Wednesday, December 3, 2008

* သြကာသရှင်းတမ်း *

* သြကာ ။ ။ ရှိခိုးပါရစေ ကန်တော့ပါရစေဟု အခွင့်တောင်ခြင်းကိုသြကာသ ဟုခေါ်သည်၊ လေးနက်စေလို သောကြောင့် လည်းကောင်း၊ ထင်ရှားပျံ့နှံ့စေလိုသောကြောင့်လည်းကောင်း၊ သြကာကို သုံးကြိမ် ဆို ရပါသည်။

* ကံသုံးပါး
ကိုယ်ဖြင့်ပြုသောအမှုကို ကာယကံ၊ နှုတ်ဖြင့်ပြောသောအမှုကို ၀စီကံ၊ စိတ်ဖြင့်ကြံသော အမှုကို မနောကံဟု ခေါ်သည်။

* ရတနာ
နှစ်သက် မြတ်နိုးအပ်သောကြောင့် ရတနာဟု ခေါ်ပါသည်။

* ဘုရား
တရားဥဿုံ အလုံးစုံကို အကုန်အစင် သိမြင်တော်မှုသောကြောင့် ဘုရားဟု ခေါ်ပါသည်။

* တရား
အပါယ်ဆင်းရဲ သံသရာဝဋ်ဆင်းရဲသို့ မကျရောက်အောင် ဆွဲဆောင်တတ် သောကြောင့် တရားဟုခေါ်ပါသည်။

* သံဃာ
အယူသီလ တူမျှခြင်းဖြင့် ပေါင်းစုဖွဲ့စည်းထားသောကြောင့် သံဃာဟု ခေါ်ပါ သည်။

* အရိုအသေ
ကိုယ် ၊ နှုတ်၊ စိတ် သုံးပါတို့ဖြင့် ညွတ်တွားကိုင်းရိုင်းခြင်း။

* အလေးအမြတ်
တကယ်အဟုတ် စိတ်ပါပါနှင့် လေးစားမြတ်နိုးခြင်း။

* ရှိခိုး
ရှိခိုးခြင်းမှာ ကိုယ်ဖြင့် ရှိခိုခြင်း၊ နှုတ်ဖြင့်ရှိခိုးခြင်း၊ စိတ်ဖြင့်ရှိခိုးခြင်းဟူ၍ သုံးမျိုးရှိသည်။ ကိုယ် ဖြင့် ရှိခိုးခြင်းဆိုသည်မှာ ရတနာသုံးပါး မိဘဘိုးဘွား ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကို အာရုံ ပြု၍ ထိခြင်းငါးပါးဖြင့် ရှိခိုးခြင်းကို ခေါ်သည်။ နှုတ်ဖြင့်ရှိခိုးခြင်း ဆိုသည်မှာ ရတနာသုံးပါး၏ ဂုဏ်ပုဒ်များကို နှုတ်ဖြင့်ထုတ်ဖော်၍ ရွတ်ဆိုခြင်းကို ခေါ်ပါသည်။ စိတ်ဖြင့် ရှိခိုးခြင်း ဆိုသည်မှာလဲ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးက်ု စိတ်ထဲမှာ အဖန်တလဲလဲ အောက်မေ့ခြင်း ကို ခေါ်ပါသည်။ (ခြေ၊ လက်၊ နဖူး၊ တတောင်၊ ဒူးထိငါးပါး)

* ပူဇော်
ပစ္စည်းဖြင့်ပူဇော်ခြင်း၊ တရားဖြင့်ပူးဇော်ခြင်း ၂-မျိုး ရှိပါသည်။

* ဖူးမြော်
ပကတိမျက်စိဖြင့် ဖူးမြော်ခြင်း၊ အသိဥာဏ်မျက်စိဖြင့် ဖူးမြော်ခြင်း ၂-မျိုး ရှိပါသည်။

* မာန်လျော့
မိမိသန္တာန်၌ရှိသော မာန်မာနတရားများကို လျော့ချဖယ်ရှားခြင်း (ရတနာသုံးပါးကို မြင့်မြတ်ရာ ၍ထားခြင်း) ကို မာန်လျော့သည်ဟု ခေါ်ပါသည်။ မာန်လျော့ခြင်းကို နိဝါတ မင်္ဂလာဟု မှတ်ပါ။

* ကန်တော့
အပြစ်ရှိက ခွင့်လွှတ်တော်မှုပါဟု ၀န်ချတောင်းပန်ခြင်းကို ကန်တော့သည်ဟု ခေါ်သည်။ အပြစ်ရှိ၍ ကန်တော့ခြင်၊ ကုသိုလ်ရလို၍ ကန်တော့ခြင်းဟု ၂-မျိုးရှိသည်။ (ကန်တော့ဆိုသည် မှာ အကုသိုလ်ကို ကန်ကျောက်၍ ကုသိုလ်ကို တော့-ယူခြင်းကို ဆိုလိုသည်။

သူငယ်ချင်း၊ မိတ်ဆွေတို့ ကျွန်တော်၊ ကျွန်မတို့ ရွတ်ဆိုနေကြသော သြကာသအနက်ကို လူတိုင်းနားလည် နိုင်ကြပါစေ။

No comments: