Tuesday, December 30, 2008

"အားပေးလက်ခုပ်သံ"

တစ်ခါတုန်းက အမေတစ်ယောက်ဟာ သူ့ကလေးခုန်နေတာတွေ့တော့ ဘာလို့ခုန်တာလဲလို့ မေးတယ်။ သားကလကမ္ဘာရောက်ချင်လို့ခုန်နေတာလို့ ပြန်ပြောတယ်။ သာမန်အမေဆိုရင် စိတ်ကူးမနေနဲ့ လုံးဝမဖြစ်နိုင်ဘူးလို့ ဖြေလိမ့်မယ်။ ဒါမှမဟုတ် အော်ငေါက်ချင်လည်း အော်ငေါက်လိမ့်မယ်။ ဒါပေမဲ့ ဒီကလေးရဲ့ အမေက လကမ္ဘာရောက်ရင် အမေ့ဆီကို ပြန်လာဖို့ မမေ့နဲ့ဦးလို့ ပြန်ပြောလိုက်တယ်။ တစ်ချိန်ချိန်မှာတော့ တကယ်ပဲ လကမ္ဘာကို ရောက်သွားခဲ့ပါ တယ်။ အဲဒီ ကလေးရဲ့ အမည်ကတော့ (နေလ်းအဲမ်းစထရောင်) ဖြစ်ပါတယ်။ ပတ်ဝန်းကျင် ကောင်းဆိုတာ အဲဒါကိုပြောတာပါပဲ။ ကိုယ်နေတဲ့ ပတ်ဝန်းကျင်က မိမိကိုဘယ်လောက်ထိ အားပေးသလဲ။ လူသားတိုင်းအကြားချင်ဆုံး အသံဟာ ချီးမွှမ်းသံနှင့်အတူ အားပေးလက်ခုပ်သံ ဖြစ်တယ်။ ငယ်စဉ်ကလေးဘ၀က လေးဘက်ထောက်သွားတယ်။ နောက်အမေကဆွဲထူပြီး ရပ်နိုင်ပေ့၊ ရပ်နိုင်ပေ့ဆိုပြီး လက်ခုပ်တီးအားပေးတယ်။ နေ့စဉ်ကြားနေရတဲ့ အမေ့ရဲ့ လက်ခုပ် သံဟာ နားမှာစွဲလာခဲ့တယ်။ လက်ခုပ်သံကြားရင်ကို လေးဘက်သွားနေရာမှထပြီး မတ်တပ်ရပ် တယ်။
တစ်ခါတစ်လေရပ်ရင်းနဲ့ လဲသွားတယ်။ အမေကဆွဲထူပြီး လက်ခုပ်တီးအားပေးတယ်။ ဒီလိုနဲ့ မတ်တတ်ရပ်လမ်းလျှောက်လာနိုင်ခဲ့တယ်။ လဲမှာကြောက်လို့ လမ်းမလျှောက်ဘူးဆိုလျှင် လမ်းလျှောက်တတ်တဲ့ သူတစ်ယောက် ဖြစ်လာတော့မှာ မဟုတ်ဘူး။ ဘ၀ဆိုတာလည်း အကွေ့အကောက်များစွာ၊ အခက်အခဲအဖုအထစ်များစွာဖြင့် ကြုံဆုံကြရပြီး အကောင်းဆုံး ဘ၀ပန်းတိုင်ကို ကိုယ်စီလှမ်းတက်ခဲ့ကြတာပဲဖြစ်တယ်။ အခက်အခဲပြဿနာတွေကို ဖြတ် သန်းဖို့ ကြောက်ရွံ့နေမယ်ဆိုရင် ကိုယ်လိုချင်တဲ့ ပန်းတိုင် ငြိမ်းချမ်းတဲ့ ဘ၀မျိုးကို ရရှိနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်ကသူများရဲ့ လက်ခုပ်တီးသံကြားချင်ရင် ကိုယ်ကသူများကို များများအား ပေးလက်ခုပ်တီးကြရမယ်။ ကိုယ်ကသူများကို လက်ခုပ်တီးအားပေးတတ်တဲ့ အတွက်ကြောင့် ကိုယ့်ကိုလည်းလက်လုပ်တီးအားပေးမဲ့သူတွေ အများကြီးဖြစ်လာပါလိမ့်မယ်။ ကိုယ်လက်ခုပ် တဲီးအားပေးတာက လက်နှစ်ဖက်ပဲရှိတယ် ဆိုပေမယ့် ကိုယ့်ကိုလက်ခုပ်တီးအားပေးမဲ့လူတွေ ကျတော့ ထောင်သောင်းများစြွာသော လက်ခုပ်သံတွေ အများကြီးဖြစ်နေတာကို သင်ကိုယ် တိုင် ရှိဦးမလား။ တစ်ချိန်တည်းမှာပဲ ကိုယ့်ကိုနားလည်တဲ့ လူတွေရဲ့ သွန်သင်အားပေးမှုရှိ မယ်ဆိုရင် အဖျားရဲ့ လက်ခုပ်သံနဲ့အတူ ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိသွားမှာ အမှန်ပဲ ဖြစ်ပါတယ်။

"ဘဲကျောင်းသားလေးနှင့် နွားကျောင်းသားလေးပုံပြင် "

အချို့သောလူတွေဟာ သူများပြောစကားတွေကို သိပ်ကိုယုံလွယ်ကြတယ်။ ကောင်းတယ်ဆို ရင် မကောင်းလည်းလိုက်လုပ် ၊ ကောင်းတာကို မကောင်းဖူးဆိုရင် မလုပ်ကြတော့ပြန်ဖူး။ လူဆိုတာဟာ ကိုယ့်အသက်တစ်ချောင်းနဲ့ကိုယ် ရပ်တည်နေတာဖြစ်လို့ ကိုယ်ပိုင် ဆုံးဖြတ်ဥာဏ်ရှိရမယ်။ နောက်ကိစ္စတစ်ခုကို လုပ်တော့မယ်ဆိုရင်လည်း ကိုယ်ပိုင် စူးစမ်း ဆင်ခြင်ပြီးမှ ဆုံးဖြတ်လုပ်ကိုင်သင့်ပါတယ်ဆိုတာကို ပုံပြင်လေးတစ်ပုဒ်နဲ့ပြောပြဦးမယ်။
တစ်ခါတုန်းက ဘဲကျောင်းသားလေးတစ်ယောက်ဟာ မြစ်ဆိပ်မှာဘဲကျောင်းနေတယ်။ ဘဲတွေ ဟာလည်းမြစ်ထဲမှာ ပျော်ရွှင်စွာရေကစားနေကြတယ်။ ဒီအချိန်မှာ နွားကျောင်းသားတစ် ယောက်က နွားအုပ်ကြီးနဲ့ ရောက်ရှိလာပါတယ်။ နွားကျောင်းသားလေးက ဘဲကျောင်းသားကို လှမ်းပြီး မေးပါတယ်။ ဟေ့...ဘဲကျောင်းသား ဒီမြစ်ကို ဘယ်လိုဖြတ်ရသလဲ။ ငါ့နွား တွေနဲ့မြစ်ကိုဖြတ်မလို့ဆိုပြီး မေးပါတယ်။ ဒီတော့ ဘဲကျောင်းသားက “မြစ်ကိုဘယလိုဖြတ်ရသ လဲဆိုတာ ငါမသိဘူး။ ငါ့ဘဲတွေကော့ ခြေထောက်တိုတိုလေးတွေနဲ့တောင်မှ မြစ်ကိုဖြတ်လို့ရ တယ်။ မင်းနွားက ခြေထောက် အရှည်ကြီးတွေပဲ။ မြစ်ကိုပိုပြီး မြန်မြန်ဖြတ်လို့ရမှာပေါ့လို့ ပြောလိုက်တယ်။ နွားကျောင်းသားလည်း ဘဲကျောင်းသားရဲ့စကားကို သဘောကျလက်ခံတဲ့ အတွက်ကြောင့် တစ်ဖက်ကမ်းကို သွားခိုင်းလိုက်ပါတော့တယ်။ နွားတွေအားလုံးဟာ မြစ်အ လယ်ခေါင်လည်းရောက်ရော အားလုံးရေနစ်သေကုန် ပါတော့တယ်။ နွားကျောင်းသားဟာ ဗဟုသုတလည်းမရှိ၊ လေ့လာဆည်းပူးမှုလည်းမရှိတဲ့ အတွက်ကြောင့် နွားတွေရဲ့အသက် ဆုံးရူံးသွားရတာပဲဖြစ်တယ်။
ဒါ့ကြောင့်မည်သည့်အလုပ်ကိုမဆို မိမိကိုယ်ပိုင်ဥာဏ်နဲ့ အကျိုးနဲ့အကြောင်းကို အသေအချာ စူးစမ်းဆင်ခြင်မှုမရှိပဲ သူများပြော စကားနားယောင် သူများပြောသလို လိုက်လုပ်လို့ကတော့ မိမိကိုယ်ကိုမပိုင်ပဲ သူများကသာ ပိုင်ဆိုင်သွားပြီး ကြီးမားသောဆုံးရူံးမှုတွေသာ ဖြစ်လာပါ လိမ့်မယ်။ မည်သည့်အလုပ်ကိုမဆို မည်မျှလွယ်ကူနေပါစေ။ အရင်ဆုံးစူးစမ်းဆင်ခြင် လေ့လာ သုံးသပ်ပြီးမှသာ လုပ်ဆောင်သင့်တယ်လို့ ပြောချင်ပါတယ်။

"တွင်းနက်ထဲကျသွားတဲ့ မျောက်နှစ်ကောင်ပုံပြင် "

အချို့လူတွေဟာ တစ်ဦးတစ်ယောက်ကများ မိမိလုပ်နေတဲ့အလုပ်ကို မကောင်းဖူး၊ မဖြစ်နိုင်ဘူး၊ မအောင်မြင်နိုင်ဘူး၊ မရနိုင်တော့ဘူးလို့ တစ်ဖက်သားကပြောဆိုလိုက်တာနဲ့ ဘာ လို့ဆက်မကြိုးစာတော့ပဲ နောက်ဆုတ်တက်ကြရတာလဲ။ ဒါကိုလည်းပုံပြင်လေးတစ်ပုဒ်နဲ့ ဥပမာ ပေးမယ်နော်။
တစ်ခါတုန်းက တောနက်ထဲမှာနေတဲ့ မျောက်အုပ်ကြီး တအုပ်ဟာ သူတို့မရောက်ဘူးတဲ့ တောကြီးမျက်မဲထဲမှာ ခရီးလှည့်လည်သွားလာနေ ကြပါတယ်။ အဲဒီလိုလှည့်နေတုန်း သစ်ရွက် တွေ ဖုံးနေတဲ့ တွင်းနက်ကြီးထဲကို သူတို့အုပ်စုထဲက မျောက်ငယ်နှစ်ကောင် ကျရောက်သွား ပါတယ်။ ကျန်တဲ့မျောက်တွေဟာ တွင်းနှုတ်ခမ်းမှာ ၀ိုင်းအုံပြီးတော့ နေကြပါတယ်။ တွင်းကြီး ဟာ ဘယ်လောက်နက်သလဲဆိုလျှင် ကျသွားတဲ့မျောက်နှစ်ကောင်းကိုတောင် မမြင်ရတော့ပါ ဘူး။ တွင်းနှုတ်ခမ်းမှာရှိတဲ့ မျောက်တွေက သူတို့အချင်းချင်းပြောနေကြပါတယ်။ မင်းတို့ နှစ်ကောင်တော့သွားပြီ၊ ဘယ်လိုမှ ပြန်တက်လို့ မရတော့ဘူး။ တွင်းထဲမှာပဲ သေကြရတော့ မယ်လို့ ပြောနေကြပါတယ်။ တွင်းထဲမှာရှိတဲ့ “မျောက်” နှစ်ကောင်က တွင်းနှုတ်ခမ်းမှာ ပြောနေကြတဲ့ “မျောက်”တွေရဲ့ စကားကိုကြားပေမဲ့ လျစ်လျူရူပြိး သူတို့မှာ အစွမ်းရှိသမျှနှင့် တွင်းနှုတ်ခမ်းစီကို အတင်းခုန်တက်လာကြပါတော့တယ်။ တွင်းနှုတ်ခမ်းစီက “မျောက်”တွေက ဒါကိုမြင်ကြတဲ့အခါမှာ သံပြိုင်အော်ကြပါတယ်။ ဟေ့ကောင်တွေ...အဲဒီလို မလုပ်ကြနဲပလေ၊ မင်းတို့တော့ သေကုန်ကြတော့မှာပဲ။ ဟာ...တော်တော်ခက်တဲ့ကောင်တွေ မင်းတို့ခုန်တက်နေ လို့လည်းတွင်းပေါ် ရောက်လာနိုင်မှာ မဟုတ်ဘူး။ တက်မရတဲ့အတူတူ အေးအေးဆေးဆေးပဲ အသေခံလိုက်ကြပါလားကွာ၊ မင်းတို့ ဒီလိုခုန်တက်နေတော့ ပင်လဲပင်ပန်းတယ်။ ကိုယ်လက် တွေလည်း နာတယ်။ အမေားလည်းဆို့တယ် သေရမဲ့အတူတူ အေးအေးဆေးဆေး အသေခံ လိုက်တာက ပိုမကောင်းဘူးလားလို့ ၀ိုင်းပြီး အကြံပြုကြတယ်။
အဲဒီလိုပြောလွန်းမက ၀ိုင်းပြောကြတော့ တွင်းထဲကျနေတဲ့ မျောက်နှစ်ကောင်အနက် တစ်ကောင် ကတော့ ၀ိုင်းပြောတဲ့“ မျောက်” တွေရဲ့ စကားကို နားထောင်ပြီး တွင်းနှုတ်ခမ်းပေါ် ရောက်ဖို့ဆက်ပြီး မကြိုးစားတော့ပါဘူး။ အဲဒီလိုမကြိုးစားပဲနဲ့ စိတ်လျှော့လိုက်ရာ ရောက်နေ တဲ့တွင်းတ၀က်ကနေ အောက်ကိုပြုတ်ကျပြီး သေသွားပါတော့တယ်။ ကျန်တဲ့မျောက်တ ကောင်ကတော့ တွင်းနှုတ်ခမ်းက “မျောက်”တွေရဲ့ပြောစကားကို နားမထောင်ပဲ ရှိသမျှစွမ်း အား အကုန်ထုတ်ပြီး နှစ်ဆတိုးပြီး ခုန်တက်နေပါတယ်။ ဒီလိုတက်နေတာကိုမြင်တော့ မိတ်ဆွေ“မျောက်” တွေက၀ိုင်းပြီး အော်ကြပြန်တယ်။ ဟေ့ကောင်တော်ပါ တော့... အသားနာခံပြီး ခုန်တက်မနေပါနဲ့ မင်းအခုလို ခုန်တက်လဲရမှာ မဟုတ်ပါဘူး။ အသေသာခံ လိုက်ပါ သူငယ်ချင်းဆိုပြီး ၀ိုင်းအော်ပြောကြပြန်တယ်၊ ဒါပေမဲ့ ခုန်တက်နေတဲ့“မျောက်” ကတော့ထပ်ပြီး နှစ်ဆတိုးတောင် ခုန်တက်လာပြန်ပါတယ်။
နောက်ဆုံးမှာတော့ တွင်းထဲက“မျောက်” ဟာ တွင်းနှုတ်ခမ်းပေါ် ရောက်လာပါတယ်။ ဒီလို ရောက်လာတာတောင် မိတ်ဆွေ“မျောက်” တွေကမကျေနပ်ကြဘူး။ မင်းကွာငါတို့တတွေ ဒီလောက်တားနေ ပြောနေတာမကြားဘူးလားကွလို့ မေးလိုက်တယ်။ တွင်းထဲကတက်လာတဲ့ “မျောက်”က အမေားဖြေရင်းနဲ့ သူ့အပေါင်းအသင်းမျောက်တွေကိုရှင်းပြတယ်။ ငါ့နားက သိပ်မကောင်းဘူးကွ၊ မင်းတို့အော်နေတာဟာ ငါ့ကိုတားနေတာလားဆိုတာ ငါမသိဘူးကွာ၊ မင်းတို့က ငါ့ကိုဝိုင်းပြီးတွင်းနှုတ်ခမ်းပေါ်ရောက်အောင် မြန်မြန်တက်၊ မြန်မြန်တက်လို့ အားပေးနေတယ်လို့ ထင်တဲ့အတွက်ကြောင့် အပေါ်ကိုရောက်လာတာပဲလို့ ပြောလိုက်ပါတယ်။ ဒါဟာ လူ့ဘ၀လူတွေရဲ့ စိတ်နေစိတ်ထားဖြစ်ပုံနဲ့ တွင်းနှုတ်ခမ်းပေါ်က “မျောက်“တွေဟာ အတူတူပဲဖြစ်တယ်။ အကောင်းထဲကနေအဆိုးထဲ ရောက်သွားကြပြီဆိုလျှင် စေတနာ ကောင်း နဲ့ပြောသလိုလိုနဲ့ ထပ်ပြီး ထိုးနှက်ကြပါတယ်။ လူတစ်ယောက်ကို ရေနွေးပူနဲပလောင်းသတ်မှ သေတာမဟုတ်ပါဘူး။ ရေအေးအေးနဲ့ တပေါက်ချင်းချသတ်ရင်လဲ သေနိုင်ပါတယ်။ မိမိရဲ့ စကားလုံးတစ်လုံးကြောင့် လူတစ်ယောက်ရဲ့ ဘ၀ကိုသေစေ၊ ရှင်စေနိုင်တယ်ဆိုတာကို ပြောချင်တာပဲဖြစ်ပါတယ်။ လူ့ဘ၀မှာတွေ့ကြုံရမဲ့ အဓိကမိတ်ဆွေ သုံးမျိုးရှိပါတယ်။ ဒါကတော့ ပထမမိတ်ဆွေ၊ ဒုတိယမိတ်ဆွေ၊ တတိယမိတ်ဆွေဆိုပြီး ရှိပါတယ်။ ပထမမိတ်ဆွေ အမျိုးအစားက ကိုယ့်ကိုချစ်တဲ့လူဖြစ်တယ်။ ကိုယ့်ကိုချစ်တဲ့လူနဲ့ တွေ့ကြုံဆုံရပြီဆိုလျှင် စိတ်နှလုံးချမ်းမြေ့ ရပါတယ်။ ဒုတိယမိတ်ဆွေ အမျိုးအစားက တော့ မုန်းတဲ့လူပဲ ဖြစ်ပါတယ်။ မုန်းတဲ့လူနဲ့ တွေ့ရတော့လဲ ကိုယ်ဟာသတိ ရှိတဲ့လူ-သတိမြဲမြံတဲ့သူ ဖြစ်လာရတယ်။ ဘာကြောင့်လည်းဆိုတော့ ကိုယ့်ကိုမုန်းတဲ့သူဆိုတာ ကိုယ့်အားနည်းချက်။ ကိုယ့်ချွတ်ယွင်း ချက်ကို အမြဲကြည့်နေတတ်တယ်ဆိုတော့ ကိုယ်က အမြဲသတိထား နေရတယ်။ သတိထားနေ ရင်းနဲ့ သတိရှိတဲ့လူ ဖြစ်လာရတာပါပဲ။ တတိယလူတစ်မျိုးကတော့ ကိုယ့်ကိုဥပေက္ခာပြုတဲ့ သူမျိုးပဲဖြစ်တယ်။ ကိုယ်ဘာပဲဖြစ်ဖြစ် ဆင်းရဲဆင်းရဲ ချမ်းသာချမ်းသာ ဘာခံစားမှုမှမရှိပဲ ဥပေက္ခာပြုထားတတ်တယ်။ သူဟာ ရိုင်းပင်ကူညီ စောင့်ရှောက်တတ်တဲ့ လူများမဟုတ်တဲ့ အတွက်ကြောင့် ဘာမျှော်လင့်ချက်မှ ထားလို့မရပါဘူး။ ဒီလိုလူမျိုးနဲ့ တွေ့တဲ အခါမှာ ကိုယ့်ကိုယ်ကိုပဲ အားကိုးယုံကြည်မင ဖြစ်လာရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီမိတ်ဆွေ (၃) မျိုးလုံးကို ကျေးဇူးတင်တတ်ရမှာပဲဖြစ်တယ်။
မိမိရဲ့စိတ်ထားက စိတ်သဘောထား ပြည့်ဝစွာထားတတ်မယ်ဆိုလျှင် ဘယ်လိုလူမျိုးနဲ့ပဲ တွေ့တွေ့ကိုယ့်အတွက် အကျိုးရှိနေမှာပဲဖြစ်တယ်။ အခက်အခဲ အကျဉ်းအကြပ် အနှောင်အ ဖွဲ့တွေဟာ လူကို အောင်မြင်တဲ့သူဖြစ်အောင် ပြဿနာကို ဖြေရှင်းနိုင်တဲ့သူဖြစ်အောင် ဖန်တီး ပေးတာပဲ ဖြစ်တယ်။ ဘေးတွေရန်တွေ အန္တရာယ်တွေဟာလူကို သတိရှိသူစေ့စပ်သေချာသူ၊ စိတ်ဓာတ်ကြံ့ခိုင်သူ၊ ဇွဲလုံ့လရှိသူ၊ ဦးဆောင်နိုင်သူဖြစ်အောင် ဖန်တီးပေးတာပဲဖြစ်တယ်။ တခါတရံမှာ အဆိုးဆုံးဆိုတဲ့အရာတွေဟာ အကောင်းဆုံးနေရာကိုရောက် အောင်ပို့ပေးတတ် တာမျိုးတွေလဲရှိပါတယ်။
ဒါကြောင့် မည်သည့်အခက်အခဲ ဒုက္ခတွေနဲ့ ကြုံတွေ့နေရပါစေ။ အသက်မသေမချင်း မျှော်လင့်ချက်ရှိ၊ ကြိုးစားပိုင်ခွင့်ဆိုတာ ရှိနေစမြဲပါ။ မပစ်ခင်ကျည်ဆံကုန် တာမျိုးတော့ မဖြစ်ကြပါစေနဲ့။ မိမိအသက်မသေသေးသမျှ မျှော်လင့်ချက်ဆိုတာ ရှိနေပါတယ် မိတ်ဆွေ။

"ကြောင်နဲ့ကြွက်ပုံပြင် "

အချို့လူတွေက မိမိအတွက်လိုအပ်နေတဲ့ပညာကို တက်တဲ့သူထံမှာ သင်ယူရမှာ မကောင်း တာတွေကို ကောင်းမွန်လာအောင်၊ မအောင်မြင်တာတွေ အောင်မြင်လာအောင်၊ မိမိဘ၀ ကောင်းမွန်လာအောင် ပြောင်းလဲပစ်ဖို့ သူတစ်ပါးထံမှာ မာနကိုချ တပည့်အဖြစ်ပြောင်းလဲ သင်ယူဖို့ ဘာလို့များ အင်မတန် ၀န်လေးကြတာပါလိမ့်နော်။ ဒါနဲ့ ပတ်သတ်လို့ ပုံပြင် လေးတစ်ပုဒ်ပြောပြမယ်။
တစ်ခါတုန်းက အင်မတန်မှ လျင်မြန်ပါးနပ်တဲ့ ကြောင်တစ်ကောင်ဟာ ဗိုက်ဆာနေတဲ့ အတွက် ကြောင့် အစာလိုက်ရှာပါတယ်။ ဒီအချိန်မှာပဲ သူ့ရှေ့က ကြွက်တစ်ကောင်က တွင်းတစ်တွင်းထဲ ကို ၀င်ပြေးသွားတယ်။ ဒါနဲ့ ကြောင်က အဲဒီ ကြွက်တွင်းဝနားမှာပဲ ကြွက်ထွက်လာမယ့်အချိန် ကို စောင့်နေပါတယ်။ ကြွက်ကလည်း တော်တော်နဲ့ ထွက်မလာရဲပါဘူး။ ကြောင်ကလည်း ဗိုက်ဆာနေပြီ၊ တွင်းနှုတ်မခမ်ကနေ တညောင်ညောင်နဲ့ ကြွက် ထွက်လာအောင် အသံပေး နေတယ်။ သူ့စိတ်ထဲမှာတော့ ကြောင်သံကြားတာနဲ့ ကြွက်က လန့်ပြီးထွက်လာမယ် ထင်ထား တာပါ။ ဒါပေမယ့် ကြွက်ကကြောင်သံကြားလေ ထွက်မလာရဲလေပါပဲ ဒီအခါ ကြောင် ကစဉ်း စားပြီ အင်း...ငါဒီအတိုင်းနေ့တိုင်းအော်နေရင်တော့ ကြွက်ထွက်လာမှာ မဟုတ်တော့ဘူး။
ဒါ့ကြောင့် ငါတော့ ဒီလိုနေလို့မဖြစ်တော့ဖူး။ အခြားသူထက် ပညာသွားသင်ဦးမယ်ဆိုပြီး ထွက်သွားတယ်။ ပညာသင်ပြီး ပြန်လာတော့ ကြွက် တွင်းဝမှာပဲ ပြန်စောင့်နေပါတယ်။ တွင်း ထဲမျာရှိတဲ့ ကြွက်ကလည်း အပြင်ဖက်မှာကြောင်ရှိ၊ မရှိနားစွင့်နေပါတယ်။ ဒီအချိန်မှာ ခွေးဟောင်သံကို ကြားလိုက်ပါတယ်။ ခွေးဟောင်သံကြားတော့ ကြွက်က စဉ်းစားတယ်။ အင်း...ခွေးရှိလျှင်တော့ ကြောင်ရှိမှာ မဟုတ်တော့ဘူးဆိုပြီး အစာရှာဖို့ ထွက်လာပါတော့ တယ်။ တွင်းနှုတ်ခမ်းဝရောက်ေ၇ာ ကြောင်က ကြွက်ကို ဖမ်းကိုက်လိုက်ပါတယ်။ ကြောင်က ကြွက်ကို စားမယ်လုပ်တော့ ကြွက်ကနေပြီး ကြောင်ကိုပြောတယ် ခဏနေပါဦး၊ ကြောင်ကြီး ရယ်၊ မေးပါရစေဦး၊ အစောပိုင်းတုန်းက ကြောင်သံကြားလို့ ထွက်မလာဘူး။ အခုခေါးဟောင် သံကြားလို့ထွက်လာတာဖြစ်တယ်။ ကြောင်ဆိုတာက ခွေးကို ကြောက်တဲ့အမျိုး၊ ခွေးရှိရင် ကြောင်ရှိမှာ မဟုတ်ဘူးဆိုပြီးတော့ ကျုပ်ကထွက်လာတာ၊ ခင်ဗျားက ဒီနေရာကို ဘယ်လိုလုပ် ပြီး ရောက်နေတာလဲ လို့မေးလိုက်ပါတယ်။ ဒီအခါမှာကြောင်ကအေး...ငါလဲသိတယ်၊ မင်းငါ့အသံကြားလို့ ထွက်မလာရဲဘူးဆိုတာကို ငါသိတဲ့အတွက်ကြောင့် ဒီကြောင် အော်နည်း အတိုင်း အော်နေရင် မင်းကိုစားရမှာ မဟုတ်တော့ဘူးလေ။ အစာငတ်ပြီး သေသွားနိုင်တယ်။
ဒါ့ကြောင့် ငါကခွေးဟောင်တဲ့ နည်းပညာကို သွားသင်ခဲ့တာပဲ ဖြစ်တယ်။ ဒီခွေးဟောင် နည်းပညာကြောင့် ယခုလိုမင်းကို ဖမ်းနိုင်တာပဲ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဒီနေရာမှာ ကြောင်ဟာ အရင်လိုပဲ အော်နေပြီး အတွေးအခေါ်ပြောင်းလဲကာ ခေါးစောင်တဲ့ပညာကို သင်ယူခဲ့တဲ့အတွက်ကြောင့် သူလိုချင်တာကို ရရှိခဲ့တာပဲဖြစ်တယ်။ ယနေ့ခေတ်လူတွေလည်း ငါးကြီးက ငါးသေးကို မြိုတယ်ဆိုတဲ့ အတွေးအခေါ် ပြောင်းပြီး လျင်တဲ့ ငါးက နှေးကွေးတဲ့ ငါးကို စားနိုင်သလို ကိုယ့်ရဲ့ အတွေးအခေါ်ဟာလည်း သမားရိုးကျအတွေးအခေါ်တွေမှ ပြောင်းလဲပစ်ရမယ်။ ကြောင်အော်နည်းအတိုင်းတစ်သက်လု့း အော်နေလို့တော့ မဖြစ်တော့ ဘူး။ ခွေးဟောင်နည်းပညာလေးလည်း တတ်အောင် သင်ထားဖို့လိုလာပြီဖြစ်တယ်။
ဒါ့ကြောင့် မိမိအတွက် အမှန်လိုအပ်လာရင် မည်သူ့ထံကမဆို သင်ယူတက်ဖို့လိုတယ်နော်။

"သူဌေးကြီးတစ်ယောက်နှင့် သူတောင်းစားတစ်ယောက် ထမင်းတစ်ထုပ် "

မိမိဟာ ကျန်းမာရေးကောင်းမှ စိတ်ချမ်းသာမှုရှိမယ်။ ကိုယ့်မှာ ငွေကြေးတွေ ဘယ်လောက်ပဲ ရှိရှိ ကျန်းမာရေးမကောင်းးဘူးဆိုလျှင် ငွေကြေးစည်းစိမ်ဥစ္စာတွေဟာ အလကားပါပဲဆိုတာကို ပုံပြင်လေးတစ်ပုဒ်နဲ့ ပြောပြမယ်။
ဟိုတုန်း က အင်မတန် ချမ်းသာကြွယ်ဝလှတဲ့ သူဋ္ဌေးကြီးတစ်ယောက်ဟာ သွေးချို၊ ဆီးချိုနဲ့ လေဖြတ် နေတဲ့အတွက်ကြောင့် ဘီးတပ်တွန်းလှည်းပေါ်မှာထိုင်ပြီး ဆောင်းတွင်းအခါကာလ နေပူဆာလှုံ နေပါတယ်။ ဒီအချိန်မှာပဲ သူ့ရဲ့အိမ်ရှေ့သစ်ပင်အောက်မှာ သူတောင်း စားတစ်ယောက်က သူ တောင်းလို့ရတဲ့ ကြက်သားထမင်း ထုပ်ကြီးကို အပေါ်မြှောက်လိုက်၊ နမ်းလိုက်၊ အပေါ် မြှောက်လိုက်၊ နမ်းလိုက် လုပ်ပြီးပျော်ရွှင်နေတယ်ဒါကို သူဌေးကြီးက အသာလေးကြည့်နေ တယ်။ သူတောင်းစားဟာ ထမင်းထုပ်ကို ရင်ခါင်ပိုက်ပြီး ပက် လက်လှန်အိပ်ချလိုက်ပြန်တယ်။ သူ့မျက်နှာမှာလည်း ဒီနေ့ငါအရမ်းကံကောင်းတဲ့နေ့၊ အ ရမ်းပျော် ရွှင်စရာကောင်းတဲ့နေ့ပဲဆိုတဲ့ ၀မ်းပန်းတသာ မျက်နှာကိုတွေ့မြင်နေရပါတယ်။ အိပ်နေရာက တစ်ခါပြန်ပြီး ငုတ်တုတ်ထိုင် လိုက်ပြန်တယ်။ ထမင်းထုပ်ကိုထပ်ပြီး အပေါ်မြှောက်လိုက် ပြန်တယ်။ ရောဂါမျိုးစုံကြောင့်စိတ် ညစ်နေရတဲ့ သူဋ္ဌေးဟာ သူတောင်းစားကိုကြည့်ပြီး စိတ်ပျော်သလိုလိုတောင် ဖြစ်လာမိတယ်။ သူတောင်းစားဟာ ထမင်းထုပ်ကိုဖြေပြီးတော့ တင်မလ္လင်ခွေထိုင်ပြီး အားရပါးရထိုင်စားပါ တယ်။
သူဋ္ဌေးကြီးကလည်း သူတောင်းစားထမင်းစားတာကိုကြည့်ပြီး စားချင်တဲ့စိတ်ကဖြစ်ကာ သွား ရေပါကျလာပါတယ်။ သူ့ကိုယ်သူလည်း ပြန်စဉ်းစားပါတယ်။ သြော်...ငါဟာ ဒီမြို့မှာဆိုလျှင် အချမ်းသာဆုံး သူဌေးးကြီဖြစ်တယ်။ ပစ္စည်းဥစ္စာပေါသလို အခြွေအရံလည်း ပေါတယ်။ ဒါပေ မယ့် အဲ့ဒီစည်းစိမ်ချမ်းသာတွေဟာ ငါ့ကိုစိတ်ချမ်းသာအောင် ငါ့ကိုကျန်းမာလာအောင် မလုပ် ပေးနိုင်ကြဘူး။ အခုဆိုလျှင် ညည အိပ်မပျော်၊ လမ်းလျှောက်လို့က လည်းမရ၊ ထိုင်နေပြန် တော့လည်း တစ်ကိုယ်လုံး ပိုးမွှားတွေကိုက်သလို ခံစားနေရတယ်။ အစားအသောက်ဆိုရင် လည်း မတည့်တာတွေကခပ်များများ စားရတဲ့ အစာကျပြန်တော့လည်း စားလို့မကောင်းဘူး။ အကယ်၍သာ၊ ငါဟာကျမ်းမာလာခဲ့မယ်ဆိုလျှင် ဒီ သူတောင်းစားလိုမျိုးအားရပါးရ ထမင်းစား နိုင်ရမယ်ဆိုလျှင် သူတောင်းစားဘ၀နျင့် သူဌေးဘ၀နှင့်လဲလို့ရမည် ဆိုလျှင် လဲလိုက်ချင်ပါ တယ်....တဲ့။ သေချာ စဉ်းစားကြည့်ပါ။ မကျန်းမာတဲ့ မျက်နှာဟာ ပြုံးလို့မရတော့ပါဘူး။ အပြုံး မရှိတဲ့မျက်နှာဟာ အသက်ရှင်လျှက် ဘ၀သေနေတာနဲ့ အတူတူပါပဲ။ ကျန်းမာရေးကို နံပါတ်(၁) လို့ထားလိုက်၊ စည်းစိမ်ဥစ္စာတွေကို သုည(၀) လို့ထားလိုက်။ (၁) ရဲ့နောက်မှာ သုံည(၀) တွေဘယ်လောက်များများ (၁) ဂဏန်းပြုတ်သွား ပြီဆိုလျှင် နောက်က သုည(၀) တွေဟာတန်ဘိုး မရှိတော့ဘူး။ သူအဲဒီလို စဉ်းစားနေစဉ်မှာပဲ၊ သူတောင်းစားဟာ သစ်ပင် အောက်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီဖြစ်တယ်။
သူဌေးကြီးဟာ သူတောင်းစား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကိုကြည့်ပြီး သူအိပ်မပျော်ခဲ့ လို့ စိတ်ဆင်းရဲခဲ့ရတဲ့ ညပေါင်းများစွာကိုတွေးပြီး ၀မ်းနည်နေပါတယ်။ သူ့ဘ၀ဟာ လမ်းဘေး မှာနေတဲ့သူတောင်းစားလောက်တောင်မှ ကောင်းကောင်းမစားရ၊ ကောင်းကောင်းမအိပ်ရတဲ့ ဘ၀ပါလားလို့တွေးရင်း မျက်၇ည်များ အလိုလိုကျလာပါတယ်။ သူတွေးနေစဉ်မှာပဲ သူ့ရှေ့မြင် ကွင်းက သူတောင်းစားဟာ အိပ်ရေးဝလို့ အိပ်ယာကနိုးလာပြီး အကြောအချင်တွေဆန့်ပြီး သူ့ကိုယ်ပေါ်က ဖုန်တွေခါပြီး “သီချင်း” လေးဆိုကာ သူဌေးကြီးရဲ့အိမ်ရှေ့ သစ်ပင်အောက် မှနေ ပြီး သူတောင်းစားဟာ သူ့ဘ၀သူကျေနပ် ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားပါတော့တယ်။ စာဖတ် သူအနေနဲ့ အထက်ပါအဖြစ်အပျက်ကို သေချာစဉ်းစားကြည့်ပါ။ ကိုယ်လည်းဒီလိုအဖြစ် အပျက်မျိုး ကြုံဆုံရဦးမှာဖြစ်တယ်။ လူရယ်လို့ ဖြစ်လာရင် ငွေကြေးတွေဘယ်လောက် ပြည့်စုံ ပြည့်စုံ၊ ပြီးပြည့်စုံတဲ့ ကျန်းမာခြင်းဆိုတာ ဒေါင်ဒေါင်မြည်တဲ့ကျန်းမာခြင်း၊ တစ်နည်းအားဖြင့် ခံနိုင်ရည်ရှိတဲ့ ကျန်းမာခြင်းကိုပြောတာပါ။ ခံနိုင်ရည်ရှိတယ်ဆိုတာ အိပ်ရေးပျက်ခံနိုင်ခြင်း၊ အဆာခံနိုင်ခြင်း၊ အပင်ပန်းခံနိုင်ခြင်းနှင့် ရာသီဥတုဒဏ် ခံနိုင်ခြင်းကိုပြောတာပါ။ အဲဒီပြီးပြည့်စုံ တဲ့ ကျန်းမာခြင်းကို ရရှိနိုင်ဖို့ ဆိုတာက သုည(၀)ဆိုတဲ့ စည်းစိမ်ဥစ္စာရှိရုံနဲ့မပြည့်စုံ၊ သုည (၀) ကို တန်ဖိုးမြှင့်တင်ပေးနိုင်တဲ့ ကျန်းမာခြင်းဆိုတဲ့ (၁) ရှိမှသား သုည(၀) များလည်း တန်ဖိုးရှိ တော့မည်မဟုတ်ပါလားမိတ်ဆွေ။
ဒါ့ကြောင့် ဘ၀တိုးတက်အောင်မြင်ဖို့ ကြိုးစားကြရာမှာ သုည(၀) ကိုသာ ဦးစားပေးပြီး (၁) ကိုဂရုမစိုက်ခဲ့ရင်တော့ (၁) ဟာရှေ့မှာရှိမှ သုည(၀) ကတန်ဖိုးရှိနေတာမို့ ကျန်းမာခြင်းကို လည်း (၁) နေရာကနေထားတက်ဖို့ အင်မတန်လိုအပ်ကြောင်းကို အလုပ်သာလုပ် ငွေတွေသာ ကုန်းရှာနေကြပြီး ကျန်းမာရေးကိုဂရိုမစိုက်ပဲ အလုပ်လုပ်နေကြတဲ့ သူတွေရှိခဲ့ရင် သတိပေး လိုက်ပါတယ်။

"မင်းလဲ ချစ်နိုင်ရဲ့လား "

> >
> > အေးချမ်းတဲ့ မြို့လေးတစ်မြို့မှာ တစ်ဦးကိုတစ်ဦး အရမ်းချစ်ကြတဲ့
> > ချစ်သူနှစ်ဦးရှိတယ်။ သူတို့ဟာ အမြဲမခွါ တစ်တွဲတွဲပဲ နေ့တိုင်း
> > ပင်လယ်ဘေးကို သွားပြီး နေထွက်၊ နေ၀င်ချိန်ကို သွားကြည့်ကြတယ်။ သူတို့က
> > မြင်သူတကာ အားကျတဲ့ စုံတွဲလေးပါ။
> >
> > ဒါပေမဲ့ တစ်နေ့မှာ မတော်တဆ ကားတိုက်မှုကြောင့် ကောင်မလေး အပြင်းအထန်
> > ထိခိုက်ဒဏ်ရာ ရပြီး မေ့မျှောသွားခဲ့တယ်။ အိပ်ရာထဲမှာပဲ ငြိမ်သက်စွာ
> > လဲလျောင်းနေရတယ်။ နေ့ဖက်ဆိုရင် ကောင်လေးက ကောင်မလေးနားမှာနေပြီး
> > သူ့နာမည်ကို တတွတ်တွတ် ရွတ်ခေါ်တယ်။ ညဖက်ဆိုရင် ဘုရားကျောင်းသွားပြီး
> > ကောင်မလေး ကျန်းမာလာစေဖို့ ဘုရားသခင်ထံ ဆုတောင်းတယ်။ အချိန်တွေ တဖြေးဖြေး
> > ကုန်လွန်သွားခဲ့ပြီး ကောင်လေးခမျာ ငိုရလွန်းလို့ မျက်ရည်တွေတောင်
> > ခမ်းလုနီးနေပြီ။ ကောင်မလေးက မေ့မျှောနေဆဲပဲ။ ဒါပေမဲ့ ကောင်လေး
> > လက်မလျှော့ခဲ့ဘူး။ ဘုရားသခင်ထံ ဆုတောင်းမြဲ ဆုတောင်းတယ်။
> >
> > ဒီလိုနဲ့ တစ်ညမှာ ဘုရားသခင်က ကောင်လေးရဲ့ မလျှော့တဲ့ ဇွဲနဲ့
> > ကောင်မလေးအပေါ်ထားတဲ့ မေတ္တာတရားကြောင့် သူ့အပေါ် သနားသက်ဝင်ပြီး
> > မျှော်လင့်ချက် တစ်ခုပေးလိုက်တယ်။ ဘုရားသခင်က ကောင်လေးကို " ကောင်မလေးရဲ့
> > အသက်ကို ကိုယ့်ဘ၀နဲ့ လှဲလှယ်နိုင်မလား" လို့ မေးတယ်။ ကောင်လေးက
> > တွေဝေမနေဘဲ လှဲလှယ်နိုင်ကြောင်း ချက်ချင်းပြန်ဖြေတယ်။
> >
> > "ဒါဆိုကောင်းပြီ။ ကောင်မလေး အမြန်နှိုးလာဖို့ အသင် ပုစဉ်းဘ၀နဲ့
> > သုံးနှစ်အသွင်ပြောင်းရမယ်။ သဘောတူနိုင်လား" လို့ ဘုရားသခင်က မေးပြန်တယ်။
> > ကောင်လေးက မဆိုင်းမတွဘဲ သဘောတူကြောင်း ချက်ချင်း ပြန်ဖြေလိုက်တယ်။
> >
> > မိုးလင်းတာနဲ့ ကောင်လေးဟာ ပုစဉ်းတစ်ကောင် အသွင်ပြောင်းသွားခဲ့တယ်။
> > ပုစဉ်းလေးက ဆေးရုံဖက်ကို အလျှင်အမြန် ပျံလာတယ်။ လူနာခန်းထဲ ၀င်ကြည့်တော့
> > ကောင်မလေးက နှိုးနေပြီး ဆရာဝန်တစ်ဦးနဲ့ စကားပြောနေတာကို တွေ့တယ်။
> > သူတို့ပြောနေတာတွေကို ပုစဉ်းက မကြားရဘူး။ တစ်ပတ်၊ နှစ်ပတ်နေတော့
> > ကောင်မလေး ကျန်းမာလာပြီး ဆေးရုံက ဆင်းခဲ့တယ်။ ဒါပေမဲ့ သူမပျော်ဘူး။
> > နေရာအနှံ့ ကောင်လေးကို လိုက်စုံစမ်းတယ်၊ လိုက်ရှာတယ်။ ကောင်လေး
> > ဘယ်ပျောက်သွားမှန်း ဘယ်သူမှ မသိကြဘူး။ ကောင်လေးက ပုစဉ်းအသွင်နဲ့
> > ကောင်မလေးဘေးမှာ ရစ်ဝဲ ပျံသန်းနေပေမဲ့ ကောင်မလေးကို သူခေါ်လို့ မရဘူး။
> > ပွေ့ဖက်လို့ မရဘူး။ ကောင်မလေးကိုပဲ ငေးစိုက်ကြည့်နေခဲ့ရတယ်။
> >
> > ဒီလိုနဲ့ နွေရက်တွေ တဖြေးဖြေး ကုန်လွန်ပြီး ဆောင်းဦးကို ရောက်လာခဲ့တယ်။
> > ဆောင်းလေညင်းတွေကြောင့် သစ်ရွက်တွေ တဖြုတ်ဖြုတ် ကြွေကုန်တယ်။ ပုစဉ်း
> > ဒီနေရာက ခွာရတော့မယ်။ နောက်ဆုံးအကြိမ်အဖြင့် ကောင်မလေးရဲ့
> > ပုခုံးထက်နားကို သူအရဲစွန့်ပြီး သွားနားလိုက်တယ်။ နူးညံ့တဲ့ တောင်ပံနဲ့
> > ကောင်မလေးရဲ့ ပါးပြင်ကို ထိလိုက်တယ်။ သေးငယ်တဲ့ ပါးစပ်နဲ့ ကောင်မလေးရဲ့
> > ပုခုံးသားကို ရှိုက်နမ်းလိုက်တယ်။ ကောင်မလေး သတိမထားမိခင်မှာ သူတိတ်တဆိတ်
> > ထပျံလာခဲ့တယ်။
> >
> > မျက်စိတမှိတ်အတွင်းမှာပဲ နွေဦးရာသီကို ရောက်လာခဲ့တယ်။ နွေရောက်တာနဲ့
> > ချက်ချင်းပဲ ပုစဉ်းဟာ ကောင်မလေးနားကို အရောက်ပျံသန်းလာခဲ့တယ်။ ဒါပေမဲ့
> > သူရင်းနှီးတဲ့ ကောင်မလေးရဲ့ဘေးမှာ ခန့်ညားတဲ့ သူစိမ်းကောင်လေးတစ်ယောက်ကို
> > သူ တွေ့လိုက်တော့ ပျံသန်းနေတဲ့ သူ့တောင်ပံတွေ လေဟာနယ် တ၀က်တပျက်မှာ
> > အရပ်တန့်ခံလိုက်ရတယ်။
> >
> > လူတွေက ကောင်မလေး ကားတိုက်ခံရတာ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်ကြောင်း၊
> > ဒဏ်ရာတွေကို ကုသပေးတဲ့ ဆရာဝန်ဟာ ကောင်မလေးအပေါ် ဘယ်လောက် ဂရုစိုက်ကြောင်း၊
> > သူတို့ရဲ့ အချစ်တွေက စံတင်ထိုက်တဲ့အကြောင်း၊ ကောင်မလေး ဘ၀က အရင်လို
> > ပျော်ရွှင်ချမ်းမြေ့ နေပြီဖြစ်တဲ့အကြောင်း ပြောသံတွေကို
> > ပုစဉ်းကြားလိုက်ရတယ်။ ပုစဉ်း ရင်ကွဲရပြန်တယ်။ ဆရာဝန်ကောင်လေးနဲ့
> > ကောင်မလေး ပင်လယ်ဘေးသွားပြီး နေ၀င်၊ နေထွက်ကြည့်တာကို သူအမြဲတွေ့နေရပေမဲ့
> > တစ်ခါတလေ ကောင်မလေးရဲ့ ပုခုံးထက်မှာ ခဏသွားနားတာကလွဲလို့ သူဘာမှ
> > မတတ်နိုင်ခဲ့ဘူး။
> >
> > ပုစဉ်းလေးဟာ ရင်ထဲက ဝေဒနာတွေကို ကြိတ်မှိတ်ခံစားရင် ဒီနှစ်နွေဟာ
> > ခါတိုင်းနွေထက် ပိုရှည်လျှားနေတယ်လို့ ထင်မိတယ်။ ကောင်မလေးနားမှာ
> > ရစ်ဝဲပျံသန်းဖို့လည်း သူမှာ ခွန်အားတွေ ဆုတ်လျော့နေတယ်။
> > ဆရာဝန်ကောင်လေးနဲ့ ကောင်မလေးရဲ့ တီးတိုးစကားပြောသံနဲ့ ရယ်သံတွေက သူ့ကို
> > အသက်ရှုကျပ်စေတယ်။
> >
> > သုံးနှစ်မြောက် နွေရာသီမှာတော့ ပုစဉ်းဟာ ကောင်မလေးကို ခဏခဏ
> > သွားမကြည့်တော့ဘူး။ သူနားနေကျ ကောင်မလေးရဲ့ ပုခုံးကို ဆရာဝန်ကောင်လေးက
> > တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားတယ်။ သူ့တောင်ပံနဲ့ ထိနေကျ ကောင်မလေးရဲ့
> > ပါးပြင်ဟာလည်း ဆရာဝန်ကောင်လေးက တယုတယနမ်းနေတယ်။ ပုစဉ်းရင်ကွဲတစ်ကောင်က
> > သူ့တို့ဘေးမှာ ရစ်ဝဲနေတယ်ဆိုတာကို ချစ်တင်းနှောပြီး ကြည်နှုးနေတဲ့
> > သူတို့နှစ်ယောက် သတိထားမိမှာ မဟုတ်ဘူး။ ကောင်မလေးကလည်း အတိတ်ဆိုတာကို
> > လုံးဝ သတိမေ့သွားခဲ့ပြီလေ။
> >
> > သတ်မှတ်ထားတဲ့ (၃)နှစ်ဆိုတဲ့ အချိန်ကိုရောက်ဖို့ တစ်ရက်အလိုမှာ
> > ကောင်မလေးနဲ့ ဆရာဝန်ကောင်လေးတို့ လက်ထပ်လိုက်ကြတယ်။ ဘုရားကျောင်းထဲ
> > သူပျံဝင်ပြီး ကောင်မလေးရဲ့ ပုခုံးထက်မှာ နားလိုက်တယ်။ ကောင်မလေးနဲ့
> > ဆရာဝန်ကောင်လေးရဲ့ ဘုရားသခင်ထံ သစ္စာခံယူနေတဲ့ အသံကို သူကြားလိုက်တယ်။
> > ဆရာဝန်ကောင်လေးက ကောင်မလေးရဲ့ လက်ကို လက်ထပ်လက်စွပ် စွပ်ပေးပြီး
> > နမ်းလိုက်တာကို သူငေးကြည့်နေမိတယ်။ သူ့ပါးပြင်ငယ်ပေါ်မှာ မျက်ရည်တွေ
> > စီးကျလာခဲ့တယ်။
> >
> > "အသင် နောင်တရပြီလား" ဘုရားသခင်က ပုစဉ်းကို မေးတယ်။
> > "နောင်တ လုံးဝမရပါဘူး" မျက်ရည်တွေကို သုတ်ရင်း သူပြန်ဖြေတယ်။
> > "မနက်ဖြန်ဆို လူ့ဘ၀အသွင် ပြောင်းလို့ရပြီ" ဘုရားသခင်က ပြောတော့ ပုစဉ်းက
> > ခေါင်းခါပြီး "ပုစဉ်းအဖြစ်နဲ့ ကျွန်တော်တစ်သက်လုံး နေပါရစေတော့။
> > တစ်ချို့ကံတရားက လက်လွတ်ဆုံးရှုံးဖို့ စီရင်လာပြီးသားပါ။ တစ်ချို့ဖူးစာက
> > ပေါင်းစပ်ဖို့ ကံပါမလာခဲ့ဘူး။ လူတစ်ယောက်ကို ချစ်တာ ရယူပိုင်ဆိုင်မှ
> > မဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက်ကို ရယူပိုင်ဆိုင်ပြီးရင်တော့
> > ကောင်းကောင်း တန်ဖိုးထား ချစ်တတ်ရမယ်"
> >
> > သင့်ရဲ့ ပုခုံးပေါ်မှာရော ပုစဉ်းလေးတစ်ကောင် နားခဲ့ဖူးသလား....?
> > သင်ကော ပုစဉ်းလေးတစ်ကောင် ဖြစ်ခဲ့ဖူးသလား......?

" လူသားတို့ ကြီးပွားတိုးတက်ရေး ကျင့်စဉ် "

ကမ္ဘာပေါ်တွင်ပေါ်ထွန်းခဲ့ကြေ သာ ဘာသာရေးခေါင်းဆောင်တို့က လောကလူသားတို့ ကြီးပွားချမ်းသာရေးအတွက် မိမိတို့အမြင် မိမိတို့ရှု့ထောင့်အသီးသီးက နေ ဟောပြောညွှန်ပြခဲ့ကြပါသည်။ ထိုဘုရားတို့တွင် အိန္ဒိယတွင်ပေါ်ထွန်းခဲ့သော ဂေါတမဗုဒ္ဓသည် ပစ္စုပ္ပန်လက်တွေ့ လောကကြီးပွားချမ်းသာတိုးတက်ရေး၊ တမလွန်ဘ၀ကြီးပွားချမ်းသာတိုးတက် ရေး၊ နောက်ဆုံး ဘ၀လွတ်မြောက်ရေးတို့အတွက် နည်းလမ်းများ၊ ကျင့်စဉ်များကို သုတ္တန်ဒေသနာတော်ဖြင့်တစ်မျိုး၊ ၀ိနည်းဒေသနာဖြင့်တစ်သွယ်၊ အဘိဓမ္မာနည်းဖြင့်တစ်ဖုံ နည်းမျိုးစုံဖြင့် လမ်းညွှန်ဟော ကြားခဲ့ပါသည်။ ဂေါတမဗုဒ္ဓက"အတ္တဟိ အတ္တနော နာထော" မိမိကိုယ်ကို အားကိုလုပ်ပါ၊ ဆုတောင်း၍မရ လုပ်မှရမည်။ လုပ်ရာတွင်ကံ၊ ဉာဏ်၊ ၀ိရိယ၊ ဉာဏ်နှင့်ယှဉ် လုံ့လ၀ိရိယဖြင့် ကံဆိုသော အလုပ်ကို ကြိုးစားလုပ်ပါ။ ဤသို့လုပ်ဆောင်သောသူသည် ပစ္စုပ္ပန၊် တမလွန် ဘ၀သံသရာ အဆက်ဆက်တို့၌ ကောင်းကျိုးအစဉ်အဆက် ရရှိခံစားရပြီး နောက်ဆုံးချမ်းမြေ့ငြိမ်းေ အးရာ နိဗ္ဗာန်သို့ရောက်မည်ဟု ဟောကြားထားပါသည်။ ဘ၀တိုးတက်ကြီးပွားရေးအတွက် ကျင့်စဉ် (၇)ချက်မှာ-
(၁) ထကြွလုံ့လရှိရမည်။
(၂) သတိရှိရမည်။
(၃) စင်ကြယ်သောကိုယ်မှု၊ နှုတ်မှု၊ ကြံစည်မှု ရှိရမည်။
(၄) စူးစမ်းဆင်ခြင် စီစစ်၍ ပြုလုပ်တက်ရမည်။
(၅) စောင့်စည်းသောဣနြေ္ဒရှိရမည် ။
(၆) တရားသဖြင့် အသက်မွေးရမည်။
(၇) မမေ့မလျော့ရှိရမည်။

flower ထကြွလုံ့လလုံမှု
လောကီလောကုတ်နှစ်ဖြာသော အကျိုးစီးပွားကို အလိုရှိကြသော သူတို့သည် ထကြွလုံ့လရှိမှု၊ ကြိုးစားဆောင်ရွက်မှု၊ အားထုတ်ထက်သန်မှုများ ရှိရန်အထူးလိုအပ်လှပါသည်။ ပျင်းရိသောသူအား အဘယ်မှာ အတက်ပညာတက်ပါအံ့နည်း။ အတက်မရှိသောသူအား ဥစ္စာဘယ်မှာ ရပါအံ့နည်း။ ဥစ္စာမရှိသောသူအား အဆွေခင်ပွန်း အဘယ်မှာရပါအံ့နည်း။ အဆွေခင်ပွန်းမရှိသော သူအား ချမ်းသာအဘယ်မှာ ရပါအံ့နည်း။ ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ်မှာရှိပါအံ့နည်း။ ပညာရှာရာတွင်ဖြစ်စေ။ ဥစ္စာရှာရာတွင်ဖြစ်စေ၊ ကုသိုလ်ရှာရာတွင်ဖြစ်စေ၊ လုံ့လ၀ီရိယ ဇွဲသတ္တိသည် လိုအပ်သည်သာဖြစ်ပါသည်။ ထိုသို့ရှိပါမှ ဥစ္စာချမ်းသာ၊ နတ်ချမ်းသာ၊ လူချမ်းသာ၊ နိဗ္ဗာန်ချမ်းသာတို့ကို ရရှိခံစား ကြရပါမည်။

flower သတိရှိခြင်း၊
သတိဟူသည် ပိုသည်မရှိ၊ လိုသည်သာ ရှိပါသည်။ မိမိ၏လုပ်ငန်းတစ်ခုကောင်း၊ မကောင်း၊ သင့်၊ မသင့်၊ တော်၊ မတော်၊ ဖြစ်နိုင်၊ မဖြစ်နိုင်ကို စိစစ်ဆောင်ရွက်ကြရာဝယ် သတိတရားသည် အလွန်လိုအပ်ပါသည်။ သတိမမူ ဂူမမြင်၊ သတိမူတော့ မြူမြင်သည်ဟူ၍ ပညာရှိတို့ ဆိုထားပါသည်။ မတက်ကျွမ်း၊ နားမလည်သေးသောအလုပ်များကို လုပ်ကိုင်ဆောင်ရွက်ကြရာဝယ် တက်ကျွမ်းနားလည်မှုရရှိအောင် သတိထား၍ ကြည့်ရှုလေ့လာစူးစမ် ဆင်ခြင်ရပါသည်။ ဗိုလ်ငါးပါးတွင် အထိန်းအချုပ်အင်အားအဖြစ် အမြဲလိုအပ်နေသော လက်ကိုင်စွဲတရား ဖြစ်ပါသည်။

Arrow စင်ကြယ်စွာဆောင်ရွက်ခြင်း၊
ဘ၀၏ပညာရေး၊ ကြီးပွားရေး၊ တိုးတက်အောင်မြင်နိုင်ရေးအ တွက် ကာယကံ၊ ၀စီကံ၊ မနောကံ များသည် အဓိကအရေးကြီးဆုံးသော သော့ချက်ကြီးများ ဖြစ်ကြပါသည်။ ကာယကံ၊ ၀စီကံ၊ မနောကံတို့ဖြင့် စင်ကြယ်စွာ မှန်မှန်ကန်ကန်ဆောင်ရွက်သူများသ ည် ကောင်းသောအကျိုးကျေးဇူးကို ရရှိရာတွင် အချိန်ကြာမြင့်မှရတက်ပါသည် ။ သို့သော်အကျိုးပေးချိန်ရောက်သော် ကြာရှည်စွာ အကျိုးပေးတက်သော သဘောရှိပါသည်။ ကာယကံ၊ ၀စီကံ၊ မနောကံ စင်ကြယ်စွာမရှိ ကောက်ကျစ်လိမ်ညာ၍ ပြုမူ၊ ပြောဆို၊ ကြံစည်သူတို့သည် တစ်ခါတစ်ရံ အပေါ်ယံ တခဏချင်းအားဖြင့် အကျိုးရရှိသည်။ အကျိုးပေးကောင်းသည်ဟု ဆိုနိုင်သော်လည်း ကြာရှည်မခံပေ၊ အကျိုးပေးမမြဲပါ။ ရေရှည်အားဖြင့် အခံရဆိုးသော စိတ်ညစ်စိတ်ဆိုး ဖွယ်ရာသာယာမှုမရှိသော ဆိုးကျိုးကိုသာ ရရှိပါသည်။ ထို့ကြောင့် တခဏ အကျိုးကိုသာ မကြည့်ရ။ ရေရှည်အကျိုးကိုကြည့်၍ ကာယကံ၊ ၀စီကံ၊ မနောကံ ဒုစရိုက်တို့ကို ရှောင်ကြဉ်ရ မည်ဟူ၍ ဗုဒ္ဓကဟောကြားထားခြင်း ဖြစ်ပါသည်။ လူ၏စိတ်သည် "ပါပသ္မိံရမတိ မနော" မကောင်းမှု၌ မွေ့လျော်တက်သည်ဖြစ်၍ ကာယကံ၊ ၀စီကံ၊ စင်ကြယ်ဟန် ဖြောင့်မတ်ဟန်ရှိ သော်လည်း မနောကံမှုကား ဖြောင့်မတ်ရန် ခဲယဉ်းလှပါသည်။ လိမ်ညာကောက်ကျစ်သော စိတ်၊ သူတစ်ပါးကို မနာလိုသောစိတ်၊ သူတစ်ပါးကို မရစေချင်၊ မိမိသာရလိုသော ၀န်တိုစိတ်၊ ထောင်လွားသောစိတ်တို့သည် အပြင်ကမမြင်နိုင်သော်လည်း မျက်စိတ်တမှိတ် လျှပ်တပြက် အတွင်းဖြစ်ပေါ်တက်သဖြင့် စိတ်စင်ကြယ်မှုကို အထူးသတိထားကြရသည်။

flower စူးစမ်းဆင်ခြင်ခြင်း၊
အချိန်အခါနှင့် အခြေအနေကို စပ်ဟပ်၍ စိစစ်စူးစမ်းဆင်ခြင်ခြင်းသ ည် အခက်အခဲ ပြဿနာများကို ဖြေရှင်းနိုင်ပြီး လိုအပ်သောအကျိုးကျေးဇူးကို ရရှိနိုင်ပါသည်။ အဘိဓမ္မာသဘာဝအရ ပညိနြေ္ဒစေတသိတ်နှင့်ယှဉ်၍ စီစဉ်ဆောင်ရွက်ရန်ဖြစ်ပါသည်။ ပညာစေတသိတ်ရှင်သန်အား ပြင်းစေရန် ပညာရှိသူတော်ကောင်း လူလိမ္မာများနှင့် ပေါင်းသင်းဆက်ဆံ၍ ပညာဗဟုသုတတို့ကို ဆည်းပူးထားရပါမည်။ ထိုသို့ပညာရှိပြီး ပညာနှင့် စူးစမ်းဆင်ခြင်တက်သော် မိမိလိုအပ်သော အကျိုးများ ပြီးစီးစေနိုင်ပါသည်။

flower ဣနြေ္ဒစောင့်စည်းခြင်း၊
သက်ရှိသတ္တ၀ါတို့တွင် မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဟူသော ဣနြေ္ဒ(၆)ပါးရှိသည်။ ပစ္စုပ္ပန်ဘ၀ နောင်တမလွန် ဘ၀သံသရာ အဆက်ဆက် ဘ၀ကောင်းကျိုးချမ်းသာများကို ရရှိခံစားကြသောသူတိုင်း ဣနြေ္ဒ(၆)ပါးကို သူ့နေရာနှင့်သူ ထိန်းကွပ်စောင့်စည်းတက်ရပါ မည်။ အရေးကြီးသော လုပ်ငန်းကိစ္စရပ်များကို ဆောင်ရွက်နေစဉ်အတွင်း အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိအာရုံတို့ကို တပ်မက်မှုနည်းနိုင်သမျှ နည်းပါးရပါမည်။ တစ်ဘက်က ထိုအာရုံများကို စွဲမက်လိုက်သည်နှင့် တပြိုင်နက်ထဲ မိမိလုပ်ငန်းဆောင်ရွက်မှုများအပေါ်၌ စူးစိုက်မှုအားနည်းသွားတက်၍ လုပ်ငန်းအောင်မြင်မှု နှောင့်နှေးသွားတက်ပါသည်။

flower တရားသဖြင့်အသက်မွေးခြင်း၊
မတရားသဖြင့် အသက်မွေးမှုတွင် တစ်ခါတစ်ရံအကျိုးတရားကား ရလွယ်ကောင်း၏။ သို့သော် ကြာရှည်မခံပါ။ မြန်မြန်ပျက်စီးနိုင်ပါသည် ။ မတရားပြုထားက စိုးရိမ်ပူပန်ရသည်။ မိမိပြုသော မကောင်းမှုကံက တစ်ချိန်ချိန်တွင် မကောင်းကျိုးပြန်ပေးမည်သာဖြစ်သည်။ မိမိကာယ၊ ဉာဏ လုပ်အားဖြင့် ထိုက်သင့်သောအကျိုးအမြတ်ကိုသာ ယူရပါမည်။ အပြစ်ရှိ၍ အကောင်းကျိုးကို ဖြစ်စေသော အကုသိုလ်လုပ်ငန်းနှင့် အနိုင်အထက်ပြု၍ မတရားပြုကာ စားသုံးခြင်း၊ ခေါင်းပုံဖြတ်အမြတ်ကြီးစားခြင်း ၊ လုပ်အားစိုက်မထုတ်ဘဲ အချောင်ခိုရေသာလိုက်၍ အကျိုးအမြတ်ကို အဓမ္မရယူခြင်းသည် မတရားသော အသက်မွေးမှုများဖြစ်ကြပါသည် ။ ယခင်ကောင်း၍ ယခုကောင်းသည်။ ယခုကောင်းမှနောင်ကောင်းမည် ဟု ဆိုသကဲ့သို့ ယခုပစ္စုပ္ပန်လုပ်ရပ်များက အပြစ်ကင်း၍ ကောင်းကျိုးပေးနိုင်သော ကုသိုလ်လုပ်ငန်းများဖြစ်လျှင် နောင်အခါအကျိုးပေးရာတွင်လည်း ကောင်းကျိုးများ ရနိုင်ပါသည်။

flower မမေ့မလျော့ခြင်း၊
ပညာရပ်များကို လေ့လာဆည်းပူးနေသော ကျောင်းသား၊ ကျောင်းသူများသည် လည်းကောင်း၊ ကျွမ်းကျင်မှုလုပ်ငန်းရပ်များ စူးစမ်းရှာဖွေ မှတ်သားရသော ပညာရပ်များ၊ အသက်မွေးဝမ်း ကျောင်းပညာရပ်များကို လေ့လာနေသော လုပ်သားများတို့သည်လည်းကော င်း၊ မိမိလုပ်ငန်းဆိုင်ရာ သင်ပြီး၊ တက်ပြီး၊ သိပြီးသောအချက်လက်များ မမေ့မလျော့စေရန် သတိမူနေစေရန် အလေ့အကျင့် ပြုဖန်များနေရပါမည်။ ကျွမ်းကျင်မှုရှိအောင် ထပ်ခါတလဲလဲ လေ့ကျင့်ပြုလုပ်ရပါမည်။ လောကတွင် မတက်ကျွမ်းသေးသော ပညာရပ်များ၊ နားမလည်သေးသော လုပ်ငန်းများ ဆက်လက်လေ့လာစရာ သိစရာပညာရပ်များ များစွာရှိနေပါသည်။ ထိုအရာများကို တက်ကျွမ်းနားလည်နိုင်သမျှ တက်ကျွမ်းနားလည်စေရန် ဂရုပြုမှတ်သားရမည်။ ပေါ့ပေါ့တန်တန် အမှုမဲ့ အမှတ်မဲ့ မနေရပါ။ အမြဲမမေ့မလျော့အောင် ကြိုးစားလေ့ကျင့် သင်ယူနေရပါမည်။

" အချစ်မှာ အချိန်၊ အကွာအဝေး၊ နေရာဒေသ၊ လူမျိုး၊ ဘာသာ ကန့်သတ်မှု မရှိပါဘူး...် "

(၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ် လို့ ပြောတယ်။
နင် ခေါင်းကို ငဲ့ပြီး မျက်လုံးဝိုင်းလေးကို ပုတ်ခတ်ရင်း အဲဒါ ဘာအဓိပ္ပါယ်လည်း လို့ ငါ့ကို မေးခဲ့တယ်။

(၁၅) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
အကျီ အနားစကို အဓိပ္ပါယ်မဲ့ လုံးချေ ကစားရင်း ခေါင်းလေးကို ငုံ့လို့ ရှက်သွေးတွေ ဖြာပြီး နင် ပြုံးနေခဲ့တယ်။

(၂၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့ ပုခုံးထက်မှာ ခေါင်းလေးကို မှီပြီး ငါ ပျောက်ကွယ်သွားမျာ စိုးတဲ့အလား ငါ့လက်မောင်းကို နင် တင်းတင်း လေး ဖက်ထားခဲ့တယ်။

(၂၅)နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
မနက်စာကို ပြင်ဆင်ရင်း ငါ့နဖူးကို တစ်ချက်နမ်းပြီး "သိပါတယ်... ထပါတော့ လူပျင်းလေးရယ်" လို့ ချစ်စနိုးနဲ့ နင် ပြောခဲ့တယ်။

(၃၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
"တစ်ကယ်ချစ်ရင် ရုံးဆင်းချိန် လျှောက်မလည်နဲ့၊ မှာတဲ့ ပစ္စည်းတွေ ကိုလည်း ၀ယ်ခဲ့ဖို့ မမေ့နဲ့" လို့ နင် ရယ် ပြီး ပြောခဲ့တယ်။

(၄၀) နှစ် အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
ပန်းကန်တွေ သိမ်းရင်း "ကောင်းပါပြီ.. ကလေးတွေကို စာပြလိုက်ပါဦး" လို့ နင် စိတ်မရှည်စွာ ပြောခဲ့တယ်။

(၅၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောခဲ့တယ်။
သိုးမွှေးချည် ထိုးရင်း "တစ်ကယ်လား... နင့်စိတ်ထဲမှာ ငါ့ကို စောစော သေစေချင်နေတယ် မဟုတ်လား" လို့ ပြောပြီး တခစ်ခစ်နဲ့ နင် ရယ်ခဲ့တယ်။

(၆၀) အရွယ်တုန်းက ငါ နင့်ကို ချစ်တယ်လို့ ပြောတယ်။
ငါ့လက်မောင်းကို တစ်ချက်ထုရင်း "အဘိုးကြီး... မြေးတွေတောင် ကြီးနေပြီ အပြောက မက်တုန်း" လို့ ပြောခဲ့တယ်။

(၇၀) အရွယ်တုန်းက မျက်မှန်ထူထူကိုတပ် ငါတို့ ခုံပေါ်မှာ အတူတူထိုင်ပြီး လွန်ခဲ့တဲ့ အနှစ် ၅၀ က ဓါတ်ပုံတွေကို ကြည့်နေခဲ့တယ်။ နင့်ရဲ့ တွန့်ကြေနေတဲ့ လက်ကို ငါ ဆုပ်ကိုင်ရင်း ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။ အကြင်နာတွေ ပြည့်နေတဲ့ မျက်လုံးနဲ့ နင်ငါ့ကို ကြည့်နေခဲ့တယ်။ အရစ်ကြောင်းတွေနဲ့ တွန့်ကြေ နေပေမယ့် နင့်မျက်နှာဟာ လှပနေဆဲပါ။

(၈၀) အရွယ်တုန်းက ငါနင့်ကို ချစ်တယ်လို့ ပြောတယ်။
နင် လဲလှောင်းနေတယ်... ငါ ငိုနေတယ်။ နောက်ဆုံး တစ်ခွန်း နင်ပြောခဲ့တယ်။
"ငါ...နင့်...ကို.... ချစ်......တယ်"
ငါ့ဘ၀မှာ အပျော်ဆုံးနဲ့ ၀မ်းအနည်းဆုံး နေ့တစ်နေ့ပါပဲ...။

အချစ်စစ်ဟာ အချိန်ကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ အကွာအဝေးကို ကျော်ဖြတ်တယ်။
အချစ်စစ်ဟာ နေရာဒေသကို ကျော်ဖြတ်တယ်။

အချစ်ကို တန်ဖိုးထားတတ်ဖို့၊ မြတ်နိုးတတ်ဖို့နဲ့ နားလည်တတ်ဖို့ပဲ လိုပါတယ်.....။

" ဘုရားကယ်ပါပုံပြင် "

ဘုရားကယ်ပါပုံပြင်

လူတွေဟာဘ၀မှာ ကံကြမ္မာကောင်းတွေကို မျှော်လင့်တတ်ကြပါတယ်။ ကံကြမ္မာကောင်းကို မျှော်လင့်တတ်ကြပေမဲ့ ဘယ်ဟာကံကြမ္မာကောင်းရယ်လို့ မှန်းဆမသိရှိနိုင်ကြပါဘူး။ ကံကြမ္မာ ကောင်းဆိုတာ ပြဿနာအဖြစ်နဲ့လည်း ၀င်လာတတ်တယ်။ အခက်အခအယောင်ဆောင် ပြီးတော့လည်း လာတတ်တယ်။ မိတ်ဆွေကောင်း အဖြစ်နဲ့လည်းလာတတ်တယ်။ ကျဉ်းထဲ ကြပ်ထဲ ဘေးဒုက္ခရောက်နေစဉ်မှာလည်း လာတတ်ကြတယ်။ ရန်သူဟန်ဆောင်ပြီးတော့ လည်းလာတတ်တယ်။ ဒါ့ကြောင့် ဘယ်ဟာမျိုးကို ကံကြမ္မာကောင်းဖြစ်လိမ့်မယ်လို့ သိနိုင်ခြင်း ငှာမစွမ်းနိုင်ကြပါဘူး။ အဲဒီလို မသိရှိတဲ့အတွက်ကြောင့် ကယ်တင်ရှင်ကံကြမ္မာကောင်းလာ သော်လည်း လက်မခံနှင်ထုတ်တတ်ကြပါတယ်။ ဒါနဲ့ပတ်သတ်လို့ ပုံပြင်လေးတစ်ပုဒ် ပြော ပြချင်ပါတယ်။
တစ်ခါတုန်းက မြစ်ကမ်းနံဘေး တစ်ခုမှာရှိတဲ့ ရွာတစ်ရွာဟာ မိုးတွင်းခါကာလ၌ ညသန်ခေါင် ယံ အချိန်တွင် မြစ်ရေလျှံလာပြီး ထိုရွာကလေးကို ရေများတဖြည်ဖြည်းစီးဝင် ရောက်ရှိလာခဲ့ပါ တယ်။ မနက်မိုးလင်းချိန်တွင် မြစ်ရေဟာ လူနေအိမ်များ၏ အမြင့်တစ်ဝက်လောက်အထိ ရေတက်လာပါတယ်။ ဒါကြောင့် အနီးအနားရွာမှ လူများက အဲဒီိရွာမှာ ရှိတဲ့လူများကို စက်လှေများဖြင့် ကယ်ဆယ်ရန် ရောက်ရှိလာကြပါတယ်။ ရွာမှာရှိတဲ့ သူများဟာလည်းအ သက်ဘေးကို လွတ်အောင်ပြေးနေရတဲ့အတွက်ကြောင့် ဘာပစ္စည်းမှ သယ်ယူနိုင်စွမ်း မရှိကြ တော့ပါဘူး။ ဒီအချိန်မှာ ဘုရားတရားကြည်ညိုတဲ့ အဖွားကြီးတစ်ယောက်ဟာ လူတကာ တွေရေဘေးလွတ်ရာကို ပြေးနေကြတဲ့အချိန်မှာ သူကတော့ ဘုရားကိုပဲ ကယ်တော်မှုပါ။ ကယ်တော်မှုပါဆိုပြီး ဘုရားကို လက်အုပ်ချီ ရှိခိုးနေပါတယ်။
အဲဒီအချိန်မှာ ရေတက်လာတာ သူ့အိမ်ပေါ်မှာ မတ်တပ်ရပ်နေတာကို ဒူးခေါင်းလောက်ရောက် လာပြီဖြစ်တယ်။ ဒီချိန်ခါမှာ လှေကလေးတစ်စီးက ရောက်လာတယ်။ အဖွားမြန်မြန်လာပါဆိုပြီး တော့ ပြောတယ်။ အဖွားက “ငါမလိုက်ဘူး။ ငါ့ကိုဘုရားလာ ကယ်လိမ့်မယ်။ နင်တို့ပဲသွားကြ” လို့ပြောလိုက်တယ်။ လှေသမားလည်း တခြားလူတွေကို ကယ်ပြီးထွက်သွားတယ်။ အဖွားကြီး ကတော့ ဘုရားရားကယ်ပါ၊ ကယ်ပါနဲ့ပဲ ဘုရားကိုတနေတယ်။ နောက်ထပ် (၁၅) မိနစ်ခန့်အ ကြာရေက အဖွားကြီးရဲ့ ခါးအောက်မှာရောက်လာတဲ့အချိန်မှာ နောက်ထပ်လှေတစ်စီးထပ် ရောက်လာပြန်တယ်။ အဖွားမြန်မြန်လာ။ မြန်မြန်လာဆိုပြီး လာကယ်ပြန်တယ်။ အဖွားကြီးက “ငါမလိုက်ဘူး ငါ့ကို ဘုရားလာကယ်လိမ့်မယ်” လို့ပြောလိုက်ပြန်တယ်။ လှေသမားသည် အခြားကယ်စရာရှိတဲ့ လူတွေကိုကယ်ပြီး ထွက်သွားလိုက်ပြန်တယ်။ အဖွားကြီးကတော့ လက် အုပ်ချီပြီး ဘုရားကယ်ပါ။ ကယ်ပါလို့ပဲ ဘုရားကိုတမ်းတနေပါတယ်။ နောက်ထပ် (၁၅) မိနစ် ခန့်အကြာမှာ ရေကအဖွားကြီးရဲ့ လည်ပင်းနားရောက်လာတယ်။ အဲဒီအချိန်မှာလည်း ရဟတ် ယာဉ်တစ်စီး ထပ်ရောက် လာပြန်တယ် “ကြိုးဆွဲပြီးတက်ခဲ့ပါ” လို့ ပြောတယ် ဒါပေမယ့် အဖွား ကြီးက “သွား၊ သွား ငါ့ကို ဘုရားကယ်လိမ့်မယ်”လို့ တစ်ခါပြောပြန်တယ်။ အဲဒီ ရဟတ်ယာဉ် ကလည်း အဖွားကြီးကို ခေါ်မရတဲ့အဆုံး ထွက်ခွာသွားတော့တယ်။ အဖွားကြီးကလည်း“ ဘုရားကယ်ပါ၊ ဘုရားကယ်ပါ” လို့ ဘုရားကိုတရင်း ရေနစ်ပြီး သေဆုံးသွားတော့တယ်။ အဖွား ကြီး ရေနစ်သေပြီးနောက် ငရဲပြည်ရောက်သွားတယ်။ ငရဲပြည်မှာ ယမမင်းနဲ့တွေ့တယ်။ ယမမမင်းကိုလည်းတွေ့ရောဘုရားကို အရမ်းစိတ်ဆိုးတဲ့အကြောင်း ယမမင်းကိုပြောပြီး ရန်တွေ့တယ်။ ယမမင်းကလည်း “နင့်ကို ဘုရားလာကယ်တာ (၃) ကြိမ် (၃) ခါ ရှိပြီ၊ ဒါကိုနင်က မလိုက်ဘူး” ဆိုပြီး ငြင်းခဲ့လို့ အခုငရဲပြည်ကို ရောက်လာတာ လို့” ပြောလိုက်ပါ တော့ တယ်။ လူ့ဘ၀မှာလည်း ဒီလိုပါပဲ။ လူတွေဟာ ကိုယ့်ဆီကို ဘုရားလာကယ်လို့ ကယ်မှန်းမသိကြပါဘူး။ ဒါ့ကြောင့် ကြီးမားတဲ့ အခွင့်အလမ်းတွေနဲ့ လွဲကြရတာဖြစ်တယ် လို့ပြောချင်ပါတယ်။
ဒါကြောင့် မိမိတို့ထံကို မသိမသာလာနေတဲ့ အခွင့်အရေး၊ အခွင့်အလမ်းတွေကိုလည်း အသုံးမချတတ်ဖူး မသိလိုက်ဖူးဆိုရင် အခွင့်အရေးတွေကတော့ မသိမသာပြန်ထွက်သွားကြ ပါလိမ့်မယ်။

" ရည်းစား နဲ့ ချစ်သူ ကွာဟချက်... "

ရည်းစား .....♥♥♥

ရည်းစားဆိုတာတစ်ခဏတာလက်တွဲရတဲ့ သူ...........လို့
်ဘာသာပြန်ချင်တယ်......
ဘာလို့လဲဆိုတော့ရည်းစားဘဝကရည်ရွယ်ချက်မရှိဘူး.......
တာဝန်မရှိဘူး.........သူ့အနာဂတ်မှာလည်းသူမရှိဘူး......
ကိုယ့်အနာဂတ်မှာလည်းသူလုံးဝမရှိပါဘူး........
သူပြတ်ရင်ကိုယ်ပြတ်လို့ရတယ်.....အတားအဆီးမရှိဘူး........
ရည်းစားထားတယ်ဆိုတာသူငယ်ချင်းတွေရှေ့မှာမော်ကြွားယုံ........
ပန်းခြံတွေလျှောက်လည်ယုံလောက်နဲ့တင်အဆုံးသတ်သွားပါပြီ............
ပြောရရင်သူနဲ့ကိုယ်အတွယ်အတာဘာမှမရှိပါဘူး........
ဒီတစ်ယောက်ပြတ်ရင်နောက်တစ်ယောက်ပါ........
တစ်ချို့ဆိုရည်းစားဘဝမှာတင်ဘဝကိုစတေးလိုက်ရတာတွေရှိပါတယ်......
အင်း.......ရည်းစားထားပြီဆိုရင်တော့ရည်းစားကို
ရည်းစားနဲ့တူအောင်ထားဖို့တော့လိုအပ်တာပေါ့နော်...........
ဘယ်လိုပဲဖြစ်ဖြစ်ရည်းစားအဆင့်နဲ့တော့ဘဝကို
တည်ဆောက်လို့မရတာတော့သေချာတယ်.......
ရည်းစားမှာအဆုံးသတ်မရှိဘူး......ကြိုက်သလောက်ထားကြတယ်.......♥♥♥

ချစ်သူ.........♥♥♥

လူတစ်ယောက်ကဘယ်လောက်ပဲရည်းစားထားခဲ့ပါစေ......
နောက်ဆုံးတော့သူတစ်ကယ်ချစ်တာချစ်ခဲ့တာတစ်ယောက်ပဲရှိပါတယ်........
ချစ်သူကိုတော့တစ်ဘဝလုံးအတွက်ပုံအပ်ပြီးလက်တွဲရမယ့်သူလို့
ရွေးချယ်လိုက်တဲ့သူကိုချစ်သူလို့ဘာသာပြန်ပါရစေ........
ရင်ထဲကအချစ်စစ်....၊အချစ်မှန်.....၊မြတ်နိုးတွယ်တာမူတွေနဲ့
တည်ဆောက်ထားတယ်........သူ့မှာတော့ရည်ရွယ်ချက်ရှိလာပြီ.....
အနာဂတ်ရှိလာပြီ........သူနဲ့ကိုယ်လက်ထပ်ပြီးရင်ဘာလုပ်ကြမှာလဲ.......
ဘယ်လိုနေမှာလဲ.......အများကြီးပေါ့...........
သူကအဆက်ဖြတ်သွားရင်တောင်ကိုယ့်မှာအနာဂတ်ပျောက်သွားနိုင်တယ်.......
ဘဝဆုံးပြီးအသက်ပါဆုံးသွားတတ်တယ်............
ချစ်သူမှာလှတာမလှတာမရှိဘူး.......ဂုဏ်မရှိဘူး.....မာန်မာနကင်းမဲ့တယ်........
တစ်ယောက်ကိုတစ်ယောက်နားလည်မူအပြည့်ရှိတယ်........
ဘာဆိုဘာမှမရှိဘူး.......သူ့ကိုချစ်နေရရင်ပဲကျေနပ်နိုင်တယ်......
သူကိုလည်းပြန်ချစ်စေချင်တယ်....ကိုယ်ချစ်သလောက်ပေါ့.........
သံယောဇဉ်တွေမေတ္တာတွေတွယ်တာမူတွေတမ်းတမူတွေ
သတိရမူတွေအားလုံးပါဝင်နေတယ်..........
ချစ်သူအဖြစ်တစ်ယောက်ယောက်ကိုရွေးချယ်လိုက်ပြီဆိုရင်တော့
သူနဲ့ပတ်သတ်ရင်အရာရာကိုရင်ဆိုင်နိုင်ရမယ်..........
သူဘာပဲလုပ်ခဲ့.....လုပ်ခဲ့ခွင့်လွှတ်နိုင်ရမယ်......
ခွင့်လွှတ်နိုင်လောက်တဲ့အတိုင်းအတာထိပေါ့ဗျာ.........
သူကိုပျော်ရွင်မူတွေပေးရမယ်.......သူနဲ့တွေ့ရင်ရင်တွေခုန်နေတာပေါ့.......
သူ့ကိုတန်ဖိုးထားတတ်ရမယ်........တစ်ချို့ဆိုချစ်သူနဲ့ပတ်သတ်တဲ့
အရာအားလုံးကိုအချိန်...နာရီ....မိနစ်.....စက္ကန့်တောင်မလွဲအောင်
တန်ဖိုးထားတတ်ကြတယ်......နောက်ဆုံးတော့
ချစ်သူအဖြစ်ကနေလက်တွဲပြီးဘဝကိုတည်ဆောက်ကြတာပေါ့.......♥♥

" သာဓုခေါ်ပုံပြင်"

သာဓုခေါ်ပုံပြင်

ခွင့်လွှတ်သည်းခံခြင်းဆိုတာ ဘယ်အတိုင်းအတာအထိ ထားရမလဲ။ နောက်ပုံပြင်လေး တစ်ပုဒ်နဲ့ ပြောပြဦးမယ်။
ဟိုးတုန်းက ဘုန်းကြီးတစ်ပါး ဆွမ်းခံသွားတယ်၊ ဒကာမအိမ်ရောက်တော့ ဒကာမက ဆွမ်းရော၊ ဆွမ်းဟင်းပါလောင်းတယ်၊ အဲဒီအခါမှာ ဘုန်းကြီးက သာဓု...သာဓု လို့ပဲခေါ်ပါတယ်၊ အဲဒါနဲ့ တစ်နေ့ကျတော့ ဒကာမက ဆွမ်းဟင်း မောလင်းတော့ဘူး၊ ဆွမ်းပဲလောင်းတယ်၊ အဲဒီအခါမှာ လည်း ဘုန်းကြီးက သာဓု...သာဓုလို့ ခေါ်ပြန်ပါတယ်၊ ဆွမ်းဟင်းမပါတာတောင် သာဓုလို့ ခေါ်ပြန်တယ်၊ နောက်နေ့လာလျှင်တော့ ကန့်တော့ဆွမ်းပါလို့ပြောတော့မယ်၊ ဒါနဲ့ဘုန်းကြီးကြွ လာတယ်၊ ကန့်တော့ဆွမ်းပါလို့ ပြောလိုက်တယ်၊ ဒီအခါမှာလည်း ဘုန်းကြီးက သာဓု...သာဓု လို့ ခေါ်ပြန်တယ်၊ နောက်တစ်နေ့လာလျှင်တော့ ဆဲလွှတ်မယ်၊ နောက်နေ့ရောက်လို့ ဘုန်းကြီးကြွလာတော့ ဆဲလွတ်ပါတယ်၊ ဒါကိုလည်း ဘုန်းကြီးက သာဓု..သာဓုခေါ်ပြီး ပြန်ကြွ သွားတယ်။
ဟင်...ဒီဘုန်းကြီး ဆဲတာတောင် သာဓုခေါ်တယ်။ ဒီတစ်ခါ လာပါစေဦး သပိတ်တွေယူပြီး လွှင့်ပစ်မယ်၊ နောက်နေ့ကြွလာတော့ သပိတ်တွေယူပြီး လွှင့်ပစ်လိုက်တယ်၊ ဒီအခါမှာလည်း ဘုန်းကြီးက သာဓု...သာဓု ခေါ်ပြီး သွားပြန်ပါတယ်။ ဟင် ဘုန်းကြီးသပိတ်ယူလွှင့်ပစ်တာ တောင် သာဓုခေါ်ပြန်တယ်။ ဒီတစ်ခါလာလျှင်တော့ ရိုက်ကိုလွတ်ပြစ်မယ်၊ နောက်နေ့ကြွလာ တယ်၊ တုန်နဲ့ရိုက်လွတ်တယ်၊ ဘုန်းကြီး ခေါင်းပေါက်သွားတယ်၊ ဒါကိုလည်း ဘုန်းကြီးက သာဓု...သာဓုလိုပ ခေါ်ပြန်တယ်၊ ဒါနဲ့ ဒကာမကြီးက သိချင်တာနဲ့ အရှင်ဘုရားက ဘာ့ကြောင့် သာဓု ခဏခဏခေါ်နေရတာလဲလို့ မေးလိုက်ပါတယ်၊ အေးလေဆွမ်း၊ ဆွမ်းဟင်းရောလောင်း လို့ သာဓုခေါ်ရတယ်၊ နောက်ကျတော့ ဆွမ်းပဲလောင်းတယ်၊ မလောင်းတာနဲ့စာလျှင်တော် သေးတယ်၊ သာဓုခေါ်ရတယ်၊ နောက်နေ့ကျတော့ ကန့်တော့ဆွမ်းလို့ပြောတယ်၊ ငါနေပူထဲမှာ ကြာကြာမရပ်ရလို့တော်သေးတယ် သာဓုခေါ်ရပြန်တယ်၊ နောက်တစ်နေ့ကျတော့ ဆွဲပြီးလွှတ် တယ်၊ ငါ့သပိတ်တွေယူပြိး လွှင့်မပစ်သေးတာ တော်သေးတယ်၊ သာဓုခေါ်ရပြန်တယ်၊ နောက်တစ်နေ့ကျတော့ သပိတ်တွေယူပြီးလွှင့်ပစ်တယ်၊ ငါ့အသား မထိသေးတာ တော်သေး တယ်၊ သာဓုခေါ်ပြန်တယ်၊ ဒီနေ့ကျတော့ ငါ့ခေါင်းပေါက်အောင် ရိုက်တယ်၊ ငါ့ကိုသေအောင် မရိုက်တာ တော်သေးတယ်။ သည်းခံခြင်းရဲ့ သာဓုပဲပေါ့ကွယ်။ တစ်ကယ်တော့ သည်းခံခြင်း ဆိုတာ သာဓုပါ။
ဒါ့ကြောင့် နောက်နောင်များ မိမိကိုသူတစ်ပါးက မနာလိုတာ၊ အကောင်းမမြင်တာ၊ ပုတ် ခတ်တာ၊ မုန်းတီးတာ တွေများရှိလို့ အဆင်မပြေခဲ့ရင် အားလုံးကို သာဓုသာခေါ်လိုက်ပါတော့ မိတ်ဆွေတို့။

" မြင်းကုန်သည်ကြီးနဲ့ဘုရားရှင်"

မြင်းကုန်သည်ကြီးနဲ့ဘုရားရှင်

အချို့ လူတွေက ပြောရဆိုရ ဆုံးမရတာ အလွန်ခက်ခဲတယ်ဘုရား၊ အဲဒါဘယ်လိုလုပ်ရပါမလဲ။
ဒါကိုတော့ ဘုရားရှင်လက်ထက်က မြင်းကုန်သည်အကြောင်းလေး ပြောပြရဦးမယ်။
တစ်ခါတော့ အဲဒီမြင်းကုန်သည်ကြီးဟာ တစ်နေ့မှာတော့ မြတ်စွာဘုရားသီတင်းသုံးနေတဲ့ တောအုပ်အတွင်းကို ဖြတ်သန်းသွားတယ်။ မြတ်စွာဘုရားကိုလည်းမြင်လိုက်ရော သူ့ရှေ့မှာ သွားနေတဲ့မြင်းတွေကို ဟေ့...မြင်းတွေရပ်လို့ ပြောလိုက်တယ်။ မြင်းတွေလည်း ရှေ့ဆက်မ သွားကြတော့ဘူး။ ရပ်နေကြတာပေါ့။ ပြီးတော့ မြတ်စွာဘုရားကို ဦးချကန်တော့ တယ်၊ မြတ်စွာဘုရားရှင်က မြင်းကုန်သည်ကြိးကိုမေးတာပေါ့။ ဟဲ့...ဒကာတော်မြင်းကုန်သည်ကြီး သင့်ရဲ့မြင်းတွေ လိမ်မာလိုက်တာ၊ သင်ဘယ်လိုဆုံးမထားပါသလဲလို့ မေးလိုက်ပါတယ်။
ဒီတော့ မြင်းကုန်သည်ကြီးက မှန်လှပါဘုရား တစ်ချို့မြင်းတွေကို ချိုသာတဲ့စကားနဲ့ ပြောဆိုပြီး ယဉ်ကျေးအောင်လုပ်ရပါတယ်။ အဲ...ချိုသာတဲ့စကားနဲ့မှာ မလိမ္မာဘူးဆိုလျှင် ငေါက်ပြိးတော့ ဆုံးမပါတယ်။ ငေါက်ပြီးဆုံးမလို့ မရဘူးဆိုလျှင် ရိုက်ပြီးဆုံးမရပါတယ်။ ရိုက်ပြီးဆုံးမလို့မှ မရရ ဘူးဆိုလျှင် ချက်စားလိုက်ပါတယ်ဘုရားလို့ ဒီလို လျှောက်ပါတယ်။ ဒီအချိန်မှာ ရဟန်းတော် တွေဟာ ညီညာစွာ မြတ်စွာဘုရားရှင်ကိုလာပြီး ဦးချကြတယ်။ ညီညာစွာနဲ့ပဲ တရားစကားနာ ယူ၊ ယဉ်ကျေးသိမ်မွေ့စွာ ဦးချကန်တော့ ထွက်ခွာသွားကြတယ်၊ ဒီမြင်ကွင်းကို မြင်းကုန်သည် ကြီးကမြင်တော့ မြတ်စွာဘုရားကို လျှောက်တယ်။ အရှင်မြတ်ဘုရား ဒီရဟန်းတွေကို ဘယ်လိုများယဉ်ကျေးလိမ္မာအောင် ဆုံးမထားပါသလဲဘုရား၊ ဒီအခါမှာ မြတ်စွာဘုရားက ဒကာတော်မြင်းကုန်သည်ကြီး ငါလည်း သင့်လိုပါပဲ၊ ချိုသာတဲ့စကားနဲ့ပြောဆိုပြီး ယဉ်ကျေး အောင်လုပ်ရပါတယ်။
အဲ...ချိုသာတဲ့စကားနဲ့မှ မလိမ္မာဘူးဆိုလျှင် ငေါက်ပြီးတော့ ဆုံးမရပါတယ်။ ငေါက်ပြီးဆုံးမလို့ မှမရဘူးဆိုလျှင် ရိုက်ပြီးဆုံးမရပါတယ်။ ရိုက်ပြီးဆုံးမလို့မှ မရဘူးဆိုလျှင် ချက်စာလိုက်ပါတယ် လို့ မြတ်စွာဘုရားက အမိန့်ရှိလိုက်ပါတယ်။ ဒီတော့ မြင်းကုန်သည်ကြီးက အရှင်ဂေါတမက လည်း ချက်စားလိုက်တယ်ဟုတ်လား၊ အေးလေ ငါချက်စားတယ်ဆိုတာက သင့်လိုသူ့အသက် သတ်လိုက်တာမဟုတ်ဘူး၊ ဆိုဆုံးမမှုမပြုတော့ဘူး၊ အဲဒီလို ဆိုဆုံးမမှုမပြုတော့ခြင်းဟာ ဒီရဟန်းကို သတ်လိုက်သလိုပဲ၊ ဒါ့ကြောင့် သံသရာမှာဘ၀များစွာ ခန္ဓာအိမ်တွေဖြစ်ပြီး သေလို့မဆုံးတဲ့ သေခြင်းတရားနဲ့ပဲ လည်နေရတော့တယ်။ အဲ့ဒီဟာကို သတ်လိုက်တယ်လို့ ခေါ်တယ်။
ဒါ့ကြောင့် ယခုလည်း စေတနာထားပြောလို့ ကိုယ့်ရဲ့စကားကို နားမထောင်တဲ့ လူတွေ ကိုတွေ့ရင် ချက်သာစားလိုက်တော့လို့ အကြံဥာဏ်ပေးလိုက်ချင်ပါတယ်။

" ကိုရင်ကိုငရုတ်ကျည်ပွေ့ဖြင့် လိုက်တဲ့ပုံပြင်"

အချို့လူတွေကျောတ့ ကိုယ်ကစေတနာနဲ့ သူ့ဘ၀ကို ကယ်တင်ချင်လို့ စေတနာနဲ့ သွားပြီး ပြောတယ်၊ သူတို့က ထွက်ပြေးကြတယ်။ အဲ့ဒါ ဘာဖြစ်လို့လဲသိချင်ကြတယ်မလား။ အင်း ...ဒါနဲ့ပတ်သတ်ပြီး ပုံပြင်လေးတစ်ပုဒ်ပြောပြရအုံးမယ် ။
ဟိုးရှေးရှေးတုန်းက တောရွာက ကိုရင်လေးတစ်ပါးဟာ စာသင်တိုက်ကိုတက်လာပြီး စာသင် တယ်၊ အသိကလည်းမရှိ ဆွမ်းခံအိမ်ကလည်း မရှိလို့ ရပ်ကွက်ထဲလှည့်ပြီး ဆွမ်းခံအိမ်ဖိတ်ရ တာပေါ့။ ဒါနဲ့ ရပ်ကွက်ထဲဝင်ပြီး အိမ်တစ်အိမ်က ဒကာမကြီးကို ဆွမ်းလောင်းနိုင်မယ်ဆိုလျှင် ဆွမ်းခံကြွလိုကြောင်း ပြောရတာပေါ့။ ဒီအခါမှ ဒကာမကြီးက ဆွမ်းချက်ရမှာလည်း ခပ် ပျင်းပျင်းဆိုတော့ ကိုရင် တပည့်တော်အိမ်မှာရှိတဲ့ ဒကာကြီးက ကိုရင်တွေဆိုလျှင် သူ က သိပ် မုန်းတယ်၊ ကိုရင် မြင်လျှင်ငရုပ်ကျည်ပွေ့နဲ့ လိုက်ပြီးရိုက်တတ်တယ်။ ဒါကြောင့် ကိုယ်ရင်ဒီမှာ ဆွမ်းမခံပါနဲ့လို့ ပြောလိုက်ပါတယ်။ အမှန်က ဒကာကြီးက ဒီလိုစိတ်မျိုးမရှိဘူး၊ စေတနာသဒ္ဒါ တရားကောင်းတဲ့ လူဖြစ်တယ်၊ သူက ဆွမ်းမလောင်းချင်လို့ ဒီလိုပြောလိုက်တာပါ။ ကိုရင် လည်း စိတ်ဓာတ်ကျပြီး အိမ်ဝိုင်းထဲက ထွက်သွားတယ်၊ အိမ်ဝိုင်းထဲက ထွက်တဲ့အချိန် ဒကာကြီးက အပြင်က ပြန်လာတာနဲ့တိုးတယ်၊ လမ်းမှာရှောင်လိုက်တာပေါ့။
ဒါနဲ့ ဒကာကြီးက အိမ်ထဲရောက်တော့ ကိုရင်ဘာလာလုပ်တာလည်းလို့ သူ့မိန်းမကိုမေးတယ်၊ ကိုရင်ကကြံကြံဖန်ဖန်ဒီမှာလာပြိး ငရုပ်ကျည်ပွေ့ အလှူခံတယ်လို့ ပြောလိုက်ပါတယ်၊ ဒါများ ကွယ် လှူလိုက်ပြီးတာပဲလို့ ပြောတယ်၊ သူ့မိန်းမက ဒါဆိုရှင်ပဲလှူလိုက်တော့ဆိုပြီး ငရုပ်ကျည် ပွေ့ကို သူယောင်္ကျားလက်ထဲပေးလိုက်တယ်၊ ကိုရင်လည်း ပထမဆုံးစဖိတ်တဲ့အိမ်က ကန် တော့ ဆွမ်းပြောလိုက်လို့ စိတ်ညစ်ပြီး ကျန်တဲ့အိမ်ကိုမဖိတ်ပဲ ကျောင်းပြန်သွားတယ်။ ဒကာ ကြီးကလည်း ကိုရင်ကိုမှီအောင် နောက်ကနေလိုက်ရတာပေါ့။ ဟာ...ငါ့နောက်ကနေဒကာကြီး ငရုပ်ကျည်ပွေ့နဲ့ လိုက်လာပြီမဖြစ်ဘူး၊ ပြေးမှပဲဆိုပြီး ကိုရင်က ရှေ့ကပြေး ဒကာကြီးက နောက်ကလိုက် ကိုရင်နေအုံး၊ ငရုပ်ကျည်ပွေ့ယူသွားအုံးဆိုပြီး နောက်ကလိုက်ပေးတယ်၊ အမှန်တော့ ဒကာကြီးက စေတနာနဲ့လိုက်ပေးတာ၊ ကိုရင်က ငရုတ်ကျည်ပွေ့နဲ့ လိုက်ရိုက် တယ်လို့ထင်မှတ်ပြီး စေတနာကိုတလွဲထင်ကာ ရှေ့ကပြေးတာပေါ့၊ တစ်ဖက်က တစ်လွဲထင် တာဖြစ်လေတော့ စေတနာနဲ့ လိုက်ပေးပေမယ့်လည်း အလကားဖြစ်တော့ တာပေါ့။ လိုက်မ ပေးတာကမှ သက်သာလိမ့်အုံးမယ် ဆိုသလိုကိုယ်ကစေတနာနဲ့ သတင်းကောင်း သွားပေး တယ်၊ သူကထွက်ပြေးတယ်ဆိုရင် ရှိပါစေတော့၊ အမောမခံတော့နဲ့ ။
ဒါ့ကြောင့် မိမိကစေတနာနဲ့ သူတစ်ပါးကို ပြောဆို၊ ကူညီ၊ လုပ်ကိုင်၊ သင်ကြား၊ အခွင့်ရေးပေးတာကို အခွင့်အရေးမှန်းမသိပဲ ၊ အတင်းအတမ ထွက်ပြေးနေမယ်ဆိုရင် အဲ့ဒီသူကို အမောခံမ လိုက်နဲ့တော့ သူ့ဟာသူပြေးနေပါစေတော့ ဟုတ်ပြီးလား...မိတ်ဆွေ တို့။

" သမီးရည်းစား နှစ်ယောက်ပုံပြင် "

တစ်ခုခုကိုလုပ်တော့မယ်ဆိုရင် ( Action) ဆိုတာပါဖို့လို့တယ်နော်။ ဒါကိုလုပ်မယ်၊ ဒီဟာကိုလုပ်ရမလား၊ လုပ်ရင်ကောင်းမလား ဆိုပြီး အပြောသာရှိပြီး အလုပ်မရှိတဲ့သူတွေဟာ ဘယ်လို အခွင့်အရေးတွေကိုမဆိုး အချိန်သာကုန်သွားမယ် မရရှိလိုက်ပဲ တစ်နည်းနည်းနဲ့ ဆုံးရူံးသွားနိုင်တယ်ဆိုတာကို ပုံပြင်လေးကို ဥပမာထားပြောပြပေးမယ်။
တစ်ခါတုန်းက တက္ကသိုလ် ကျောင်းသူ သမီးရည်းစားစုံတွဲ နှစ်ယောက်ဟာ ပန်းခြံတစ်ခုမှာ ချိန်းတွေ့ကြပါတယ်။ ကောင်လေးက ကောင်မလေးကို အရမ်းချစ်တယ်။ သူတို့နှစ်ယောက် ဟာ ပန်းခြံထဲက ထိုင်ခုံမှာထိုင်ရင်းစကားပြောကြပါတယ်။ ဒီလိုနဲ့ ကောင်လေးက ကောင်မ လေးကိုပြောတယ်။ မင်းကို ငါနမ်းချင်တယ်။ ငါနမ်းရမလားလို့မေးတယ်။ ကောင်မလေးက ခေါင်းငုံ့နေတယ် အဖြေမပေးပါဘူး။ ဒါနဲ့ကောင်လေးက ထပ်ပြီးပြောတယ်။ ငါနမ်းလိုက်ရမ လားဆိုတော့ ကောင်မလေးက ခုံရဲ့အစွန်းဖက်ကို နဲနဲရွှေ့သွားတယ်။ ကောင်လေးကလဲ ကပ် လိုက်ပြီး တိုးကပ်လာတယ်။ ငါက တကယ်နမ်းတော့မှာနော်လို့ ထပ်ပြောလိုက်တော့ ကောင် မလေးဟာ ရှက်တဲ့အတွက်ကြောင့် ထွက်ပြေးသွားပါတော့တယ်။ အဲဒီနေ့ကစပြီး သူတို့သမီး ရည်းစားစုံတွဲဟာမတွေ့ဖြစ်ကြတော့ပါဘူး။ ၂ နှစ်လောက်ကြာတဲ့အခါမှ ကောင်လေးဟာ တက္ကသိုလ်နယ်မြေကိုရောက်လာခဲ့တယ်။ သူတို့ချိန်းတွေ့ခဲ့တဲ့ ပန်းခြံလေးကို သတိရတဲ့အ တွက်ကြောင့် ပန်းခြံကိုအလည်သွားခဲ့ပါတယ်။ ပန်းခြံထဲရောက်တော့ သူ့ချစ်သူကိုသတိရပြီး သူတို့ထိုင်ခဲ့တဲ့ ထိုင်ခုံလေးနား ရောက်လာခဲ့တယ်။ အဲဒီထိုင်ခုံမှာ ၁နှစ်အရွယ် ကလေးလေး တစ်ယောက်နဲ့စုံတွဲတစ်တွဲ ထိုင်နေတာကိုတွေ့ရတယ်။ သေချာကြည့်လိုက်တော့ သူနမ်းရမ လားလို့ပြောခဲ့တဲ့ သူ့ချစ်သူကောင်မလေး စုံတွဲဖြစ်နေတယ်။ သူအရမ်းအံ့သြသွားတယ်။ စိတ်လဲအရမ်းတိုးသွားတာနဲ့ သူ့ချစ်သူကောင်မလေးနားကို သွားပြီးပြောလိုက်ပါယ်။ မင်းကိုငါ အရမ်းချစ်ခဲ့တယ်။ ငါနမ်းရမလားမေးတော့ မင်းကမဖြေခဲ့ဘူး။
အခုတော့မင်းက အခြားတစ်ယောက်နဲ့ ကလေးတစ်ယောက်တောင် ရနေပြီ ပေါ့လေဆိုပြီး စိတ်ဆိုးဒေါသထွက်ပြီးပြောပါတယ်။ ဒီတော့သူ့ချစ်သူ ကောင်မလေးက စကားတစ်ခွန်းကိုသာ ပြန်ပြောလိုက်ပါတယ်။ အဲ့ဒီစကားကတော့ ဟုတ်တယ်၊ ရှင်ကျွန်မ ကိုချစ်ခဲ့တာမှန်တယ်။ ရှင် ကအပြောသမားပဲဖြစ်တယ်။ တကယ့်လက်တွေ့ လုပ်တဲ့လူမျိုးမှ မဟုတ်ဘူးဆိုပြီး ပြော လိုက်ပါတော့တယ်။ ဘယ်အလုပ်မဆို ပေါက်မြောက်အောင်မြင်ချင်ရင်တော့ ပြောနေတာ ထက်ပိုပြီး ကောင်းအောင်လုပ်ရမယ်လို့ ငါယုံကြည်ခဲ့တယ်။ ကိုယ့်မှာစိတ်ကူးယဉ် မျှော်မှန်း ချက်တွေ ဘယ်လောက်ပဲကြီးကြီး စီမံခန့်ခွဲမှုတွေဘယ်လောက်ပဲကောင်းကောင်း လက်တွေ့ လုပ်ဆောင်နိုင်ခြင်း မရှိဘူးဆိုလျှင်တော့ ကိုယ်လိုချင်တာကို ရအောင်ယူနိုင်မှာမဟုတ်ပါဘူး။ အောင်မြင်ခြင်းရဲ့ အဓိက သော့ချက်က (Action) လို့ခေါ်တဲ့ တကယ့်လုပ်ဆောင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။
ဒါကြောင့်မည်သည့်အရာကိုမဆို လက်တွေ့မလုပ်ပဲ ပြောသာပြောနေမည်ဆိုရင် တော့ ဆုံးရူံးနစ်နာမှုတွေနှင့်သာ ရင်ဆိုင်ကြရမှာဖြစ်လို့ အပြောသာမဟုတ်ပဲ ပြောသည့်အ တိုင်းလည်း လက်တွေ့လုပ်ဆောင်နိုင်သူမှသာလျှင် ရည်းမှန်းချက်ပန်းတိုင်ကို အရောက်လှမ်း နိုင်လိမ့်မည်ဖြစ်သည်။

Sunday, December 28, 2008

“ ကောင်းမှုပြုကြပါ ”

click to comment
မနေရလို့ သေကြသောခါ
ကိုယ့်နောက်ကိုများ ဘာများပါမှာ
ပစ္စည်းစုစုတစ်ခုမပါ
ဇနီးမယားနဲ့ သမီးသားမပါ
အိုးအိမ်များနဲ့ တိုက်ကားမပါ
ဆင်မြင်းများနဲ့ ကျွဲနွားမပါ
ထီးဖိနပ်နဲ့ သပိတ်လည်းမပါ
သပိတ်ကြီးနဲ့ ထီးလည်းမပါ
ကိုယ်ပြုထား ကံများသူတို့ပါ။

အိုခြင်းတစ်ဖြာ၊ နာခြင်းတစ်ထွေ
သေခြင်းတခြား၊ ကွဲပြားတစ်တန်
ကံလျှင်ဥစ္စာ၊ ဤငါးဖြာကို
မကွာနေ့ည၊ ဥာဏ်သက်ဝင်၍
ဆင်ခြင်ကြ။

စားသမျှဝင်၊ ထားသမျှမသေခင်
ပြုသမျှကုသလိုလ်အပင်
ယခုကာလ၊ ဘ၀ကောင်းတွင်
စာလဲစား၊ ထားလဲထား
ပြုလဲ ပြုကြမှ တော်မည်ပင်။

(ဆရာတော်ဦးဗုဓ်)

# မကောင်းမှုအကုသိုလ်ကံရဲ့ ၀ဋ်ကြွေး #

သူငယ်ချင်းတို့ရေ လူဆိုတာက အမှားနဲ့မကင်းကြဖူးလေ..နောက်လူတွေတိုင်းက မကဲ့ရဲ့ဘဲ နေတက်ကြသူတွေချည်းမဟုတ်လေတော့..သူတစ်ပါးကိုအပြစ်တင် ကဲ့ရဲ့လို့ဖြစ်ပေါ်လာတတ် တဲ့ “ ၀ဋ်ကြွေး” တွေကနေဘယ်လိုလွတ်မြောက်အောင်နေကြရမလဲဆိုတာကို ဖတ်ရှုလေ့လာ နိုင်ကြပါစေ။

အနှိုင်းမဲ့သော ဗုဒ္ဓမြတ်စွာဟာ ဘုရားမဖြစ်ခင်း အလောင်းတော်ဘ၀မှာ၊ မကောာင်းမှုအကု သလိုလ်ကံတွေ ပြုခဲ့မိတယ်။ အဲသည်ကံတွေကနေ ၀ဋ်ကြွေးတွေတင်ပြီး အလှည့်ကျတော့ နွဲ့မရဘဲ ပြန်ဆပ်ရတယ်၊ မရှောင်နိုင်မတိမ်းနိုင် ခံရရှာတယ်။ ကံဝဋ်ကြွေးဝိပါက်တော် ဆယ့်နှစ် ရပ်ရှိတယ်။ အဲသည်ဝဋ်ကြွေး ၀ိပါက်တော်ဆယ့်နှစ်ရပ်ကို(ညောင့်လွန့် အရှင်သောဘိတာစာရ၊ ဦးရိပ်သာဆရာတော်ဘုရားကြီး)က အမေးအဖြေ ကဗျာလင်္ကာ ရေးသားပြုစုတယ်။ အနှိုင်းမဲ့ ဗုဒ္ဓမြတ်စွာရဲ့ ၀ဋ်ကြွေးဝိပါတ် ဆယ့်နှစ်ရပ်ကတော့...

* ပထမ၀ဋ်ကြွေးဝိပါက်တော် *
မေး။ ။
တိတ္ထိစေခိုင်း၊ ရိုင်းစိုင်းမလျှော
သုန္ဒရီမိုက်၊ စွဲလိုက်လေသော်
ဘုရားကိုပဲ၊ ရှက်ခွဲသနော်
မှတ်သားရေး၊ ဘယ်ရှေးဝိပါက်တော်။

ဖြေ။ ။
မုနာဋ္ဌိဟုမည်ရှိလောင်းတော်
အရက်သမား၊ သောက်စားအကျော်
ရှင်ပစ္စေက၊ ဗုဒ္ဓမြင်သော်
သီလပျက် စွဲချက်ဝိပါက်နော်။

ပထမကံဝဋ်ကြွေးဝိပါက်တော်ဟာ သေရည် အရက်ချိုပြင်းလေး သောက်စားမှုးယစ်ပြီး မ ကောင်းမှု အကုသိုလ်ဝစီကံ ပြုမိခဲ့တာပါပဲ။ နှုတ်လျှာကို မထိန်းသိမ်းနိုင်ဘဲ ပြောမိတော့ သံသရာမှာ တစ်ပြန်တစ်ခါ ပြန်ခံရလေတယ်။

* ဒုတိယ၀ဋ်ကြွေးဝိပါတ်တော် *
မေး။ ။
စိဉ္စမာန်၊ အလှအကျော်
ကိုယ်ဝန်ဟန်ထား၊ သစ်သားကိုနော်
ဘုရားကိုပဲ၊ ရှက်ခွဲလိုသော်
စွပ်စွဲရေး၊ ဘယ်ရှေးဝိပါက်တော်။

ဖြေ။ ။
သောက်စားလွန်ကြူး၊ ယစ်မှုးအကျော်
သေသောက်သမား၊ ဖြစ်ငြားလေသော်
ရဟန္တာမြတ်၊ ဆွမ်းရပ်လာသော်
ကျင့်ယုတ်မွဲ၊ စွပ်စွဲဝိပါက်နော်။

ဒုတိယ၀ဋ်ကြွေးဝိပါက်လည်း သောက်တော်ဗူးရယ်က အိုမကွာ...အိုမကွာ ဖြစ်ခဲ့လို့ပဲ။ မှုးယစ်ဖောက်ပြန် ၀စီကံအပြစ်။ ပထမ၀ဋ်ကြွေးလိုပဲ ဖြစ်တယ်။
စာရေးသူဟာ သည်“မမြင်ရသောကံ၊ မြင်ရသောကံ”စာမှုကို ပြုစုရေးနေခိုက်။ ပထမ၀ဋ်ကြွေး၊ ဒုတိယ၀ဋ်ကြွေးကို စဉ်းစားဝေဖန်မိရင်းက အနောက်တိုင်းတွေးခေါ်ပညာရှင် ဒေါက်တာဂျီအို လော်လီရဲ့ သေရည်နဲ့ ပတ်သက်တဲ့ အဆိုအမိန်ပကို သတိပြန်ရမိခဲ့တယ်။
“အရက်သမားဟာ ကာယနဲ့စိတ်ဓာတ် နှစ်တန်းစလုံးဟာ ငယ်မှုပြန်သူဖြစ်သတဲ့၊ အရက်သမား ရဲ့ အသိဥာဏ်နဲ့ ခန္ဓာအာရုံများဟာ အသဲမကွဲဖြစ်လာတယ်၊ အထိန်းလိုလာတယ်လို့ ဆိုပါ တယ်”

* တတိယ၀ဋ်ကြွေးဝိပါတ်တော် *
မေး။ ။
သုန္ဒရီအား၊ သတ်ထားပြီးသော်
တိတ္ထိအပေါင်း၊ မကောင်းကြွေးကြော်
တပည့်များနှင့်၊ ဘုရားအပေါ်
စွပ်စွဲရေး၊ ဘယ်ရှေးဝိပါတက်တော်။

ဖြေ။ ။
လောင်းတော်ရသေ့၊ ပျော်မွေ့ကျောင်းတော်
ရသေ့တစ်ဦး၊ ဈာန်မြူးလာသော်
တပည့်များနှင့်၊ ရွှင်အားမာန်မော်
အကျင့်ယုတ်၊ ဖွင့်ထုတ်ဆိုမှုနော်။

တတိယကံဝဋ်ကြွေးကလည်း နှုတ်ခမ်းတော်က ထုတ်ဖော်မိတဲ့ ၀စီကံ၊ ကိုယ့်ဝစီကံ ကိုယ့်ဆီ ပြန်လာတာဖြစ်တယ်။

* စတုတ္ထ၀ိပါက်တော် *
မေး။ ။
ဝေဘာတောင်စောင်း၊ ကျောက်မောင်းဆင်ကာ
ဒေ၀ဒတ်မိုက်၊ ချလိုက်မှန်စွာ
ခြေမတော်ဖျား၊ ထိငြားကျောက်လွှာ
မှတ်သားရေး၊ ဘယ်ရှေးဝဋ်တော်ပါ။

ဖြေ။ ။
အလောင်းတော်မြတ်၊ ဖြစ်လတ်သူကြွယ်
အစ်ကိုညိလေး၊ ရှိရေးတစ်သွယ်
ညီကိုလှည့်ဖြား၊ ခေါ်သွားကာဝယ်
ကျောက်ဖိသတ်၊ ပြုအပ်ရှေးဝဋ်လည်။

စတုတ္ထကံဟောင်းဝဋ်ကြွေးက ကာယကံမြောက်ဝဋ်ကြွေဖြစ်တယ်။ ကိုယ့်ကာယကံ ကိုယ့်ဆီ ပြန်တယ်။ မပြန်ဘူး မရှိဘူး။

* ပဉ္စမ၀ိပါက်တော် *
မေး။ ။
ဂိဇ္စကုတ်တောင်စောင်း၊ ကိန်းအောင်းမွေ့လျော်
ရှင်တော်ဘုရား၊ နေငြားခါသော်
ဒေ၀ဒတ်မိုက်၊ စေလိုက်သနော်
လေးနဲ့ပစ်၊ ရှေးဖြစ်ဘယ်ဝဋ်တော်။

ဖြေ။ ။
သူငယ်ဖြစ်ခိုက်၊ လမ်း၌ရွှင်ပျော်
ရှင်ပစ္စေက၊ ဝေးမှမြင်သော်
ကျောက်ခဲကောက်လို့၊ ပေါက်လိုက်သနော်
မှတ်သားရ၊ ရှေးကဤ၀ဋ်တော်။

ကံဝဋ်ကြွေး၊ မကောင်းမှုအကုသိုလ်ကံဟာ ပြုမိပြီးရင်၊ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ သက်ရောက်ခဲ့မှုကြောင့် တန်ပြန်သက်ရောက်မှုကို သံသရာမှ တစ်ပြန်တစ်ခါခံရမှာ ဖြစ်တော့ တယ်။

* ဆဌမ၀ိပါက်တော် *
မေး။ ။
ဆွမ်းခံအကြွ၊ ဇိနဘုန်းမော်
ဒေ၀ဒတ်မိုက်၊ ကြံလိုက်သနော်
ဆင်အရက်တိုက်၊ လွှတ်လိုက်ပြန်သော်
ဆင်နှင့်တိုက်၊ ကြုံကြိုက်ဘယ်ဝဋ်တော်။

ဖြေ။ ။
ဆင်ထိန်းဆင်ကျောင်း၊ အလောင်းဖြစ်ခါ
ရှင်ပစ္စေက၊ လမ်းမှာဆုံရာ
ဒေါသထွက်လို့၊ ရက်စက်မှားကာ
ဆင်နှင့်တိုက်၊ မှတ်လိုက်ဤ၀ဋ်ပါ။

အကုသိုလ်ကံ၊ အကုသိုလ်ကံဆိုတာ တူညီသော အကျိုးပေးတတ်ပါတယ်၊ ဆင်နှင့်ဆင်တူညီ သည်။

* သတ္တမ၀ိပါက်တော် *
မေး။ ။
ကိုက်ခဲလွန်ဘိ၊ ကျောက်ထိခြေတော်
ကျင်နာခံခက်၊ ကျိန်းစက်မပျော်
ဇီဝကယက၊ ကုသပြန်သော်
ဓားခွဲရ၊ ရှေးကဘယ်ဝဋ်တော်

ဖြေ။ ။
အလောင်းတော်မြတ်၊ မင်းဖြစ်လတ်သော်
မှုးယစ်သောက်စား၊ ဖောက်ပြားကာနော်
ထိုးခုတ်လူသတ်၊ ဖြစ်လတ်မလျော်
ဓားဒဏ်ချက်၊ ဆက်လက်ဝိပါတ်တော်။

ကံဝဋ်ကြွေးဝိပါက်၊ ဆယ့်နှစ်ရပ်ထဲက သတ္တမမြောက်ကလည်း သေရည်အရက် စုံမက်ခဲ့လို့ဖြစ် တယ်၊ သောက်စားဖောက်ပြားတော့ ကာယကံမြောက် မှောက်မှားမိခဲ့တော့တယ်။ အရက်က အသက်သတ်တဲ့အထိ ရက်စက်တတ်တယ်။

* အဌမ၀ိပါက်တော် *
မေး။ ။
သုံးလူ့ထွဋ်ဖူး၊ မြိုက်မှူးသျှောင်ကေ
ရံဖန်ခါလဲ၊ ခေါင်းခဲပလေ
ရှေးက၀ဋ်မို့၊ မလွတ်တုံချေ
ဘယ်ကံဟောင်း၊ ပြန်ပြောင်းဖော်ထုတ်ဖြေ။

ဖြေ။ ။
ရှေးကံဆိုးလို့၊ အမျိုးတံငါ
အလောင်းတော်မြတ်၊ ဖြစ်လတ်သောခါ
ငါးတို့ဦးခေါင်း၊ ထုထောင်းမြင်ရာ
ဝမ်းမြောက်မိလိုက်၊ ဘိဝိပါက်ပါ။

အဌမ၀ိပါက်က မနောကံမကောင်းမှု အကုသိုလ်ဖြစ်တယ်။ ကိုယ့်မနောကံ ကိုယ့်ဆီပြန်အမှန်ခံ ရတယ်။

* န၀မ၀ိပါက်တော် *
မေး။ ။
ဝေရဉ္စာဟု။ ခေါ်ပြုအကျော်
ဝါတော်ကပ်တော့၊ မာရ်နတ်နှောက်သော်
မုယောမုန့်ဆွမ်း၊ ကြမ်းကြမ်းထော်ထော်
ဘုဉ်းပေးရ၊ ရှေးကဘယ်ဝဋ်တော်။

ဖြေ။ ။
မျိုးဇာတ်ဦး၊ ထွဋ်မှူးဖြစ်ခါ
ရဟန်းအများ၊ ဆွမ်းစားနေရာ
ဆွမ်းကြမ်းစားဟု၊ ပြစ်မှားမှန်စွာ
ဝစီမြွက်၊ ၀ိပါကအမှန်ပါ။

ကံ (၃)ပါးရှိရာမှာ၊ မနောကံကထင်ရာကို တွေးမိရာကို ၀စီကံက ထွက်တတ်ပါတယ်။ ၀စီကံအပြစ် လွယ်လွယ်ဖြစ်တော့ ၀ဋ်ကြွေးထိတော့တယ်။

* ဒသမ၀ိပါက်တော် *
မေး။ ။
ဆဒ္ဒန်ဆယ်စီး၊ အားကြီးလျှင်မြန်
ဝမ်းတော်လားသို့၊ ရွှေအားမသန်
အင်ကြင်းပင်ကြား၊ ကြွသွားနိဗ္ဗာန်
ဘယ်အကြောင်း၊ ကံဟောင်းထုန်လို့ပြန်။

ဖြေ။ ။
ရောဂါကုစား၊ သမားဥာဏ်ကျယ်
သူဋ္ဌေးးသားအား၊ ဆေးဝါးကုတယ်
ခ မပေးလို့၊ ဟိုရှေးဘုန်းကြွယ်
ဝမ်းလားဆေးတိုက်၊ ကြွေးဝိပါက်လည်။

* ဒွါဒသမ၀ိပါက်တော် *
မေး။ ။
ဥရုဝေဠ၊ တောဝမြိုင်ခွင်
ခြောက်နှစ်ပတ်လုံး၊ ကျင့်သုံးအရှင်
ပိန်ကာခြုံးလို့၊ မပြုံးမရွှင်
ပင်ပန်းလှ၊ ရှေးကဘယ်ဝဋ်ထင်။

ဖြေ။ ။
ကာဿပဖျား၊ ထင်ရှားပွင့်စဉ်
ဇောတိပါလ။ နာမကျော်ထင်
ပုဏ္ဏားမာန်ကြွ၊ ဗုဒ္ဓကိုပင်
ဝစီမြွက်၊ ၀ိပါက်ရှေးဟောင်းပင်။

# သတိပေးပုံ #
ဝိပါက်ရောက်ရေး၊ ကြောက်သွေးတုန်ဖွယ်
ဘုရားသော်လည်း၊ ရှောင်လွှဲမလွယ်
တွေ့ကြုံမြဲမို့၊ တ၀ဲဝဲလည်လည်
မလွတ်သေး ၀ဋ်ကြွေးခက်လှတယ်
သတိပေး၊ ၀ဋ်ကြွေးစင်ဖို့ကွယ်။

!! သာသနာ့ဦးသျှောင် ကျမ်းတတ်အကျော် ကျေးဇူးတော်ရှင်ဆရာတော်များ၏ (ကံ) တရားသြ၀ါဒများ !!

သူငယ်ချင်းတို့ လူဆိုတာက ဆုံးမမဲ့သူမရှိရင် ပြတ်စီးတက်ကြတယ်နော်..ဒါကြောင့် သံဃာ တော်များရဲ့ အဆုံးအမ လေးတွေကို လိုအပ်မယ်ထင်လို့ လေ့လာဖတ်ရူနိုင်ရန် မျှဝေလိုက်ပါတယ်။

* အိုနာသေကွဲ၊ (ကံ) ပဲဥစ္စာ၊ ဤငါးဖြာ၊ မကွာနေ့ ည ဆင်ခြင်ကြပါ။
(မေဒိနီတောရ ဆရာတော်ဘုရားကြီး)

* ကံအကျိုးပေးအလျောက်၊ ကံပေး ကုသိုလ်ခံစားရာမှာ လူ့ဘ၀ရောက်၊ လူ့စည်းစိမ် လူ့အာရုံ တွေ ခံစားရာမှာ လူ့ဘ၀ရောက်၊ လူ့စည်းစိမ် လူ့အာရုံတွေ ခံစားတာ၊ ထိုက်သင့်သလောက် တော့ ခံစားပါ၊ မလွန်ကဲ၊ မလွန်ကျူးမိပါစေနဲ့၊ မချဲ့ထွင်းမိပါစေနဲ့လို့သာ ကျုပ်တို့က သတိပေး နေရတာပါ၊ အာရုံငါးပါး ခံစားရာမှာ သတိလက်လွတ် ငှက်တောင်ကျွတ်ဖြစ်ခဲ့ရင်၊ တဏှာ၊ မာန၊ ဒိဋ္ဌိဆိုတဲ့ ချဲ့ထါင်းတက်တဲ့ ပပဉ္စတရားတွေက နှိပ်စက်လိမ့်မယ်။ သံသရာက ဘယ်တော့ မှ မလွတ်မြောက်နှိပ်စက်လိမ့်မယ်။ ဒါကြောင့် အာရုံငါးပါးခံစားရာမှာ ကံပေးအခွင့်အရေးထက် မပိုမိပါစေနဲ့။ ဒီတော့ အာရုံကလေးကို နယ်သတ်မှတ်ပေးပါ။ နယ်ကျဉ်းမှ ခရီးတိုမယ်၊ နယ်ကျယ်ရင် ခရီးရှည်မယ်၊ အာရုံကို နယ်သတ်မှတ်ပေးတယ်ဆိုတာ၊ သိတ်ကလေးအစောင့် ချထားတာပဲ။
(မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး)

*

* ကံတရားကို မယုံကြည်၍ မဖြစ်ပါ။ ကံ၏သဘာဝကို ယုံသူဖြစ်စေ၊ မယုံသူဖြစ်စေ၊ အကျိုးပေးထိုက်သောအချိန်ရောက်လျှင် အကျိုးပေးခြင်း ခံကြရ၊ စံကြရသည်မှာ ဧကန်မလွဲ ဖြစ်တယ်။
လူအများက ဘယ်သူဟာ ကံကောင်းတယ်၊ ဘယ်သူဟာ ကံဆိုးတယ်လို့ ပြောဆိုလေ့ရှိကြ တယ်။
ကံကောင်ခြင်း၊ ကံဆိုးခြင်းကို ဘယ်သူကမှ လာရောက်ဖန်တီးပေးခြင်း မဟုတ်ဘူး၊ ကိုယ့်ကံ ကိုယ်သာလျှင် ဖန်တီးကြခြင်းဖြစ်သည်။
(ဦးဥတ္တမသာရ)
တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး

* စေတနာဘယ်လောက်ကောင်းသလဲဆိုတော့ သဒ္ဒါဝင်တဲ့အခါ ကောင်းတယ်၊ ဥာဏ်ဝင်တဲ့ အခါကော်ငးတယ်၊ ၀ိရိယ၀င်တဲ့အခါ ကောင်းတယ်၊ ဒီလိုမဟုတ်လား။
သဒ္ဓါတွေ၊ ဥာဏ်တွေ၊ ၀ီရိယနဲ့ ပူးပေါင်းတဲ့ စေတနာဟာ ကောင်းတယ်၊ လောဘ၊ ဒေါသ၊ မောဟနဲ့ စေတနာဟာ မကောင်းဘူး၊ ဆိုးတယ်၊ စေတနာအကောင်းနဲ့ စေတနာအဆိုးက ဒီလိုဖြစ်တယ်။
(အရှင်ဥာဏိဿရ)
သဲကုန်း၊ သီတ၀ူဆရာတော်ဘုရားကြီး

* လူတစ်ယောက်ဟာ ကိုယ့်အရည်အချင်းကိုယ်သိမှ ကောင်းတယ်၊ အရည်အချင်းညံ့ရင်၊ အကျင့်ဘက်က တော်အော် ကောင်းအောင်လုပ်ပေးရမယ်။
သံသရာခရီးသွားမှန်းသိရင်လည်း၊ ကိုယ့်ကိုယ်ကို ကောင်းအောင် ပြုပြင်ရပါမယ်၊ လူလူချင်းပါး လို့၊ အုပ်လို့ရပေမယ့် ကံ၊ ကံချင်းကြမရပါဘူး။
(အရှင်ဇနကာ ဘိဝံသ)
မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး

* ဖြစ်ချင်ရာဖြစ်တဲ့၊ လောကသံသရာမှာ အပိုင်ပါလိုလျှင် အထုပ်ထုပ်၊ သူတော်ကောင်းများ အလုပ်၊ ကောင်းတာပြုမှ ကောင်းတာရ၊ ကောင်းမှ ကောင်းစားမည် ကောင်းဆိုးနှစ်တန် ကံစီမံ ခံကြရစမြဲ။
(ပြည်၊ တိပိဋကဓရ ဆရာတော်ဘုရားကြီး

* ကောင်းကျိုးတွေ အကုန်ဖြစ်၊ ကောင်းကျိုးတွေအကုန်ပျက်စီးတာ ဘာကြောင့်လဲ၊ စေတနာ ထဲမှာ ကိလေသာဝင်သွာလို့။
(သဲကုန်း၊ အရှင်ဥာဏိဿရာ)
* မကောင်းမှု ဒုစရိုက်ဆယ်ပါးမှ လွတ်ကင်းသော အလုံးစုံသော မွေးမှု၊ ဥစ္စာစီးပွားရှာမှု၊ ပညာရှာမှု၊ ကုန်သွယ်မှု၊ လယ်ယာ ဥယျာဉ်လုပ်မှု၊ အစိုးရလခစားလုပ်မှု၊ သူဋ္ဌေးလခစားလုပ်မှု အစရှိသော ခပ်သိမ်းသော ကာယကံမှုမျိုး၊ မနောကံမှုမျိုးသည် ယခုဘ၀အတွက် ပြုကြရသော ကောင်းသောကံမျိုးမည်၏။
မကောင်းမှု ဒုစရိုက်ဆယ်ပါးမှ မလွတ်ကင်းသော အလုံးစုံသော အသက်မွေးမှု၊ စီးပွားဥစ္စာရှာမှု အစရှိသော ခပ်သိမ်းသော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုမျိုးသည် ယခုဘ၀အတွက် ပြုကြရသော မကောင်းသောကံမျိုးမည်၏။
(လယ်တီဆရာတော်ဘုရားကြီး)

*မနောကံ လုံခြုံဖို့နဲ့ သန့်ရှင်းဖို့ကတော့ ရုပ်နာမ်ဓမ္မတွေကို ယထာဘူတကျကျ မြင်အောင် ကြည့်ရှုပွားလဆင် မနောကို သန့်ရှင်းစေပါတယ်။
(ဘဒၵႏၱေဥယ်ဓမၼ)
ပေါင်းတည်းနန်းဦးကျောင်းဆရာတော်ဘုရားကြီး

* ကံဆိုတာ တခြားရှာနေစရာမလိုပါဘူး၊ ကိုယ်လုပ်နေတဲ့ လုပ်ငန်းတွေဟာ ကံပဲ၊ ကိုယ်ကံ ကောင်းတဲ့ လုပ်ငန်းတွေ လုပ်နေရင် ကောင်တဲ့ကံဖြစ်လာမှာပဲ၊ ကိုယ်က မကောင်းတဲ့လုပ်ငန်း တွေ လုပ်နေရင်တော့ မကောင်းတဲ့ကံ ဖြစ်လာမှာ သေချာတယ်။
(မန္တလေး၊ မဟာမြိုင်ဆရာတော်ဘုရားကြီး)

* စေတနာကောင်းရဲ့ သတ္တိနှစ်ပါးက အနုတ္တဗျဥဇနတော၊ မကောင်းကျိုးကိုဖယ်ရှားလိမ့်မည်။ အနုတ္တဇနတော...ကောင်းကျိုးတွေဖြစ်စေလိမ့်မည်။ မကောင်းကျိုးတွေ ဘယ်သူဖယ်ရှားသလဲ၊
ကိုယ့်စေတနာကောင်းက ဖယ်ရှားတယ်၊ ကိုယ့်ရဲ့ ကောင်းကျိုးတွေကို ဘယ်သူက ဖြစ်စေသ လဲ၊ ကိုယ့်စေတနာကပဲဖြစ်စေတယ်။
(သံကုန်း၊ အရှင်ဥာဏိဿရဆရာတော်ဘုရားကြီး)

* ကုစား၍မရသောပုဂ္ဂိုလ်များကမှု (သကကဓမ္မနပညာယိဿတိ)ဆိုသည့်အတိုင်း သူ့ကံနှင့် သူ စီစဉ်သွားကြပြီဆိုသလို ကျန်ရှိသော အလဇ္ဇီပုဂ္ဂိုလ်များ၊ သူ့ကံနှင့်သူပင် စီိစဉ်သွားမှာမုချ ဖြစ်ပါတယ်။
(ဘဒ္ဒန္တဇောတြ)
လယ်ဝေးမြို့၊ မှန်တောကျောင်းဆရာတော်ဘုရားကြီး

* ၀ိရိယ ပြင်းထန်ကာ၊ ဇွဲသတ္တိရှိစွာဖြင့် လုပ်ကိုင်အားထုတ်ခဲ့သော်၊ ထိုက်သည့်အားလျော်စွာ ကံကောင်းရပေတော့မည်၊ ကျပ်ပြည့်တင်းပြည့် မကောင်းစေကာမငကောင်းသည်လောက်ကား ၀ီရိယအကျိုးအတွက် အမှန်ပင် ကိုယ်အတွက်ကျန်လိမ့်ဦးမယ်၊ သို့ဖြစ်၍ အလုပ်ကောင်းက ကံကောင်းမည်ဟု ရှေးဆရာကြီးများ၏ ဆုံးမသြ၀ါဒကို ကြားဖူးခဲ့ပေသည်။
( အရှင်ဝဇိဥာဏ၊ ကွမ်းခြံကုန်း)

* ကံဆိုတာ အလုပ်။
အလုပ်လုပ်မှ ကံကောင်းမည်။
(စံကျောင်း ဆရာတော်ကြီး)

* လူမတန် ကံချ ဆိုပေမယ့် ကံဟာလိုရင်းပဲ၊ ၀ီရိယတို့၊ ဥာဏ်တို့လည်းပါပါရဲ့၊ ကံဟာ ဥာဏ်၊ ၀ီရိယတို့နဲ့ လုပ်ယူမှရတယ်။
(သက်တော်ရှည် စံကင်းဆရာတော်ဘုရားကြီး)

* လူမုန်းမှာ မကြောက်နဲ့။
ကံမုန်းမှာကိုသာ ကြောက်ကြ။
(ပြည့်မြို့၊ ဇောတိကာရုံဆရာတော်ဘုရားကြီး)

* ကံကိုချည်းလည်း မတိုးနှင့်။
ဥာဏ်ကိုချည်းလည်း မကိုးနှင့်။
(လုံးတော် ဆရာတော်ဘုရားကြီး)

* အသက်ကြီးလေ၊ ကံမွဲ၊ ဥာဏ်မွဲလေမှတ်၊
ကံမွဲတာအရေးမကြီး၊ ဥာဏ်မွဲရင် နိဗ္ဗာန်မရောက်။
(မိုးကုတ် ဆရာတော်ဘုရားကြီး)


* မျိုးစေ့မမှန်၊ ပင်မသန်
ဖူးတံငုံကင်း၊ အသီးဖျင်း၏။
ကံပါမှ၊ ခံသာတယ်
ကံမပါတော့၊ မခံသာဘူး၊
ကံပန်တော့၊ ဥာဏ်မှိန်တယ်။
(ဦးအဂ္ဂဓမ္မ )
(မဟာဆေးဝင်္ကဘာ ဆရာတော်ဘုရားကြီး)

* လောက၌မကောင်းသောသူ၊ မကောင်းသောအကျင့်ကို လေ့လာနေသူသည် သူတစ်ပါးအား မကောင်းသောအချက်ကို ညွှန်ပြမည်ဖြစ်၏။
ကောင်းသောသူ၊ ကောင်းသောအကျင့်များ၌ လေ့လာလျက်ရှိသောသူသာ၊ ကောင်းသောအ ချက်ကိုညွန့်ကြားပေးလိမ့်မည်။
(သပြေကန် ဆရာတော်ဘုရားကြီး)

* စေတနာဆိုတဲ့ အခါကျတော့၊ မကောင်းကျိုးတွေကို ဖြစ်စေပြီးတော့မှ၊ ကောင်းကျိုးတွေကို ဖျက်ဆီးတတ်တယ် ဟုတ်လား၊ ဒါဖြင့်ရင် ကိုယ့်စေတနာ ကိုယ့်ကံကို ကိုးကွယ်၊ ကံသည်သာ လျှင် အားကိုးရာဆိုတော့ ဘယ်ကံမျိုး အားကိုးမလဲဆိုတာ သဘောကျပြီ မဟုတ်လား။
စေတနာကော်ငးလို့ဆိုရတဲ့ ကံကောင်းကို ကိုးကွယ်ရမျာ၊ စေတနာဆိုးကို ကိုးကွယ်ဖို့ မလိုဘူး တဲ့။
ဟုတ်တား၊ ဒါကြောင့် (အကုသလကမ္မံ) အကုသိုလ် စေတနာဆိုရတဲ့ ကံတရား၊ စေတနာဆိုး သည်(အနတ္တမနုနတောစေ၀) မကောင်းကျိုး မှန်သမျှကို ဖြစ်ပွားစေတတ်သည် အဖြစ်ကြောင့် လည်းကောင်း၊ စေတနာဆိုးရဲ့သတ္တိကို မှတ်မိအောင်မှတ်ပါ။
(သဲကုန်း အရှင်ဥာဏိဿရ)

* အဘယ်ကြောင့် (စေတနာ) ခေါ်သနည်း။
ကိုယ် အင်္ဂါ၊ စိတ်အင်္ဂါတို့ကို အုံလုံးဆူကြွ တစ်ပြိုင် နက်တည်းထကြွအောင် ချီကြွလှုံဆော်သမားကြီး ဖြစ်သောကြာင့် စေတနာခေါ်သည်။
အဘယ်ကြောင့် (ကံ) ခေါ်သနည်း။
လောက၌ ထိုင်မှု၊ ထမှု၊ သွားလာမှု၊ ပြောဆိုမှု၊ ကြံမှုဖန်မှု၊ လှူမှုတန်းမှု၊ သတ်မှုဖြတ်မှု အစရှိ ကုန်သော အလုံးစုံသော အရေးကိစ္စတို့သည် သူမပြုက ဘာကိစ္စတစ်ခုမျှ ပြီးစိးသည် မရှိကြ ကုန်၊ သူပြုမှ ပြီးစီးနိုင်ကြကုန်၏။ လောဘ၊ ဒေါသ၊ သဒ္ဒါ၊ ပညာ အစရှိကုန်သော ဓာတ်တို့ဥည် ကိုယ့်ကိစ္စနှင့်ကိုယ် ပြုကြကုန်၏။ ထို့ကြောင့် ခပ်သိမ်းသော ကိုယ်အမှု၊ နှုတ်အမှု၊ စိတ်အမှုတို့ မှာ သူသာလျှင်အမှုသည်ရင်းကြီး မှန်ပေသည်။ အမငဆောင်ကြီး မှန်ပေ၏။ ထို့ကြောင့် ကမ္မံ=ကံ ဟူ၍ ခေါ်သည်။
( လယ်တီဆရာတော်ဘုရားကြီး)

* ကံဆိုသည်မှာ အလျင်းသင့်သလို ခံရလေသည်။ မြင့်သည့်နေ့ မြင့်နေပေမည်။ နိမ့်ကျသည့် နေ့ နိမ့်ကျသည်ဟု သတိပြု။
( စမုံ၊ ဦးကုသလ )

* ကံဆိုတာ ဘုန်းကြီးတို့ ပရိသတ်ပြောရတာ ရိုးသွားပါပြီ၊ ကံဆိုတာ ဘာကိုခေါ်သလဲ၊ စေတနာကောင်းလို့၊ ကံ လို့ခေါ်ပါတယ်၊ ဟုတ်လား။ ခုနက လှေပေါ်တက်တဲ့လူလှေကွဲကြီးစီးမိ ရင်၊ ရေလည်ကောင်း မမြုပ်တတ်ဘူးလား၊ မြုပ်တတ်တယ်၊ အဲဒါကြောင့် စေတနာဆိုးကိုတော့ ကိုးကွယ်ဖို့ မလိုဘူးတဲ့၊ စေတနာကောင်းကို ကိုးကွယ်ရမှာ၊ စေတနာဆိုးကို ကိုးကွယ်လိုက်လို့ ရှိရင် လှေကွဲကြီးတက်စီးလိုက်သလို ရေလယ်မှာ မြုပ်တာ၊ ဒီလိုမဟုတ်လား၊ ဒါကြောင့် ကုသလကမ္မံ၊ ကုသလိုလ်စေတနာဆိုသော ကံတရားသည် အနုတ္တဗျဥဇနတော စေ၀၊ မကောင်းကျိုးမှန်သမျှကို ဖျက်ဆီးတတ်သည် ဖြစ်ခြင်းကြောင့်လည်းကောင်း၊ အနုတ္တဇနတော စေ၀ ကောင်းကျိုးမှန်သမျှကို ဖြစ်စေတတ်သည့် အဖြစ်ကြောင့်လည်းကောင်း။
(သဲကုန်း အရှင်ဥာဏိဿရ)

* သင်္ခါရ၊ တဏှာ၊ ဥပါဒါန်၊ ကံ ဒီလေးခုကို အ၀ိဇ္ဇာက အုပ်ချုပ်ထားသမို့ ဒါတွေဟာ ကံကောင်း မဟုတ်ဘူး။ ကံဆိုးတွေပဲ၊ သူ့အဆက်အနွယ်က တစ်ခုမှ မကောင်းဘူး၊ ကံဆိုးတွေပဲ၊ သူ့အ ဆက်အနွယ်က တစ်ခုမှ မကောင်းဘူး၊ ကံဆိုးတွေပဲ၊ ဒီတော့ အ၀ိဇ္ဇာ အုပ်ချုပ်တဲ့ကံဟာ ကံဆိုး ပဲလို့ မှတ်လိုက်ကြ။
(မိုးကုတ် ဆရာတော်ဘုရားကြီး)

* အချို့က စီးပွားရေး၊ ကြီးပွားရေးသည် ကံကောင်းမှ ကြီးပွားချမ်းသာတာပါ၊ သူဋ္ဌေးသူကြွယ် ဖြစ်နိုင်တာပါ စသည်ကို ဖွင့်ဆိုတတ်ပါသည်။
ထိုသူသည်ကား အလုပ်ကောင်းမှ ကံကောင်းသည်ဆိုသော ရှေးပညာရှိကြီးများ၏ သြ၀ါဒစ ကားကို သတိပြုမိဟန် မထင်ပေ၊ မည်သည့်အလုပ်ကိုပင်ဖြစ်စေ ၀ီရိယဇွဲနည်းအတန်တန်နှင့် လေ့ကျင့်လုပ်ကိုင်ပါသော် ဘယ်ကိစ္စမဆိုမပြီိးိဘဲ မနေပေ၊ ပြီးမြောက်အောင်နိုင်မည်သာ ဖြစ် တော့်၏။ ထို့ကြောင့် ၀ီိရိယတော ကိ့နာမ နသိဇ္ဈတိဟု ဋီကာကျော်တွင် လာရှိပေသည်။
(အရှင်ဝဇီဥာဏ ၊ ကွမ်းခြံကုန်း)

* အတိတ်ကံသည်၊ (အပ္ပစ္စက္ခ) အတိတ်ကံ၊ ပစ္စ(က္ခ) အတိတ်ကံ၊ (အဓိပ) အတိတ်ကံဟု သုံးမျိုးပါရှိသည်။ သံသရာ၏ အစမှသည် ယခုဘ၀မတိုင်မီကာလတိုင်အောင် အပ၌စ္စအတိတ် ကံမည်၏။ ၄င်းအတိတ်ကံကို လူသားတိုင်းဖြစ်ဖို့ရာ မလွယ်ကူ၊ ယခုဘ၀မှစ၍ ယမန်နေ့တိုင် အောင် အတိတ်သည် “ပစ္စက္ခ” အတိတ်မည်၏။ ပစ္စုပ္ပန်တည့်တည့် မရောက်မီ ယနေ့ပြုလုပ် သော အတိတ်သည်၊ “ အမီပ ” အတိတ်မည် ၏။ အတိတ်သည် ပစ္စုပ္ပန် ရွေ့လျားခြင်းပင်ဖြစ် ၏။ အတိတ်ကာလ၌ (ကံ) ကိုသာ ပြုလုပ်၍မရ၊ ပြုလုပ်ပြီးသားကံကို ချေမှုန်း၍လည်း မရသည်။ ခြယ်သ၍ လည်းမရ၊ အဇာတသတ်မင်းသည် ပစ္စက္ခအတိတ်“ပဉ္စနန္တရိယကံ” ကျူးလွန်ထားသော်လည်း ရတနာသုံးပါးကို ဆည်းကပ်သောကြောင့် အ၀ီစိငရဲသို့မကျ၊ လောဟကုမ္ဘီငရဲလောက်သာ ခံရသည်။
(အရှင်ကုမာရ၊ ဓမ္မာစရိယ၊ ၀ိနယ၀ိဒူ)

* ဘယ်နေ့၊ ဘယ်လ၊ ဘယ်အချိန်၊ ဘယ်အခါ၊ ဘယ်နေရာမှာ မွေးဖွား၊ မွေးချင်တဲ့နေ့မေါး၊ ကိုယ်ကာယကံကောင်းပါစေ၊ နှုတ်ဝစီကောင်းပါစေ၊ စိတ်မနောကံ ကောင်းပါစေ။ အဲဒီလို ကိုယ်၊ နှုတ်၊ စိတ် သုံးပါးလုံးကောင်းနေရင် မနက်၊ နေ့ညမရွေး အချိန်ကောင်း၊ ရက်ကောင်း၊ လကောင်း၊ နှစ်ကောင်းပဲ မဟုတ်လား။
(ဘဒ္ဒန္တနရပတိ)
ဖြူးဆရာတော်ဘုရားကြီး

* ယခုလို သာသနာတော်အတွင်းမှ ကာလဒါနကေင်းမင၊ သရဏဂုံခံယူတဲ့ကောင်းမှု၊ သီလဆောက်တည်ရတဲ့ ကောင်းမှု၊ ပွားများရတဲ့ ဘာဝနာကုသိုလ်ကေင်းမှုများ ပြုခွင့်ရှိနေတာ ဟာ မိမိတို့ရဲ့ ကံကောင်းခြင်းတွေ ဖြစ်ပါတယ်။
(ဘဒ္ဒန္တ ၀ါယာမိန္ဒာဘိဝံသ)
ရေစကြို ဆရာတော်ကြီး

* ဘေးနှင့်ကြုံသည်၊ မကြုံသည်မှာ၊ ကံသာလျှင်အရင်းဖြစ်တော့သည်။
(အုဂ်ဖိုရ် ဆရာတော်ဘုရားကြီး)

* ဘုရားအစစ်၊ ပွင့်သည့်ခေတ်မှာ လူဖြစ်၍လာ၊
တို့သူငါ၊ လွန်စွာကံကောင်းသည်။
တရားအစစ်၊ ဟောသည့်ခေတ်မှာ လူဖြစ်၍လာ၊
တို့သူငါ၊ လွန်စွာကံကောင်းသည်။
သံဃာအစစ်၊ ပေါ်သည့်ခေတ်မှာ ၊ လူဖြစ်၍လာ၊
တို့သူငါ၊ လွန်စွာကံကောင်းသည်။
သာသနာအစစ်၊ တည်ရှိခေတ်မှာ ၊ လူဖြစ်၍လာ၊
တို့သူငါ၊ လွန်စွာကံကောင်းသည်။
ကံကောင်းထောက်မ၊ လူ့ဘ၀မှာ၊ အရတော်စွာ လူဖြစ်၍လာ၊
တို့သူငါ၊ လွန်စွာကံ ကောင်း သည်။
သာသနာဆိုတဲ့ မြေပေါ်မှာ၊ ဒါနာတိုင်ထူကာ၊
သီလကိုပင် အကာလုပ်၊ ဘာဝနာခေါင်မိုးချုပ်။
(ဘဒ္ဒန္တသာသန)
အထက်မင်းလှ၊ ဓမ္မိကတောရဆရာတော်ဘုရားကြီး

[ လူမှုဆက်ဆံရေးတာဝန်များ(ယဉ်ကျေးမှု) ]

လာရောက်လည်ပတ်စာဖတ်ကြသော သူငယ်ချင်းတို့ လူတွေနဲ့ပေါင်းသင်းဆက်ဆံရာမှာ မည်သူမဆို ရှောင်လွဲမရအောင် လိုအပ်လှတဲ့ “ လူမှုဆက်ဆံရေး တာဝန် ” လေးတွေကို သိမသာလျှင် လူတွေနဲ့ ပေါင်းသင်းဆက်ဆံရာမှာ လွယ်ကူအဆင်ပြေချော့မွေ့စေမှာမို့ ဗဟုသုတအဖြစ် ဖတ်ရှုကြနိုင်ရန် ပြန်လည်မျှဝေလိုက်ရပါတယ်။

၁။ ပေါင်းသင်းဆက်ဆံရာ၌ ယဉ်ကျေးမှုသည် များစွာအရေးကြီးပေသည်။ အကျင့်စာရိတ္တ ကောင်းရန် လိုအပ်သကဲ့သို့ပင် ကိုယ်အမှုအရာ၊ နှုတ်အမှုအရာ ယဉ်ကျေးခြင်းကို အလိုရှိအပ် ၏။
၂။ အကျင့်စာရိတ္တကောင်းခြင်းနှင့် အမှုအရာယဉ်ကျေးခြင်းသည် မတူညီကြချေ။ အချို့သော သူတို့သည် ခေတ်ပညာတတ်၍ အကျင့်စာရိတ္တကောင်းကြပါလျက် အမှုအရာ၊ အပြောအဆို၊ ယဉ်ကျေးမှုမရှိခြင်းကြောင့် အကျိုးရှိသင်သလောက် မရှိရုံမျှမက တစ်ခါတစ်ရံ အကျိုးယုတ် ခြင်းနှင့်ပင် တွေ့ကြုံရတတ်ပေသည်။ ပညာအရည်အချင်းတူပါလျက် ယဉ်ကျေးစွာ ဆက်ဆံ တတ်သူက ယဉ်ကျေးခြင်းမရှိသူထက် အဆင့်အတန်းများစွာသာလွန်ကာ အကျိုးခံစားနေရ သည်ကို များစွာတွေ့မြင်နိုင်ပေသည်။ ယဉ်ကျေးခြင်းအမှုအရာသည် ၀မ်းတွင်းပါ သဘောတ ရားမဟုတ်ချေ။ သင်ကြားပြသ အတုယူခြင်းဖြင့် ပြုပြင်၍ ရကောင်းသောအရာများဖြစ်ချေ သည်။
၃။ အကျင့်စာရိတ္တကောင်းရာတွင် ယဉ်ကျေးခြင်း ထပ်လောင်းပါက အလွန်အဖိုးတန်လာပေ လိမ့်မည်။
၎။ ယဉ်ကျေးမှုဓလေ့ထုံးစံတို့သည် လူမျိုးအသီးသီးအလိုက် ခြားနာခြင်းရှိသော်လည်း လူမျိုးတစ်မျိုးထံမှ တစ်မျိုးက အတုယူသင့်သောအချက်၊ ရှောင်ကြဉ်သင့်သောအချက်များ လည်း ရှိကြပေသည်။ မိမိလူမျိုး၏ ဓလေ့ထုံးစံများပင်လျှင် အချို့ကိုကား ပယ်ဖျောက်သင့်၍ အချို့ကိုပြုပြင်သင့်ပြီးလျှင် အချို့ကိုမှုကား ဆက်လက်လိုက်နာသင့်ပေသည်။
၅။ ယဉ်ကျေးမှုအရပ်ရပ်ကို အောက်ပါအတိုင်း မှတ်သားသင့်ပေသည်။
(က) အိမ်၌ ယဉ်ကျေးခြင်း။
(ခ) ကျောင်း၌ ယဉ်ကျေးခြင်း။
(ဂ) လမ်း၌ ယဉ်ကျေးခြင်း။
(ဃ) ကစားဉ် ယဉ်ကျေးခြင်း။
(င) ခရီးသွားစဉ် ယဉ်ကျေးခြင်း။
(စ) အထွေထွေ ယဉ်ကျေးခြင်း။

* အိမ်၌ ယဉ်ကျေးခြင်း
၁။ မိမိနှင့် သင့်လျှော်သောနေရာတွင် နေရာ၏။
၂။ လူကြီးများ၊ ဧည့်သည်များထံသို့ မခေါ်ဘဲမသွားရ။
၃။ ရွှင်ပျသော မျက်နှာထားအမှုအရာ ရှိအပ်၏။
၎။ ကျယ်လောင်စွာ စကားမပြောရ။ ဆူညံခြင်း မရှိစေရ။
၅။ လူငယ်အချင်းချင်း သင့်တင့်စွာနေရာ၏။
၆။ လူကြီးများ၏အလုပ်ကို တတ်နိုင်သမျှ ကူညီရာ၏။
ရ။ အိပ်ရာကိုသန့််ရှင်းစေရာ၏။ မကြာမကြာ နေလှန်းရာ၏။ အိပ်ရာမှထလျှင် ခြင်ထောင်ကို တင်၍ စောင်၊ ခေါင်းအုံးတို့ကို နေရာတကျရှိစေရာ၏။
၈။ အိပ်ခန်းမှအထွက်မီ နေရာတကျ ရှိ-မရှိ ကြည့်ရှုစီစဉ်ရာ၏။
၉။ သူများမနိုးမီ သင်နိုးလျှင်၊ အသံကျယ်လောင်စွာ မပြုနှင့်၊ အိပ်နေသောသူများ မနိုးအောင် သတိပြုရာ၏။
၁၀။ ခေါင်းအုံးသည် မမြင့်လွန်းစေရာ၊ မြင့်လွန်းက အသက်ရှုမမှန်ဖြစ်တတ်သည်။
၁၁။ တစ်စုံတစ်ရာကို လူကြီးများကပေးလျှင် လက်နှစ်ဘက်ဖြင့် ခံယူရာ၏။ မိမိကပေးလျှင် လည်း လက်နှင်ဘက်ဖြင့် ပေးရာ၏။
၁၂။ တံခါးရှိသော ခြံဝင်းအတွင်းသို့ဖြစ်စေ၊ အခန်းအတွင်းသို့ဖြစ်စေ၊ ၀င်သည်ထွက်သည့်အခါ တိုင်း တံခါးကိုပိတ်ရာ၏။ ဤသို့ပိတ်သည့်အခါ အသံမမြည်အောင် ဖြည်းညင်းစွာပိတ်ရာ၏။
၁၃။ အိမ်ကိုဝင်သောအခါ ဖိနပ်တွင်ပါသော ဖုန်၊ အညစ်အကြေးတို့ကို သင့်လျော်ရာတွင် သုတ်ခါ၍ ပစ်ခဲ့ပါ။ ဖိနပ်ကို ချွတ်သင့်သောနေရာတွင် ချွတ်၍ထားရာ၏။
၁၄။ မိမိအိမ်သို့ရောက်လျှင် စိုသောဖိနပ်၊ ခြေအိတ် စသည်တို့ကို ချက်ချင်းချွတ်၍ ထားရာ၏။
၁၅။ အစားစားသောအခါ အချိန်မှန်စွာ စားရာ၏။ ဖြည်းဖြည်းစား၍ ညက်ညက်ဝါးရာ၏။
၁၆။ အလျင်စလို မစားရာ။
၁၇။ ထမင်းလုတ်မကြီးစေရ၊ ထမင်းလုတ်နှင့် စကားမပြောရ။
၁၈။ ထမင်းလုတ် အနီးသို့မရောက်မီ ပါးစပ်ကို ဟ၍မထားပါနှင့် ပျတ်ပျတ်မြည်အောင် မစားပါ နှင့်။
၁၉။ ဟင်းရည်သောက်လျှင် မမြည်စေရ၊ ဇွန်းနှင့်သွားကို မထိစေရ။
၂၀။ ဟင်းခပ်သောအခါ ဇွန်းကို ဘယ်ဘက်လက်ဖြင့်ကိုင်ခြင်းသည် နည်းကောင်းဖြစ်၏။
၂၁။ ထမင်းနှင့်ဟင်းကို လူမြင်မကောင်းအောင် ရော၍မနယ်နှင့်။
၂၂။ လက်ကို ဟင်းရည်မပေစေရ၊ ထမင်းလုံး မကပ်စေရ။ ဟင်းခွက်ကို လက်နှင့်မနှိုက်နှင့်။
၂၃။ ထမင်းစားပြီးလျှင် သွားကိုမစုပ်နှင့်၊ ရွံရှာဖွယ်ဖြစ်၏။ သွားကြားထိုးစရာရှိလျှင် သူတစ်ပါးမ မြင်ရာသို့ သွားပါလေ။
၂၄။ ထမင်းစားပွဲပေါ်တွင် လက်မတင်ရ။
၂၅။ တည့်တည့်ထိုင်၍ စားရာ၏။
၂၆။ တစ်စုံတစ်ရာကိုအလိုရှိလျှင် အနီးဆုံးလူကို တိုးတိုးတောင်းရာ၏။
၂၇။ သူတစ်ပါးထမင်းစားနေစဉ် တံတွေးထွေးခြင်း၊ ချွဲသလိပ်ဟက်ခြင်းတို့ မပြုအပ်။
၂၈။ ထမင်းစားပွဲပေါ်ရှိအရာများကို ဟိုရွှေ့သည်ရွှေ့ မလုပ်ရ။
( က္ကုနြေ္ဒမရသော အပြုအမှုဖြစ် သည်။ )
၂၉။ လူကြီးမိဘများ ဧည့်သည်များသည်၊ ဘာကိုအလိုရှိသနည်းဟု သတိနှင့်ကြည့်ရာ၏။ သိလျှင်အသံမကြားရစေဘဲ ဖြည်းညင်းစွာ ပြုလုပ်ပေးရာ၏။
၃၀။ လက်ဖက်ရည်၊ ကော်ဖီသောက်သောအခါ အောက်ခံပန်ကန်ပြားထဲတွင်ထည့်၍ သောက် ခြင်းသည် မယဉ်ကျေးဟု အချို့က ယူဆကြ၏။ ၄င်းပန်ကန်ပြားသည် ဖိတ်၍ မကျန်ရန်၊ မပေရန် အောက်ကခံသောအရာဖြစ်၏။
၃၁။ ဖဲ့၍စားနိုင်သောအရာကို ဖဲ့၍ စားပါ။ ကိုက်၍ မစားပါနှင့်။
၃၂။ ထမင်းစားစဉ် စကားများများမပြောရ၊ ရွှင်ပျသောမျက်နှာ ထားရာ၏ ၊ နှစ်သက်ဖွယ်သော စကားကိုသာ ပြောရာ၏။

* ကျောင်း၌ ယဉ်ကျေးခြင်း
၁။ စာသင်ခန်းသို့ အချိန်မှန်စွာရောက်ရာ၏။ နောက်ကျ၍ ရောက်လျှင် နောက်ကျခြင်းကို ခွင့်ပြုပါမည့်အကြောင်းနှင့်ဆရာ့အား ခွင့်တောင်းရာ၏။
၂။ အတန်းထဲတွင် စာကျယ်ကျယ်မဖတ်ရ၊ စကားမများရ။
၃။ အခြားကျောင်းသားများအား မည်သို့မျှ အနှောက်အယှက်မပြုရ။
၎။ စာအုပ်၊ စာရေးကိရိယာများကို ရိုသေစွာကိုင်တွယ်ပါ၊ ညစ်ညမ်းအောင် ပျက်စီးအောင် မပြုလုပ်ရာ။
၅။ စာအုပ်ကိုဖွင့်လျှင် တံတွေးဆွတ်၍ မဖွင့်နှင့်၊ စာရွက်ထောင့်က ဖွင့်ရာ၏။
၆။ စာရွက်ကို ချိုး၍မမှတ်နှင့်၊ စာအုပ်ကို မှောက်၍မထားနှင့်၊ စာရွက်လွတ်တစ်ခုဖြင့် ညှပ်၍ထားရာ၏။
ရ။ စာဖတ်နေစဉ်၌လည်ကောင်း၊ တစ်စုံတစ်ရာကို စဉ်းစားနေစဉ်တွင်လည်းကောင်း၊ ပါးစပ်ထဲ သို့လက်ကိုမသွင်းနှင့်၊ လက်သည်းကို မကိုက်နှင့်။
၈။ မိန်းကေးလများသည် နိးစပ်ရာစုပေါင်း၍ တစ်ယောက်ယောက်ကို မခေါ်မပြော ၀ိုင်းပယ် သောအကျင့် ရှိတတ်၏။ အပယ်ခံရသူသည် အလွန်စိတ်ဆင်းရဲရသောကြာင့် ထိုအပြုအမှုကို မပြုလုပ်ဘဲ ရှောင်ကြဉ်ရာ၏။
၉။ အချင်းချင်း နာမည်တုဖြင့် ပြောင်လှောင်ခေါ်ဝေါ်ခြင်းသည် ရိုင်းပြသောအမှုအရာဖြစ်၏။
၁၀။ တစ်ယောက်နှင့်တစ်ယောက် ပြောင်ခြင်း၊ လှောင်ခြင်း၊ သရော်ခြင်း၊ ရန်စခြင်း မပြုနှင့်။
၁၁။ ရုန့်ကြမ်းသောစကား၊ ဆဲရေးတိုင်းထွာခြင်းတို့ကို အလျဉ်းမပြုဘဲ ရှောင်ကြဉ်ရာ၏။
(မခံချင်ဖွယ်စကား၊ ရုန့်ကြမ်းသောစကား၊ နားမချမ်းသာဖွယ်သော စကားများကိုပြောခြင်း၊ စကားနိုင်ပြောခြင်းတို့ကို ရှောင်ကြဉ်ပြီး ပြေပြစ်သိမ်မွေ့သောစကား၊ ယဉ်ကျေးဖွယ်ရာသော စကားအသုံးအနှုန်းများကိုသာ ပြောဆိုရာ၏။)
၁၂။ ကျောင်းသားသစ်များကို ကူညီရာ၏။ ငယ်သောကျောင်းသားကိုလည်း စောင့်ရှောက်ရာ ၏။
၁၃။ ကျောင်းသူကလေးများနှင့်ရော၍နေရပါလျှင် မိမိနှမကဲ့သို့ သဘောထားရာ၏။ စောင့် ရှောက်ရန်ရှိသမျှကို စောင့်ရှောက်ရာ၏။
၁၄။ သူတစ်ပါး အတုယူလောက်အောင် အကျင့်စာရိတ္တ၊ အပြုအမှုယဉ်ကျေးသော လူငယ်တစ် ယောက်ဖြစ်သည်ဟု စံနမှုနာယူလောက်သူဖြစ်လာစေရန် အစဉ်မပြတ် သတိပြုပါ။
“ မောင်ကျောင်းသား၊ အတတ်သင်ပါ။
လိမ္မာဖော်ရွေ၊ စိတ်နေဖြူစွ
မာနချလျက်၊ မြန်မာ့အကျိုး
တိုးကြီးတိုးအောင်၊ သယ်ပိုးနေ့ည၊ ကြိုးပါကြ”။

* လမ်း၌ ယဉ်ကျေးခြင်း
၁။ လမ်းသွားစဉ် ကျယ်လောင်စွာ စကားမပြောရ။ (ညအချိန် လမ်းလျှောက်စဉ် ကျယ်လောင် စွာသီချင်းဆိုခြင်း မပြုရ။)
၂။ လမ်းတွင် ရပ်၍စကားပြောလျှင် လွတ်ရာသို့ရှောင်၍ ပြောရာ၏။
၃။ လမ်းသည် လူအများသွားလာရန်ဖြစ်၏။ မိမိတို့ကြောင့် အနှောက်အယှက် မဖြစ်အပ်ပေ။ မြို့ကြီးများတွင် လမ်းဘေးစင်္ကြံမှသွားလာခြင်း၊ အခြားကန့်သတ်နေရာများမှသွားလာခြင်း စသောကန့်သတ်ချက်များ ထားတတ်၏။ ကန့်သတ်သည့်အတိုင်း လိုက်နာရန်သတိပြုရာ၏။
၎။ ရဟန်သံဃာတော်များ၊ သူအိုများ၊ မိန်းမများနှင့် ကလေးသူငယ်များကို မိမိက လမ်းဖယ်၍ ပေးရာ၏။
၅။ ထီး၊ တုတ်စသည်တို့ကို ယူဆောင်သွားပါက အချွန်ကို အောက်ဘက် သို့စိုက်ကာ ကိုင် ဆောင်ရာ၏။
၆။ လမ်းပေါ်တွင် သစ်သီးခွံများကို ပစ်မထားပါနှင့်။
၇။ မီးရှိသော ဆေးလိပ်တို့ကိုလည်း လမ်းပေါ်တွင် မပစ်ပါနှင့်၊ နင်းမိသူ အပူလောင်တတ် သည့်အပြင် မီးဘေးအန္တရာယ် ကြုံတွေ့နိုင်သည်။
၈။ အမှိုက်၊ စက္ကူစုတ် စသည်တို့ကို လမ်းမပေါ်တွင် မပစ်ပါနှင့်၊ လမ်းဘေးရှိ အမှိုက်စွန့်ရာပုံး များထဲသို့ထည့်ပါ။
၉။ လူကို ဒုက္ခပေးနိုင်သော ခဲ၊ ဆူး၊ ခလုတ်၊ ပုလင်းကွဲ စသည်တို့ကို လမ်းမပေါ်တွင်တွေ့ရှိပါ ကဖယ်ရှားပစ်ရာ၏။
၁၀။ ၀န်လေး သယ်ဆောင်လာသောလူများအား မိမိက ရှောင်ဖယ်ရ၏။
၁၁။ လမ်းကိုဖြတ်ကူးလျှင် မော်တော်ကား၊ ရထား၊ ဆိုင်ကယ်၊ စက်ဘီး စသည်တို့ အန္တရာယ်ကို သတိထား၍ ကူးရာ၏။
၁၂။ လမ်းတွင်တွေ့၍ နှုတ်ဆက်ရာ၌ “လက်အုပ်ကြာငုံ၊ ရင်မှာထားသည့်” လေးမြတ်စွာ ဂါရ၀ ပြု နှုတ်ခွန်းဆက်သင့်သူကို လက်အုပ်ရင်မျာချီ၍လည်းကောင်း၊ “ဦးညွတ်နှုတ်ဆက်” တန်သူကို ဦးညွတ်၍လည်းကောင်း၊ “ပြုံး၍နှုတ်ဆက”်သင့်သူကို ပြုံး၍လည်းကောင်း ပြုရာ၏။
၁၃။ မြို့ကြီးများတွင် အလုပ်ကိစ္စများ၍ အလျင်လိုသည်ဖြစ်သောကြောင့် တစ်ဦးနှင့်တစ်ဦး စ ကားဖြင့်နှုတ်ဆက်ခြင်းကို သတိပြု၍ ရှောင်နိုင်သမျှ ရှောင်ရာ၏။
၁၄။ တစ်ဦးတစ်ယောက် မတော်တဆ ထိခိက်မိ၍ဖြစ်စေ၊ အခြားကိစ္စအတွက် တောင်းပန်ရန် ဖြစ်စေ ရှိခဲ့လျှင် သင့်လျော်ရာ ယဉ်ကျေးသော စကားအသုံးနှုန်းတို့ဖြင့် ယဉ်ကျေးစွာ တောင်း ပန်ရမည်။ မိမိအား တောင်းပန်လျှင်လည်း ယဉ်ကျေးစွာ ပြန်လည်ပြောဆိုရာ၏။

* ကစားစဉ်၌ ယဉ်ကျေးခြင်း
၁။ ကစားသောအခါ စိတ်ပျော်ရွှင်ရန်ကိုသာ ဂရုပြုရာ၏။ သူတစ်ပါးအား ထိခိုက်နစ်နာစေခြင်း မရှိစေသင့်။ (ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းစေသော ကစားနည်းမျိုးများကိုသာလျှင် ကစားရာ၏။
၂။ ကစားသောအခါ အစုအသင်းဖွဲ့၍ ကစားခြင်းသည် တစ်ကိုယ်ကောင်းကြံတတ်သောစိတ် ကို ပယ်ဖျောက်စေသောကြောင့် ထိုကစားနည်းမျိုးကို အားပေးရာ၏။ (တစ်ကိုယ်ကောင်း အစွမ်းပြခြင်းထက် အဖွဲ့သားများနှင့် မျှတညီညွတ်စွာ ကစားခြင်းကို ပြုရာသည်။)
၃။ အပျော်အရွှင် အနိုင်အရှုံးကစာခြင်း၌ အရှုံးအနိုင်ကို မဓာနမထားဘဲ ကျန်းမာရေးနှင့် ပျော်ရွှင်စေရန်ကိုသာလျှင် ပဓာနထား၍ ကစားရာ၏။
၎။ ကစားရာ၌ ၀မ်းသာဝမ်းနည်းခြင်းကို ထင်ရှားမပြရာ။ (နိုင်သောပွဲကို ကစားသကဲ့သို့ပင် ရှုံးသော ပွဲကိုလ်း စိတ်မပျက်ဘဲ ကစားရာ၏။
၅။ အငြင်းအခုန်ဖြစ်လျှင် တစ်ဖက်သားဆန္ဒ ပြောလိုချက်ကိုလည်း ကြည့်ရှုနားထောင်ပါ။ အငြင်းမသန်ပါစေနှင့်။
၆။ ဒိုင်လူကြီး၏ အဆုံးအဖြတ်ကို မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ ဆင်ခြေမတက်ဘဲ အမိန့်ကို ရိုသေစွာ နာခံရမည်။
ရ။ ဒိုင်လူကြီးမရှိလျှင် အသင်အတင့်ဖြစ်အောင် အညီအညွတ် ဆုံးဖြတ်ပါ။
၈။ ကစားစဉ် မတော်တဆထိခိုက်မလျှင် အပြစ်မယူပါနှင့် တမင်လုပ်သည်မဟုတ်ဟု ယူဆပါ။
၉။ မိမိကလည်း မရည်ရွယ်ဘဲနှင့် ဤသို့ပြုလုပ်မိတတ်သည်ကို သတိပြုပါ။
၁၀။ ကြမ်းတမ်းသောစကား၊ ကြမ်းတမ်းသောအပြုမှုတို့ကို အလျဉ်မသုံးပါနှင့်။ (ရူံး၌ ရမ်းခြင်းသည် အလွန်ရှက်ဖွယ်ကောင်းသော အပြုအမှုဖြစ်၏။)

* ခရီးသွားစဉ် ယဉ်ကျေးခြင်း
၁။ ရထားနှင့်ဖြစ်စေ၊ သင်္ဘောဖြင့်ဖြစ်စေ အခြားသောယာဉ်တို့ဖြင့်ဖြစ်စေ ခရီးသွားသောအခါ အတင်းတိုး၍ မ၀င်ရ။ အားနည်းသူများကို ပထမဦးစွာ အခွင့်အရေးပေးရာ၏။ (ခရီးသွားစဉ် သူတစ်ပါးအား အထူးသဖြင့် အားနည်းသူများအား တတ်နိုင်သမျှ ကူညီရာ၏။ အကယ်၍ တစ်စုံရစ်ရာ မကူညီနိုင်စေကာမှု မိမိအတွက်အနှောက်အယှက်မဖြစ်စေသင့်၊ တံခါးကို ဖွင့်ပေး ခြင်း၊ အတက်အဆင်း၌ လွယ်ကူစွာရှိစေရန်ကူညီခြင်း၊ လေးသော ၀န်ကိုပင့်ပေးခြင်း၊ ချပေးခြင်း စသည်ဖြင့် ချမ်းသာစွာ သွားလာနေထိုင်နိုင်ကြရန် ကြိုးစား၍ ကူညီရာ၏။
၂။ မိမိအတွက် သင့်လျော်သည်ထက် ပို၍နေရာမယူသင့်။
၃။ ထိခိုက်မိ၍သော်လည်းကောင်း၊ တစ်စုံတစ်ရာကြောင့်သော်လည်းကောင်း၊ တောင်းပန်ရန်ရှိ ခဲ့လျှင် နှောင့်နှေးကြန့်ကြာခြင်းမရှိစေဘဲ တောင်းပန်ရာ၏။
၎။ ကျေးဇူးတင်သင့်လျှင်တင်ကြောင်း၊ အပြစ်မှခွင့်လွှတ်ကြောင်းများကို ယဉ်ကျေးစွာပြောအပ် ၏။
၅။ လူအများနှင့် ဆက်ဆံရာနေရာများတွင် တံတွေးမထွေးပါနှင့်၊ တံတွေးထွေးခြင်းသည် ညစ်ညမ်းစေရုံမျှမက ဥပဒ်အန္တရာယ်ကိုလည်းဖြစ်စေ၏။
၆။ ရထားအတွင်း၊ သင်္ဘောအတွင်း၊ ဘတ်စ်ကားအတွင်း စသည့်လူအများနှင့် ဆက်ဆံရာနေ ရာများတွင် စကားကျယ်စွာ မပြောရ။ အော်ဟစ်ခြင်းကို မပြုရ။ မိမိတို့အချင်းချင်း ကြားရုံမျှသာ စကားပြောရာ၏။
ရ။ ပါးစပ်ထဲတွင် တစ်စုံတစ်ရာရှိစဉ် စကားမပြောရ။ သူတစ်ပါး မခံသာသောအနံ့ရှိသည့် ပစ္စည်းများကိုပင် အသုံးမပြုရ၊
၈။ စက္ကူစုတ်၊ မုန့်ထုပ်စက္ကူ၊ သစ်သီးခွံ၊ စားကြွင်း စသည်တို့ကို မတင်မရှိအောင် သတိပြုရာ၏။
၉။ ချောင်းဆိုးခြင်း၊ ချေးဆတ်ခြင်းကို လူရှေ့တွင် မပြုလုပ်ရာ၊ တခြားနေရာသို့ ထသွားခြင်းငှာ တတ်နိုင်ပါလျှင် လက်ကိုင်ပ၀ါဖြင့်အုပ်၍ ပြုလုပ်ရာ၏။ အချို့သူတို့သည် လူရှေ့တွင် သမ်းခြင်းကိုပင် ရှောင်ကြဉ်၏။
၁၀။ ဘူတာရုံ၊ သင်္ဘောဆိပ်၊ ရုပ်ရှင်ရုံ၊ ဇာတ်ရုံ စသည်တို့၌ လက်မှတ်ခံခြင်း၊ ၀င်ခြင်း၊ ထွက်ခြင်းတို့တွင် တိုးဝှေ့ခြင်းမရှိဘဲ တစ်ယောက်နောက် တစ်ယောက်စီကာ မိမိအလှည့်ကို စောင့်ဆိုင်းရာ၏။ ဤသို့သောနေရာမျိုးတွင် မိမိအတွက် အလျင်ရရန်၊ ရောက်ရန် တိုးဝှေ့၍ တက်ခြင်း၊ မိမိကိုသာလျှင် ဦးစွာဆောင်ရွက်စေလိုခြင်း စသော အပြုအမှုတို့သည် ယဉ်ကျေး သော နိုင်ငံကြီးသားတို့၏ အပြုအမှုမဟုတ်ကြောင်းကို အထူးသတိပြုရာသည်။
၁၁။ လူစည်ကားရာအရပ်တွင် မိန်းကလေးများရှိရာသို့ အတင်းဝင်၍တိုးခြင်း၊ နောက်ပြောင် ပြောဆိုခြင်းသည် လွန်စွာရိုင်းပြသောအမှုအရာဖြစ်၍ ရှက်ဖွယ်ကောင်းလှ၏။

* အထွေထွေယဉ်ကျေးမှု
၁။ လူကြီးလူကောင်းများနှင့်လည်းကောင်း၊ လူစိမ်းများနှင့်လည်းကောင်း စကားပြောလျှင် ခေါင်းငုံ၍ မပြောပါနှင့်။ ထိုသူကိုကြည့်၍ ပြောရာ၏။
၂။ စကားပြောဆိုရာတွင် ရှက်ကန်းကန်းလည်းမဖြစ်နှင့်၊ ရဲတင်းလွန်းသောအမှုအရာဖြင့် မဖွယ်မရာလည်း မပြုနှင့်။ (သူတစ်ပါးသည် သင့်အား အပြစ်ရှာနေသည်ဟု မထင်လေနှင့်။)
၃။ သူတစ်ပါးစကားပြောလျှင် ကြားဖြတ်၍မပြောရ၊ ထိုသူ၏စကားဆုံးအောင် စောင့်ဆိုင်းရာ ၏။
၎။ ဖြည့်စွက်၍ပြောရန်ရှိသော်လည်း ထိုသူစကားပြီးဆုံးမှ ယဉ်ကျေးသောအမှုအရာနှင့် ရိုသေစွာ ဖြည့်စွက်ရမည်။ (မိမိတတ်ကျွမ်းနားလည်ကြောင်း ပြလိုသည့်သဘော၊ ဆရာလုပ်လို သည့်သဘောဖြင့် ပြောဆိုခြင်းမပြုရ၊)
၅။ သူတစ်ပါး၏ အပြစ်ကိုမပြောဘဲ ရှောင်ကြဉ်ရာ၏။ သို့မဟုတ် အကောင်းကိုသာလျှင် ပြောရာ၏။ အကောင်းချီးမွမ်းရန်မရှိလျှင် မပြောဘဲနေရာ၏။
၆။ ဒေါသထွက်နေသူတစ်ဦးနှင့် အတုံ့အပြန်ပြောဆိုခြင်းမှ ရှောင်ကြဉ်ရာ၏။ တစ်ယူသန်သူနှင့် လည်း ယှဉ်ပြီးပြောဆိုခြင်းမပြုအပ်၊ ထိုသူနှင့် မလွှဲမရှောင်သာ၍ပြောရလျှင် ဖြည်းညင်းစွာ၊ ချိုသာစွာ ပြောဆိုအပ်၏။
ရ။ မိတ်ဆွေအချင်းချင်းပင်လျှင် မနှစ်သက်ဖွယ်သောစကား၊ အကျိုးမရှိသောစကားကို မပြောရာ၊ ပြောလေ့ရှိလျှင် အကျင့်ပါတတ်၏။
၈။ လူကြီး လူကောင်း မိကောင်းဖခင် သားသမီးပီသစွာ ရိုင်းပျသော စကာအသုံးအနှုန်းကို ရှောင်ကြဉ်ရာ၏။ စိတ်ဆိုးသောအခါမှာပင် မသုံးမိရန် သတိထားရာ၏။ (လျှာကိုထိန်းနိုင်လျှင် ကိုယ်ကိုထိန်းနိုင်လာလိမ့်မည်။ )
၉။ မကောင်းသော စကားကို မပြောမိစေရန်၊ မကောင်းသော အလုပ်ကို မလုပ်မိစေရန် သတိကြီးစွာထားရာ၏။ သူတစ်ပါးပြောဆိုလုပ်ကိုင်နေပါလျှင် ရှောင်၍သွားရာ၏။ တစ်စုံတစ်ရာ အားပေးခြင်းမပြုဘဲ ဆိတ်ဆိတ်နေရာ၏။ ရွယ်တူချင်းဖြစ်သော် ဆုံးမရာ၏။ (ဤကား ၀တ္တရား ဖြစ်ကြောင်းမမေ့အပ်။)
၁၀။ မိမိနှင့်မဆိုင်သောနေရာ အရာဝတ္တုပစ္စည်း အလုပ်အကိုင်များတွင် မပါမ၀င် ရှောင်ကြဉ်ရာ၏။
၁၁။ မိမိနှင့်ဆိုင်သောကိစ္စဖြစ်စေကာမှု မိမိအား သိစေသောအခါမှသာလဆင် သိရာ၏။ သိလိုဇောနျင့် လောဘတကြီး စကားမဆုံးမီ မေးမြန်းခြင်းမပြုနှင့်။ အခွင့်ကိုစောင့်၍ မေးသင့်မှ မေးရာ၏။
၁၂။ အခြားသူများ၏ စာရွက်စာတမ်းများအား စောင်းငဲ့၍ပင်မကြည့်ရာ။ (စည်းကမ်းစနစ်ကြီး သူဖြစ်ပါစေ။ )
၁၃။ မိမိဆောင်ရွက်ရန် တာဝန်ဝတ္တရားရှိပါက မညည်းညူပါနှင့်၊ ညည်းတွားတတ်သူသည် မည်သည့်နေရာမျှ အသုံးမ၀င်ချေ။ အများ၏ အနှောင့်အယှက်ဖြစ်စေရုံမျှမက ကြားသူတို့စိတ် တွင် မနှစ်မြို့မှုကိုဖြစ်စေသည်။
၁၄။ မည်သည့်အခါမဆို မျက်နှာကို ကောင်းစွာထားရာ၏။ မကောင်းသော ဘေးဒုက္ခတွေ့သည့် အခါမှာပင် စိတ်မညစ်ဘဲမှတ်သားရန် သင်ခန်းစာရပေသည်ဟု အကောင်းဘက်က ယူရာ၏။
၁၅။ ပြုံးရွှင်သောမျက်နှာကို ထားနိုင်သမျှထားပါ။
၁၆။ စကားပြောချိုခြင်းသည် ယဉ်ကျေးဖွယ်ရာသောအမှုအရာဖြစ်၍ မိတ်တွေပေါများကြာင်း ဖြစ်၏။
၁၇။ ယဉ်ကျေးသော စကားအသုံးအနှုန်းတို့ကို အစဉ်အမြဲ သတိထား၍သုံးပြိးလျှင် စိတ်ချမ်း သာစွာ မျက်နှာထားချိုသာ ရွှင်ပြုံးနိုင်ပါစေ။
၁၈။ “ နှုတ်ချို သျှိုတစ်ပါး”၊ နှုတ်ကောင်းလျှင်ပြည်စိုး”၊ “နှုတ်ကြောင့်သေ လက်ကြောင့်ကြေ” ဆိုသော စကားပုံများကို သတိပြုပါ။
၁၉။ “စကားကျွံသော် နုတ်မရ” ဟူသော စကားပုံတို့သည် နှုတ်မှုယဉ်ကျေးခြင်းဆိုင်ရာ စကား ပုံများဖြစ်ပေသည်။
၂၀။ သူတစ်ပါး၏ပျော်ရအင်မှုကို မနှောင့်ယှက်ပါနှင့်၊ လူတိုင်းအပေါ် ဖြောင့်မတ်သောစိတ်စေ တနာကောင်းထားပါ။
၂၁။ မိမိမှာ တာဝန်ပေးခံရ၍ သြဇာအာဏာရှိလာလျှင် ငယ်သားကိုမညှဉ်းပါနှင့်၊ မကြိမ်းမောင်း ပါနှင့်၊ ယဉ်ကျေးစွာ ပြောဆိုဆက်ဆံတတ်ပါစေ။

* တာဝန်နှင့်ဝတ္တရား
၁။ မယဉ်ကျေးသောခေတ်တွင် နေထိုင်ခဲ့ကြသော လူရိုင်းတို့လက်ထက်က တာဝန်ဝတ္တရားဟူ ၍ ပြောပလောက်အောင် မည်မည်ရရမရှိခဲ့သော်လည်း တိုးတက်ယဉ်ကျေးလာသောအခါ လူမျိုးနှင့် နိုင်ငံ၏အဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ နိုင်ငံသားများအပေါ် ကျရောက် သော တာဝန်ဝတ္တရားများမှာလည်း များစွာကျယ်ဝန်းလာခဲ့လေသည်။
၂။ တာဝန်နှင့်ဝတ္တရား ဟူသောစကားမှာ သဘောအားဖြင့် ခြားနား၏။ အချိန်ရှိသမျှ အမြဲတမ်း ဆောင်ရွက်လုပ်ကိုင်ရမည့် သဘောအရာမှာ “ ၀တ္တရား” ဖြစ်၏။ ရံဖန်ရံခါပေါ်ပေါက်လာ၍ မလုပ်လျှင် မဖြစ်နိုင်လောက်အောင် အရေးကြီးသောအရာမှာ “တာဝန်” ဖြစ်၏။ ထို့ကြောင့် တာဝန်သည် ၀တ္တရားထက်ပို၍ အရေးကြီးသည်ဟု သိနားလည်ရာ၏။ ၀တ္တရားပျက်ကွက် သောသူ တစ်ဦးတစ်ယောက်အတွက် ၄င်းနှင့်အတူ အနည်းငယ်မျှသော သူတို့သာလျှင် နစ်နာ၍ “ တာဝန် ”ပျက်ကွက်ခဲ့လျှင်ကား တစ်မျိုးသားလုံးနှင့် တစ်နိုင်ငံလုံးပါ နစ်နာပျက်စီး တတ်၏။
၎။ နိုင်ငံသားများ၏ တာဝန်နှင့်ဝတ္တရားများတွင် အကြီးလေးဆုံးတာဝန်မှာ နိုင်ငံတော်၏ ဥပဒေများကို လေးစားလိုက်နာဆောင်ရွက်ခြင်းနှင့် နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရို သေခြင်းပင်ဖြစ်၍ ဥပဒေကို ကိုယ်ထိလက်ရောက် ၇ိုသေလေးစားခြင်းဖြင့် အများ၏ကောင်း ကျိုးကို ကိုယ်ထိလက်ရောက် လုပ်ကိုင်သည်နှင့် ထပ်တူထပ်မျှပင်ဖြစ်ပေသည်။

{ လက်ဝါးပြင်နှင့်ကျန်းမာရေး }

{လက်ဝါးပြင်နှင့်ကျန်းမာရေး }
လာရောက်လည်ပတ်စာဖတ်သူ မိတ်ဆွေအပေါင်းတို့...ဒီတစ်ခါတော့ မိမိကိုယ်ကိုကျန်းမာရေး အသိရှိကြအောင် လက်ဝါးပြင်ကိုကြည့်ပြီး ရောဂါရှာဖွေ စစ်ဆေးနည်းလေးကို မိတ်ဆွေသူငယ် ချင်းတို့ အသိအမြင်ကြွယ်ဝစေနိုင်ဖို့ “ လက်ဝါးပြင်နှင့်ကျန်းမာရေး” အကြောင်းလေးအနည်း ငယ်ပြန်လည်မျှဝေလိုက်ရပါတယ်။

၁။ လက်ဝါးပြင်နှင့်ထိတွေ့မှုအရသာ
၂။ လက်သည်းခွံအရောင်နှင့်လခြမ်း
၃။ လက်သည်းခွံပေါ်တွင်ပေါ်သောသင်္ကေတ
၎။ လက်တစ်ချောင်းစီ၏ပုံစံ
၅။ လက်ဝါးပြင်၏အရောင်အဆင်း
၆။ ဂြိုလ်ခုံပေါ်တွင်ပေါ်သောအကြောစိမ်း
၇။ လက်သည်းခွံအရွယ်အစား
၈။ လက်ဝါးပြင်ပေါ်မှလက္ခဏာလမ်းကြောင်း

* သတိပြုရန်
ယောက်ျားလေး - အသက် ၁၆ နှစ် အထက်မစှကြည့်ရမယ် - ဘယ်ဘက်လက်
မိန်းခလေး - အသက် ၁၆ နှစ် အထက်မှစကြည့်ရမယ် - ညာဘက်လက်
မကြည့်သင့်သောအချိန် - အရက်သောက်ပြီးချိန်၊ ဒေါသထွက်ချိန်၊ လူတွေအများအပြားရှိချိန်

* လက်ဆွဲနှုတ်ဆက်ချိန်
လက်မနှင့်လက်ညှိုး ၃၀ ဒီဂရီစောင်းနေရင် - ကိုယ်ခံအားနည်း၊ ကျန်းမာရေးဂရုစိုက်ရန်
လက်မနှင့်လက်ညှိုး ၄၅ ဒီဂရီစောင်းနေရင် - ကျန်းမာရေးကောင်း၊ ဟော်မုန်းပြောင်းလဲနေ
လက်မနှင့်လက်ညှိုး ၉၀ ဒီဂရီစောင်းနေရင် - သွက်လက်၊ အကောင်းမြင်ဝါဒီရှိ၊ အလုပ်ပေါ့ဆ

၁။ လက်ဝါးပြင်နှင့်ထိတွေ့မှုအရသာ
* လက်ဝါးပြင် အေးစက်နေရင်.....
- သွေးကြောပိတ်ဆို့မှုများ
- သရက်ရွက်နဲ့ ကျောက်ကပ်အားနည်း
- အစာချေလမ်းကြောင်းမကောင်း
- လည်ပင်းမှာရှိတဲ့ ဂလင်းမကောင်း
- ကျောက်ကပ်နဲ့ ဆံပင်ဆက်စပ်နေ
- ဆံပင်ပါးရင်လည်းကျောက်ကပ်မကောင်း

* လက်ဝါးပြင် ပူနေရင်.....
- အသည်းကိုဂရုစိုက်
- သည်းခြေ၊ နှလုံး၊ သရက်ရွက်မကောင်း
- အာသီးရောင်၊ အာခေါင်ခြောက်၊ ပါးစပ်ခါး၊ အိပ်ရေးပျက်

* လက်ဝါးပြင် ချွေးထွက်နေရင် (ရိုးရိုးချွေးထွက်နေရင်).....
- ကိုယ်ခံအားနည်း
- သရက်ရွက်အားမကောင်း

* လက်ဝါးပြင် စေးကပ်ကပ်နဲ့အဆီပြန်နေရင်.....
- ဆီးချို၊ သွေးချိုဝေဒနာရှိ ၊ မရှိခဲ့ရင်လည်းရှိလာမယ့်အနေအထား
- ဟော်မုန်းဓာတ်မညီမျှ ပြောင်းလဲနေ

* လက်ဝါးပြင် ဖောင်းတင်းနေရင်.....
- အဆီများတဲ့လက်
- စားချင်တာစားတဲ့လက်မျိုး

* လက်ဝါးပြင် ခြောက်ကပ်နေရင်.....
- အဆုတ်ရောဂါ၊ အဆုတ်နဲ့အသားအရေဆက်စပ်နေ
- အဆုတ်-TV ရောဂါသမား

* လက်ဝါးပြင် အပူအအေးမညီမျှရင်....
- သွေးအားနည်း
- ရာသီဥတုဒဏ်ကိုမခံနိုင်

* လက်ဝါးပြင် ပျော့ပြီး အသားထူနေရင်.....
- ဖျတ်လတ်ပြီး ကိုယ်ခံအားကောင်း
- အချို့သောလက်ဖ၀ါးတွေဟာတော့ ထူပေမယ့် ကိုယ်ခံအားနည်းတက်

* ကိုယ်ခံအားကောင်း ၊ မကောင်းသူက.....
- ကိုယ်ခံအားကောင်းသူ (လက်ချောင်းထိပ်လေးတွေကို လက်နဲ့ဖိလိုက်လို့ ချက်ခြင်းပြန် ဖောင်းတက်လာရင်)
- ကိုယ်ခံအားနည်းသူ ( လက်ချောင်းထပ်လေးတွေကို လက်နဲ့ဖိလိုက်လို့ ပြန်ဖောင်းမလာပဲ ကြာနေရင်)

* လက်ဝါးပြင်ပျော့ပြီးအသားပါးရင် - အားနည်းခြင်း
* လက်ဝါးပြင်မာပြီးအသားပါးရင် - အစာချေမှုအားနည်း
* လက်ဝါးပြင်ပျော့ရင် - သက်သက်သာသာနေရသူ
* လက်ဝါးပြင်မာရင် - အမြဲသွာလာလှုပ်ရှားနေရသူ
* လက်ဝါးပြင်မာ၊ ကြမ်း၊ အသာမာတက်နေရင် - ငြိမ်ငြိမ်မနေရ ၊ အလုပ်အမြဲလုပ်နေရသူ

၂။ လက်သည်းခွံအရောင်နှင့်လခြမ်း
- လက်သည်းခွံအရင်းမှာ လက်ပန်းကုံးလက်ချောင်းတိုင်းမပေါ်ရင် - ကယ်လ်ဆီယမ်ဓာတ်လို
- လက်သည်းခွံ ၅ပုံ၊ ၁ပုံ ခုံးနေရင် - သွေးအဆီများသူ
- လက်ပန်းကုံး - အဖြူရောင်မှကောင်း
- လက်ပန်းကုံး ပန်းရောင် - ဆီးချို၊ သွေးချို ရှိ
- လက်ပန်းကုံး အညိုရောင် - ကျောက်ကပ်မကောင်း
- လက်ပန်းကုံး မီးခိုးရောင်သမ်းနေ - အစာချေလမ်းကြောင်းမကောင်း
- လက်ပန်းကုံး အမဲရောင် - ကင်ဆာ ( အဆိပ်အတောက်များသူ)

၃။ လက်သည်းခွံပေါ်တွင်ပေါ်သောသင်္ကေတ
- လက်သည်းခွံပေါ်တွင် အဖြူစက်ပေါ်နေ - သွေးအားနည်း
- လက်သည်းခွံပေါ်တွင် အမဲစက်ပေါ်နေ - သတိထားရမယ် ( သွေးကြော၊ လေကြောပိတ်ဆို့)
- လက်သည်းခွံပေါ်တွင် အဆင်းကြောင်းထ - နာတာရှည်ရောဂါ၊ အာရုံကြော၊ ခုခံအားကျ
- လက်သည်းခွံပေါ်တွင် အမဲကြောင်းပေါ် - ကျောက်ကပ်အလွန်အမင်းပျက်စီးနေ၊ အသည်းနဲ့ ပတ်သတ်တဲ့ရောဂါ၊ ကင်ဆာ
- လက်သည်းခွံပေါ်တွင် လှိုင်းတွန့်ထနေ (အလျားလိုက်) - အစာအိမ်အချဉ်ပေါက်
- လက်သည်းခွံပေါ်တွင် လှိုင်းတွန့်ထနေ ( ဒေါင်လိုက် ) - ခေါင်းခဏခဏကိုက်တက်
- လက်သည်းခွန် မာလွန်းပျော့လွန်းရင် - ကယ်လ်ဆီယမ်ဓာတ်လို

၎။ လက်တစ်ချောင်းစီ၏ ပုံစံ

* လက်မ
(သရက်ရွက်၊ အဆုပ် ၊ နှလုံးနှင့်ဆိုင်)
- လက်မအရင်းတုတ်ပြီး အဖျားရှုးနေရင် - သွေးအဆီများ၊ အဆီလျော့ဖို့လို၊ အဆီချဖို့ခက်ခဲ
- လက်မအရင်းရူးပြီး အဖျားတုတ်နေရင် - အာဟာရစုပ်ယူမှုအားနည်း၊ ကိုယ်ခံအားနည်းသူ
- လက်မတုတ်တုတ်ခိုင်ခိုင်ရှိရင် - ဒေါသကြီး၊ အပူများသူ
- လက်မအရင်းရူပ်ထွေးပြီး တြိဂံပုံသဏ္ဍာန်ပေါ်နေရင်- နှလုံးရောဂါဖြစ်

*လက်ညှိုး
(အူလမ်းကြောင်း ၊ နှလုံးလမ်းကြောင်းကိုယ်စားပြု )
- လက်ညှိုးအရောင် ဖြူပြီးဖျော့နေရင် - ကိုယ်ခံအားမကောင်း
- လက်ညှိုးအရင်းတုန်ပြီး အဖျားရှုးနေရင် - အစာမချက်
- လက်ညှိုး တတိယအဆစ်ရူပ်ယှက်ခက်နေ - အစာအိမ်၊ လေဖြတ်
- လက်ညှိုးဘေးအကြောစိမ်းပေါ်နေ - ၀မ်းချုပ်၊ အကြောတက်၊ ခေါင်းကိုက်
- အကြောစိမ်းလက်ကောက်ဝတ်မှာပေါ် - နှလုံးရောဂါရှိ

* လက်ခလယ်
( ဦးခေါင်းကိုယ်စားပြု၊ ဦးခေါင်းမျက်လုံးနှာခေါင်းကိုယ်စားပြု )
- ဦးခေါင်း၊ မျက်လုံး၊ နှာခေါင်းနှင့်ဆိုင်

* လက်သူကြွယ်
(သည်းခြေ၊ အသည်းတို့ကို ကိုယ်စားပြု ၊ ဟော်မုန်းကဏ္ဍ)
- ခန္ဓာကိုယ်တစ်ခုလုံး အကြောထိန်းချုပ်
- အသည်း၊ သည်းခြေနှင့်ဆိုင်

* လက်သန်း
( ကျောက်ကပ်ကိုကိုယ်စားပြု၊ အူသိမ်နှလုံးအဖုံး၊ ရင်ပိုင်းအဆစ်လေပြွန်)
- ကျောက်ကပ်ကိုကိုယ်စားပြု ၊ နှလုံးအူသိမ်နဲ့ဆက်စပ်နေ
- လက်သန်းက ရှည်ဖျောင့် ပြီး လက်သူကြွယ် ဒုတိယဆစ်မှီ့နေမှကောင်း
- လက်သန်းက လက်သူကြွယ် ဒုတိယဆစ်ကိုမမှီပဲတိုနေရင် ( သရက်ရွက်မကောင်း၊ မွေးဖွား အင်္ဂါဖွင့်ဖြိုးမှုနည်း)
- လက်သန်း သိမ်လိုက်ရှုးလိုက် (ကျန်းမာရေးမကောင်း၊ ချူချာတဲ့လက်)

၅။ လက်ဝါးပြင်နှင့်အရောင်အဆင်း
လက်ဝါးပြင် ဖြူပြီးအေးစက်နေ - ကျောက်ကပ်၊ အဆုတ်၊ နှလုံး မကောင်း
လက်ဝါးပြင်အလွန်မင်းနီနေ - အဆီများ၊ သွေးတိုး၊ သွေးလည်ပတ်မှုမကောင်း
လက်ဝါးပြင် အမဲပျောက်များနေ - ဆေးလိပ်သောက်တဲ့သူ၊ သွေးကြောလေကြောပိတ်၊ အဆိပ်အတောက်များသူ
လက်ဝါးပြင် အဖြူမှာအ၀ါသန်းနေ - အသည်းလုပ်ငန်းပျက်စီး၊ အသည်းရောဂါ(အသားဝါ)၊ အစာချေဖျက်မှုမကောင်း
လက်ဝါးပြင် မဲပြီးဝါနေ - အခြေအနေဆိုး ( သွေး၊ အသည်းနှင့်ပက်သတ်)
လက်ဝါးပြင် စိမ်းပြီးညိုပုတ်ပုတ်ဖြစ် - ဦးနှောက်သွေးကြောပြတ်တက်၊ ခန္ဓာကိုယ်တစ်ခုလုံး သွေးလည်ပတ်မှုမကောင်း
အဆစ်တိုင်းမဲ၊ စိမ်း၊ စိမ်းပုတ်ပုတ်၊ ညိုပုတ်ပုတ်ဖြစ် - သွေးကြောပိတ်ဆို့မှုနည်း၊ နှလုံးကြွက် သားအားနည်း
လက်ဝါးပြင် နွေးထွေးပြီးပန်းရောင်သန်းနေ - ကျန်းမာရေးကောင်းသူ

* လူတစ်ယောက်ဟာ...
စိုးရိမ်တက်လွန်းရင် - အဆုတ်ကိုထိခိုက်
ကြောက်လန့်လွန်းရင် - ကျောက်ကပ်ကိုထိခိုက်
ဒေသကြီးလွန်းရင် - အသံကိုထိခိုက်
အပျော်လွန်ရင် - နှလုံးကိုထိခိုက်

" ကပ်စေးနှဲမုဆိုးနှင့်လူရိုင်းပုံပြင် "

ဟိုးရှေးရှေးတုန်းက တောလိုက်ထွက်တဲ့ မုဆိုးတစ်ယောက်ဟာ သားကောင်ရှာရင်းနဲ့ မျက်စိ လည် လမ်းမှားပြီးလူသားစားတဲ့လူရိုင်းတွေရဲ့ နေရာဒေသကို ရောက်ရှိသွားတယ်။ လူရိုင်တွေ ကလည်း သူတို့ရဲ့နယ်မြေကို ကျူးကျော်လာတဲ့အတွက်ကြောင့် ကြိုးနဲ့တုတ်ပြီး ဖမ်းဆီးကာ သတ်ဖို့ ပြင်ဆင်ထားကြတယ်။ သူ့ကို သတ်ခါနီးရောက်တော့ လူရိုင်းခေါင်းဆောင်ရောက်လာ တယ်။ လူရိုင်းခေါင်းဆောင်က သူ့ကိုပြောတယ်။ မင်းကို ငါတို့အခွင့်အလမ်း (၃)ခုပေးမယ်။ အဲဒီ (၃)မျိုးထဲက မင်းကြိုက်တာ (၁)ခုကိုရွေးချယ်ပါ။ နံပါတ် (၁) ဒေါ်လာ(၁၀၀) ပေးလျှင် မင်းကို ပြန်လွှတ်ပေးမယ်။ အကယ်၍ ဒေါ်လာ (၁၀၀) မပေးနိုင်ဘူးဆိုလျှင်၊ နံပါတ် (၂) ငရုတ် သီးစိမ်း (၁) ပြည်စားပြရမယ်။ စားပြီးလျှင်လွှတ်ပေးမယ်။ အကယ်၍ ဒေါ်လာ (၁၀၀) လည်းမ ပေးနိုင်ဘူး။ ငရုတ်သီးတစ်ပြည်လဲ မစားနိုင်ဘူးဆိုလျှင်၊ နံပါတ် (၃) ကြိမ်ဒဏ်အချက် (၁၀၀) အရိုက်ခံရမယ်။ ရိုက်ပြီးလျှင် မင်းကိုလွှတ်ပေးမယ်။ ကြိုက်တာကိုရွေးချယ်ပါလို့ လူရိုင်းခေါင်း ဆောင်က ပြောလိုက်တယ်။ ဒီအခါမှာ မုဆိုးက စဉ်းစားတယ်။ ဒေါ်လာ (၁၀၀) ပေးရမယ်ဆို လျှင်လည်း သူ့မှာပါလာပါတယ်။ ဒေါ်လာ (၁၀၀) ဆိုတော့ အများကြီးပဲ ငါမပေးနိုင်ဘူး။ နှမြော စရာကောင်းတယ်။ ဒါကြောင့် ငရုတ်သီးပဲစားမယ်လို့ သူကပြောလိုက်ပါတယ်။ အဲဒီလိုနဲ့ လူရိုင်းတွေက ငရုတ်သီးကို သူ့ရှေ့လာချပေးတယ်။ သူဟာ ငရုတ်သီး(၄/၅) တောင့်စားရုံနဲ့ အားအရမ်းစပ်တာပဲ။ တော်ပြီ...တော်ပြီ...ငရုတ်သီး မစားတော့ဘူး။ ကြိမ်ဒဏ်ပဲ အရိုက်ခံ တော့မယ်ဆိုပြီး ကြိမ်ဒဏ်အရိုက်ခံပြန်တယ်။ ကြိမ်ဒဏ် ကျတော့လည်း (၅) ချက်လောက် အ ရိုက်ခံရရုံနဲ့ ငယ်သံပါအောင် အော်ပြီးအားမခံနိုင်တော့ပါဘူး။ ခင်ဗျားတို့လိုချင်တဲ့ ဒေါ်လာ (၁၀၀) ပဲပေးတော့ မယ်ဆိုပြီး ဒေါ်လာ (၁၀၀) ကို ပေးလိုက်တော့တယ်။
လူရိုင်းတွေကသူ ဒေါ်လာ (၁၀၀) ပေးတဲ့အတွက်ကြောင့် သူ့ကိုပြန်လွှတ်ပေးလိုက်ပါတယ်။ ဒီမုဆိုးဟာ လုပ်သင့်လုပ်ထိုက်တာကို သိလျှက်နဲ့ လုပ်သင့်လုပ်ထိုက်တာကို မလုပ်ပဲ နှမြော တွန့်တို မိတဲ့အတွက်ကြောင့် ယခုလိုမျိုး ဆုံးရူံးခြင်းနှင့် ထိခိုက်နစ်နာမှုရှိရတာပါ။ ဒါကြောင့် သင်ဟာလည်း အထက်ပါ အဖြစ်အပျက်ကို သင်ခန်းစာယူပြီး ပေးသင့်ပေးထိုက်တာ လုပ်သင့် လုပ်ထိုက်တာတွေကို ကိုယ်ချင်းစာ နားလည်အသိစိတ်ဖြင့် ကိုယ့်ဘ၀ကိုတိုးတက်ရေးကို ရှေးရူလုပ်ဆောင်ပါတော့လို့ အကြံပြုလိုက်ချင်ပါတယ်။

" သားအဖနှစ်ယောက်နှင့်မြင်းတစ်ကောင်ပုံပြင် "

လူရယ်လို့ဖြစ်လာရင် အကဲ့ရဲ့မှလွတ်ကင်းတဲ့သူမရှိနိုင်ပါဘူး။ ကောင်းတာတွေ့လျှင်လည်း မနာလိုစိတ်ကြောင့် အကောင်းမမြင်တတ်ကြဘူး။ မကောင်းတာတွေ့လျှင်တော့ ပြောမဆုံး ပေါင် တောသုံးထောင်ထီးးဖြူဖိနပ်ပါးအောင် လှည့်ပြောရလည်း ပြောလို့အားမရကြပါဘူး။ အပြစ်တင်တတ်တဲ့လူဟာ ဘာပဲလုပ်လုပ် သူကတော့ အကောင်းမမြင်တတ်တဲ့အတွက် ကြောင့် အပြစ်ပဲမင်နေမှာပါပဲ။ လူတွေရဲ့မျက်လုံးဟာ ကိုယ့်ကိုယ်ကိုပြန် မကြည့်မိဘူး။ သူတစ် ပါးကိုပဲ အမြဲကြည့်ကာ အပြစ်ဆိုးတတ်ကြတယ်။ လောကကိုက အကဲ့ရဲ့မကင်းတဲ့ လောကမ ဟုတ်ပါလား?။ ဒီအကြောင်းနဲ့ပတ်သတ်လို့ ပုံပြင်လေးတစ်ပုဒ်ပြောပြဦးမယ်။
တစ်ခါတုန်းကပုံပြင်လေးတစ်ပုဒ်ရှိတယ်။ သားအဖနှစ်ယောက်ဟာ မြင်းတစ်ကောင်နဲ့ ခ ရီး ထွက်ခဲ့ကြတယ်။ သူတို့သားအဖနှစ်ယောက်ဟာ မြင်းကိုမစီးပဲနဲ့ ကြိုးနဲ့ဆွဲပြီးခရီးတစ်ခုကို ဆက်ကြတယ်။ ဒါကိုလူတွေက မြင်ကြတော့ သြော်...ဒီသားအဖ မြင်းတစ်ကောင် လုံး ပါလျက်နဲ့မြင်းစီးပြီးခရီးမသွားပဲ လမ်းလျှောက်သွားနေကြတယ်။ ဘယ်လိုလုပ်လိုရာခရီးကို ရောက်တော့မှာလဲ။ တော်တော်ဦးနှောက်မရှိတဲ့ သားအဖနှစ်ယောက်လို့ အပြစ်ပြောကြတယ်။ ဒါနဲ့ ဖအေကမြင်းပေါ်တက်စီးပြီး သားက မြင်းရဲ့ကြိုးကိုဆွဲပြီး ခရီးဆက်ပါတယ်။ အဲ့ဒီလိုသွား ပြန်တော့ လည်း တော်တော်အကြင်နာ တရားမရှိတဲ့အဖေ ကိုယ့်သားကျတော့ လမ်းလျှောက် ခိုင်းတယ်။ သူကျတော့ မြင်းပေါ်ကစီးဆိုပြီး အပြစ်ပြောပြန်တယ်။ ဒါနဲ့ ဖအေက မြင်းပေါ်က ဆင်းပြီး သူ့သားကို မြင်းပေါ်စီးခိုင်းကာ ခရီးဆက်ပါတယ်။ အဲဒီလို သွားပြန်တော့လည်း တော်တော်မိုက်တဲ့သား၊ ဖအေကျတော့ အောက်မှာ လမ်းလျှောက်ခိုင်းတယ်ဆိုီပြီး အပြစ်ပြော တယ်။ ဒါနဲ့ သားအဖ နှစ်ယောက်စလုံးဟာ မြင်းပေါ်တက်စီးပြီး ခရီးဆက်ပြန်ပါတယ်။ အဲဒီခါကျတော့လည်း သြော်...အကြင်နာတရားခေါင်းပါးတဲ့ သားအဖနှစ်ယောက် မြင်းပိန်ပိန် ကို လူနှစ်ယောက်စီးတယ်။ မြင်းကိုမှ မသနားကြဘူး ဆိုပြီး အပြစ်ပြောပြန်တယ်။ သားအဖနှစ် ယောက်လည်း ဘယ်လိုပဲသွားသွား အပြစ်မလွတ်တဲ့အတွက်ကြောင့် ကိုင်း...ဒီတစ်ခါတော့ အပြစ်လွတ်ကောင်းရဲ့ဆိုပြီး မြင်းကြီးကို ထမ်းစင် လုပ်ပြီး နှစ်ယောက်သားထမ်း၍ ခရီးဆက် ကြပါတော့တယ်။ အဲဒီလိုနဲ့ သိပ်မကြာခင်မှာ ရှေ့နားလောက်ရောက်ရော လူတွေအားလုံးက သူတို့သားအဖ နှစ်ယောက်ကိုကြည့်ပြီး ဟားတိုက်ရယ်မော ကြပါတယ်။ သြော်...အသိဥာဏ် မရှိ၊ တော်တော်မိုက်မဲတဲ့ သားအဖနှစ်ယောက်ပါလား။ မြင်းကိုမစီးပဲ ထမ်းစင်လုပ်ပြီးထမ်းသွား ကြတာ အသိဥာဏ်မရှိလို့ပဲဆိုပြီး အပြစ်ပြောကြပြန်တယ်။ ဒါနဲ့ သားအဖနှစ်ယောက်လည်း မြင်းကို ထမ်းစင်ပေါ်ကချပြီး အပြစ်ပြောမှာကြောက်လို့ ခရီးမဆက်တော့ပဲရောက်သည့် နေရာ မှာပင်လျှင် နေလိုက်ကြပါတော့တယ်။
လူ့ဘ၀လူလောကဆိုတာကလည်း ဘယ်လိုသွားသွား ဘယ်လိုနေနေ ဘာတွေလုပ်လုပ် အပြစ် လွတ်ကင်းတဲ့ အရပ်ဒေသရယ်လို့ မရှိပါဘူး။ ဒါကြောင့် ကိုယ့်အနေနဲ့ ကောင်းတဲ့အလုပ် ကို ကိုယ်ကိုယ်တိုင်သိပြီး ကုသလိုလ်ဖြစ်မယ့် မိမိအတွက်အကျိုးရှိမယ့် အများအတွက်အကျိုး ရှိမယ်ဆိုလျှင် လုပ်သင့်လုပ်ထိုက်တာ အားလုံးလုပ်သွားနိုင်မှ ကိုယ့်ဘ၀အဓိပ္ပာယ်ရှိမယ်။ လူရှိရင် ပြဿနာရှိမှာပဲ လူမရှိတဲ့နေရာဆိုလို့ သင်္ချိုင်းပဲရှိပါတယ်။ အဲဒီနေရာကို မရောက် သေးသရွေ့ ပြဿနာကတော့တစ်မျိုးပြီးတစ်မျိုး ရှိနေမှာပါပဲ။ ဒါ့ကြောင့်ပြဿနာတွေ အပြစ် ပြောမှာ တွေမတွေ့ပါစေနဲ့လို့ ဆိုမတောင်းပါနဲ့။ ပြဿနာကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အရည်အ ချင်းရှိတဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားသွားပါလို့ အကြံပြုချင်ပါတယ်။

မြစ်ကိုခုန်ကူးသော အဘိုးအိုသုံးယောက်ပုံပြင်
လူတွေအများစုဟာ ကိုယ့်အသိအမြင်အကြားပေါ်၌ ထင်သလိုမြင်သလို ကြားသလို အပေါ်ယံ နဲ့ပဲ သုံးသပ်ကြတယ်၊ ဆုံးဖြတ်ကြသည်။ အဖြစ်အပျက်လေးတစ်ခု ပြောပြချင်ပါတယ်။ တစ်ခါတုန်းက တက္ကသိုလ် ကျောင်းစာသင်ခန်းထဲတွင် ပါမောက္ခတစ်ဦးဝင်လာပြိး တက္ကသိုလ် ကျောင်းသား / ကျောင်းသူများရဲ့ စာသင်စာပွဲမှာ ၄ ၂ = ? နှင့်ကြားမှာ ဘာမှအမှတ်အသား မပါပါ။ ဆရာက ကျောင်းသား / ကျောင်းသူဘက်လှည့်ပြီး “ ဒါဘာအဖြေရပါသလဲ” ဖြေပါလို့ မေးလိုက်တယ်။
တချို့က ၄ - ၂ = ၂ လို့ပြောတယ်။
တချို့က ၄ + ၂ = ၆ လို့ပြောတယ်။
တချို့က ၄ x ၂ = ၈ လို့ပြောတယ်။
တချို့က ၄ ၂ = ၂ လို့ပြောတယ်။

မေးခွန်းတစ်ခုမှာ အဖြေအမျိုးမျိုးဖြစ်နေတယ်။ ပြီးမှဆရာက တပည့်များကို ပြောတယ်။ တကယ်တမ်းဆိုရင် မေးခွန်းကမပြည့်စုံဘူး။ (၄နှင့် ၂) ကြားမှာ ဘာသင်္ကေတမှ မပါဝင်ဘူးဆို တာ သတိထားဖို့လိုတယ်။ ကိုယ့်သဘောနဲ့ကိုယ့်စိတ်ထင်ရာ သင်္ကေတကိုအစားသွင်းပြီး အဖြေထုတ်နေကြတယ်။ ဒါ့ကြောင့် အဖြေကမတူဖြစ်နေကြတယ်။ တကယ်တမ်းဆိုရင် မသိ ရင်မေးရတော့မယ်။ တိတိကျကျသိပြီး အဖြေထုတ်မှသာလျှင် အဖြေမှန်ဖြစ်မယ်လို့ ပြောသွား တယ်။ ဒါ့ကြောင့် ဘယ်အလုပ်မဆို မသိရင်မေးပါ။ မေးပြီးမှလုပ်ပါ။ အထင်နဲ့ မလုပ်ပါနဲ့။ အဲဒီလို အထင်နဲ့ ရမ်းလုပ်တံ ပုံပြင်လေ တစ်ပုဒ်ပြောပြချင်ပါတယ်။
ဟိုတုန်းက ရွာတစ်ရွာနဲ့တစ်ရွာရဲ့ အနီးနားမှာ မြစ်ချောင်းတစ်ခုရှိပါတယ်။ အဲဒီမြစ်ချောင်းမှာ နေ့စဉ်ငါးမျှားတတ်တဲ့ အဘိုးအိုသုံးယောက်ရှိပါတယ်။ အဲဒီအဖိုးအို သုံးယောက်ဟာ ငါးထိုင် မျှားလို့ပျင်းလာပြီဆိုလဆင် သွေးပူလေ့ကျင့်ခန်းအနေနှင့် အဲဒီမြစ်ချောင်းရဲ့ ရေပြင်ပေါ်မှာ ဟို ဘက်ကမ်းနဲ့ ဒီဘက်ကမ်းကို ရေပြင်ပေါ်မှာ ဖြတ်လျှောက်ပြီးလွှားကနဲ လွားကနဲခုန်ကူး ပြီးသွားကြပါတယ်။ တစ်နေ့ကျတော့ လူငယ်လေးတစ်ယောက်ဟာလည်း အဲဒီနေရာနဲ့ မ လှမ်းမကန်းမှာ ငါးလာမျှားပါတယ်။ အဘိုးအိုတေါ ငါးမျှားတဲ့အတိုင်းသူလည်း လိုက်မျှားပါ တယ်။ အဖိုးအိုတွေငါးမျှားပြီးတဲ့အခါမှာ မြစ်ချောင်းရေပြင်ပေါ်မှာခုန်ခုန်ပြီး ဟိုဘက်ဒီဘက်ကူး သွားနေတာကိုတွေ့ရတော့ သူကအရမ်းအံ့သြသွားတယ်။
ဒါနဲ့သူလည်း ငါးမျှားပြီးတဲ့ အခါမှာ အဖိုးအိုသုံးယောက်လို အဖိုးတွေခုန်ကူးတဲ့ နေရာမှာသွားပြီး သူလည်းခုန်ကူးမယ်ဆိုပြီးလွှားခနဲ တစ်ချက်ခုန်ကူးပါတယ်။ သူဟာတစ်ကြိမ်ပဲခုန်လိုက်ရုံနဲ့ ရေထဲကိုကျပြီးနစ်မြှုပ် သွားပါတော့တယ်။ သူရေနစ်သွားတာကို အဖိုးအိုသုံးယောက် ငါး မျှားရာနေရာက လှမ်းမြင်ရပါတယ်။ ဒါ့ကြောင့် သူတို့သုံးယောက်ဟာ အမြန်ပြေးလာကြပြီး အဲဒီလူငယ်လေးကို အမြန်ဆယ်ကြပါတယ်။ လူငယ်လေးလည်း ရေနစ်သွာတော့ အတော် လေးလန့်သွားတယ်။ ဒါနဲ့ အဖိုးအိုသုံးယောက်က “မင်းဘာဖြစ်လို့ ရေထဲခုန်ချရတာလဲလို့မေးပါ တယ်” အဖိုးအိုတို့သုံးယောက် ငါးမျှားပြီးလျှင်ရေပေါ်မှဖြတ်ပြီး ပြေးလျှောက်နေတာတွေ့လို့ ကျွန်တော်လည်းလိုက်ခုန် ကြည့်တာပါလို့ပြောပါတယ်။
သြော်...မင်းက ငါတို့ရေထဲခုန်ကူးတာကို မြင်လို့လိုက်ကူးတာကိုး တကယ်တော့ ငါတို့ကရေ ပေါ်မှာ ပြေးလျှောက်နေတာမဟုတ်ဘူး။ တကယ်တော့ ဒီမြစ်ချောင်းဟာ ဟိုအရင်တုန်းက ဒီနားမှာရေမရှိဘူး။ အဲဒီတုန်းက ဟိုဘက်ကမ်းနဲ့ဒီဘက်ကမ်းကို တံတားပုံစံမျိုးငုတ်တိုင် အကြီး ကြီးတွေ လေးပေအကါာမှာ တိုင်တွေစိုက်ထူထားတယ်။ ယခုတော့ အဲဒီတိုင်ငုတ်ကြီးကို ရေမြုပ်သွားတဲ့အတွက်ကြောင့် ဘယ်သူမှမမြင်ရတာဖြစ်တယ်။ ငါတို့က ငယ်ငယ်လေးထဲက အခုဒီ တိုင်ငုတ်တွေပေါ်မှာ ပြေးလွှားဆော့ကစားခဲ့တာ ဖြစ်တယ်။ အခုဒီငုတ်တိုင်တွေကို ရေနစ်သွားလည်း ဘယ်နားမှာရှိတယ်ဆိုတာ မှန်းဆပြီးသိနေကြတယ်။ ဒါကြောင့် ဒီငုတ်ပေါ် ကို ငါးမျှားပြီးတဲ့အခါတိုင်း လေ့ကျင့်ခန်းအနေနဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်းခုန်ကူးတာပဲလို့ ပြောလိုက်ပါတယ်။ ဒါကို မင်းက မသိဘဲ အထင်နဲ့ ငါတို့လုပ်သလို လိုက်လုပ်တော့ ယခုလို ရေနစ်တာပေါ့လို့ ပြောလိုက်ပါတော့တယ်။ ဒါကြောင့် ကိုယ်ဟာ ကိုယလည်းဘယ်အလုပ်မဆို မှန်းတဆသိရုံလောက်နဲ့မလုပ်နဲ့။ သေသေချာချာ ဃဃနနသိမှလုပ် ရမည်ဖြစ်တယ်။ အထင်နဲ့ ရမ်းလုပ်ရင် အထက်ပါအဖြစ်လို ဆုံးရူံးနစ်နာမှုများစွာ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့ကစ ပြီးအထင်နဲ့ ရမ်း မလုပ်ပါနဲ့တော့လို့ အကြံပြုလိုက်ချင်ပါတယ်။

Thursday, December 25, 2008

"အိုအေစစ်"

click to comment

"မင်းအတွက်"

click to comment

" တိတ်တခိုးချစ်နေဦးမယ် "

click to comment

" လွတ်လပ်လေပြေ "

click to comment

" ပန်းနှင့်တူသော "

click to comment

Saturday, December 13, 2008

# ခွင့်လွှတ်ပေးပါ #

click to comment

# အနားကို မင်းပြန်လာပေးပါ #

click to comment

# မျှော်လင့်နေဆဲပါ #

click to comment

# ကိုယ့်ကံကိုယ်သာဖန်တီး #

* ကိုယ့်ကံကို ဘယ်သူကမှ လာဖန်တီးတာ မဟုတ်ပါဘူး။ ကိုယ့်ကံကိုသာ ဖန်တီးတာ။ ကိုယ် ဖန်တီးတာ ကိုယ်မသိခဲ့တာ ဖြစ်လိမ့်မယ်။
ကောင်းကံလည်း အကြောင်းကံအားလျော်စွာ ဖြစ်တယ်။ ဆိုးကံလည်း အကြောင်းကံအား လျော်စွာဖြစ်တယ်။ အကြောင်းမရှိဘဲ မဖြစ်တတ်ပါဘူး။ အကြောင်းရှိလို့ အကျိုဖြစ်တာပါ။
ကံနှင့်ကံရဲ့ အကျိုးဟာ ကိုယ်မှန်ကိုယ်စံ၊ ကိုယ်ဖြစ်ကိုယ်ခံ၊ ဘယ်သူမှ ကြားဝင်ခံလို့ မရဘူး။ ကယ်သူရှိတယ် ဆိုရင်တောင်မှ ကိုယ့်အကြွေး၊ ကိုယ့်အပြစ်က မကြေသေးရင် ကယ်လို့မရ ဘူး။ တောင်တန်းသာသနာပြု ဆရာတော်ဘုရားကြီး ဦိးဥတ္တမသာရ မိန့်ဆိုဆုံးမခဲ့တာက...
“ကံတရားကို မယုံကြည်၍ မဖြစ်ပါ။ ကံ၏သဘာဝကို ယုံသူဖြစ်စေ၊ မယုံသူဖြစ်စေ အကျိုးပေးထိုက်သော အချိန်ရောက်လျှင် အကျိုးပေးခြင်းခံကြရ၊ စံကြရသည်မှာ ဧကန်မလွဲ ဖြစ်တယ်။
လူအများက ဘယ်သူဟာကံကောင်းတယ်၊ ဘယ်သူဟာကံဆိုးတယ် ပြောဆိုလေ့ရှိကြတယ်။
ကံဆိုးခြင်း၊ ကံကောင်းခြင်းကို ဘယ်သူကမှ လာရောက်ဖန်တီးပေးခြင်း မဟုတ်ဘူး။ ကိုယ့်ကံ ကိုယ်သာလျှင် ဖြတ်တီးကြခြင်းဖြစ်တယ်”လို့ မိန့်ဆိုဆုံးမခဲ့ပါတယ်။
လူမဟန်ကံချဆိုတာ မှားပါတယ်။ ကံကိုပုံချလို့ မရပါဘူး။ လူက မဟန်လို့ ကံကချတာပါ။ ချသင့်လို့ချတာပါ။ မာန်မထအောင် ကံကချတာပါ။ ကံက မပြောချင်လို့ ကြည့်နေတာ ကြာပြီဆိုတာကို မသိရှာကြဘူး။
ကံဆိုတာ မြင်တဲ့အခါမြင့်၊ နိမ့်တဲ့အခါနိမ့်တယ်၊ ငှက်ခါးပျံသလိုပဲ၊ မြင့်တဲ့အခါမြင့်၊ နိမ့်တဲ့အခါ နိမ့်တာလည်း ကိုယ်ကဖန်တီးတာပဲ။ မျက်မှောက်ဘ၀မှာ ဖန်တီးတာ၊ သံသရာမှာ ဖတ်တီးခဲ့ တာတွေကြောင့် ဖြစ်ပါတယ်။ အနှိုင်းမဲ့သော ဗုဒ္ဓမြတ်စွာဘုရားတောင်မှ ဘုရားဖြစ်ပြီးနောက်မှာ အလောင်းတော်ဘ၀ဟောင်းက ပြုခဲ့မိတဲ့မကောင်းမှုအကုသိုလ်တွေ ဖန်တီးခဲ့မိတဲ့ အမှားတွေ ကြောင့် ၀ဋ်ကြွေးတော်ဝိပါတ်တော် (၁၂) ပါး ခံရရှာတယ်။ ဘုရားတောင်မှ ရှောင်လွှဲမလွယ် ဘူး။
ကိုယ့်ကံ ကိုယ်သာဖန်တီးတာ၊ ဘယ်သူမပြု မိမိမှုပဲ။ မိမိဖန်တီးခဲ့တဲ့ အမှုကို မိမိပဲတာဝန်ယူရ တယ်။
သုတေသီ ဘုန်းမြင့်သွေး

{ကုသိုလ်ကံကြောင့်လူဖြစ်}

လူ၊ သတ္တ၀ါဆိုတာ ကံနှင့်ကင်းလို့မဖြစ်ဘူး။ ဖြစ်ရိုးထုံးစံမရှိဘူး။
သတ္တလောကကလည်း ကံနဲ့ကင်းပြီး မဖြစ်ဘူး။ ကံဟာ နိယာမတရား။
ကံဆိုတာ အကျိုးတရားတွေဖြစ်ပွားပေါ်ပေါက်စေနိုင်တဲ့ အကြောင်းတရား ဖြစ်တယ်။
သတ္တ၀ါတစ်ခု ကံတစ်ခုဖြစ်တယ်။ ကံသာ အမိ၊ ကံသာ အဖဖြစ်တယ်။ ကံသာ အမွေ၊ ကံသာ အကြောင်းအရင်းဖြစ်တယ်။ ကံသာလျှင်း ဥစ္စာရင်း၊ ကံသာလျှင် မိဘရင်းဖြစ်တယ်။ ကုသိုလ် ကံကြောင့် လူဖြစ်လာတာဖြစ်တယ်။
လူတစ်ယောက်၊ သတ္တ၀ါတစ်ဦးမှာ သံသရာဝါဒအားဖြင့်၊ ကံပေါင်းအသင်္ချေအနန္တ မရေတွက် နိုင်အောင် များပြားလှပါတယ်။
“ သဗ္ဗေသတ္တာ၊ ကမ္မသကာ”ဆိုတဲ့ တရားသဘောကြောင့်၊ လူတွေဟာ...
(ကံ)...ပစ်ချရာ၊
(ကံ)...စီမံရာ၊
(ကံ)...ထားရာနေ၊
(ကံ)...စေရာသွား လို့သာအောက်မေ့ မှတ်ထင်ရပါမယ်။
သုတ္တန္တပိဋက ပါထေယျပါဠိတော်၊ အဂ္ဂသုသုတ်-၉၇-မှာ...
သြကာသလောကဟု ဆိုအပ်သော၊ ကပ်ကမ္ဘာတည်းဦးအစက၊ အာဘဿရဗြဟ္မာဘုံမှ၊ စုတေခဲ့၍- ကံအားလျော်စွာ၊ ဤလူ့ဘုံသို့ ဥပါတ် ပဋိသန္ဓေအားဖြင့်၊ လူသတ္တ၀ါ ဖြစ်ပေါ်လာ သည်။
ထိုလူသတ္တ၀ါတို့သည်၊ နှစ်ပေါင်းများစွာ ကြာမြင့်သောအခါ (ခတ္တိယ)၊ (ဗြဟ္မာဏ)၊ (ဝေဿ)၊ (သုဒ္ဓ) ဟူ၍ အမျိုး (၄)ပြား ဖြစ်သည်။
ထိုသူတို့တွင်...
- အချို့ကား ကာယသုစရိုက် စသည်ကို ပြုကျင့်သည်။
- အချို့ကား ကာယဒုစရိုက် စသည်ကို ပြုကျင့်သည်။
- အချို့ကား သုစရိုက်၊ ဒုစရိုက်နှစ်ပါးလုံး ပြုကျင့်သည်။
ထိုတွင် သုစရိုက်ကျင့်သုံးဆောက်တည်သော လူသတ္တ၀ါတို့သည် သေလွန်သောအခါ ထိုသုစ ရိုက်ဖြစ်သော ကုသိုလ်ကံကြောင့်၊ လူ့ပြည်နတ်ရွာ ဟူသော သုဂတိဘုံသို့ ရောက်ကြသည်။
ဒုစရိုက်ကျင့်သုံးသော သတ္တ၀အတို့ကား- သေလွန်သောအခါ ထိုဒုစရိုက်ဖြစ်သော အကုသိုလ် ကံကြောင့် ဒုဂ္ဂတိဘုံသို့ ရောက်ကြသည်။
သုစရိုက်၊ ဒုစရိုက် နှစ်ပါးကို ရောနှောပြုကျင့်သော သူတို့မှာကား လျော်စွာ သုဂတိဘုံသို့ ရောက်သော်လည်းကောင်း၊ ဒုဂ္ဂတိဘုံသို့ရောက်သော်လည်းကောင်း၊ သုခ ဒုက္ခနှစ်ပါးသော အကျိုးကို ခံစားရ၏ ဟူ၍ ဆိုထားပါသည်။
ကုသိုလ်ကံကြောင့် လူဖြစ်ရခြင်းကို ယုံမှားသံသယ ဖြစ်စရာမလိုပါ။
လူဖြစ်ချင်၊ နတ်ဖြစ်ချင်၊ ဗြဟ္မာဖြစ်ချင်လျင် ကုသိုလ်ကို များများစုဆောင်းထားရမှာ ဖြစ်ပါ တယ်။ ရတောင့်ရခဲ လူ့ဘ၀ကို ရသောအချိန်မှာ ကုသိုလ်နည်းနည်းယူမလား။ ကုသိုလ်များ များယူမလားဆိုတဲ့ ကိစ္စမှာ ပြတ်သားရပါမယ်။
လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ ဖြစ်ချင်ဆန္ဒပြင်းပြရင်တော့၊ ကုသိုလ်ကံကို ဖန်တီးပြီး ရင် ဖန်တီး၊ တည်ဆောက်ပြီးရင် တည်ဆောက်ရမှာ ဖြစ်ပါတယ်။
ကမ္ဘာမြေပြင်ပေါ်မှာ ဖြစ်ရန်ခက်ခဲတဲံ လူသားတစ်ယောက်ဖြစ်လာသည့်တိုင်အောင် (ကံချင်း) (ဥာဏ်ချင်း) (၀ီရိယ) တွေကွာခြားသလောက်၊ အဆင့်အတန်းချင်းလည်း ကွာခြားတတ်လေ တယ်။
* ယုတ်မြတ်များစွာ၊ သတ္တ၀ါအား
ကံသာမယွင်း၊ တောင်းဆိုခြင်းသည်
ကြောင်းရင်း ကမ္မသကာတည်း။

သုတေသီ ဘုန်းမြင့်သွေး

်[ဘ၀တွက် အရေးအပါဆုံးကံ]

* အတိတ်နဲ့ အနာဂတ်က စကားအဖြစ်သာ ပြော၍ဖြစ်ပြီး၊ တကယ်အလုပ်လုပ်နိုင်သောအချိန် မှာ မဟုတ်။ တကယ်ပိုင်၍ တကယ်အလုပ်လုပ်နိုင်သော အချိန်မှာ ပစ္စုပ္ပန်သာတည်း။
(ယောဆရာတော်ဘုရားကြီး)
* အတိတ်ပြည်ဖုံးကားကြီးက ချခဲ့ပြီးပါပြီိ၊ ငိုလိုက်ရ၊ ရယ်လိုက်ရ အမျိုးမျိုးအဖုံဖုံ ဇာတ်လမ်းစုံ ခဲ့ပြီးပြီး။ ပြန်လိုချင်၊ ကြည့်ချင်လို့ကောရမတဲ့လား။ အတိတ်ကံက အရိပ်လိုလိုက်တယ်ဆိုတာ ကိုရော ကိုယ်မြင်းရပါ့မလား။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ရပြီလေ။
အတိတ်က ပြီးပါပြီလို့ စာတမ်းထိုးခဲ့ပြီးပြီ။ ပြန်လိုချင်လို့မရ၊ မြင်ချင်လို့မရ၊ ဝေးခဲ့ရပြီ၊ ခွဲခဲ့ရပြီ၊ အတိတ်ကို စွဲလန်းနေတာ အပိုအလုပ်ပါ။ ဟိုတုန်းကဆို၊ ဟိုတုန်းကပဲဖြစ်တယ်။
ကိုယ့်ဘသာကိုယ်လုပ်ခဲ့တဲ့ကံ၊ ကိုယ်ကံအတွေပဲ။ ကိုယ်လုပ်ခဲ့တာက အတိတ်ကံ၊ ပစ္စုပ္ပန်တာ က ပစ္စုပ္ပန်ကံ၊ ကိုယ်လုပ်ခဲ့သမျှ ကိုယ်ပိုင်ဆိုင်တဲ့ကံပဲ၊ ကုသိုလ်လည်း ပြုခဲ့တာကိုယ့်ကံ၊ အကု သိုလ်လည်းပြုခဲ့မိတာ ကိုယ့်ကံ။
* အတိတ်ကိုလည်း မပြန်နဲ့၊ အနာဂတ်ကိုလည်း မကြံ့နဲ့၊ မစ္စုပ္ပန်တည့်တည့်ထား အတိတ်ပြန် တော့ ဒေါသဖြစ်တယ်၊ အနာဂတ်ကြံတော့ လောဘဖြစ်တယ်။ ဒါကြောင့် ပစ္စုပ္ပန်ကာလသည် သာ အရေးကြီးတာ၊ ၀ိပဿနာလုပ်တဲ့အခါမှာလည်း ပစ္စုပ္ပန်ရောက်တဲ့အချိန်သာ ရောင့်ရဲတင်း တိမ်မယ်ဆိုရင် အမှန်ချမ်းသာတယ်။
(စွန်းလွန်းဆရာတော်ဘုရားကြီး )

စာရေးသူတို့ ငယ်စဉ်က ရေဒီယိုက မကြာခဏ လွှင့်တတ်တဲ့ သီချင်းတစ်ပုဒ်ရှိတယ်။ အဆို တော်ကိုတော့ မမှတ်မိတော့ဘူး။ သီချင်းအစက....“အတိတ်ကို အတိတ်မှာပဲ...ထားခဲ့ပါရစေ လား...နှောင်းခဲ့တဲ့သစ္စာ ရှင်ကြီးရယ်...ပြန်ခါလှန်ခါ မတွေးပါရစေနဲ့ကွယ်” တဲ့
ဟုတ်ပါတယ်။ အတိတ်ကို အတိတ်မှာထားပါ၊ မတွေးပါနဲ့၊ ပြန်ခါလှန်ခါတွေးရင် ပျော်စရာတွေး မိလည်းဝမ်းနည်းတသမိတာပဲ။ ဒုက္ခရောက်ခဲ့တာပြန်တွေးမိတော့လည်း အတိတ်သောကကို ပြန်ဆွတော့၊ ဝေဒနာထလာပြန်တယ်။ မတွေးတောတာ အကောင်းဆုံးဖြစ်တယ်။ ဆွရင် ထစမြဲ။
အတိတ်က သူစာသူနေခဲ့ပြီ၊ အိပ်ပျော်နေပြီ၊ အနာဂတ်က မလာသေးဘူး။ လာမှမလာသေး တော့ မတွေ့သေးဘူးပေါ့၊ မတွေ့သေးတာကို ဖြူလား၊ မဲလား တေါးမထင်နဲ့၊ ပူးမလား၊ အေးမလား၊ လျှောက်မတွေးနဲ့။ ဦးနှောက်စားတယ်။ အနာဂတ်ကို ကိုယ်ဘာမှ မပိုင်ဘူး။ ပိုင်တာနိုင်တာက ပစ္စုပ္ပန်။ ပိုင်တာနိုင်တာ ပစ္စုပ္ပန်ကံဟာ ဘ၀မှာ အရေးပါဆုံး ကံ။
-ပစ္စုပ္ပန်ကံသာ တစ်
-ပစ္စုပ္ပန်ကံသာ နှစ်
-ပစ္စုပ္ပန်ကံသာ သုံး ရယ်လို့ ပုံသေထုံးကို မှတ်သားပါ။
အရှေ့မျှော်ပြီး၊ စိုးရိမ်ကြောင့်ကြတာ၊ နောက်ပြန်ကြည့်ပြီး၊ နောင်တရတာတွေဟာ ပစ္စုပ္ပန်ကို လစ်လျူရှုပြီးတော့ စိတ်ကူးယဉ်တာတွေပဲ။ အကျိုးမထူး၊ အရှုးအလုပ်၊ ဟုတ်မှဟုတ်။ အကျိုးမ ထူးရုံမက အကျိုးပါပျက်သဗျ။
“ အနာဂတံ ဘယံဒိသွာ”
အနာဂတ်ဘေးကို ကြည့်လုပ်ဆိုတာက၊ ပစ္စုပ္ပန်ကောင်းနေအောင် လုပ်ခိုင်းတာလို့လည်းဆိုလို့ ရပါတယ်။ ပစ္စုပ္ပန်ကံ မှန်သမျှ၊ သန်သမဆ အနာဂတ်ဟာ မနာပါဘူး။ သာမှသာဖြစ်မှာ။ အနာ ဂတ်ရှယ်ပဲ၊ ရှယ်အနာဂတ်ပဲ၊ အနာဂတ်မှာ ဇွန်းကလေးတပ်ပြီးသား။
“အတိတ်ကံဆိုတာက...
အပစ္စက္ခ အတိတ်ကံ
ပစၥက ၡအတိတ္ကံ
အမီပ အတိတ်ကံလို့ သုံးမျိုးသုံးစား၊ အတိတ်ကံ သဘောတရားရှိပါတယ်။
သ့သရာရဲ့အစမှ ယခုဘ၀မတိုင်မီ ကာလတိုင်အောင အပစ္စက္ခအတိတ်ကံ၊ အဲသည်အတိတ် ကံကို လူသားတိုင်း ဖြစ်ဖို့ရန်မလွယ်ကူဘူး။
ယခုဘ၀မှစ၍ ယမန်နေ့တိုင်အောင် အတိတ်က ပစ္စက္ခအတိတ်။
ပစ္စုပ္ပန်တည့်တည့်မရောက်မီ ယနေ့ပြုလုပ်သော အတိတ်သည် အမီပ အတိတ်။
အတိတ်ဟာ ပစ္စုပ္ပန်ရဲ့ ရွေ့လျားခြင်းပဲဖြစ်တယ်။ ပြုလုပ်ပြီးးသား အတိတ်ကံကို ချေမှုန်း၍ လည်းမရ၊ ခြယ်သ၍ လည်းမရ။ အတိတ်ကံကို အနှိုင်းမဲ့သော ဗုဒ္ဓမြတ်စွာကလွဲလို့ တစ်စုံတစ် ယောက်မှ မသိနိုင်ဘူး။
“ကံကောင်းလွန်းရင်၊ ကံဆိုးလိုက်လာတယ်” ဆိုတာမှားတဲ့အယူအဆ၊ အပြောအဆိုပါ။ လက်ခံယုံကြည်ဖို့ခက်တယ်။
ပစ္စုပ္ပန်ကံတွေကောင်းနေရင်၊ အနာဂတ်ကို ကံဆိုးလိုက်မလာနိုင်ပါဘူး။ တစ်ခုပဲရှိတယ်၊ အဲ သည်တစ်ခုကတော့ ကိုယ့်မမြင်မသိတဲ့ အတိတ်ကံဆိုးဝဋ်ကြွေးက အချိန်ရောက်လာလို့ အခါတော်ပေးလာရင်တော့ လက်မခံချင်လို့ မရဘူးလေ။ ကိုယ်ယူထားတဲ့ အကြွေး၊ အတိုးရော အရင်းပါ ဆပ်ရလိမ့်မယ်။
ဘယ်လိုပဲ အတိတ်ကံဆိုးတွေ၊ ကောင်းတွေရှိနေသော်လည်းပဲ...
* The most important tine was now *
အရေးအကြီးဆုံးအချိန်ဟာ ယခုပဲ။
သေသေချာချာစဉ်းစားကြည့်ပါ။ ယခုအချိန်ထက်ပိုပြီးအရေးကြီးတဲ့ အချိန်ရှိလို့လား။ နောင်မှ အရေးကြီးမှာဆိုတာ မဖြစ်နိုင်ဘူး။ ယခုအချိန်ကို ဂရုစိုက်ရင် ပစ္စလက္ခထားရင် သေတောင် သေနိုင်တယ်။
ဘယ်လိုဆင်းရဲနေနေ၊ ဘယ်လိုသာမန်အမျိုးအနွယ်ကပဲဖြစ်ဖြစ်၊ ဘယ်သူက မွေးလာမွေးလာ၊ စိတ်ရင်ကောင်းရှိပြီး၊ ပစ္စုပ္ပန်ကံ၊ ကြိုးစားမှု၊ လုံ့လရှိရင် သူ့ကိုလေးစားရမယ်၊ အထင်သေးလို့မရ ဘူး။
ပစ္စုပ္ပန်ကံကြိုးစားမှုက အနာဂတ်ကောင်းစားရေးပဲ။ အနာဂတ် ကောင်းစားရေးအတွက် ပစ္စုပ္ပန် ကာလမှာ(၁)လွန်ကဲသောဆန္ဒကောင်း၊ (၂)ပြင်းထန်တဲ့ လုံ့လ၀ီရိယ၊ (၃)ထက်သန်လွန်းတဲ့ စိတ္တ၊ (၄)သတိဦးစီးတဲ့ ပညာတွေနဲ့ လုပ်နေပါ။ ပစ္စုပ္ပန်ကုသိုလ်ကံဖြစ်တဲ့ လက်ငင်းလက်တွေ့ ကောင်းကံကို အမြဲဖြစ်အောင် “သတိ”မပြတ် ပြုပြင်နေရမယ်။
သတိမတိမ်း စောင်းရအောင် ကံဗိန်းမောင်း အမြဲတီးနေရမယ်။ ပစ္စုပ္ပန်ကံကောင်းရေးမှာ သတိ အရေးကြီးဆုံးပဲ။
ပစ္စုပ္ပန်ကံအတွက် ကိုယ့်စိတ်ကို ကိုယ်သတိထားနေပါ။ မိမိကိုယ်နှင့်စိတ်ကို ထိန်းချုပ်၊ ချုပ်တီး ခြင်းသာ မိမိရဲ့အကျိုး သူတစ်ပါးအများ အကျိုးတို့ကို ဆောင်ရွက်နိုင်မယ်၊ စိတ်ကိုနိုင်မှ ကိုယ် ကိုနိုင်မယ်၊ စိတ်မခိုင်လျှင် ကိုယ်ကိုမနိုင်ဖြစ်မယ်။
သတိရှိတဲ့ စိတ်သည်သာ ပဓာနဖြစ်တယ်။ စိတ်(မိမိစိတ်)ကို နိုင်အောင်၊ ထိန်းသိမ်းနိုင်ရန် အမြဲကြိုးစားနေရမယ်။
နေ့စဉ်မပြတ်၊ စက္ကန့်နာရီမပြတ် သတိနှင့်ဆန်းစစ်ပြီးနေရမှာဖြစ်တယ်။ ကိုယ့်စိတ်ကို ကိုယ်သ တိထားတာ ပစ္စုပ္ပန်ကောင်းကံပြုတာ့ပဲ။
သတိဟာ အရာရာမှာ လိုအပ်တယ်၊ သတိဟာ ထန်းသိမ်းထားဖို့ မလွယ်သောအရာဖြစ်တယ်။ မကြာခဏလွတ်သွားတတ်တယ်၊ သတိလွတ်တဲ့အခါ ကံအမှားကို ပြုမိမှာပဲ။
အဲဒါကြောင့် သတိရှိဖို့ အမြဲတစေ မိမိကိုယ်ကို မိမိ သတိပေးနေရပေမယ်။ သတိကို အမြဲတ စေ မွေးနေဖို့လိုတယ်။ သတိကို မိမိရင်မှာ အသက်ရှုခြင်းကို အမြဲပြုနေ သလိုပဲ၊ အမြဲတမ်း သတိရှိဖို့ လိုပါလိမ့်မယ်။
* သတိရှိဖို့ သတိီရှိနေရမယ်။ အသိဥာဏ်၏ အရင်ခံဟာ သတိဖြစ်တယ်။
ကံပြင်နိုင်အောင် ဥာဏ်လည်းပြင်ပေးရမယ်၊ ဥာဏ်ကောင်းဆင့်မှ ကံကောင်းမြင့်မယ်။
လူဟာ ကိုယ်ကံတရားနှင့်သာ ကိုယ်လူဖြစ်လာရတာပါ။ အဲသည်လိုမို့ ကိုယ်ကံသဘော ကိုယ် သာဆောင်တယ်၊ မမြင်ရသော အတိတ်ကံဆိုတာကို မေ့ထားပြီး လက်ငင်းလက်တွေ့ကံများ ကိုအားကောင်းလာအောင် ပြုရပေမယ်။
* ကိလေသာကောင်းအောင်လုပ်ဖို့အတွက်
ရတနာသုံးပါးအားထားစရာရှိနေခြင်းက
“ကံ” ကောင်းလှပါတယ်။
ပစ္စုပ္ပန်ကြီးပွားဖို့
ဥာဏ် ၀ီိရိယမွမ်းမံလိုက်ရင်
အတိုင်းထက်အလွန်ဖြစ်ပါတယ်။ *
ပစ္စုပ္ပန်ကြီးပွားဖို့၊ ပစ္စုပ္ပန်ကံကောင်းပြုဖို့ ဥာဏ်ဝီရိယအင်နှင့်အားနှင့် ဖြည့်ရမှာ ဖြစ်ပါတယ်။
လူသားတို့ဟာ၊ မိမိအကြောင်းတရားအတိုင်းရရှိထားသော ပစ္စုပ္ပန်အကျိုးတရားအပေါ်ခံစား၊ ခံစားဖို့ နေတတ်၊ ထိုင်တတ်ရန်လည်း လိုအပ်ပေတယ်၊ နေတတ်ထိုင်တတ်၊ ခံစားတတ်မှ လည်း စိတ်၏အေးငြိမ်မှု (Peace of Mind) ကို ရရှိလွယ်ပါလိမ့်မယ်။
ပစ္စုပ္ပန်မှာ က္ကနြေ္ဒတို့ကို စောင့်စည်းခြင်းမပြုဘဲ၊ ပရမ်းပတာ ထင်ရာစိုင်းနေသူဆိုရင် ဘယ်ချမ်း သာမှ ခံစားရမှာ မဟုတ်ပါဘူး။
ပစ္စုပ္ပန်က္ကနြေ္ဒတို့ကို စောင့်စည်းနိုင်သူနှင့် မစောင့်စည်းနိုင်သူတွေဟာ၊ အနာဂတ်မှာ အကျိုးပေး ခြင်း၊ ကွာခြင်းမက ကွာသွားမှာပါပဲ၊ လှပတဲ့ အနာဂတ်ကို မရနိုငဘူး။
လူမှာ အတိတ်ကံကောင်းရှိပေမယ့် ဥာဏ်၊ ၀ီရိယနဲ့ ပစ္စုပ္ပန်ကံကြိုးစားမှု ရှိမှသာ ကြီးပွားအောင် မြင်တိုးတက် အထွတ်အထိပ်ရောက်မယ်။
အတိတ်ကံကောင်းနဲ့ ပစ္စုပ္ပန်ကံကောင်း နှစ်ခုပေါင်းဖြစ်ခဲ့ရင် အောင်မြင်မှုစံချိန် မြင့်မားကြီးမြင့် မှာ ဖြစ်တယ်။
ပစ္စုပ္ပန်ကံသဘောတရားသာ လက်ငင်းလက်တွေ့ရှိတာ မဟုတ်ဘဲ၊ မမြင်ရတဲ့ အတိတ်ကံသ ဘောတရားလည်း ရှိပါတယ်။ ဘ၀သံသရာမှာကိုယ့်ရဲ့ ကောင်းမှုပြုခဲ့တဲ့ ကုသိုလ်ကံတွေလည်း ပဲ ရှိတာပါပဲ၊ အကုသိုလ်ကံတွေလည်းပဲ ရှိတာပါပဲ။ ဒါတွေမြင်လည်း မမြင်နိုင်၊ သိလည်း မသိနိုင် ပါဘူး။
ဘ၀အဆက်ဆက်၊ ကံကျိုးကံနာလည်းရှိ၊ ကံကောင်ကံမြတ်လည်း ရှိခဲ့တယ်။
မမြင်ရတဲ့အတိတ်ကံကို အားမကိုးဘဲ၊ မြင်နိုင်တဲ့ ပစ္စုပ္ပန်ကံကိုသာ အားကိုးရမယ်၊ ပစ္စုပ္ပန်ကံကို ထောက်ကူပါ၊ အတိတ်ကံကို ပွင့်လာအောင်လုပ်ရမယ်၊ အတိတ်ဟောင်းက ကုသလိုလ်ကံစာ ရေလာမြောင်းပေးလုပ်ရင် ထွက်လာလိမ့်မယ်။

* (မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး) က...
“ဘုန်းကံဆိုတာ၊ ရှေးကပါခဲ့ပေမယ့် ရေလာမြောင်းပေးလိုပ်မှလည်း ကောင်းကျိုးရှိရာ၊ ကောင်း ကျိုးလာပြီး မကောင်းမှုရှိရာ၊ မကောင်းကျိုးလာတာဖြစ်တယ်”လို့ ဆိုမိန့်တယ်။
ရေလာမြောင်းပေးလုပ်တာ ပစ္စုပ္ပန်ကံနဲ့ လုပ်ရတာဖြစ်တယ်၊ အဲသည်ကံဟာ ကံတွေထဲမှာ အရေးပါဆုံးဖြစ်တယ်၊ ကံဆယ်မှ ကံကယ်တြ့သဘောတရားကို စဉ်းစားတွေးခေါ်ရင် လူတွေ မှာမမြင်ရတဲ့ အတိတ်ကံတွေက စီမံခြယ်လှယ်နေမှုလည်း ရှိတယ်ဆိုတာ သိသာတယ်။
လူတွေကို လက်ငင်း၊ လက်ရှိ၊ လက်တွေ့၊ ပစ္စုပ္ပန်ကံတွေက ခြယ်လှယ်သလို၊ မမြင်ရတဲ့ အတိတ်ကံကလည်း ခြယ်လှယ်တယ်။
အဲသည်လိုရှိပေမယ့် မမြင်ရတဲ့ကိစ္စကို မစဉ်းစားဘဲ၊ မြင်ရတာ စဉ်းစားရမယ်။
ပစ္စုပ္ပန်ကံရဲ့ အကျိုးကို လက်တွေ့၊ မျက်တွေ့ လက်ငင်းခံစားနေရတဲ့ အဖြစ်တွေ၊ လူဘ၀ ဇာတ်ခုံမှာ ကပြလှုပ်ရှားနေတာ မြင်တွေ့နိုင်ပါတယ်။
မြင်၊ တွေ့၊ ကိုင်လို့ရတဲ့ ပစ္စုပ္ပန်ကံကို မပေါ့ဆမိဖို့ သတိကြီးစွာ ထားရပါမယ်။
အတိတ်ကိုလည်း မဆိုင်တော့ဘူး၊ အနာဂတ်ကိုလည်း မပိုင်သေးဘူး၊ ပိုင်တာဆိုင်တာ ယခုအ ချိန်ဖြစ်တယ်။ ပိုင်ဆိုင်တဲ့ကံကလည်း ပစ္စုပ္ပန်ကံ။
ပစ္စုပ္ပန်ကံကို သတိအလိမ္မာဥာဏ်ပညာနှင့် တည်ဆောက်ယူရမှာ ဖြစ်တယ်။
သတိအရေးကြီးတာက အနိုင်းမဲ့သော ဘုရားရှင်ပင် မဟာပရိနိဗ္ဗာန် စံဝင်တော်မှုခါနီးမှာ မိန့်မြွက်မှာကြားတော်မှုခဲ့ ရှာပါတယ်။
“သတိဥပဋ္ဌပေတဗ္ဗောအာနန္ဒ”တဲ့။ နောက်ဆုံးပစ္ဆိမ ဗုဒ္ဓစနကတော့။ အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ ပြီးတော့...“သတဉ္စဓွာယံ၊ ဘိက္ခတ္ထိကံ ၀ါးဒမိ”လို့လည်း မိန့်မြွက်ခဲ့တယ်။
သတိရှိရင်မကောင်းတာ၊ မှားတာ၊ မေ့တာ မဖြစ်နိုင်ဘူး၊ မကောင်းတာ မလုပ်မိဘူး၊ ကောင်း တာတွေလုပ်တော့ မကောင်းတာတွေ မဖြစ်တော့ပါဘူး။
ဒုစရိုက်ဆယ်ပါးက လွတ်ကင်းတဲ့အသက်မွေးမှု၊ ပစ္စည်းဥစ္စာရှာမှု၊ ပညာသင်ကြားခြင်း၊ လိမ္မာ ယဉ်ကျေးမှု စတဲ့ ပစ္စုပ္ပန်ကံတွေဟာ ယခုဘ၀မှာ အကျိုးပေးပါတယ်။
ပစ္စုပ္ပန်ကံဟာ အရေးကြီးလှတယ်။ ပစ္စုပ္ပန်ကံကိုပြုရင်၊ အကယ်၍ အတိတ်ကံမကောင်းလို့ ယခုဘ၀မှအကျိုးမပေးနိုင်တဲ့တိုင်အောင် နိဗ္ဗာန်မရမီစပ်ကြား နောက်ဘ၀အဆက်ဆက်တွေမှာ အတိတ်ကံအဖြစ်နဲ့ အကျိုးပေးနိုင်ပါတယ်။ ပစ္စုပ္ပန်ကောင်းကံဟာ အချည်းနှီးဖြစ်မသွားပါဘူး။
အတိတ်ကံမကောင်းပေမယ့် ပစ္စုပ္ပန်ကံက အနည်းအပါးဆိုတဲ့ အတိတ်ကံကို ဆိုးကျိုးမပေးနိုင် အောင် တားမြစ်ပေးတယ်။
အတိတ်ကံကောင်းပေမယ့် ပစ္စုပ္ပန်ကံခုခံလို့ အတိတ်ကံ အကျိုးမပေးနိုင်တာတွေလည်း ရှိ တယ်။
လက်ငင်းဒိဋ္ဌကျိုးရတဲ့ ကံ၊ ကံရဲ့အမည်နာမက “ဒိဋ္ဌဓမ္မဝေးနီယ”လို့ခေါ်တယ်။
ပစ္စုပ္ပန်ယနေ့ ယခုပြုခဲ့တဲ့ စေတနာကံတွေဟာ လက်ငင်းချက်ချင်းပဲ၊ ယခုဆိုသလို အကျိုးပေါ် တဲ့ သာဓက တွေရှိပါတယ်။
* ဂေါပါလမာတာ အမျိုးသမီးဟာ မိမိဆံပင်ရောင်းရငွေနဲ့ ရှင်းကစ္စည်းစတဲ့ မထေရ်ကို ဆွမ်းဘောဇဉ် ပေးလှူတဲ့အတွက် အဲသည်နေ့မှာပဲ စန္ဒပဇ္ဇောတမင်းကြီးရဲ့ မိဖုရားဖြစ်သွားခဲ့ တယ်။ ချက်ချင်းလက်ငင်းနေ့ချင်းအကျိုးရတာပါပဲ။
* မလ္လိကာဒေ၀ီဟာ မြတ်စွာဘုရားကို မုယောမုန့်ပေးလှူတဲ့အတွက် အဲသည်နေ့မှာပဲ ကောသ လမင်းကြီးရဲ့ မိဖုရားခေါင်ကြီးအဖြစ်ရတယ်။ နေ့ချင်းပဲ။
* ဧကသာဋကပုဏ္ဏားက အပေါ်ရုံပုဆိုးကို ဘုရားရှင်အားပေးလှူတဲ့အတွက် အဲသည်နေ့မှာပဲ ဆင်နဲ့ရတနာတွေ ဖြစ်ပေါက်ရောက်လာတယ်။ ပုဏ္ဏားလည်း နေ့ချင်းရတာပဲ။
* ကျွန်မောင်ပုဏ္ဏားဟာ နိရောဓသမာပတ်က ထပြီးစဖြစ်တဲ့ အရှင်သာရိပုတ္တရာကို နံနက်စော စော မျက်နှာသစ်ရေ လှူတယ်။ မယားဖြစ်တဲ့ ဘာရိတာကလည်း ဆွမ်းလှူတယ်။ အဲသည် ကုသိုလ်ကြောင့်ပဲ ထွန်စာခဲများက ရွှေတုံးရွှေခဲတွေဖြစ်လာပြီး မြေကြီးက ရွှေသီးလို နေ့ချင်းပြီး သူဋ္ဌေးကြီး ဖြစ်သွားလေသတည်း။
* ကာက၀လိယမယားဟာ နိရောသေမာပတ်မှ ထပြီးကာစဖြစ်သော အရှင်မဟာကဿပမ ထေရ်ကြီးအား ယာဂုဆွမ်းလှူတယ်။ အဲသည်ကံကြောင့် ခုနှစ်ရက်အတွင်း ရွှေအိုးငွေအိုးတွေရ ပြီး သူဋ္ဌေးဖြစ်သွားတယ်။ တစ်လတောင် မကြာဘူး၊ ခုနှစ်ရ်တစ်ပတ်အတွင်း ချမ်းသာခဲ့တယ်။
* သူပ္ပိယဥပါသိကာမဟာ ဂိလာနရဟန်းတစ်ပါးကို မိမိရဲ့ပေါင်သားဟင်းချက်လှူတဲ့အတွက် နှစ်ရက်နေ့မှာပင် အသားတွေအသားနုတက်ပြီး ပြန်ပြည့်သွားပါတယ်။
ကိုယ့်ကိုသလိုလ်ကံ၊ ကိုယ့်ထံပြန်တဲ့ ပစ္စုပ္ပန်ကုသိုလ်ကံတွေပြုလို့ ချက်ချင်းလက်ငင်းအကျိုးရ တစ်မျိုးလှတဲ့ သာဓကတွေပါ။ ကျန်တဲ့အဖြစ်အပျက်တွေလည်း အများကြီးကို ရှိပါသေးတယ်။
လောလောလတ်လတ် အသက်ရှင်သန်နေသေးတဲ့ ပစ္စုပ္ပန်မှာပဲ၊ အကုသိုလ်ကံပြုလို့ ချက်ချင်း ဒုက္ခရောက်တာတွေလည်း ရှိပါတယ်။
* နန္ဒဆိုတဲ့ ဘီလူးဟာ အရှင်သာရိပုတ္တရာရဲ့ ဦးခေါင်းပြောင်ပြောင်ကို တင်းပုတ်နဲ့ တအားထု တယ်။
အဲသည်ကံကြောင့် ပူလှချည့်၊ လောင်လှချည့် တစာစာအော်ရပြီး အ၀ီစိငရဲကိုကျတယ်။
* နန္ဒလုလင်ဟာ ဥပ္ပလ၀ဏ်ထေရီမကို မတရားပြုကျင့်တဲ့ကံကြောင့် နေ့ချင်းကိုချက်ချင်း မြေမျိုခံရပြီး သေဆုံးသွားတယ်။ ယုတ်မာလွန်းတဲ့ အကုသိုလ်ကံသမားကို မြေကြီးက လက်မခံဘူး။
* နွားသတ်သမားတစ်ယောက်ဟာ အနှစ်ငါးဆယ်ပတ်လုံး နွားသတ်ပြီး အသက်မွေးတယ်။ တစ်နေ့တော့ ထမင်းပွဲမှာ အမဲစားဟင်းမရှိဘူး၊ အဲသည်မှာ နွားအရှင်တစ်ကောင်ရဲ့လျှာကို ဓားထက်ထက်နဲ့ လှီးဖြတ်လိုက်တယ်၊ ပြီးတော့ အမြန်လိုလို့ မချက်တော့ဘဲ မီးပူရဲရဲမှာ ကင်တယ်။ စားလည်းစားရော သူ့လျှာပြတ်ကျပြီးသေတယ်၊ သေတော့ အ၀ီစိငရဲကို တန်းရောက်တယ်။
ကိုယ့်ကုသိုလ်ကံ ကိုယ့်ထံချက်ချင်းပြန်တာ၊ ယခင်ကလည်းရှိတယ်၊ ယခုကာလမှာလည်း ရှိတယ်။
ပစ္စုပ္ပန်ကံ၊ ယခုကံကို တစ်ခုမှမမှန်အောင်လုပ်ရင် အဲသည်ပုဂ္ဂိုလ်ဟာ ထောင်ထဲကို အကြိမ်ကြိမ်ဝင်နေရမှာ ဖြစ်တယ်။
ဥပဒေဘောင်မကျော်တဲ့ ပစ္စုပ္ပန်မကုသိုလ်ကံလုပ်ရင်လည်း လူတွေက သွေဖယ်ခြင်းခံရပြီး ဆင်းရဲမွဲတေနေမှာပါ။
မကောင်းကျိုးမှန်သမျှကို ဖြစ်ပွားစေတတ်တဲ့ စေတနာဆိုးရဲ့သတ္တိကို မှတ်မိအောင်မှတ်ပါ။
တမလွန်မှ ငရဲရှိတာမဟုတ်ပါ။ လောကီလောက ငရဲဆိုတာလည်း လက်တွေ့ရှိပါတယ်။
အကျဉ်းထောင်ဆိုတာ လောကငရဲသားတွေကို ထားတဲ့နေရာတစ်နေရာ ဖြစ်တယ်။
ပစ္စုပ္ပန်အကုသိုလ်ကံသတ္တိထူးမျိုးက နေ့ချင်းညချင်း အကျိုးပေါ်တာလည်းရှိတယ်။ တစ်ပတ်အ တွင်း၊ တစ်လအတွင်း၊ တစ်နှစ်အတွင်း၊ အကျိုးပေါ်ဒဏ်ခံရတာလည်း ရှိတယ်။
သူများပစ္စည်းနှိုက်လို့၊ ခိုးလို့ ချက်ချင်းအရိုက်ခံ၊ မဖမ်းခံရတာမြင်ဖူးတွေ့ဖူးကြမှာ ဖြစ်တယ်။
ပစ္စည်းအလွဲသုံးစားလုပ်လို့ လာဘ်စားတာသိလို့ အုလပ်မှာတင် အရှက်တကွဲ အကျိုးနည်းစွာ အရေးယူခံရတာ ထမင်းအိုးစားကွဲတာပဲ။
သူများသမီးပျို၊ သူများသားမယားပြစ်မှားလို့ အဖမ်းခံရ၊ အရှက်တကွဲဖြစ်ပြီး အပြောခံရတာ တွေဟာ ပစ္စုပ္ပန်အကုသိုလ်ကံတွေရဲ့ ချက်ချင်းလက်ငင်း အဖြေတွေဖြစ်ပါတော့တယ်။
* သမ္မာဒိဋ္ဌိဒီပနီမှာ....
(၁) ၀ီရိယစွမ်းအား၊ ဥာဏ်စွမ်းအားတွေဟာ ကြီးမားကြရင်၊ ပစ္စုပ္ပန်ကံနဲ့ အတိတ်ကံတို့က လည်း ကြီးမားကြတယ်။
(၂) ၀ီရိယစွမ်းအား၊ ဥာဏ်စွမ်းအားတို့အလယ်အလတ်ဖြစ်ကြရင်၊ ပစ္စုပ္ပန်ကံနဲ့ အတိတ်ကံတို့ ကလည်း အလယ်အလတ်ပဲ ဖြစ်ကြတယ်။
(၃) ၀ီရိယစွမ်းအား၊ ဥာဏ်စွမ်းအားတို့ဟာ သေးသိမ်သေးငယ်ကြရင်၊ ပစ္စုပ္ပန်ကံနဲ့ အတိတ်ကံတွေလည်းပဲ သေးသိမ်သေးငယ်ကြတယ် လို့ဆိုပါတယ်။

သုတေသီ ဘုန်းမြင့်သွေး