Sunday, August 17, 2008

မ...................နဲ့


မ ခင်ပါ နဲ့...
ခင်ပြီးရင် မခွာတတ်လို့ပါ။

မ ပြောပါ နဲ့..
ပြောပြီးရင် ပြန်လည်ကြားယောင်နေတတ်လို့ပါ။

မ ချစ်ပါ နဲ့...
ချစ်ပြီးရင် မမုန်းတတ်လို့ပါ။

မ လာပါ နဲ့...
လာပြီးရင် ပြန်ထွက်သွားမှာ ကြောက်လို့ပါ။

မ ပြုံးပြပါ နဲ့…
ပြုံးပြီးရင် ရင်ထဲထာဝရ စွဲကျန်နေလို့ပါ။

မ ခွဲပါ နဲ့…
ခွဲပြီးရင် ပြန်မတွေ့မှာ စိုလို့ပါ။

မမုန်းပါ နဲ့…
မုန်းပြီးရင် အမြဲတမ်းတ ကျန်တတ်လို့ပါ။

မ မေ့ပါ နဲ့…
မေ့ပြီးရင် ပြန်သတိမရမှာ စိုလို့ပါ။

အော်…ပိုတတ်ရန်ကောလို့လည်း
မပြောပါနဲ့လား ချစ်သူ…

မ လွမ်းပါ နဲ့…
လွမ်းပြီးရင် တမ်းတမှုတွေကုန်သွားမှာ စိုးလို့ပါ။

မ ရေးပါရစေ နဲ့…
ရေးမိရင် ကဗျာတွေ ဖြစ်သွားတတ်လို့ပါ။

မ ညည်းပါရစေ နဲ့…
ညည်းမိရင် သီချင်းတွေ ဖြစ်သွားတတ်လို့ပါ။

အင်း…နားလည်မှုတွေလည်း မရပ်လိုက်ပါနဲ့။
မေတ္တာတရားတွေလည်း မလျှော့လိုက်ပါနဲ့။
အသည်းနဲ့ထပ်တူ ထာဝရ ရှိနေပါစေ။
ချစ်သူ…

No comments: