Friday, August 1, 2008
စွမ်းအင်တစ်ခုမွေးဖွားခြင်း
glitter-graphics.com
အချစ်တဲ့...
ငါဘာဖြစ်သွားလဲ
မသိခဲ့ဘူး
ဒါဖျော်ဖြေရေးသက်သက်မဟုတ်တာတော့သေချာတယ်။
ဘ၀တဲ့...
ပြောင်းလဲခြင်းတွေနဲ့အတူ
ပျော်ရွှင်ခြင်း၊၀မ်းနဲခြင်း၊လိုအပ်ခြင်း၊ချစ်ခြင်း၊မုန်းခြင်း
ခြင်းပေါင်းမြောက်များစွာနဲ့ဒီကမ္ဘာမှာ ငါလူဖြစ်ခဲ့တယ်။
မသိမှုတစ်ခုအတွက်
သိမှုကိုရှာဖွေခဲ့
သိပြီးနောက် နောက် နောက်ပေါင်းများစွာ
မရှိမှုတစ်ခုအတွက်
ရှိမှုကိုရှာဖွေခဲ့။
ရှိပြီးနောက်...
နောက် နောက်ပေါင်းများစွာ
ဒါတွေဟာ သံသရာတစ်ခုလေလား
ဒီလိုနဲ့ ရှာဖွေခြင်းတွေနဲ့အတူ
အချစ်ဆိုတဲ့စွမ်းအင်တစ်ခုကိုမွေးဖွားခဲ့ချိန်မှာပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment