Monday, August 11, 2008

လွဲချော်နေသောအတွေးလေးများ(အဆုံးအဖြတ်)


glitter-graphics.com
ကျွန်မ (ကျွန်မတို့ ) သူငယ်ချင်းတတွေဟာ ကဗျာဝါသနာအိုးတွေပါ။ ကဗျာတစ်ပုဒ်ဟာ ဖတ်ရတာလွယ်ပေမယ့် တွေးဖို့ ၊ ရေးဖို့ ကြတော့ ခက်ပါတယ်။ ကဗျာကောင်းတစ်ပုဒ် ဖြစ်ဖို့အတွက် ဥပမာ ဥပစာအမျိုးမျိုးနဲ့ ချယ်မှုန်းဖို့ လိုပါတယ်။ ကဲ ထားပါတော့လေ။
ပြောရရင် ကျွန်မသူငယ်ချင်း နှင်းဆိုသူက မိုးဆိုတဲ့ ကျွန်မထက်ပိုပြီး ကဗျာတွေရေးပါတယ်။ သူ့ကဗျာတွေကို မိုးကခံစားလို့ရပြီး ၊ တွေးလို့ရပြီး ၊ ကြိုက်လည်းကြိုက်ပါတယ်။ တခါတရံမှာ ကဗျာတွေကို တပါးသူတွေဆီ ပေးဖတ်တက်တာ မိုးရဲ့အကျင့်။ ကိုယ့်လိုပဲ ကဗျာတွေ စာတွေရဲ့ အရသာကို ခံစားစေလိုခြင်းပင်။ သို့ပေမယ့်...
ဖြူကတော့ ကဗျာကို အစအဆုံးဖတ်လိုက်ပြီးတော့မှ ဟင်းလိုပါသေးတယ်ကွာ ၊ ဒီနေရာက ထောက်တယ် ၊ ဒီမှာကရိုးတယ် စသဖြင့် ပယ်ပယ်နယ်နယ် ရူတ်ချပါတော့သည်။ (ကဗျာ၏ အောက်ခြေတွင် နှင်း ဟုရေးထားပါသည်)။ ထို့ကြောင့် နှင်းအစား ကြားမှနေ၍ မကျေမနပ်ဖြစ်မိပါသည်။ ကျွန်မသူနဲ့ စကားမများခဲ့ပေမယ့် တစ်နေ့မှာတော့ "နှင်းရဲ့ကဗျာတွေကို မင်းလေးစားလက်ခံစေရမယ် "ဟု စိတ်ထဲမှာ တေးမှေးထားလိုက်၏။
မကြာပါဘူး ကျွန်မတေးထားတဲ့အတိုင်း ဖြစ်လာခဲ့သည်။ အဲဒီနေ့က ဖြူ ကျွန်မဆီက ပုံပြင်စာအုပ်ငှားတဲ့နေပါ။ ပုံပြင်စာအုပ်ရဲ့ ရှေ့စာရွက်အလွတ်မှာ နှင်းရဲ့ ကဗျာကို ရေးထားလိုက်ပြီး အောက်ခြေတွင် နာမည်ကြီး စာရေးဆရာ၏ ကလောင်နာမည်ကို တပ်ထားလိုက်၏။
ပုံပြင်စာအုပ် ပြန်ပေးသောနေ့တွင် ကိုယ့်လူ ဒီမှာ ရေးထားတဲ့ကဗျာလေးက ကောင်းတယ်နော် ၊ ဒီကဗျာကို ငါတောင် အလွတ်ရနေပြီ။ ဒါကြောင့်မို့ "မ.... က ကဗျာမှာ နာမည်ကြီးတာပဲ" ဟု ပြောလာပါသည်။
ကျွန်မက ပြုံးပြလိုက်ပြီး" ဝေဖန်စရာလေးနည်းနည်း မတွေ့ဘူးလား "ဟု မေးခွန်းထုတ်လိုက်၏။ ထိုအခါ သူက" ဝေဖန်စရာမတွေ့ကြောင်း ၊ ခုလိုနာမည်ကြီးစာရေးဆရာ ဆရာတစ်ယောက်ကိုလည်း ဝေလည်းမဝေဖန်ရဲကြောင်း"....ပြန်ပြောပါသည်။
သူ့ရဲ့အဖြေကြောင့် ကျွန်မဟားတိုက်ရယ်ရင်း "ရယ်ရတယ်ကွာ ၊ အဲဒါ နှင်းရဲ့ကဗျာကွ ၊ ငါ့ဖာသာငါ မ...ဆိုပြီးကလောင်နာမည်တပ်ထားတာဟ။" ထိုအခါမှာတော့ ချောင်ပိတ်မိသွားသော ဖြူမှာ ဘားမှမပြောနိုင်တော့ဘဲ ပါးစပ်အဟောင်းသားနှင့်သာ။
(ဒါကြောင့် နာမည်ကြီး မကြီးကြီး ကောင်းမည့်ဟာ ကောင်းမည် ၊ အရသာရှိရှိ မရှိရှိ ဗိုက်ပြည့်မည့်ဟာ ဗိုက်ပြည့်မည်ပင်)

No comments: