ဘုရားကယ်ပါပုံပြင်
လူတွေဟာဘ၀မှာ ကံကြမ္မာကောင်းတွေကို မျှော်လင့်တတ်ကြပါတယ်။ ကံကြမ္မာကောင်းကို မျှော်လင့်တတ်ကြပေမဲ့ ဘယ်ဟာကံကြမ္မာကောင်းရယ်လို့ မှန်းဆမသိရှိနိုင်ကြပါဘူး။ ကံကြမ္မာ ကောင်းဆိုတာ ပြဿနာအဖြစ်နဲ့လည်း ၀င်လာတတ်တယ်။ အခက်အခအယောင်ဆောင် ပြီးတော့လည်း လာတတ်တယ်။ မိတ်ဆွေကောင်း အဖြစ်နဲ့လည်းလာတတ်တယ်။ ကျဉ်းထဲ ကြပ်ထဲ ဘေးဒုက္ခရောက်နေစဉ်မှာလည်း လာတတ်ကြတယ်။ ရန်သူဟန်ဆောင်ပြီးတော့ လည်းလာတတ်တယ်။ ဒါ့ကြောင့် ဘယ်ဟာမျိုးကို ကံကြမ္မာကောင်းဖြစ်လိမ့်မယ်လို့ သိနိုင်ခြင်း ငှာမစွမ်းနိုင်ကြပါဘူး။ အဲဒီလို မသိရှိတဲ့အတွက်ကြောင့် ကယ်တင်ရှင်ကံကြမ္မာကောင်းလာ သော်လည်း လက်မခံနှင်ထုတ်တတ်ကြပါတယ်။ ဒါနဲ့ပတ်သတ်လို့ ပုံပြင်လေးတစ်ပုဒ် ပြော ပြချင်ပါတယ်။
တစ်ခါတုန်းက မြစ်ကမ်းနံဘေး တစ်ခုမှာရှိတဲ့ ရွာတစ်ရွာဟာ မိုးတွင်းခါကာလ၌ ညသန်ခေါင် ယံ အချိန်တွင် မြစ်ရေလျှံလာပြီး ထိုရွာကလေးကို ရေများတဖြည်ဖြည်းစီးဝင် ရောက်ရှိလာခဲ့ပါ တယ်။ မနက်မိုးလင်းချိန်တွင် မြစ်ရေဟာ လူနေအိမ်များ၏ အမြင့်တစ်ဝက်လောက်အထိ ရေတက်လာပါတယ်။ ဒါကြောင့် အနီးအနားရွာမှ လူများက အဲဒီိရွာမှာ ရှိတဲ့လူများကို စက်လှေများဖြင့် ကယ်ဆယ်ရန် ရောက်ရှိလာကြပါတယ်။ ရွာမှာရှိတဲ့ သူများဟာလည်းအ သက်ဘေးကို လွတ်အောင်ပြေးနေရတဲ့အတွက်ကြောင့် ဘာပစ္စည်းမှ သယ်ယူနိုင်စွမ်း မရှိကြ တော့ပါဘူး။ ဒီအချိန်မှာ ဘုရားတရားကြည်ညိုတဲ့ အဖွားကြီးတစ်ယောက်ဟာ လူတကာ တွေရေဘေးလွတ်ရာကို ပြေးနေကြတဲ့အချိန်မှာ သူကတော့ ဘုရားကိုပဲ ကယ်တော်မှုပါ။ ကယ်တော်မှုပါဆိုပြီး ဘုရားကို လက်အုပ်ချီ ရှိခိုးနေပါတယ်။
အဲဒီအချိန်မှာ ရေတက်လာတာ သူ့အိမ်ပေါ်မှာ မတ်တပ်ရပ်နေတာကို ဒူးခေါင်းလောက်ရောက် လာပြီဖြစ်တယ်။ ဒီချိန်ခါမှာ လှေကလေးတစ်စီးက ရောက်လာတယ်။ အဖွားမြန်မြန်လာပါဆိုပြီး တော့ ပြောတယ်။ အဖွားက “ငါမလိုက်ဘူး။ ငါ့ကိုဘုရားလာ ကယ်လိမ့်မယ်။ နင်တို့ပဲသွားကြ” လို့ပြောလိုက်တယ်။ လှေသမားလည်း တခြားလူတွေကို ကယ်ပြီးထွက်သွားတယ်။ အဖွားကြီး ကတော့ ဘုရားရားကယ်ပါ၊ ကယ်ပါနဲ့ပဲ ဘုရားကိုတနေတယ်။ နောက်ထပ် (၁၅) မိနစ်ခန့်အ ကြာရေက အဖွားကြီးရဲ့ ခါးအောက်မှာရောက်လာတဲ့အချိန်မှာ နောက်ထပ်လှေတစ်စီးထပ် ရောက်လာပြန်တယ်။ အဖွားမြန်မြန်လာ။ မြန်မြန်လာဆိုပြီး လာကယ်ပြန်တယ်။ အဖွားကြီးက “ငါမလိုက်ဘူး ငါ့ကို ဘုရားလာကယ်လိမ့်မယ်” လို့ပြောလိုက်ပြန်တယ်။ လှေသမားသည် အခြားကယ်စရာရှိတဲ့ လူတွေကိုကယ်ပြီး ထွက်သွားလိုက်ပြန်တယ်။ အဖွားကြီးကတော့ လက် အုပ်ချီပြီး ဘုရားကယ်ပါ။ ကယ်ပါလို့ပဲ ဘုရားကိုတမ်းတနေပါတယ်။ နောက်ထပ် (၁၅) မိနစ် ခန့်အကြာမှာ ရေကအဖွားကြီးရဲ့ လည်ပင်းနားရောက်လာတယ်။ အဲဒီအချိန်မှာလည်း ရဟတ် ယာဉ်တစ်စီး ထပ်ရောက် လာပြန်တယ် “ကြိုးဆွဲပြီးတက်ခဲ့ပါ” လို့ ပြောတယ် ဒါပေမယ့် အဖွား ကြီးက “သွား၊ သွား ငါ့ကို ဘုရားကယ်လိမ့်မယ်”လို့ တစ်ခါပြောပြန်တယ်။ အဲဒီ ရဟတ်ယာဉ် ကလည်း အဖွားကြီးကို ခေါ်မရတဲ့အဆုံး ထွက်ခွာသွားတော့တယ်။ အဖွားကြီးကလည်း“ ဘုရားကယ်ပါ၊ ဘုရားကယ်ပါ” လို့ ဘုရားကိုတရင်း ရေနစ်ပြီး သေဆုံးသွားတော့တယ်။ အဖွား ကြီး ရေနစ်သေပြီးနောက် ငရဲပြည်ရောက်သွားတယ်။ ငရဲပြည်မှာ ယမမင်းနဲ့တွေ့တယ်။ ယမမမင်းကိုလည်းတွေ့ရောဘုရားကို အရမ်းစိတ်ဆိုးတဲ့အကြောင်း ယမမင်းကိုပြောပြီး ရန်တွေ့တယ်။ ယမမင်းကလည်း “နင့်ကို ဘုရားလာကယ်တာ (၃) ကြိမ် (၃) ခါ ရှိပြီ၊ ဒါကိုနင်က မလိုက်ဘူး” ဆိုပြီး ငြင်းခဲ့လို့ အခုငရဲပြည်ကို ရောက်လာတာ လို့” ပြောလိုက်ပါ တော့ တယ်။ လူ့ဘ၀မှာလည်း ဒီလိုပါပဲ။ လူတွေဟာ ကိုယ့်ဆီကို ဘုရားလာကယ်လို့ ကယ်မှန်းမသိကြပါဘူး။ ဒါ့ကြောင့် ကြီးမားတဲ့ အခွင့်အလမ်းတွေနဲ့ လွဲကြရတာဖြစ်တယ် လို့ပြောချင်ပါတယ်။
ဒါကြောင့် မိမိတို့ထံကို မသိမသာလာနေတဲ့ အခွင့်အရေး၊ အခွင့်အလမ်းတွေကိုလည်း အသုံးမချတတ်ဖူး မသိလိုက်ဖူးဆိုရင် အခွင့်အရေးတွေကတော့ မသိမသာပြန်ထွက်သွားကြ ပါလိမ့်မယ်။
Tuesday, December 30, 2008
Subscribe to:
Post Comments (Atom)
No comments:
Post a Comment