလပ်မှာတင် အရှက်တကွဲ အကျိုးနည်းစွာ အရေးယူခံရတာ ထမင်းအိုးစားကွဲတာပဲ။
သူများသမီးပျို၊ သူများသားမယားပြစ်မှားလို့ အဖမ်းခံရ၊ အရှက်တကွဲဖြစ်ပြီး အပြောခံရတာ တွေဟာ ပစ္စုပ္ပန်အကုသိုလ်ကံတွေရဲ့ ချက်ချင်းလက်ငင်း အဖြေတွေဖြစ်ပါတော့တယ်။
* သမ္မာဒိဋ္ဌိဒီပနီမှာ....
(၁) ၀ီရိယစွမ်းအား၊ ဥာဏ်စွမ်းအားတွေဟာ ကြီးမားကြရင်၊ ပစ္စုပ္ပန်ကံနဲ့ အတိတ်ကံတို့က လည်း ကြီးမားကြတယ်။
(၂) ၀ီရိယစွမ်းအား၊ ဥာဏ်စွမ်းအားတို့အလယ်အလတ်ဖြစ်ကြရင်၊ ပစ္စုပ္ပန်ကံနဲ့ အတိတ်ကံတို့ ကလည်း အလယ်အလတ်ပဲ ဖြစ်ကြတယ်။
(၃) ၀ီရိယစွမ်းအား၊ ဥာဏ်စွမ်းအားတို့ဟာ သေးသိမ်သေးငယ်ကြရင်၊ ပစ္စုပ္ပန်ကံနဲ့ အတိတ်ကံတွေလည်းပဲ သေးသိမ်သေးငယ်ကြတယ် လို့ဆိုပါတယ်။

သုတေသီ ဘုန်းမြင့်သွေး

No comments: