Friday, August 15, 2008

အမုန်းခွက်ထဲ မျောနေရတဲ့ ကျွန်မအသည်း


glitter-graphics.com
တောက်...တစ်ချက်ခေါက်သံနှင့်အတူ
ငါလေ...အပေါ်နူတ်ခမ်းနဲ့အောက်နူတ်ခမ်းထိမိတိုင်း
တွေးကြည့်မိတယ်...
မင်းအပေါ်ငါ သစ္စာမဲ့ခဲ့လို့လား...
မှန်ရှေ့ထိုင်မိတိုင်း
ငါ့ကိုယ်ငါပြန်မေးကြည့်မိတယ်...
အတိတ်ဘ၀မှ ၀ဋ်ကြွေးရှိနေလို့
ဆက်နေရတာလား...
နောက်...ရက်စက်သူမင်းအတွက်
ဘာလို့များ အလွမ်းကဗျာတွေ
မှတ်မှတ်ရရ ရေးနေမိပါလိမ့်။

ဒီအသည်းကလေ...
အမှတ်မရှိခံရတာများလာပေမဲ့
ငါ့နှလုံးသားက မင်းအပေါ်
သံယောဇဉ်တွေ လုံးပါးပါးမလာခဲ့ဖူး။

ရှေ့ဆက်ပြီး...
ဒုက္ခတွေထပ်မဖြစ်ချင်လို့
ကဗျာတွေရေးနေခဲ့တဲ့
ကိုယ့်လက်ကိုတောင် ဖြတ်ပစ်ချင်တယ်။

အချစ်ဦးမို့...
အမင်းအပေါ်ထားရှိခဲ့တဲ့ ငါ့အချစ်တွေ
အောက်ချင်းငှက်တစ်ကောင်လို သစ္စာရှိ
မင်းလိုအပ်ချိန်ဆိုရင်
အဖြည့်ခံနှလုံးသားတစ်ခုနဲ့ အစားထိုးပေခဲ့
ဒီလိုနဲ့ အရိပ်တကြည့်ကြည့် အမြဲရှိနေခဲ့သူပါ။

သို့ပေမဲ့လို့...
ငါ့ကျတော့ ဒုက္ခခံရေလောင်းပေါင်းသင်
တစ်ယုတစ်ယနဲ့ ပျိုးထောင်ခဲ့ရတာ
အပင်ကြီးလာလို့ အရိပ်ရတော့
သူများခိုနားဖို့တဲ့လား။

ခုတော့...
ထင်တာနဲ့ ဖြစ်တာတစ်ခုမှမမှန်
နိုင်းယှဉ်ကြည့်ရင် တန်ရဲ့လား...
ချန်ခဲ့မှပြန်တွေးကြည့်မိတယ်
ကတိစကားတွေ မှားခဲ့လို့လား။

အချစ်ဆိုတဲ့လမ်းကို...
မျက်စိစုံမှိတ်လျှောက်နေခဲ့
လမ်းတွေမှားနေမှန်းသိလျှက်နဲက
နောက်တော့လုံးဝ ပြန်မလှည့်ခဲ့ဘူး။

ခုတော့လေ...
ချုပ်ရိုးဖြေစနှလုံးသားလည်း နှစ်ခါပြန်ကွဲ
ဝင်သက်နဲ့ ထွက်သက် ကာရံတွေလွဲ
ဟတ်တက်ကွဲနေတဲ့ ငါ့အသည်းလည်း
ကဗျာတွေနဲ့ ဖွာလန်ကျဲ
နိုင်းယှဉ်ပြစရာ ကာရံတွေလည်းကုန်တော့မလောက်
ငါငိုတဲ့မျက်ရည်တွေကြောင့်...
ကမ်းတွေလည်းရေလွှမ်း
ငါဆိုတဲ့သစ္စာတွေကြောင့်...
စမ်းတွေလည်းရေခမ်းပေါ့။

သို့ပေမယ့်..
မင်းကိုချစ်နေမိတဲ့ ငါ့အသည်းကတော့
မင်းရဲ့ အမုန်းဆိုတဲ့ခွက်ထဲ
ပက်လက်မျောနေရပေါ့။

No comments: