Wednesday, August 20, 2008

ဗိုက်ဖောင်းတဲ့ဖား


glitter-graphics.com
တစ်ခါတစ်လေ...
မဖြစ်နိုင်မှန်း သိသိ
ငါ စိတ်ကူးယဉ်မိတယ်။

ဆင်းရဲချို့တဲ့ သူများအား
မျက်စိရှေ့တွင် ငါမြင်တွေ့နေရ
ထမင်းတစ်လုပ်စားဖို့တောင်မနည်း။

ဒီလိုသူဆင်းရဲနှင့် မိဘမဲ့ကလေးတို့အား
ငါ့မှာစည်းစိမ်များရှိက
ငါ့ရှိစည်းစိမ် ဥစ္စာများအား
ငါလုလိုက်ချင်မိသည်။

စည်းစိမ် ၊ ဥစ္စာ ငါမမက်ပါ
သို့သော်ငြားလည်း...
စည်းစိမ် ၊ ဥစ္စာ ပြည့်စုံပါမှ
သူတစ်ပါးအား ကူညီနိုင်အံ့
အတွေးတိမ်တိုက်ထဲမတော့လေ
လူပေါင်းများစွာ ငါကူညီနေပေါ့။

တောက်...
ဆူညံသံတစ်ခုအကြား
ငါ့စိတ်ကူးအိပ်မက် နိုးထစေခဲ့
ဒီလိုနဲ့ ပြန်လည်နိုးထ
ငါ့စိတ်ကူးမှ
ဂရုတစိုက်ပြန်တွေးကြည့်မိပေါ့။

မဖြစ်နိုင်သေး အလွန်ဝေးတဲ့
အရာတစ်ခု စိတ်ကူးယဉ်နေမိသူ
ငါ၏ ဗိုက်သည်ကာ
စိတ်ကူးလေတွေနှင့်
ဖောင်းကားလို့နေပါရောလား။

တစ်ကယ်တော့...
ငါ့ဘ၀ဟာ တုံးအောက်ကဖား
တုံးအောက်ကနေ မိုးထက်မြင့်သောစိတ်ကူးတွေနဲ့
လေပေါ်မှာ တိုက်အိမ်ဆောက်နေခဲ့
သူတပါးအား ငါမကူညီနိုင်သေးဘု
လောလောဆယ်မတော့
တုံးအောက်ကဖား
တုံးပေါ်တက်နိုင်အောင် ကြိုးစားထား
ဗိုက်ဖောင်းတဲ့ဖား။

No comments: