Saturday, December 6, 2008

"ထိန်းချုပ်မရ နှလုံးသားမှ ယိုစိမ့်ကျနေသော ငါ၏မျက်ရည်စက်များ "

click to comment
ချစ်ရသူရေ...
ငါ့မျက်ရည်စက်များ
ကြွေကျလို့ မြေခနေရပေမယ့်
ငါ့ရဲ့အချစ်တွေကတော့...
ဘယ်တော့များမှ လျော့ပါးလို့
မသွားပါဖူးကွယ်။
ငါ့မျက်ရည်စက်များ
ချုပ်တည်းမရ ယိုစိမ့်ကျလို့
ကုန်ခမ်းသွားခဲ့ရင်တောင်
မင်းအပေါ် ငါ့ရဲ့အချစ်တွေဟာ
ဘယ်သောအခါမှ
ကုန်ခမ်းမသွားပါဖူးကွယ်။
ငါ့မျက်ရည်စက်တွေကျမှ
နင်ကျေနပ်မယ်ဆိုရင်လေ
နင်စောင်းထားတဲ့ ထီးကလေးကို
အသာလေးဖယ်လိုက်ပါ။
နင်မိုးစက်တွေထင်ပြီး
အုပ်မိုးထားကာထားတဲ့
ရေစက်ရေပေါက်လေးတွေဟာ
တစ်ကယ်တော့...
နင်ပျှော်ရွှင်နိုင်ဖို့ကျဆင်း ရွာသွန်းနေရတဲ့
ငါ့ရဲ့ချစ်ခြင်း တရားတွေနဲ့ဖွဲ့စည်းထားတဲ့
မျက်ရည်မိုးစက်လေးတွေပါ။
ငါ့မျက်ရည်စက်တွေက
နင်သနားဖို့ ငါကျပြနေတယ်ထင်နေလား။
အဲ့လိုထင်ရင်မှားသွားမယ်
ငါ့အချစ်ကို နင်နားလည်နိုင်စေဖို့
ငါ့နှလုံးအိမ်မှ ယိုစိမ့်ကျနေခဲ့ရတာပါ။
တစ်ကယ်တော့...
မျက်ရည်ကျတာဟာ
လူတစ်ယောက်အတွက် ရူံးနိမ့်ခြင်းလို့
ယူဆကြတယ်တဲ့။
ဟုတ်ပါတယ်...
ငါလည်း အခုလူတစ်ယောက်ကို
သံယောဇဉ်တွေ လိုတာထက်ပိုထားမိခဲ့လို့
သူ့အတွက် မျက်ရည်စက်တွေနဲ့အတူ
သူ့အမုန်းတွေအောက်မယ်
ဒူးထောက်လို့ကျရူံးနေရပြီလေ။
သို့ပေမယ့်...
ဒီအရူံးတွေမှန်သမျှကိုတော့
ငါကျေကျေနပ်နပ်ကြီးခံယူမယ်။
ဘာလို့လည်းဆိုတော့...
မင်းကိုငါသိပ်ချစ်ခဲ့မိတော့
မင်းပေးတဲ့ အမုန်းတွေကိုလည်း
ငါထာဝရမြတ်နိုးလို့
ကျေနပ်စွာခံယ နေမယ်ဆိုတာယုံ။

No comments: