Monday, August 4, 2008

မယိုင်လဲတဲ့အချစ်



glitter-graphics.com

glitter-graphics.com


ကျွန်မဆိုတဲ့သူဟာ..
အချစ်ဆိုတာကိုခုချိန်ထိ
ကောင်းကောင်းနားမလည်ခဲ့ပေမဲ့
အချစ်=အလွမ်း=စွန့်လွှတ်ခြင်း
လို့သာထင်နေခဲ့ပါပြီ။

ဒါဟာလည်း...
အချစ်ဆိုတဲ့အရာကို
စတွေ့တဲ့နေ့ကစလို့
အလွမ်းတွေသာပြည့်နေခဲ့ရလို့ပါ။

ချစ်ရသူရယ်...
မေးလိုက်ပါရစေတော့လား
ဒီရင်ခွင်ကို ပြန်လာတာဘာကြောင့်လဲ့လို့
ငါမျက်ရည်ကျအောင်လုပ်ခဲ့တာများခဲ့ပြီ
ပြန်ချစ်ပေမဲ့လည်း မထူးတော့ပါဘူး။

နင်နဲ့ငါဟာတစ်ကယ်တော့..
သူစိမ်းတွေပါဘဲလေ
ဒီနေ့ကစလို့ ငါမင်းကိုမလွမ်းတော့ဘူး
ဘယ်သူတွေဘယ်လိုထင်ထင်
ငါဂရုမစိုက်တော့ပါ။

ချစ်ရသူရယ်...
နင်သေချာစဉ်းစားပြီးကိုယ်တိုင်ပြန်လို့
ငါ့ဘက်ကနေနည်းနည်းတွေးကြည့်ပေးပါအုံးလား
မင်းပေးခဲ့တဲ့ ခဏတာဆိုတဲ့
ပျော်ရွှင်ဖွယ်စကားလုံးလေးတွေဟာ
ခဏတာပျော်ပြီး
တစ်သက်တာခံစားရတဲ့အပူမီးတွေ
မအေးချမ်းစေနိုင်ခဲ့ပါဘူး။

သို့ပေမယ့်...
နင်ပြန်လာတာ ငါသိပ်ပျော်ပေမဲ့
အရှုးအမှုးချစ်ခဲ့တဲ့
ငါ့ရဲ့အသည်းလေးကိုမင်းခွဲသွားခဲ့တာ
ခုချိန်ထိ အနာတောင်မကျက်သေးပါဘူး။

ချစ်ရသူရယ်...
မင်းဆီက အကြင်နာတွေမရတော့ရင်လည်း
အကျင့်ဖြစ် ၊ နေသားကျနေပါပြီလေ။

ငါ့ရင်ထဲက...
ဒဏ်ရာဟောင်းကို ပြန်မဆွပါနဲ့တော့
တစ်ကယ့်ကို နာကျင်ရလွန်းလို့ပါ။

ချစ်ရသူရယ်...
အရင်လိုငါ့ကိုလေ ထပ်ပြီးညာမပြောပါနဲ့တော့
မဖြစ်သင့်ပါဘူး..
အကြင်နာတွေမပေးရင်လည်းနေပါ
ဒဏ်ရာတွေထပ်ပြီးမပေးပါနဲ့တော့။

နင်ဒီလိုညာပြီးထားခဲ့လို့
မဆိုင်သလိုနေလာတာကြာပြီဘဲဟာ
ဘာကြောင့်ခုချိန်မှပြန်စဖို့တွေးလဲ
ပြန်လည်မတွေးချင်တော့ပါဘူး။

ဒီအဖြစ်အပျက်တွေအားလုံးကို
ငါယုံကြည်အောင်လှည့်စားပြီးမှ
ထပ်ပြီးငါ့အသည်းကိုခွဲဖို့လား
ဒဏ်ရာတွေငါမလိုချင်ပါ
ပုံပြင်အသစ်တွေထပ်မပြောပါနဲ့တော့။

ချစ်ရသူရယ်...
နင်ဒီလိုညာပြီးထားခဲ့တာများပြီ
မမြင်တာမဆုံတာကြာခဲ့ပေမဲ့
ရင်မှာအမြဲတမ်း မင်းရှိနေမှာ
အဝေးဆီကို လှမ်းကြည့်လိုက်ရင်တောင်
နေရာတိုင်းမှာ မင်းရဲ့အရိပ်တွေပါ။

မင်းအချစ်တွေဟာ...
ဘယ်လိုပင်ဖြစ်နေပါစေ
ချစ်မိခဲ့တဲ့ငါ့နှလုံးသားကတော့
ဘယ်တော့မှ..
"မယိုင်လဲတဲ့အချစ်" တွေနဲ့
"ထာဝရ "ချစ်ခဲ့ရတာမို့
"ရင်နာလေပိုချစ်မိလေ"ပါ။

No comments: