Friday, August 22, 2008

မျက်ရည်မရှိပါ


glitter-graphics.com

နူတ်ခမ်းတွေပြတ်လုမတတ်ကိုက် ထားလိုက်မိသည်။ နီရဲဖောင်းကြွနေသော မျက်ဝန်းအစုံကို မှန်ထဲမှာ ပြန်မြင်နေလေရဲ့။ ဘယ်သူ့ကိုမျှအောက်ကျမခံ မျက်ရည်ပင်မကျ အင်မတန်မှ စိတ်တင်းမာသော ကျွန်မ အဲ့ဒီမျက်ဝန်းတွေသည် သူမရဲ့ မျက်ဝန်းတွေမှ ဟုတ်ပါရဲ့လားဟု သံသယ ဖြစ်မိသည်။ အထိ မျက်ဝန်းများက မို့အစ်နေသည်။ ကျွန်မပစ်ပေါက်ထားသော ပစ္စည်းများက တစ်ခန်းလုံးကို မွစာကြဲ၍နေသည်။ " ဟင့်အင်း...မငိုနဲ့...ဒါငိုစရာမှမဟုတ်တာ " ဟု စိတ်ကိုတင်းကာ လက်ခုံနှင့်မျက်ရည်စများကိုပင် ခပ်ကြမ်းကြမ်းပွတ်သုတ်လိုက်မိသည်။ ဘာကြောင့်များ ဤမျှပူလောင်နေရသနည်း။ အချစ်ဆိုသည့်အရာသည် နှလုံးသား တစ်ခုလုံးကို နာကျင်ကြေမွစေခဲ့ပြီ မဟုတ်ပါလား။ သူမတစ်ကိုယ်လုံး ပူလောင်မှုများ ၊ နာကျည်းခြင်းများနှင့် ပြည့်နှက်၍ နေလေသည်။ စိတ်တို့သည်လည်း ဂနာမငြိမ်။ တောက်...တစ်ချက်ကို ပြင်းထန်စွာ ခေါက်လိုက်မိ၏။ သိလိုက်ပါပြီ..ခုတော့...အောင်နိုင်သူအပြုံးတွေနဲ့ ကျွန်မအရှေ့မှာ တစ်ခြားမိန်းခလေးတွေနဲ့ တွဲပြနေပါရောလား။ တစ်ကယ်တော့...ကျွန်မဟာ..သူတို့ထင်သလိုမာနကြီးသည်တော့ မဟုတ်ပါ။ ယောကျာ်းတွေမာယာများတာကို သိပ်ကြောက်တယ်။ ယောကျာ်းဆို သိပ်မယုံတက်ဖူး ၊ ရှင်းရှင်းပြောရရင်တော့ ယောကျာ်းတွေဆို ကြောက်တယ်။ ဒါကြောင့်လည်း ယောကျာ်းတွေဆိုရင် အပေါင်းအသင်းလုပ်ဖို့မပြောနဲ့...စကားတောင်ပြန်မပြောဖူးဘူး။ သူတို့ ကျွန်မတစ်ယောက်ထဲလာတာနဲ့ ကြုံလို့ ၀ိုင်းစကြရင်တောင်မှ ခပ်တည်တည်နေတတ်သူမို့ ...ကျောင်းမှာတော့ ပိုက်ဆံဒီလောက်မချမ်းသာတာတောင်မှ မာနကကပ်ကြီးနေသေးတယ်လို့ အားလုံးကထင်မြင်ချက်ပေးခြင်း ခံနေရတယ်ဆိုပါတော့။ ကျွန်မဘယ်သူ့ စကားမှ ဂရုမစိုက်နိုင်ပါ။ မသိသလိုသာနေလိုက်တယ်။ လူတွေပြောသမျှ ဂရုစိုက်နေရင် နေစရာတောင်မရှိဖူးမလား။
ဒီလိုနဲ့ ကျွန်မတစ်နေ့မှာ တော့ ကျောင်းသို့အသွားမထင်မှတ်ဘဲ အသစ်စက်စက်ဝယ်ထားသော ဖိနပ်ကလည်း လူလည်ရောက်မှ အရှက်ခွဲလေပြီ။ ကျွန်မခြေထောက်ကလည်း ခလုတ်တိုက်မိလိုက်တာနဲ့ ဖိနပ်ကလည်းပျက်သွားပါလေရော။ ဒုက္ခရောက်ရောက်ပါပြီ။ ကျွန်မဘ၀တွင် အရှက်ဆုံးအချိန်ကတော့ လူလယ်ခေါင်တွင် ဖိနပ်ပြတ်ခြင်းဘဲ မဟုတ်ပါလား။ သူငယ်ချင်းများများမထားတတ်သော ကျွန်မအခက်တွေ့ချေပြီပေါ့။ ဒါနဲ့စိတ်ညစ်ညစ်နှင့် ဘာလုပ်ရမှန်းမသိဖြစ်နေတာနဲ့...နီးစပ်ရာကြည့်မိလိုက်တော့ ဖိနပ်ဆိုင်ကလည်းတော်တော်ဝေးတယ်မလား။ ဒါကြောင့်အကြံထုတ်ရင်းမှ အနီးနားရှိအပင်တစ်ပင်အောက်ထိုင်နေရင်းမှပင် ...တော်တော်ကြာတော့..."ဟိတ်"ဆိုသော အသံလေးတစ်သံ အကြားမှာတော့ အနီးတွင်လာရပ်လိုက်သော အင်မတန်ပြောင်လက်နေသော ဘွတ်ဖိနပ် စီးထားသော ခြေထောက်တစ်စုံကို အတွေ့အပေါ်သို့မော့ကြည့်လိုက်ရာ အင်မတန်မှ ချောမော ခန့်ညားလှသော ရုပ်ရည်ကိုပိုင်ဆိုင်ထားသော ကောင်လေးတစ်ယောက...အော်...ဒါနဲ့...ဟုတ်ကဲ့ခင်ဗျ...ကျွန်တော့နာမည်က "အမိန့်ရှင်"လို့ခေါ်ပါတယ်။ ခုနက အစ်မ ဖိနပ်ပြတ်သွားတာတွေ့လိုက်လို့ ကူညီတဲ့သဘောပါ။ ကျွန်တော်လမ်းကြုံတာနဲ့ ကတီပါ ဖိနပ်လေး တစ်ရံတော့ ၀ယ်လာခဲ့တယ်။ ဟုတ်ကဲ့ရှင့်...အားနာလိုက်တာရှင်...ကျွန်မနာမည်က " ဆောင်းနှင်းဝေ "ပါ။ ဟုတ်ကဲ့ခင်ဗျ..တွေ့ရတာဝမ်းသာပါတယ်။ နောက်လည်းတွေ့ရင် ခေါ်ပါ နော်မမ။ ဟုတ်ကဲ့ရှင့်..ဒါနဲ့..ခုလိုကူညီတာကျေးဇူးပါနော် အစ်ကို။ ရပါတယ်ခင်ဗျာ..လူတစ်ယောက် ဒုက္ခရောက်နေရင် ကူညီတက်တာ ကျွန်တော့်အကျင့်ပါ။ အားနာစရာမဟုတ်ပါဘူး ဗျာတဲ့လေ။ ဟုတ်ကဲ့ပါ..ကျွန်မကလည်းတွေ့ရတာဝမ်းသာပါတယ်ရှင့်။ နောက်လည်းတွေ့ရင် ခေါ်ပါ ၊ နူတ်ဆက်ပါနော်။ ဒါနဲ့ ညီမလေးကို "နှင်း "လို့ဘဲခေါ်မယ်နော် ရမလားမသိဘူး။ အင်း...ရပါတယ်ရှင်။ ဒီကအစ်ကိုကိုတော့ "နှင်း"မှာလည်းအစ်ကိုမရှိတော့ "အစ်ကို"လို့ဘဲခေါ်တော့မယ်နော်။ သဘောပါ" နှင်း" ရေ။ ဒါဆိုခင်မင်တဲ့ အထိမ်းအမှတ်နဲ့"နှင်း " ဆိုင်တစ်ဆိုင်မှာ သွားစားကြမယ်လေ။ အစ်ကိုက ကျွေးပါ့မယ်။ ဟာ..မဟုတ်တာဘဲရှင်.."နှင်း"ကျွေးရမှာပေါ့။ ကျွန်မလည်း ဆိုင်ထိုင်တာကို ၀ါသနာမပါပေမဲ့ ကျေးဇူးရှင်ဆိုတော့လည်း လိုက်သွားမိပါတယ်။
ဒါနဲ့ "နှင်း " ကဒီကျောင်းမှာဘဲတက်တာဆိုတော့ ဘာမေဂျာတက်နေတာတုန်း...အော်..." နှင်း " က " ဓာတုဗေဒ" မေဂျာ အထူးပြုနဲ့ " ဒုတိယနှစ် " တက်နေပါတယ်။ ဒါနဲ့ အစ်ကိုကရော..အစ်ကိုကတော့ " အင်္ဂလိပ်" မေဂျာအထူးပြုနဲ့ ခုမှ "ပထမနှစ် " စတက်နေတာပါတဲ့လေ။ ဟင်..ဒါဆို..ပြောရင်းမှအားနာသွားမိပြန်တယ်။ စဉ်းစားကြည့်လိုက်တော့မှ အော်..သူက ကျွန်မထက်ငယ်နေပါရောလား။ ဟိတ်...ကောင်မလေး ဘာတွေစဉ်းစားနေတာလဲ။ အော်..မဟုတ်ပါဘူး " ပထမနှစ်" ဆိုတော့လေ " နှင်း " ထက်ငယ်နေတော့ " မောင်လေး" လို့ ပြောင်းခေါ်ရမလားလို့ စဉ်းစားနေတာပါ။ အော် "နှင်း"ကလည်းနာမည်က အဓိကမဟုတ်ပါဘူးလေ။ ခင်မင်မှုက သာအဓိကမဟုတ်လား။ "နှင်း "ကအစ်ကိုလိုချင်တာမဟုတ်လား" နှင်း " ကြိုက်သလိုခေါ်နိုင်ပါတယ်ဗျာ။ ဟုတ်ပြီလား။ ကဲကဲ ...စားလေ" နှင်း "ရ။ အတန်းရှိသေးတယ်မလား။ ဟုတ်ကဲ့..ကျွန်မလည်းကျေနပ်စွာနဲ့ ပြုံးပြကာ ခေါင်းလေးညိတ်ပြလိုက်ရင်းမှ စားသောက်ပြီးတာနဲ့ လမ်းခွဲခဲ့ကြပါတယ်။
နောက်နေ့တွေမှာတော့ အတန်းထဲက သူငယ်ချင်းတစ်ယောက်ကို စကားမစပ်ပြောပြမိတော့ " အင်္ဂလိပ် " မေဂျာ " ပထမနှစ် " က " အမိန့်ရှင် " ဆိုတော့လေ..ဟဲ့..အဲ့နာမည်ငါကြားဖူးတယ်။ သူက" အင်္ဂလိပ် " မေဂျာမှာဆိုရင် " king " ရထားတော့ မိန်းခလေးတော်တော်များများက စိတ်ဝင်စားကြတယ်ဟတဲ့။ အင်းလေ...သူပြောတာလည်း ဟုတ်မပေါ့နော်။ ကျွန်မမျက်စိထဲမှာလည်း ရုပ်ကချော သဘောကောင်း ဥစ္စာကရှိတော့လည်း မိန်းခလေးတွေကြိုက်ကြတာလည်း ဘယ်ဆန်းတာမှတ်လို့ အဖက်ဖက်က ပြည့်စုံနေသူဆိုတော့လည်းလေ။ ဒီလိုနဲ့ ထိုနေ့ကအဖြစ်လေးတွေတွေးရင်း ကျောင်းခန်းအပြင်ဘက်ကို ကျွန်မအကြည့်တစ်ချက် ရောက်သွားတော့ အပင်အောက်ကခုံလေးမှာ ထိုင်ရင်း ကျွန်မကိုတွေ့တော့ လက်ယက်ခေါ်နေလေရဲ့။ ဒါနဲ့ ကျွန်မလည်း အရင်ကကျောင်းအားချိန်ဆိုရင် စာတွေနှင့်သာအချိန်ကုန်နေခဲ့တာမဟုတ်လား။ ခုတော့ ဒီကောင်လေးနဲ့အတူ ကျွန်မအတန်းအားရင် နှစ်ယောက်အတူ ဆိုင်ထိုင်တက်နေပြီမဟုတ်လား။ သူငယ်ချင်းတွေက တစ်ခါတစ်လေ စတတ်ကြတယ်။" နှင်း" ကတော့နော် မရိုးတော့ဘူး။ တော်တော်ကိုပြောင်းလဲသွားပြီဘဲလေဆိုပြီးခနဲ့သလိုလိုစနေကြတယ်။ ကျွန်မကလည်းမှန်နေတော့လေ ငြိမ်ခံနေရတာပေါ့။ ကျွန်မလည်း ကိုယ့်ကိုကိုယ်သတိထားမိပါရဲ့ ။ ကျွန်မကအရင်ကဆို ခုလိုမှမဟုတ်တာ။ အင်းပေါ့လေ..သံယောဇဉ်ဆိုတာက မမြင်ရပေမဲ့ မသိမသာ ရစ်ဖွဲ့တွယ်ငင်တက်တဲ့အရာမဟုတ်ပါလား။ ဒီလိုနဲ့ဘဲ အတော်လေးကြာလာတော့ ကောင်လေးက သိပ်အရေးကြီးတဲ့စကား တစ်ခွန်း" နှင်း "ကို ပြောစရာရှိလို့ပါဆိုပြီးပြောလာတော့။ အင်း...သူကျွန်မကို ဘာပြောမယ်ဆိုတာသိနှင့်နေပြီးသားမို့...ဟုတ်ကဲ့ပြောပါရှင့်လို့သာ ပြန်ပြောလိုက်မိတယ်။ ကျွန်မလည်း ခေါင်းကိုငုံ့ထားလိုက်မိတယ်။ ဟုတ်ပါတယ်...သူပြောလိုက်တဲ့စကားတစ်ခွန်းက ကျွန်မထင်တဲ့အတိုင်းပါဘဲ" နှင်း "ကိုသိပ်ချစ်မိနေပြီတဲ့လေ။ ကျွန်မကလည်း သူ့ကိုချစ်နေမိပြီထင်ပါတယ်။ သူကိုမတွေ့ရင်မျှော်နေမိတာကို အချစ်လို့ခေါ်မလားမသိဘူးနော်။ ဒီလိုနဲ့ သူက ကျွန်မကိုအဖြေတောင်းလာတယ်။ ကျွန်မလည်းအကြိမ်ကြိမ်စဉ်းစားခဲ့ပါတယ်။ သူတို့မိဘ အသိုင်းအ၀ိုင်းတွေက ချမ်သာပြီး အင်မတန်မာန်မာနတက်နေတဲ့ ကြီးကျယ်ခမ်းနားကြတဲ့ မိသားစုတွေမဟုတ်ပါလား။ ကျွန်မသာသူ့ကို ပြန်ပြီး "ချစ်တယ်" လို့အဖြေပေးလိုက်ပြန်ရင်လည်း ငွေမက်လို့ပါဆိုပြီး ၀ိုင်းပြောကြတာခံရဦးမည်ဆိုတာသိနေတယ်။
ဒါကြောင့်လည်း ကျွန်မသူ့ကိုအမြဲရှောင်နေခဲ့မိတယ် ။ တစ်နေ့မှာတော့ ကျွန်မအိမ်ပြန်ခါနီးကျောင်းဝနားမှာ စောင့်နေပြီး တော့ ဆိုင်တစ်ဆိုင်းကို အတင်းဆွဲခေါ်သွားခဲ့တယ်။ သူကဘာလို့ ခုလိုပုန်းရှောင်နေတယ်ဆိုတာကို မေးပါတော့တယ်။ ကျွန်မလည်း မဖြစ်နိုင်တာကြောင့်ပုန်းနေရပေမယ့် အမြဲလိုသတိရမှုတွေက အနိုင်ယူနေလေရဲ့။ ဒီလိုနဲ့ဘဲ ကျွန်မလည်းရင်ထဲရှိတဲ့ အတိုင်းပြောပြလိုက်မိတယ်။ ကျွန်မကနဂိုကတည်းက ညာတက်တဲ့သူမှမဟုတ်တော့လေ။ ကြာကြာလိမ်ညာ ဟန်ဆောင်မနေနိုင်ပါဘူး။ ကျွန်မသူ့ကို " ချစ်ပါ " တယ်လို့ သာ အဖြေပေးလိုက်မိခဲ့တယ်။ ဒီလိုမျိုး စိတ်ထားကောင်းပြီး အင်မတန်မှချောမော အပြစ်ကင်းတဲ့ကောင်လေးကို ကျွန်မ တစ်ယောက် " ချစ်တယ် " လို့အဖြေပေးမိတာ မှားသွားသလား။ မသိတော့ဘူးလေ စိတ်ကဖြစ်ပေါ်လာတာကို ဘယ်သူကမှမှ မလွန်ဆန်နိုင်ကြတာကို။ ပြသနာဖြစ်လာတော့လည်း ကြိတ်မှိတ်တင်းခံရမှာပေါ့။ ဒီလိုနဲ့ဘဲ သူနဲ့ ကျွန်မဟာ " A Pair Of Love " ဆိုသလို " ချစ်သူမောင်နှံ " လေးဖြစ်သွားကြတယ်ဆိုပါတော့။ ကျွန်မလေး သူ့ကို " အချစ်ဦးမို့ " လားတော့မသိပါဘူး...တစ်ခါမှကို " မချစ်ဖူးတဲ့ " အချစ်မျိုးနဲ့ ချစ်နေမိခဲ့တယ်။ သူနဲ့စကားပြောနေရတဲ့ အချိန်တွေဟာ ကျွန်မအတွက်တော့ ပျော်စရာသုခလေးတွေပေါ့။ ဒီအချိန်လေးတွေကုန်ခမ်းသွားမှာကိုတော့ ကျွန်မမတွေးဝံ့ပါဘူး။ သို့ပေမယ့် " အမိန့်ရှင်" ဆိုတဲ့ ကျွန်မချစ်သူကောင်လေးနဲ့ မနီးစပ်နိုင်တာသိသိကြီးနဲ့ကို ချစ်နေမိခဲ့တော့ ခဏတာပျော်ရွှင်ရတဲ့ အချိန်လေးတွေကိုဘဲ ကျွန်မတန်ဖိုးထားပျော်နေရတယ်။
ဒီလိုနဲ့ဘဲသူနဲ့ ကျွန်မချစ်သူဖြစ်တာ အတော်လေးကြာလာတယ်။ တစ်နေ့မှာတော့..သူက အရင်လိုမဟုတ်တော့ဖူး။ ခုတော့...ကျွန်မထင်သလိုဖြစ်ခဲ့ပြီဆိုတာသေချာပြီ။ တစ်ခြားကောင်မလေးတွေနဲ့ ကျွန်မကိုတွဲပြတယ်။ သူတမင်သက်သက်ကျွန်မသူ့ကို မုန်းအောင်တွဲပြနေတာကို ကျွန်မသိသိကြီးနဲ့ ကြည့်နေရတယ်လေ။ သူဘာလို့ဒီလိုလုပ်နေရတယ်ဆိုတာကို ကျွန်မပြတ်ပြတ်သားသားသိချင်လာတယ်။ ဒါနဲ့ ကျွန်မနဲ့သူတွေ့နေကြဆိုင်လေးကို လာခဲ့ဖို့ သူ့သူငယ်ချင်းတစ်ယောက်ကို ပြောခိုင်းလိုက်မိတယ်။ ထိုနေ့ကတော့ သိပ်ပြင်းထန်တဲ့ဒေါသတွေနဲ့ ကျွန်မသူ့ကိုထိုင်စောင့်နေခဲ့မိတယ် မလာမချင်းပေါ့။ ညနေလောက်ရောက်တော့ သူ့သူငယ်ချင်းတစ်ယောက်ရောက်လာခဲ့ပြီး ကျွန်မကိုစာတစ်စောင်လာပေးသွားတယ်။ ကျွန်မထင်တဲ့အတိုင်းပါဘဲလေ။ " နှင်း " ရေ ကိုမင်းကို သိပ်ချစ်ခဲ့တယ် ချစ်သူလိုရော ၊ ညီမလေးတစ်ယောက်လိုရော ပေါ့။ ခုတော့ကံကြမ္မာ ကမျက်နှာသားမပေးတော့ဘူး ထင်ပါရဲ့။ အစ်ကို မချစ်မနှစ်သက်ပေမဲ့ အိမ်ကပေးစားတဲ့သူနဲ့ မိဘတွေသဘောမလွန်ဆန်နိုင်တာကြောင့် ခုလိုရက်စက်လိုက်ရတာပါ။ မလွဲသာလို့သာ ခွဲကြရပေမယ့် အစ်ကို အသက်ရှိနေသမျှ" နှင်း "က အစ်ကို့ရင်ထဲမှာ ချစ်သူတစ်ယောက်အဖြစ် ထာဝရရှိနေမှာပါ။ ခုချိန်မှာ "နှင်း "အစ်ကို့ကိုသိပ်မုန်းတီးနာကျည်းနေမယ်ဆိုတာ အစ်ကိုသိပါတယ်။ "နှင်း"အစ်ကိုကို့ကို စိတ်ကြိုက်မုန်းလိုက်ပါ ။ အစ်ကိုခံယူဖို့အသင့်ပါဘဲ။ အောက်ကတော့ "နှင်း "ကို "ထာဝရ "ချစ်နေမယ့် "အမိန့်ရှင်" တဲ့လေ။ တွေးကြည်ပါဦး တစ်ကယ်ချစ်ရင် အရာအားလုံးကို စွန့်လွှတ်နိုင်ရမှာပေါ့ ...ခုတော့ သိပ်ပေါ့ပျက်ပျက်နိုင်တဲ့သူဘဲ။ ငါနင့်ကိုဒီနေ့ကစပြီး အရမ်းမုန်းလိုက်ပြီ။ ငါ့ရင်ထဲမှာနင့်ကို အပြီးအပိုင်ခွဲထုတ်ပြီး မြေမြုပ်သဂြိုလ်လိုက်ပြီ "အမိန့်ရှင် "ရေ...ဒီဘ၀ဒီမျှပါဘဲ။
"အမိန်ရှင်"ရေ...မင်းလို သတ္တိမရှိ ၊ ကိုယ်ချင်းစာနာစိတ်မရှိ ၊ ရက်စက်တတ်တဲ့ ၊ မျက်နှာများတတ်သူအတွက် ကျွန်မမှာ မျက်ရည်မရှိပါ ဘူး။

No comments: