Friday, August 15, 2008

တဖြေးဖြေးပဲ့ကြွေကျနေသော အသည်းအပိုင်းစလေးများ


glitter-graphics.com

glitter-graphics.com
ဒီနေ့ဟာ...
သူ့ရဲ့ မချစ်ဖူးဆိုတဲ့စကားတစ်လုံးကို
ရင်ထဲရှိတဲ့အတိုင်း ရှင်းရှင်းသိလိုက်ရလို့
အင်မတန်မှမာကျောခဲ့တဲ့
ကျွန်မရဲ့အသည်းတွေတဖုတ်ဖုတ်နဲ့
မိုးရေထဲ ပဲ့ကြွေကျခဲ့တဲ့
နေ့လေးတစ်နေ့ပေါ့။

ကျွန်မဟာလေ...
အရင်ကဆို အချစ်ဆိုတာ
အသည်းကွဲတယ်ဆိုတာကို
ဘာမှန်းမသိခဲ့ မခံစားဖူးခဲ့လို့
ချစ်သူနဲ့ကွဲခဲ့တဲ့ ကျွန်မသူငယ်ချင်းလေးကို
မချစ်လို့ထားခဲ့တာ အနေသာကြီးပါလို့
အမြဲပြောဆို ဖျောင့်ဖျခဲ့မိပေါ့။

ခုတော့မှကိုယ်တိုင်ခံစားနေရလို့
သူငယ်ချင်းလေးမင်းရဲ့
ခံစားချက်တွေကိုခုတော့
ငါကောင်းကောင်းကြီး သိခဲ့ရပေါ့။

ခုတော့လေ...
အမှတ်မရှိတဲ့ ဒီအသည်းဟာ
မင်းရက်စက်တာတွေ
မင်းတစ်ကယ်မချစ်ဘဲ
မင်းရဲ့ ပွဲဦးထွက်အချစ်မှာ
ဖွင့်ပွဲအနေနဲ့ မင်းလက်တည့်စမ်းဖို့
ငါ့အသည်းကို ပစ်မှတ်တစ်ခုအနေနဲ့
အသုံးချခံခဲ့တာတွေကိုလည်းသိသိနဲ့
နာကျင်နေတဲ့ မင်းပစ်ခတ်ထားတဲ့
အသည်းက ဒဏ်ရာကြီးကို
"ကဗျာ"တွေနဲ့ဆေးသိပ်ရင်း
မင်းပစ်ခတ်မယ့် ဒုတိယအကြိမ်ကို
ဝံ့ဝံ့စွန့်စွန့်ရပ် မတ်မတ်ကြီး
စောင့်နေခဲ့မိတဲ့ မှတ်တိုင်လေးပေါ့။

ကျွန်မဟာလေ...
လူတစ်ယောက်ကို တော်ရုံတန်ရုံ
သံယောဇဉ်မထားတက်သလို
သံယောဇဉ်ထားခဲ့မိတော့လည်း
လုံးဝ အမုန်းဆိုတာနေရာမရှိခဲ့အောင်
သိပ်ချစ်ခဲ့မိပေါ့။

ဒါတွေဟာလည်း....
သူ့ရဲ့လှပသောစကားလုံးတွေနဲ့
သူကစခဲ့တဲ့အတွက် မရင့်ကျက်သေးတဲ့
ကျွန်မနှလုံးသားက ယုံကြည်ခဲ့စွာ
ပျော်စရာထင် သာယာမိခဲ့ပေါ့။

ဒီလိုနဲကသူဟာ..
သနားစဖွယ်နှလုံးသားငယ်ကိုနင်းခြေ
အခြားတစ်ယောက်နဲ့
အချစ်ကမ္ဘာတည်ဆောက်ခဲ့ပေါ့။

ခုချိန်ထိတောင်မှ...
ကျွန်မအသည်းလေးက
နာကျင်စွာနဲ့တဖြည်းဖြည်းပဲကြွေကျနေတာတောင်
အသည်းအပိုင်းအစတွေက
မင်းကိုချစ်တယ်ဆိုတဲ့
စာလုံးလေးတွေပေါ်နေလေရဲ့။

မင်းရက်စက်မှု ဒဏ်ကြောင့်
တဖြုတ်ဖြုတ်ပဲ့ကြွေကျနေတဲ့
ငါ့အသည်းလေးတွေကြွေကျမြေခ
ကုန်သွားမှ မင်းကို
မေ့မယ် မုန်းလိုက်မယ်။

No comments: