Wednesday, August 13, 2008

မချစ်ဖူး မပြောပါနဲ့လား


glitter-graphics.com

တစ်နေ့မှာပေါ့...
သူ့ချစ်သူနဲ့ ပြသနာတက်
အဆက်ပြတ်သွားလို့တဲ့လေ။

သူက..
ကျွန်မရင်ခွင်ကို ပြန်လာချင်တယ်တဲ့။

သူ့စကားတွေကို...
ကျွန်မသူ့ကို ယုံမိခဲ့လို့
ပထမအကြိမ် အသည်းခွဲခဲ့ဖူးပါရဲ့...
ခုဒုတိယအကြိမ်ထပ်လို့ အသည်းခွဲခဲ့ရင်လည်း
ကျေနပ်စွာခံယူနေမဲ့သူဟာ...ကျွန်မ။

ဘာလို့လည်းဆိုတော့...
ကျွန်မအသည်းမှာ
မင်းကိုချစ်နေဖို့သာ နေရာရှိပြီး
မင်းကိုအတွက်အမုန်းတွေ မွေးဖွားဖို့
ကျွန်မအသည်းမှာ နေရာမရှိခဲ့ဖူး။

ကျွန်မကလေ ချစ်နေခဲ့ရသူဆိုတော့
ကိုယ်ချစ်ရတဲ့သူ ၀မ်းနည်းပူဆွေးနေချိန်မှာ
မင်းရဲ့ နှလုံးသား...
လွမ်းဆွတ်ဝေဒနာ ခံစားနေရရင်
နှစ်သိမ့်တေးနဲ့ ချော့သိပ်ရင်း...
နာကျင်မှုတွေ ခံစားနေရရင်
ကြင်နာစကားနဲ့ အားပေးရင်း...
နှလုံးသားဝယ် အချစ်စစ်တွေလိုအပ်နေရင်
အဖြည့်ခံနှလုံးသား တစ်ခုနဲ့
အစားထိုးပေးချင်ခဲ့တဲ့
"ထာဝရ" ချစ်နေရသူတွက်
ပေးဆပ်သူတို့ နှလုံးသားတစ်စုံနဲ့အတူ
အချစ်ကို စတင်မွေးဖွားခဲ့တာပါ။

ရင်ခွင်ဟောင်းကို ပြန်လာခဲ့တဲ့သူ့ကို
အမှတ်မရှိတဲ့ ဒီအသည်းကနေ
ဒုတိယအကြိမ် လက်ခံခဲ့မိပြန်ပေါ့။

ထိုနေ့ကတော့...
ကျွန်မအနစ်နာခံ ၊ အားပေးမှုတွေနဲ့တည်ဆောက်ခဲ့တဲ့
အချစ်တစ်ခု အရာရောက်ခဲ့ပြီအထင်နဲ့
မိုးရေတွေကြား ငိုကြွေးမှုမျက်ရည်စက်တွေနဲ့
မျက်ဝန်းအစုံက အငိုရက်လို့
တစ်ချက်ပြုံးပြလိုက်မိတယ်။

သို့ပေမယ့်...
"ကံခေသူ"ကျွန်မဟာ
ဘယ်လောက်များ ပြုံးရယ်ပျော်ရွှင်နိုင်ပါ့မလဲ
အမြဲလို ကျွန်မစကားတွေကို
အလေးမထား ၊ မထင်မဲ့မြင်ပြုနေခဲ့တဲ့
ကျွန်မချစ်သူကို ရင်ထဲမှာမချိလို့
မမေးချင်ပေမဲ့ အားတင်းပြီးမေးလိုက်မိတယ်။

အစ်ကိုရေ...
ညီမကိုတစ်ကယ်ချစ်လား
မချစ်ဖူးလားလို့လေ
သူကပြန်ပြောတယ်...
"မချစ်ဖူး"တဲ့လေ
ဒုတိယအကြိမ်အသည်းကွဲချင်းပေါ့။

ဒီလောက်ခံပြင်းနေတာ...
မိုးရွာထဲမှာ မင်းငါ့အည်းကနေ
လွှင့်ထွက်သွားအောင်
အသံကုန်အော်ဟစ်လိုက်မိတယ်။


နင်သာ...
ငါ့အချစ် ၊ စေတနာ ၊ အနစ်နာခံမှုတွေကို
နားလည်သဘောပေါက်ခဲ့မယ်ဆိုရင်
အဖြည့်ခံ ငါ့ရဲ့နှလုံးသားလေး
ငိုကြွေးအောင်...
"မချစ်ဖူးမပြောပါနဲ့" လားဟာ။

No comments: