Friday, August 15, 2008
ကျိုးပဲ့သွားသော အတောင်တစ်စုံ
glitter-graphics.com
"ချစ်တော့ဖူး"တဲ့လေ...
ရက်စက်စွာပြော ရင်ခွင်ပြောင်းသွားသူရေ...
သိစေချင်တယ်...
ဝံ့ဝံ့စွန့်စွန့်ရပ်ကာ
(မင်းအတွက်) အသက်ဆက်ရင်း
(တို့အတွက်) တံတိုင်းမဲ့မျှော်လင့်ခြင်းတွေနဲ့
မနက်ဖြန်ရဲ့ ဘ၀ဆက်
သံသရာမရပ်သရွေ့
တစ်နေ့နေ့ ပြန်လာမယ်အထင်နဲ့
စောင့်နေမိခဲ့ပေါ့။
အချစ်တွေကို...
ခဏတာပေးပြီး ငါ့အနားကရင်ခွင်ပြောင်းလို့
မင်းထွက်ခွာသွားခဲ့တဲ့ နေ့ကစလို့ပေါ့
င့ါရဲ့ ဘ၀တစ်ခုလုံးဟာလေ...
အနာဂတ်မနက်ခင်းတို့ ရိုက်ချိုးခံလိုက်သလိုမျိုး
အပျံသင်ခါစ ငှက်ငယ်ဘ၀မှာတင်
တစ်ဆစ်ဆစ်နာကျင် ခံခက်ပေမဲ့လို့
"ကဗျာ" လေးတွေရေး
အကောင်းဆုံးဆေးအဖြစ်သုံးကာ
နောက်တစ်ဖန်...
အတောင်ပံခတ် ပျံသန်းနိုင်မယ့်နေ့မျိုးကို
မျှော်လင့်ရင်း အသက်ဆက်နေရသူပါ။
ခုချိန်မှာတော့မင်းက...
လှပတဲ့ အခြားကမ္ဘာတစ်ဖက်မှာ
မောင်နှံယှက်လို့ ပျော်ရွှင်စွာနဲ့
အတောင်ခတ်ပျံသန်းနေရသူဆိုတော့လေ
အတောင်ကျိုးနေတဲ့ ငှက်ငယ်ဘ၀ကို
ဘယ်မှာလာ ကိုယ်ချင်းစာတက်ပါ့မလဲနော်။
ကိုယ်တိုင်ခံစားဖူးမှ နာကျင်မှန်းသိတာ
သက်ရှိလူ ၊ သတ္တ၀ါအားလုံးရဲ့
သဘာဝရဲ့ ဖြစ်စဉ်တစ်ခုမို့
ငါခွင့်လွှတ်နေမယ်။
ငါက...
ဝဋ်ရှိလို့ခံစားနေရတာလို့ဘဲမှတ်
ဘယ်သူ့ကိုမှ အပြစ်မတင်ရက်ပါဘူး
ငါအားတင်းကြိတ်ခံနေမယ်။
မင်းသာပျော်ရွှင်စွာနဲ့ ပျံသန်းနေနိုင်မယ်ဆိုရင်
မင်းကြောင့် အတောင်ကျိုးသွားတဲ့
ငှက်ကလေး ငါ့ကိုသတိမရလည်း
ငါဖြေသာပါတယ်။
တစ်ကယ်လို့သာ...
မင်းထွက်ခွာ ပျော်ပါးနေရာ
အချစ်ကမ္ဘာလေးမှာသာ
မင်းကို တစ်စုံတစ်ယောက်က
ရက်စက်စွာ အတောင်ချိုးပစ်ချခံခဲ့ရမယ်ဆိုရင်လေ
မင်းရက်စက်ခဲ့လို့
ပြန်လည်ဆေးကုသ ယုယစွာထားခဲ့တဲ့
ငါ့ရဲ့ အတောင်ပံတစ်စုံဟာ
"ထာဝရ" မင်းအတွက်ဖြစ်နေမှာပါ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment