Thursday, August 7, 2008
အချစ်ဆိုတာ ချစ်နေဖို့ပဲ
glitter-graphics.com
တစ်ကယ်ဆို...
ဘာမှရှည်ရှည်ဝေးဝေး
တွေးနေစရာမလိုဘူး။
လူတိုင်းက နှလုံးသားနဲ့ပဲချစ်တာ
Cleopatro လည်းနှလုံးသားနဲ့ချစ်သလို
juliet Caesar လည်းနှလုံးသားနဲ့ချစ်တာ
နင်နဲ့ငါလည်း အတူတူဘဲပေါ့။
Romeo နဲ့ Juliet ကြားမှာရှိတဲ့
အချစ်ကလည်း
နင်နဲ့ ငါကြားမှာရှိတဲ့
အချစ်နဲ့ တူတူပဲသိလား
တကယ်ဆိုလူတွေက...
အားအားယားယား
အချစ်ဆိုတာဘာလဲ
မေးနေစရာမလိုဘူး။
သိချင်ရင်...ချစ်ကြည့်
လူတစ်ယောက်ကို ချစ်ရင်
ပျော်ရွှင်ရမယ်...ကြည်နူးရမယ်...ရင်ခုန်ရမယ်
ပြီးတော့...
လွမ်းဆွေးရမယ်...နာကျင်ရမယ်...ခံစားရမယ်။
အစအဆုံးပျော်ရွှင်ရတဲ့
အချစ်ဆိုတာ မျိုးတော့မရှိပါဘူး။
အချစ်မှာနိယာမတွေ
ဥပဒေသတွေလည်းမရှိဘူး။
ဒါကြောင့်...
ကိုယ်ချစ်သလို
ပြန်ချစ်ဖို့ မျှော်လင့်လို့မရဘူး။
လူတစ်ယောက်ကိုချစ်ဖို့
ဂုဏ်တွေ...ငွေတွေ မလိုဘူး
ချင့်ချိန်စဉ်းစားစရာမလိုဘူး။
အချစ်တစ်ခုမွေးဖွားလာနိုင်ဖို့ဆိုတာ...
နှလုံးသားဘဲလိုတယ်
တကယ့်ကိုဘာမှမလိုပါဘူး။
ပြီးတော့အချစ်ကြောင့်
နှလုံးသားဒဏ်ရာရနိုင်တယ်..
အခန့်မသိရင်
အလိုအလျောက်သော့ ပိတ်သွားနိုင်တယ်။
နင်နဲ့ ငါ့မှာရှိတဲ့...
ဥာဏ်တစ်ထွာတစ်မိုက်လေးနဲ့
အချစ်အကြောင်းမစဉ်းစားနိုင်ပါဘူးဟာ။
define မလုပ်နိုင်ပါဘူးဟာ
ငါသိတာက....
ငါနင့်ကိုချစ်တယ်။
့ဟိုအရင်သံယောဇဉ်တွေ
ရင်ခုန်သံမညီညာမှုတွေနဲ့  အတူ
အရောင်ပြောင်းသွားပြီကွယ်။
ဒါတွေကို နင်မသိလည်း
အရင်ကဘာမဟုတ်တဲ့
ကိစ္စတစ်ချို့ တောင် ငါက
အဆန်းလုပ်ပြီး ရင်ခုန်ကြည့်ဖူးတယ်။
အိမ်မက်ထဲမှာ..
ငါ့ဘေးနားမှာ နင်လွယ်အိတ်လေး
ထားတာကိုတောင်
နင့်အတွက်နေရာ ငါ့အနားမှာ
ရှိနေမလားရယ်လို့ 
ကြည်နူးခဲ့ဖူးပါတယ်။
နင်ရည်းစားတွေ
အထည်လဲတွဲလည်း
နင့်ဘေးနားမှာ
ငါရပ်တည်ပေးတုန်း က
ငါ့သူငယ်ချင်းတွေကပြောကြတယ်။
နောက်ဆုံးတော့ ...
ဒီဘူတာပဲဆိုက်မှာပါ တဲ့
မှားယွင်းစွာရင်ခုန်မိတဲ့ ငါနှလုံးသားက
သဘောထားကြီးတက်လွန်းတော့
သူတို့ ပြောသလို ငါက..
နင့်ရဲ့ ဂိတ်ဆုံးဘူတာရုံ ဖြစ်နေခဲ့ရင်တောင်
ကျေနပ်နေမယ့်သူပါ။
နင်ငါ့ကိုချစ်...ခဲ့...တယ်...
ပြီးတော့နင်...ငါ့ကို မေ့...လိုက်...တယ်...
အချစ်ကြောင့်ဘဲ ငါဒဏ်ရာရတယ်...
အချစ်နဲ့ပတ်သတ်ပြီးသေချာတာတစ်ခုက
သူ့ကြောင့်ဘဲ အခုထိနှလုံးသွေးစက်လက်နဲ့
အသဲကွဲနေရတယ်...လေ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment