Wednesday, December 3, 2008

# ခဲဖွယ်နှင့် ဘောဇဉ် လှူရခြင်းအကျိုး #

ထမင်း၊ ဆန်ဖြင့်လိုပ်သသောမုန့်၊ ဂျုံ (ပဲ)ဖြင့် လုပ်သောမုန့်၊ ငါးနှင့်အသား ဤငါးမျိုးကို ဘော ဇဉ်ခေါ်သည်။ ဘောဇဉ်ငါးမျိုးမှ ကြွင်းသော ချိုချဉ်၊ သစ်သီး၊ လက်ဖက်သုတ်၊ ဂျင်းသုပ် စသော စားဖွယ်မျိုးကိုခဲဖွယ်ခေါ်သည်။

* ဆွမ်းလှူကျိုး (၅) ပါး *
သက်ရှည်၊ ဆင်းလှ၊
သုခ၊ ခွန်အား၊
ပညာများ၊
ငါးပါးဆွမ်းအကျိုး။

* ပန်းလှူကျိုး (၃) ပါး *
ပန်းလိုလှပ၊ ဘ၀ရုပ်ရည်၊
ခန္ဓာကိုယ်တွင်း၊ သန့်ရှင်းပေသည်၊
နံစော်ကင်းလို့၊ ခံတွင်းမွှေးကြည်၊
ပန်းလှူကျိုး၊ သုံးမျိုးရနိုင်သည်။

* ရေလှူကျိုး (၁၀) ပါး *
လျင်မြန်သန့်ရှင်း၊ စင်ကြယ်ခြင်းနှင့်၊
လွတ်ကင်းမွတ်သိပ်၊ မဆိတ်ခြံရံ၊
ဒီဃံသက်ရှည်၊ ရုပ်ရည်ဆင်းလှ၊
သုခခွန်အား၊ ပညာများ၊
ဆယ်ပါးရေအကျိုး။

* မီးလှူကျိုး (၂) ပါး *
ဘုရားရှင်အား၊ စိတ်ထားကြည်ဖြူ၊
ဆီမီးလျှပ်ပန်း၊ လှူဒါန်းသောသူ၊
စက္ခု မံသ၊ ဥာဏ နှစ်ဆူ၊
ကြည်လင်၏၊ ဖြစ်ဘိဥာဏ်ကြီးသူ။
၁။ မံသစက္ခု= ပကတိမျက်လုံး ကြည်လင်အားကောင်းခြင်း၊
၂။ဥာဏစက္ခု=အသိဥာဏ်မျက်လုံး အားကောင်းခြင်း၊

* တံမြက်လှည်းအကျိုး (၅) ပါး *
ကိုယ့်စိတ်သူ့စိတ်၊ ယိုဖိတ်ကြည်လင်၊
နတ်တို့လေးစား၊ လွန်ပွားချစ်ခင်၊
ကြည်ညိုဖွယ်ကောင်း၊ ဂုဏ်ပေါင်းမျက်ရှင်၊
နတ်ပြည်ရောက်၊ ထွန်းတောက် ကျိုးငါးအင်။

ပါရမီ (၁၀ ) ပါး
မြင့်မြတ်သောသူတို့၏ လုပ်ဆောင်ချက်ကို ပါရမီခေါ်၏။
၁။ ဒါနပါရမီ= အလှူပေးခြင်း
၂။ သီလပါရမီ= ကိုယ်ကျင့်သီလ စောင့်ထိန်းခြင်း
၃။ နိက္ခမပါရမီ= တောထွက်ခြင်း(မကောင်းမှုမှရှောင်ခြင်း)
၎။ပညာပါရမီ= ပညာဖြင့် အများအကျိုးသည်ပိုးခြင်း
၅။ ၀ိရိယပါရမီ= ကြိုးစားအားထုတ်ခြင်း
၆။ ခန္တီပါရမီ= သည်းခံခြင်း
၇။ သစ္စာပါရမီ= မုသားကင်းအောင်ကျင့်ခြင်း
၈။ အဓိဋ္ဌာနပါရမီ= စိတ်ဓတ်ခိုင်ခံမြဲမြံအောင် ဆောက်တည်ခြင်း
၉။ မေတ္တာပါရမီ= မေတ္တာဓာတ် အပြည့်အ၀ထားခြင်း
၁၀။ ဥပေက္ခာပါရမီ= ဘက်မလိုက်ပဲ မျှတစွာကျင့်သုံးခြင်း(လျစ်လျူရူခြင်း)

No comments: