Tuesday, August 5, 2008

သူတို့ဆင်ခြေလေးများ


glitter-graphics.com
ခွေးခြေတွက်သစ်ကိုင်းတစ်ကိုင်း

ရှေးအခါက ကျေးရွာတစ်ရွာတွင် ဆရာတပည့်အတူနေကြရာတွင်သစ်သားခွေးခြေကလေးခြေထောက်ပျက်စီးနေသောကြောင့်ဆရာဖြစ်သူကတပည့်အားခွေးခြေထောက်လုပ်ရန် တောထဲသို့သွား၍ သစ်ကိုင်းတစ်ကိုင်း ခုတ်ယူခဲ့ဖို့ ခိုင်းစေသည်။ ရိုးအလွန်းသောတပည့်သည် ပုဆိန်တစ်လက်ယူပြီး တောထဲသို့သွားကာ တစ်နေကုန် သစ်ကိုင်းရှာလေသည်။ မိုးချုပ်သောအခါ လက်ချည်းပြန်လာ၍ ဆရာဖြစ်သူက သစ်ကိုင်းမပါကောင်းလားဟု အပြစ်တင်ရာတပည့်က "ကျွန်တော်လဲ တစ်နေကုန် တောထဲမှာ သစ်ကိုင်းရှာနေတာပဲ။ ခြေထောက်လုပ်ဖို့ သင့်တော်မယ့် ခွေးခြေထောက်ပုံပေါက်တဲ့ သစ်ကိုင်းရှာမရတာနဲ့ မခုတ်ဘဲပြန်လာပါတယ်ခင်ဗျာ" ဟုဖြေသတည်း။

အလျင်စလိုနိုင်သူများ

အလျင်စလိုနိုင်လွန်းသော လူတစ်ယောက်သည် ခေါက်ဆွဲဆိုင်သို့ဝင်ရောက်သွားပြီး ထိုင်လျှင်ထိုင်ချင်း "ကျုပ်အတွက်ခေါက်ဆွဲပြုတ်က ဘာဖြစ်လို့ချက်ချင်းမရတာလဲ "ဟုပြစ်တင်စကားဆိုသည်။
ထိုအခါဆိုင်ရှင်က ခေါက်ဆွဲတချို့ကိုယူလာပြီး စားပွဲပေါ်သွန်ချကာ "ကျုပ်အဖို့ ဒီပန်ကန်လုံးကို ချက်ခြင်းအလွတ်လိုချင်လို့ဗျ" ဟုပြောလိုက်သည်။
ဒါနဲ့အလျင်စလိုနိုင်သူသည် ဒေါသထွက်ပြီးနောက် အိမ်ပြန်ရောက်သောအခါ ဇနီးသည်အားပြောပြရင်း "ငါတော့သေသာသေလိုက် ချင်တယ်ကွာ "ဟုငြီးတွားစကားဆိုလေသည်။
ထိုစကားကိုကြားရသော ဇနီးသည်က ကဗျာကယာ သူမရဲ့ အ၀တ်အစားများကို ထုပ်ပိုး၍ အိမ်မှထွက်ရန်ပြင်လေသောအခါ ခင်ပွန်းဖြစ်သူက "ဘယ်လိုဖြစ်တာလဲ "ဟုမေးလေသည်။
ထိုအခါဇနီးဖြစ်သူက" ရှင်သေတော့မယ်ဆို ၊ ရှင်သေတာနဲ့ ကျုပ်နောက်အိမ်ထောင်ပြုမလို့လေ" ဟုပြန်ပြော၏။
ထိုမိန်းမသည် အမှန်တကယ်ပင် နောက်အိမ်ထောင်ပြုလိုက်ရာ လက်ထပ်ပြီးနောက် တစ်နေ့တွင်" လင်အသစ်ဖြစ်သူက သူမကို ကွာရှင်းမည် "ဟု ခြိမ်းခြောက်ပြောဆိုခြင်း ခံရလေရာ" ဘာကြောင့် ကွာရှင်းသနည်း "ဟုမေးရာတွင် လင်အသစ်ဖြစ်သူက "ယခုသူ့အတွက် သားဦးတစ်ယောက်ကို ချက်ချင်းမွေးဖွားမပေးနိုင်သည့်အတွက် "ဟု အကြောင်းပြလေသည်။

သူ့ဆင်ခြေ

လူတစ်ယောက်သည် မိုးရွာသွန်းနေစဉ် အအုပ်အဆောင်းမပါဘဲ စိန်ပြေနပြေ ဖြည်းဖြည်း လမ်းလျှောက်နေလေရာ တွေ့မြင်ရသူများက "ခင်ဗျားနှယ် မိုးရေထဲမှာ သုတ်သုတ်သက်သက် လျှောက်ရောပေါ့ဗျာ "ဟုပြောရာ ထိုသူပြန်ပြောသည်မှာ" ဘာထူးလို့လဲဗျာ ရှေ့ကိုလှမ်းကြည့်တောလဲ မိုးတွေရွာနေတာပဲ မဟုတ်လားဗျာ" ဟုသတည်း။

မျက်လှည့်ပညာ

ကျောင်းတိုက်တစ်ခုတွင် ဖြစ်သည်။ ဖိုးသူတော်တစ်ယောက်သည် မီးဖိုချောင်မှ ပန်ကန်လုံးဖြင့် ဆီခိုးပြီးထွက်လာ၏။ ဖြစ်ချင်တော့ မီးဖိုချောင်မှ အထွက်တွင် ဆရာတော်နှင့် ပက်ပင်းတိုး၏။ ဤပြစ်မှုမှာ ထင်ရှား၏။ နောက်ကြောင်းပြန်ခေါက်လျှင် သံသယ၀င်စရာဖြစ်မည်။ နှင်ထုတ်ခံရမှာ သေချာလှ၏။ သို့သော် ဆီမီးခွက်ကို လေကုန်မှုတ်ပြီးဆရာတော်၏ရှေ့မှ ခေါင်းငုံ့ကာ ထွက်သွား၏။ ဆရာတော်၏ စိတ်ထဲမှာတော့ ..."ဒီကောင် ရေနွေးလာခပ်တာပဲ "ဟူ၍ပင်။

မသာဆင်းခဲ့

လူဆိုတဲ့အမျိုးက (မြန်မာမှန်လျှင်) မလုပ်နဲ့ဆိုတာကိုမှ လုပ်ချင်ကြသည်။ ခုလည်းကြည့် သရက်သီး မခူးရ ဟုဘုန်းကြီးက အမိန့်ထုတ်ထားသည့်ကြားကပင် ကိုရင်တစ်ပါးက အပင်ပေါ်တက် သရက်သီးခူးနေချေ၏။ အသံမကြားရအောင် သရက်သီးကို ကြိုးနဲ့ချည်ပြီးချပေး၏။ အောက်က ကြိုးဖြေပြီး တောင်းထဲထည့်သည်။ ထိုကိုရင်က ဘုန်းကြီးလည်း မြင်ရော ထွက်ပြေးတာပေါ့။ ဘုန်းကြီးက အဖြစ်အပျက်ကို သိတော့ ကိုရင်နေရာအစား ၀င်ပြီး ကြိုးဖြေဖြေပြီး တောင်းထဲထည့်နေတာပေါ့။ ခဏကြာတော့ အပင်ပေါ်က ကိုရင်က မေးတယ်။" ဟေ့ကောင် မပြည့်သေးဘူးလား "တဲ့။ ဒီတော့ဘုန်းကြီးက "အပေါ်မော့ပြီး ပြည့်ပြီ ၊ မသာဆင်းခဲ့ "တဲ့။

No comments: