Thursday, August 28, 2008

ကန်ရေပြင်လေးကျွန်မရင်ဘတ်ထဲက အချစ်ဆိုသောခဲလုံးလေးများ


glitter-graphics.com
ကျွန်မဆိုတဲ့ ကောင်မလေးက...
သူစိတ်အပန်းဖြေထိုင်နေကျ ခုံလေးနားက
ငြိမ်သက်စွာနဲ့ သန့်ရှင်းကြည်လင်နေခဲ့တဲ့
ကန်ရေပြင်လေးပါ။

သူစိတ်ညစ်နေချိန်တွေဆိုရင်
ကန်ရေပြင်လေးနားက ထိုင်ခုံလေးမှာလာထိုင်လို့
ကြည်လင်နေတဲ့ ကန်ရေပြင်လေးကို
ခဲလုံးလေးတွေနဲ့ ပစ်လို့
စိတ်အပန်းဖြေဖို့ သူဆော့ကစားတတ်တယ်။

ကန်ရေပြင်လေး ကျွန်မဟာ...
ခုံတန်းပေါ်က ကောင်လေးကို
အင်မတန်နာကျင်ခံခက်လို့ မပစ်ပါနဲ့လားလို့
ပြောနေပေမယ့်လည်း လူသားလေးသူကတော့
သက်မဲ့တဲ့ ကျွန်မစကားတွေကို
မကြားသလိုလိုပါဘဲ။

ကန်ရေပြင်လေး ကျွန်မဟာ...
နေ့စဉ်ပစ်ခတ် ဒဏ်ရာဒဏ်ချက်
နာကျင်ခံခက် နေပေမဲ့လို့
အော်...သူပျော်ရွှင်ဖို့ဆိုတဲ့ အတွေးလေးနဲ့
မာကျောတဲ့ ခဲဒဏ်ချက်တွေကို အန်တုလို့
သူပျော်ရွှင်နေလို့ မလာခဲ့တဲ့နေ့တွေမှာတောင်
ခုံတန်းလေးကိုကြည့်လို့
မင်းပျော်ရွှင်ဖို့တွက် ပစ်ခတ်တတ်တဲ့
ခဲလုံးလေးတွေရဲ့ နာကျင်မှုကိုတောင်
တောင်းတနေမိလေရဲ့။

ဒီလိုနဲ့ဘဲ...
ကန်ရေပြင်လေး ကျွန်မအသည်းထဲမှာ
မင်းရဲ့ အချစ်ဆိုတဲ့ ခဲလုံးလေးတွေ
တဖြည်းဖြည်း ကြာမြင့်လာတာနဲ့အမျှ
အင်မတန်များပြားပြီး အချစ်ဆိုတဲ့
ခဲလုံးလေးတွေ စုပုံလာခဲ့တော့တယ်။

နောက်များတော့...
မင်းကိုပျော်ရွှင်မှုတွေပေးမဲ့ ချစ်သူ
အဖော်ကောင်းကို တွေလိုက်တယ်ထင်ပါရဲ့
ခုံတန်းလေးနား ရောက်မလာတာကြာပေါ့။

ကောင်လေးရေ...
မင်းစိတ်ညစ်စရာလေးတွေ ကြုံတော့မှ
ကန်ရေပြင်လေးနား လာတာမှန်ပေမယ့်
မင်းစိတ်မညစ်ပါစေနဲ့လို့သာ
ကျွန်မအမြဲ ဆုတောင်းပေးနေလျှက်ပါ။

ခုများတော့လည်းလေ...
ကန်ရေပြင်လေး ကျွန်မက
မင်းပစ်ချခဲ့တဲ့ အချစ်ဆိုတဲ့
ခဲလုံးလေးတွေကို တယုတယထွေးပိုက်
သိမ်းဆည်းထားခဲ့တာ ခုချိန်ထိပေါ့။

တစ်နေ့မှာတော့…
မင်းပြန်ရောက်လာတဲ့တွက် သိပ်ပျော်ခဲ့ပေမယ့်
ကျွန်မရဲ့ခံစားချက်ကဗျာလေးတွေကို
အပြစ်တင်ရူပ်ချလို့ သူ့ရဲ့အမုန်းဆိုတဲ့
ကြီးမားတဲ့ ခဲလုံးကြီးတစ်လုံးရဲ့ပစ်ပေါက်မှုကြောင့်
အေးမြတဲ့ကန်ရေပြင်လည်း ကွဲအက်
အချစ်တွေလည်း ပေါက်ထွက်ခဲ့ပေါ့
ဒီကဗျာလေးဟာမင်းတွက် နောက်ဆုံးပါ။

ကန်ရေပြင်လေး ကျွန်မ...
မင်းပြန်လာမယ့်နေ့လေးကို စောင့်မျှော်ရင်း
ဝေဒနာခဲလေးတွေ ထွေးပိုက်လို့
ကောင်လေးကို ဘယ်လောက်ချစ်တယ်ဆိုတာ
ကျွန်မငိုတဲ့ မျက်ရည်တွေကြောင့်
ကမ်းတွေလည်း ရေလွှမ်း
ကျွန်မဆိုတဲ့သစ္စာ တွေကြောင့်
စမ်းတွေလည်း ရေခမ်းခဲ့ရသလို
မင်းရဲ့အပြစ်တင်စကားတွေကြောင့်
ကဗျာတွေလည်းကာရံလွဲ
အချစ်တွေလည်းပျောက်ဆုံးပြီပေါ့။

No comments: