Wednesday, August 13, 2008

"BLOG "စာမျက်နှာပေါ်က လိပ်ပြာလေးကျွန်မ


glitter-graphics.com
ဒီလောကကြီးပေါ်ရောက်လာ
အချစ်ဆိုတဲ့ ပန်းတစ်ပွင့်ကို
လိပ်ပြာလေး ကျွန်မစတွေ့စဉ်
ဘာပန်းဆိုတာ သေချာမသိသော်လည်း
ဒီလိုနဲ့ပန်းလေးရဲ့ဝတ်မှုံတွေကို စုပ်ယူကြည့်မိတော့
အင်မတန်ချိုမြိန်နေခဲ့တာကြောင့်
အန္တရာယ်မရှိဘူးဆိုတဲ့ အထင်နဲ့
ဆက်လက်စုပ်ယူ သောက်သုံးနေခဲ့မိပေါ့။

တစ်နေ့မှာတော့ ဒီပန်းလေးဟာ
သူ့ဝတ်မှုံလေးတွေနဲ့ အသက်ရှင်နေခဲ့တဲ့
လိပ်ပြာလေး ကျွန်မကို ဘာရန်ငြိုးကြောင့်မသိ
မထင်မှတ်ဘဲ ရုတ်တရက်
ခါးသက်သော အဆိပ်ရည်အဖြစ်
ပြောင်းလဲထုတ်လွှတ်ပေးခဲ့ပေါ့။

ထိုနေ့ကတော့...
ဒီအဆိပ်တွေရောယှက်နေတဲ့ ၀တ်ရည်တွေကို
စုပ်ယူမိခဲ့တဲ့ လိပ်ပြာလေးကျွန်မဟာ
တစ်နေ့နေ့မှာတော့ အဆိပ်သင့်ဒဏ်ခံရမှာကိုသိသိနဲ့
ကျွန်မခင်တွယ်မိခဲ့တဲ့ ဒီပန်းပွင့်လေးကနေ
အခြားသော ပန်းတစ်ပွင့်ကို ရင်ခွင်မပြောင်းရက်
ဒီပန်းလေးက တိုက်ကျွေးနေတဲ့
အဆိပ်ဝတ်ရည်တွေကိုသာ ပေတေပြီး
ကျေနပ်စွာနဲ့ သောက်သုံးနေဆဲပါ။

အဆိပ်ရည်တွေစုပ်ယူသောက်သုံးရင်း
မင်းပြန်လည် ထုတ်လွှတ်ပေးမဲ့
ဖြေဆေးဆိုတဲ့ ၀တ်ရည်လေးကို
သောက်သုံးဖို့ စောင့်မျှော်ရင်း
အသစ်ငွေ့ငွေ့သာ ကျန်ပါတော့တယ်။

လိပ်ပြာလေး ကျွန်မဘ၀မှာ
ချိုမြိန်သောဝတ်ရည်တွေကို
အဆိပ်ရည်အဖြစ်ပြောင်းလဲခဲ့လို့
ရင်ထဲမှာ အဆိပ်သင့်ခဲ့တဲ့နေ့ကစလို့ပေါ့။

"နှလုံးသား"ဆိုတဲ့...
"စာမျက်နှာ" စစ်မြေပြင်ပေါ်မှာ
"အချစ်ဆို"တဲ့ ဘောပင်စစ်လက်နက်ကိုကိုင်
"ခံစားချက်"ဆိုတဲ့ ကဗျာ ရန်သူတွေနဲ့
နေ့စဉ်"တိုက်ပွဲဝင"် နေခဲ့ရပေါ့နော်။

မင်းသာငါ့အချစ်တွေကိုနားလည်ခဲ့ရင်
"နှလုံးသားဆို"တဲ့ "စစ်မြေပြင်"ပေါ်ကို
အလည်တစ်ခေါက် လာရောက်လို့
"အချစ်ဆို"တဲ့ "ဘောပင်" စစ်လက်နက်နဲ့
"အလွမ်း"ဆိုတဲ့ "တိုက်ပွဲဝင်"နေရတဲ့
ခံစားချက်"ဆိုတဲ့ "ကဗျာ" ရန်သူတွေကို
လာရောက်ကြည့်ရူလှည့်ပါဦးလား။

No comments: