Wednesday, August 6, 2008

လမင်းငိုတဲ့လမိုက် ည


glitter-graphics.com
တစ်နေ့ကပေါ..
သူ့ရဲ့လှည့်စားမှုတွေကို
ကျွန်မကောင်းကောင်းသိလိုက်ရတဲ့နေ့ပေါ့
ရင်ထဲမှာ အရမ်းကို
ခံပြင်းနေပါတယ်။

ဒီလိုနဲ့...
ရင်ထဲမှာ အရမ်းပူလောင်နေတဲ့ဒဏ်ကြောင့်
မိုးတွေခြိမ်း ၊ မိုးတွေအရမ်းရွာနေတဲ့
မိုးစက်တွေကြား ငါလေ
ရင်ထဲက အပူမီးတွေကို
ဆေးကြောပစ်ဖို့အတွက်
မိုးသည်းထဲမှာ အဖျားဝင်နေတဲ့
ကံခေသူ ကျွန်မတစ်ယောက်
တစ်လှမ်းခြင်း ခြေဦးတည်ရာ
လျှောက်လို့ ပြန်လာခဲ့တယ်။

ဒီလိုနဲ့...
အိမ်ရောက်တော့...
ရင်ထဲက အပူတွေဟာ
မိုးရေထဲမျောပါသွားလို့ထင်ပါရဲ့
ကျွန်မတစ်ယောက် အရမ်းကိုခိုက်ခိုက်တုန်အောင်
အေးပြီး အဖျားတက်ပါတော့တယ်။

ထိုနေ့ညကတော့...
ကလေးဆန်တဲ့ ကျွန်မနှလုံးသား
ဝမ်းနည်းမှုတွေနဲ့အငိုမတိတ်ခဲ့ဘူး။

နောက်ဆုံးတော့...
ငိုရိုက်နေတဲ့ နှလုံးသားငယ်ကို
"ကဗျာ"လေးရေးပြီးချော့သိပ်ခဲ့မိတယ်။

ဘယ်သူ့ကိုမှလည်း အပြစ်မတင်ပါ
အလွန်ခေါင်းမာသော ကျွန်မ
မိုးသည်းနေတဲ့ ညလေးမှာ
ဘယ်သူမှမသိပေမဲ့ အခန်းထဲမှာ
အားရပါးရ ငိုချလိုက်မိပါတော့တယ်။

ကျွန်မရဲ့ ခံစားချက်တွေ..
နာကျည်းမှု မျက်ရည်စက်တွေနဲ့အတူ
မင်းအပေါ်ချစ်နေခဲ့မိတဲ့ အချစ်တွေကို
မျက်ရည်စက်တွေနဲ့ မျောချလိုက်တယ်။

တစ်ကယ်တော့လေ...
ကျွန်မဟာ အမျိုးမျိုးသော နည်းလည်မှုတွေနဲ့
နားလည်ခွင့်လွှတ်ပေးခဲ့တာ သူသိရဲ့သားနဲ့
ကျွန်မအချစ်ကို အခွင့်ကောင်းယူပြီး
ရက်စက်နေတာပါ။

ခုတော့...
သွေးတိတ်နေတဲ့ ဒဏ်ရာဟောင်းကို
သွေးစက်စက်ကျနေမှ သဘောကျတဲ့မင်း
အနာသစ်ဖြစ်အောင် လာထိုးစွသွားခဲ့
မင်းကျေနပ်နေသလား။

ဒီတစ်ခါတော့...
မင်းရဲ့ထိုးနှက်မှုတွေ သိပ်ပြင်းလို့
အသက် ငွေ့ငွေ့ကျန်တဲ့
ငါ့ရဲ့အသည်းဟာ သွေးစက်လက်နဲ့
ထာဝရ သေဆုံးသွားပါပြီ။

ယနေ့မှစ၍...
မင်းအတွက်ရှင်သန်နေတဲ့
နှလုံးသားတစ်စုံကို
ထာဝရ မြေမြုပ်သဂြိုလ်လိုက်ပါပြီ။

ခုချိန်မှာတော့...
ငါ့ရင်ထဲမှာ အချစ်မရှိ ၊ အလွမ်းမရှိ ၊ အမုန်းမရှိ
အခွန်အေးချမ်း ၊ အပူပင် ၊ အလွမ်းအဆွေးကင်းဝေးတဲ့
နှလုံးသား ၊ အသစ်တစ်စုံနဲ့အတူ
ပြန်လည် အသက်ရှင်တော့မည်။

တစ်ကယ်တော့...
ငါဟာ ပူလောင်မှုတွေသာ ထာဝရပေးတတ်တဲ့
နေမင်းကြီးရဲ့ အချစ်တွေကို
တမ်းတနေမိတဲ့ ကျွန်မကသာ
ပူလောင်နေခဲ့ရတာပါ။

အမှန်တော့...
လမင်းကြီးဆိုတာ အင်မတန်အေးချမ်းတယ်
လမင်းဘေးမှာ ၀ိုင်းရံနေတဲ့
ကြယ်စင်လေးတွေကိုသာ ပြန်ချစ်ခဲ့ရင်
ခုလိုအပူမီးတွေ ဆိုတာ
ရှိမလာနိုင်ပါဘူး။

ခုချိန်မှာတော့...
မပူပင်မှု ၊ အလွမ်းအဆွေး ၊ မျက်ရည်စက်တွေပြည့်နေတဲ့
လမင်းကြီးဟာ ...
မျက်ရည်တွေ ကုန်ခမ်းသွားပြီဖြစ်တာကြောင့်
အင်မတန် အေးချမ်း ဖြူစင်ဝင်းပနေတဲ့
လမိုက်ညတွေကင်းတဲ့
လပြည့်ညတွေသာ ကျန်ပါတော့တယ်။

တစ်ခုတော့မေလိုက်ချင်တယ်...
လူတွေပြောကြတဲ့..
တုန့်ပြန်မှုတိုင်းမှာ သက်ရောက်မှုရှိတယ်ဆိုတဲ့
နယူတန်ရဲ့နိယာမတွေဟာ
ကျွန်မတွက်တော့..
ဘာလို့မမှန်ကန်ရတာပါလိမ့်နော်။

No comments: