Friday, August 15, 2008

ရစ်ပတ်ဖွဲ့ငင် သံယောဇဉ်


glitter-graphics.com
သံယောဇဉ်ဆိုတာဟာ...
အစပိုင်းမှာတော့
တွယ်ငင်ရစ်ပတ်မှုနှေးကွေသေလောက်
ရစ်ပတ်မိပြန်တော့လည်း
ဖြတ်တောက်ပစ်ရန်
အင်မတန်ခက်ခဲပါတယ်။

မမြင်နိုင်ပေမဲ့လို့...
သူ့ရဲ့အချစ်စွမ်းအားဆိုတဲ့
လေညှို့ကလွှတ်လိုက်တဲ့
မြှားတံတစ်ချောင်းလိုပါဘဲ။

သံယောဇဉ်ဆိုတဲ့...
အကြင်နာ ၊ မေတ္တာတွေ ရစ်ဖွဲ့မိလာရင်
သာယာချမ်းမြေ့ ကြည်နှုးမှုတွေရှိသလို
ရင်နှင့်အမျှ ခံစားရသူတွေလည်း
အင်မတန်များလှပါတယ်။

လူရယ် ၊ တိရစ္ဆာန်ရယ်လို့
ပိုင်းခြားထားခြင်းမျိုးမဟုတ်
အသည်းနှလုံးရှိသူတွေအားလုံး
ခံစားမှုတွေ ရစ်တွယ်လာမိရင်
သံယောဇဉ်ရဲ့...
ကျေးကျွန်ဘ၀ ရောက်ကြရတာပါပဲ။

ခုလည်းဒီလိုပါဘဲလေ..
ငါ့ဘ၀မှာ လူတစ်ယောက်ကို
သံယောဇဉ်တွယ်ခဲ့မိလို့
အဲ့ဒီလူရှေ့မှာငါ
အလူးအလဲကျရှုံးနေရတယ်။

တစ်ခါတစ်လေများ...
ဒေါသစိတ်ကြောင့် စကားလေးများ
သူစိတ်ဆိုးမလေမလား ဆိုတဲ့အတွေနဲ့
စိတ်မဆိုးခင်ကတည်းက
တောင်းပန်ရတာအမောပေါ့။

ငါစိတ်ဆိုးတော့...
ချော့ဖို့မပြောပါနဲ့
ဖုတ်လေတဲ့ငပိ ရှိတယ်တောင်မထင်ဘူး။

အေးပေါ့လေငါက...
လူတွေသိပ်နှစ်သက်ကြတဲ့
စကားလုံးလှလှ အနုအရွလေးတွေ
မကြွယ်ဝတဲ့ အတတ နလပိန်းတုန်းကောင်မလေးဘဲ။

ကဗျာ တွေရေးနေတဲ့ ငါ့ကိုတောင်မှ
အရူး လို့ထင်နေအုံးမယ်နင်က
အားလုံးငါ့ကိုရူးတယ်ထင်ကြပါစေ။

သံယောဇဉ်တွေရစ်ပတ်ခဲ့မိလို့
နင့်ကြောင့်ငါရူးနေရတာ
နင်သိရင်ငါကျေနပ်ပါတယ်။

No comments: