Sunday, August 10, 2008
မိုးညရဲ့ နှလုံးသား ဂီတ၀ိုင်း
glitter-graphics.com
တစ်ပွင့်မှာ တစ်ခက်
တစ်ခက်မှာ တစ်ငုံ
တစ်ငုံမှာ တစ်ဖူး
တစ်ဖူးမှာ တစ်ပွင့်
ဆိုသလို...
တစ်ဘ၀မှာ တစ်သက်
တစ်သက်မှာ တစ်ခါ
တစ်ခါမှာ တစ်ချစ်
တစ်ချစ်မှာ တစ်ယောက်
ရယ်ပါသူ...
ရင်ခွင်ဦးမှာ...
တစ်ဖူး တစ်ငုံ
တစ်ခါသာ ပွင့်လာရခဲ့
ငါ့ရင်ထဲက အချစ်ပန်းပွင့်ကို
လေပြေလက်ဖြင့် ခြွေရက်သူရယ်...
စက်ဝိုင်းပြာအောက် တဒင်္ဂရောက်လာ
ကြမ္မာစေရာ မင်းနဲ့ဆုံဖို့
(ပါမစ်)မပါတဲ့ ခရီးသွားငါ။
နှလုံးသားမှာ...
အစွန်းထင်းသွေးစက်တို့ ဖိတ်မှောက်
ငါ့ခံယူချက်များကို
ငါကိုယ်တိုင် လက်မြှောက်လို့
အချစ်ဝင်္ကပါ လမ်းမှားထဲမှာ
ငါလည်းဘဲ ၀င်လျှောက်မိခဲ့တယ်။
အတ္တတွေနဲ့...
ဘ၀ကြီးဟာ ရစ်သီထားမှတော့
စိတ်သဘောထားတွေ လွဲချော်နေကြတာ
မဆန်းတော့ပါဘူး။
တစ်ကယ်တော့...
ရိုးရိုးလေးပါဘဲ
မျက်နျာများတက်တဲ့ သူ့ကို
အရူးအမှုး ချစ်နေမိခဲ့တဲ့ငါ
အလွမ်း ၊ အဆွေး ၊ ပူပင်သောကတွေ
များတော့ မပေါ့နော်။
ခုတော့လေ...
မိုသည်းတဲ့ သန်ခေါင်ယံညဟာ
အေးချမ်းနေခဲ့ရပေမယ့်လို့
ရင်ထဲမှာကတော့...
တိုးတိတ်ညင်သာစွာ ရိုက်သံတစ်ခု
အသည်းအက်ကွဲနေတဲ့ တဖြောက်ဖြောက်မြည်နေတဲ့
ငိုကြွေးဆွေးမြေ့ မျက်ရည်စက်သံစဉ်တွေနဲ့
ဆူညံနေတဲ့ (music)ဂီတ၀ိုင်းတစ်ခုပေါ့။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment