Saturday, December 13, 2008

{ကုသိုလ်ကံကြောင့်လူဖြစ်}

လူ၊ သတ္တ၀ါဆိုတာ ကံနှင့်ကင်းလို့မဖြစ်ဘူး။ ဖြစ်ရိုးထုံးစံမရှိဘူး။
သတ္တလောကကလည်း ကံနဲ့ကင်းပြီး မဖြစ်ဘူး။ ကံဟာ နိယာမတရား။
ကံဆိုတာ အကျိုးတရားတွေဖြစ်ပွားပေါ်ပေါက်စေနိုင်တဲ့ အကြောင်းတရား ဖြစ်တယ်။
သတ္တ၀ါတစ်ခု ကံတစ်ခုဖြစ်တယ်။ ကံသာ အမိ၊ ကံသာ အဖဖြစ်တယ်။ ကံသာ အမွေ၊ ကံသာ အကြောင်းအရင်းဖြစ်တယ်။ ကံသာလျှင်း ဥစ္စာရင်း၊ ကံသာလျှင် မိဘရင်းဖြစ်တယ်။ ကုသိုလ် ကံကြောင့် လူဖြစ်လာတာဖြစ်တယ်။
လူတစ်ယောက်၊ သတ္တ၀ါတစ်ဦးမှာ သံသရာဝါဒအားဖြင့်၊ ကံပေါင်းအသင်္ချေအနန္တ မရေတွက် နိုင်အောင် များပြားလှပါတယ်။
“ သဗ္ဗေသတ္တာ၊ ကမ္မသကာ”ဆိုတဲ့ တရားသဘောကြောင့်၊ လူတွေဟာ...
(ကံ)...ပစ်ချရာ၊
(ကံ)...စီမံရာ၊
(ကံ)...ထားရာနေ၊
(ကံ)...စေရာသွား လို့သာအောက်မေ့ မှတ်ထင်ရပါမယ်။
သုတ္တန္တပိဋက ပါထေယျပါဠိတော်၊ အဂ္ဂသုသုတ်-၉၇-မှာ...
သြကာသလောကဟု ဆိုအပ်သော၊ ကပ်ကမ္ဘာတည်းဦးအစက၊ အာဘဿရဗြဟ္မာဘုံမှ၊ စုတေခဲ့၍- ကံအားလျော်စွာ၊ ဤလူ့ဘုံသို့ ဥပါတ် ပဋိသန္ဓေအားဖြင့်၊ လူသတ္တ၀ါ ဖြစ်ပေါ်လာ သည်။
ထိုလူသတ္တ၀ါတို့သည်၊ နှစ်ပေါင်းများစွာ ကြာမြင့်သောအခါ (ခတ္တိယ)၊ (ဗြဟ္မာဏ)၊ (ဝေဿ)၊ (သုဒ္ဓ) ဟူ၍ အမျိုး (၄)ပြား ဖြစ်သည်။
ထိုသူတို့တွင်...
- အချို့ကား ကာယသုစရိုက် စသည်ကို ပြုကျင့်သည်။
- အချို့ကား ကာယဒုစရိုက် စသည်ကို ပြုကျင့်သည်။
- အချို့ကား သုစရိုက်၊ ဒုစရိုက်နှစ်ပါးလုံး ပြုကျင့်သည်။
ထိုတွင် သုစရိုက်ကျင့်သုံးဆောက်တည်သော လူသတ္တ၀ါတို့သည် သေလွန်သောအခါ ထိုသုစ ရိုက်ဖြစ်သော ကုသိုလ်ကံကြောင့်၊ လူ့ပြည်နတ်ရွာ ဟူသော သုဂတိဘုံသို့ ရောက်ကြသည်။
ဒုစရိုက်ကျင့်သုံးသော သတ္တ၀အတို့ကား- သေလွန်သောအခါ ထိုဒုစရိုက်ဖြစ်သော အကုသိုလ် ကံကြောင့် ဒုဂ္ဂတိဘုံသို့ ရောက်ကြသည်။
သုစရိုက်၊ ဒုစရိုက် နှစ်ပါးကို ရောနှောပြုကျင့်သော သူတို့မှာကား လျော်စွာ သုဂတိဘုံသို့ ရောက်သော်လည်းကောင်း၊ ဒုဂ္ဂတိဘုံသို့ရောက်သော်လည်းကောင်း၊ သုခ ဒုက္ခနှစ်ပါးသော အကျိုးကို ခံစားရ၏ ဟူ၍ ဆိုထားပါသည်။
ကုသိုလ်ကံကြောင့် လူဖြစ်ရခြင်းကို ယုံမှားသံသယ ဖြစ်စရာမလိုပါ။
လူဖြစ်ချင်၊ နတ်ဖြစ်ချင်၊ ဗြဟ္မာဖြစ်ချင်လျင် ကုသိုလ်ကို များများစုဆောင်းထားရမှာ ဖြစ်ပါ တယ်။ ရတောင့်ရခဲ လူ့ဘ၀ကို ရသောအချိန်မှာ ကုသိုလ်နည်းနည်းယူမလား။ ကုသိုလ်များ များယူမလားဆိုတဲ့ ကိစ္စမှာ ပြတ်သားရပါမယ်။
လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ ဖြစ်ချင်ဆန္ဒပြင်းပြရင်တော့၊ ကုသိုလ်ကံကို ဖန်တီးပြီး ရင် ဖန်တီး၊ တည်ဆောက်ပြီးရင် တည်ဆောက်ရမှာ ဖြစ်ပါတယ်။
ကမ္ဘာမြေပြင်ပေါ်မှာ ဖြစ်ရန်ခက်ခဲတဲံ လူသားတစ်ယောက်ဖြစ်လာသည့်တိုင်အောင် (ကံချင်း) (ဥာဏ်ချင်း) (၀ီရိယ) တွေကွာခြားသလောက်၊ အဆင့်အတန်းချင်းလည်း ကွာခြားတတ်လေ တယ်။
* ယုတ်မြတ်များစွာ၊ သတ္တ၀ါအား
ကံသာမယွင်း၊ တောင်းဆိုခြင်းသည်
ကြောင်းရင်း ကမ္မသကာတည်း။

သုတေသီ ဘုန်းမြင့်သွေး

No comments: