Monday, August 18, 2008
ဂုဏ်တော် နှင့် မုန်တိုင်း
glitter-graphics.com
မောင်မင်းသော်က နိုင်ငံခြားသဘောင်္ ပေါ်တက်ရတော့မယ်ဆိုတော့ သူ့မိဘတွေက သူ့ကို ရန်ကုန်ဘုရားကြီး ကျောင်းတိုက် ဆရာတော်ထံ လွှတ်တယ်။ ဆရာတော်က နမောတသသုံးခေါက် ၊ ဗုဒ္ဓှေါမေသရဏံ အညံနတ္ထိ ဂါထာ ၊ သရဏဂုံသုံးပါး ၊ တရားဂုဏ်တော် တို့ကို ငှာန်ကရိုဏ်းကျကျ ရွတ်တတ်အောင် သင်ပေးတယ်။
မောင်မင်းသော်က သဘောင်္ပေါ်တက်တော့ အရာရှိငယ် အဖြစ်နဲ့ သီးသန့်ခန်းရတယ်။ ဒါကြောင့် မိဘပေးလိုက်တဲ့ ဘုရားကျောင်းဆောင်ကလေးနဲ့ ရုပ်ပွားဆင်းတုတော်ကို သူ့အခန်း ခေါင်းရင်းမှာ ပူဇော်ထားနိုင်တယ်။ ရတတ်သမျှ ပန်း၊ ရေချမ်း ၊ သစ်သီးနဲ့ မုန့်ဆွမ်းများကိုလည်း ကပ်လှူရတယ်။
အရာရှိငယ်ဆိုတော့ အလုပ်ကများတယ်။ ဒါပေမယ့် ညဉ့်ဘုရားဝတ်တက်တာကို အပျက်မခံဘူး။ တဖြည်းဖြည်း ထူးခြားလာတာက အရာရှိများနဲ့ ငယ်သားများရဲ့ ချစ်ကြည်လေးစားမှုကို တစ်နေ့တခြား ပိုမိုရရှိလာတယ်။
တစ်နေ့တော့ အကြီးဆုံးအရာရှိက သူ့အခန်ပေါက် ရောက်လာပြီး ဘုရားစင်မှာ ပန်း ၊ ရေချမ်း ၊ သစ်သီးလှူထားတာကို ကြည့်တယ်။ ပြီးတော့ “မင်းဗုဒ္ဒကို ဘယ်ချိန်ရှိခိုးသလဲ “ လို့မေးတယ်။
“ ညဉ့်အိပ်ရာဝင် တစ်ကြိမ်သာ ရှိခိုးပါတယ် ၊ နံနက်ပိုင်းမှာတော့ အလုပ်များလို့ ရှိမခိုးနိုင်ဘူး “
“ဟာ…ဒီလိုဆိုရင် နံနက်ပိုင်းမှာပါ ဘုရားရှိခိုးနိုင်အောင် စီစဉ်ပေးမယ်”
အရာရှိက အခုလို ကြည်ကြည်ဖြူဖြူ လိုက်လျောတဲ့အကြောင်းက လက်ထောက်အရာရှိက အရာရှိကြီးထံ ဒီလို အစီရင်ခံထား လို့ပါပဲ။
“ မောင်မင်းသော် ဆောင်ယူလာတဲ့ ဗုဒ္ဒရဲ့ တန်ခိုးကြောင့် စောစောပိုင်းကလို တစ်ခုမဟုတ်တစ်ခု ကသိကအောက် ဖြစ်မှုတွေ နည်းနည်းလာပြီး သဘောင်္ကြီး ယခုလို ဘေးအန္တရာယ်ကင်းရှင်းနေတာ ဖြစ်တယ်လို့ လက်ထောက်အရာရှိက အိပ်မက်မက်ပါကြောင်း “
ဒီနောက် အရာရှိနှစ်ဦးက တန်ဖိုးကြီးတဲ့ မုန့်နဲ့သစ်သီးမျိုးစုံလာပေးပြီး “မင်းဗုဒ္ဓကို လှူပေးပါ ” လို့တောင်းပန်ကြတယ်။ မောင်မင်းသော်ကလည်း ပွဲတော်ကျတွေ အကောင်းစားရတာပေါ့။
တစ်နေ့ကျတော့ မောင်တင်မျိုးဝင်းက အနားရတဲ့ ကိုယ်ပိုင်အချိန်မှာ သူ့အခန်းထဲ ပက်လက်လှန်ပြီး ဇိနတ္ထပကာသနီကို ဖတ်နေတယ်။ အရာရှိကြီးက အခန်းရှေ့ လာရပ်ပြီး လက်ယပ်ခေါ်တယ်။
မောင်မင်းသော် ထွက်လာတော့ အရာရှိကြီးက ပင်လယ်ပြင်ကြီးကို လက်ညှိုးထိုးပြီး…ဟိုမှာကြည့်စမ်း မစ္စတာမင်းသော် ၊ မကြာခင် နာရီပိုင်းအတွင်းမှာ မုန်တိုင်းကြီး ရောက်လာတော့မယ် ၊ မင်းရဲ့ဗုဒ္ဓထံမှာ ဆုတောင်းပေးပါ။
ပြောပြောဆိုဆို အရာရှိကြီးက သဘောင်္အခန်းဘက်သို့ ခက်သုတ်သုတ် ထွက်သွားတယ်။
သဘောင်္သားတွေ အားလုံးကလည်း ပျာပျာသလဲ ဖြစ်နေကြတယ်။ မောင်မင်းသော်က မုန်တိုင်ဘက်မျက်နှာမှုကာ မတ်တတ်ရပ် လက်အုပ်ချီပြီး သူ့ဆရာတော် သင်ပေးခဲ့တဲ့ ဘုရားစာကို အသံထွက်အောင် အခေါက်ခေါက် ရွတ်တော့တယ်။
ခါတိုင်းလို ခိုးကြောင်ခိုးဝှက် ရှိုးတိုးရှန့်တန့် မဟုတ်တော့ဘူး ၊ သဘောင်္နှင့် သဘောနဲ့တစ်ကွ သဘောင်္သားအားလုံး ဘေးကင်းရေး ၊ ဗုဒ္ဓတရားတော် ဂုဏ်မငယ်စေရေးတို့အတွက်စိတ်စေတနာ ထက်ထက်သန်သန်နဲ့ဂုဏ်တော်များမှာစိတ်ညွှတ်ပြီးရွတ်ဆိုတယ်။မုန်တိုင်းကြီးကိုဂုဏ်တော်များနဲ့တားဆီးနိုင်အောင် စိတ်စွမ်းအားးကို လွှတ်နေတာပါ။
ခေတ်မီကိရိယာများနဲ့ တိုင်းတာချက် အရ ၁နာရီ မိုင် ၁၀၀ ခန့်ကြီးမားတဲ့မုန်တိုင်းကြီးဟာ နာရီပိုင်းအတွင်း သဘောင်္ဆီ ရောက်လာတော့မယ်။ ရေဒါက ပြောတာဟာ ဘယ်လုမှ မလွဲနိုင်ဘူး။ ဒါကြောင့်အရာရှိကြီးများနဲ့ သဘောင်္သားများက လုပ်သင့်တာတွေကို အကြိတ်အနယ် လှုပ်ရှား လုပ်ကိုင်နေကြပေမယ့် အဆိုးဆုံး အတွေ့အကြုံ စိုးရိမ်တကြီးနဲ့ မျှော်လင့်စောင့်စာနေကြတယ်။
မုန်တိုင်းကြီးရဲ့ တ၀ီဝီမြည်သံကြီးနဲ့ အတူ အမောက်ပါးပျဉ်းကြီး ထောင်လာတဲ့လှိုင်းလုံးကြီးများက သဘောင်္ဆီ ချဉ်းကပ်လာကြပြီ။ တ၀ုန်းဝုန်း ရိုက်ခတ်သံတွေ နီးကပ်လာပြီ။ မောင်မင်သော်က လဲကျမသွားအောင် သဘောင်္လက်တန်းကို မြဲမြဲဆုပ်ထားပြီး ဘုရားစာကို တစ်အားဖိရွတ်နေတယ်။ သူ့ရင်တွေလည်း လှိုင်းကြီးတွေလို ခုန်နေပါတယ်။
ဟော…မုန်တိုင်းသံကြီး တဖြည်းဖြည်းဝေးသွားပါကလား။ ဘယ်ညာလူးလှိမ့်နေတဲ့ သဘောင်္ကြီးကလည်း ငြိမ်မှန်းမသိငြိမ်နေလာပါလား။ မောင်မင်းသော် မျက်စိဖွင့်ကြည့်တော့ သဘောဆီ ဦးတည်လာတဲ့ မုန်တိုင်းကြီးဟာ သဘောင်္သို့မရောက်မီ အနည်းငယ် ကွာလောက်က နေပြီး သဘောင်္ရဲ့ လက်ဝဲဘက်ဆီ ကွေ့ထွက်သွားတယ်။ ကြည့်ရင်းကြည့်ရင်း ပိုပိုဝေးသွားတယ်။
ပင်လယ်ပြင်ကြီး ငြိမ်သက်လာပြီး ပြန်လင်းလာတယ်။ မောင်မင်းသော်ရဲ့ ရင်ခုန်သံများလည်းငြိမ်ကျသွားပြီး ပီတိလှိုင်းတွေ ဖြာထွက်လာကြတယ်။ လူတစ်ယောက်က သူ့အနားလာပြီး ပခုံးပုတ်လိုက်တယ်။ မောင်မင်းသော် လှည့်ကြည့်လိုက်တော့ ပြုံးရွှင်နေတဲ့ အရာရှိကြီးကို မြင်ရတယ်။
“အား… မစ္စတာမင်းသော် ၊ ဘေးကင်းသွားပြီ ၊ အားလုံးအိုကေ…သိပ်အံ့သြစရာကောင်းတယ် ၊ ဗုဒ္ဓတန်ခိုးဟာ တယ်ကြီးပါလား “
မောင်မင်းသော်သည် ခေါင်းညိတ်ပြီး ပြုံးလိုက်တယ်။ ဘုရား ၊ တရားရဲ့ ဂုဏ်တော်များမှာ လျှို့ဝှက်စွမ်းအားကြီးတွေရှိတာကို မျက်မြင်လက်တွေ့ ပြနလုက်ခြင်းပင် မဟုတပါလော။
ဒီခေတ် အဖြစ်အပျက်ကလေးက ရေလမ်း ၊ လေလမ်း ၊ ကုန်းလမ်းတို့ဖြင့် နေ့စဉ် ခရီးသွားကြတဲ့ လူတွေအဖို့ အလွန်ဝမ်းမြောက် အားရဖွယ်ကောင်းတဲ့ ဟဒယရွှင် အားဆေးကြီးပါပဲ။
ဒါကြောင့် ဘုရား ၊ တရားကို ဘယ်တော့မှမမေ့မပျောက်ဘဲ ဂုဏ်တော်များကို ဘယ်သွားသွား ယုံယုံကြည်ကြည် ရွတ်ဖတ်ကြပါလို့ ပြောလိုက်ခြင်ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment